iMyanmarHouse.com - Best Property Website for Myanmar
×

မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္ေတာ္ႀကီး ကန္ပတ္လမ္းမွာရွိတဲ့ အလုံပိတ္အခန္းေတြကို နယ္ေျမခံ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။ လူငယ္စုံတြဲေတြကို လက္ခံေဆာင္ရြက္ေနတဲ့ အလုံပိတ္အခန္း ဆိုင္ေတြရဲ့ ပိုင္ရွင္နဲ႔ တာဝန္ခံေတြကို ဖမ္းဆီး ေထာင္ခ်လိုက္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီရဲ့ ထုတ္ျပန္ခ်က္အရ သိရပါတယ္။အဆိုပါ ဆိုင္ခန္းေတြနဲ႔ ပိုင္ရွင္ေတြကို ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက္ေန႔က ခ်မ္းျမသာစည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕နဲ႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးအဖြဲ႕မွ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆး ဖမ္းဆီးခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါ သြားေရာက္စစ္ေဆးဖမ္းဆီးခဲ့ရာ အလုံပိတ္ဆိုင္ ၉ ဆိုင္နဲ႔ ပိုင္ရွင္၊ တာဝန္ခံ စုစုေပါင္း (၉)ေယာက္ ဖမ္းဆီးရမိခဲ့တယ္လို႔ နယ္ေျမခံရဲေတြကေျပာပါတယ္။ စည္ပင္သာယာရဲတပ္ဖြ႕ဲ (မႏၲေလး) က တပ္ဖြဲ႕မွူး ရဲမွူး ၿငိမ္းခ်မ္းေအာင္က “အဓိက ကေတာ့ ေကာ္မတီရဲ့ ခြင့္ျပဳခ်က္မရွိဘဲ စည္ပင္နယ္နမိတ္ထဲမွာ ေကာ္မတီက ခြင့္မျပဳတဲ့ စီးပြားေရး လုပ္ငန္း လုပ္ကိုင္တာေပါ့။ မေန႔ကပဲ ေထာင္ဒဏ္ ၆ လစီခ်လိုက္ပါတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ျပစ္ဒဏ္ခ်မွတ္လိုက္တဲ့ သူမ်ားအနက္ အမ်ိဳးသမီးတစ္ေယာက္ အပါအဝင္ ပိုင္ရွင္နဲ႔ တာဝန္ခံ ၉ ေယာက္ကို စည္ပင္သာယာ အထူးတရား႐ုံးက ေထာင္ဒဏ္ ၆ လစီ ျပစ္ဒဏ္ခ်လိုက္တာ ျဖစ္ပါတယ္။ ဒီထဲမွာ ၿပီးခဲ့တဲ့ဒီ ဇင္ဘာလတုန္းကလည္း ဖမ္းဆီးဒဏ္ေငြရိုက္ခဲ့တဲ့ လုပ္ငန္းေလးခုလည္း ပါဝင္တယ္လို႔ ရဲမွူး ၿငိမ္းခ်မ္းေအာင္က ေျပာပါတယ္။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာရှိတဲ့ အလုံပိတ်အခန်းတွေကို နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လူငယ်စုံတွဲတွေကို လက်ခံဆောင်ရွက်နေတဲ့ အလုံပိတ်အခန်း ဆိုင်တွေရဲ့ ပိုင်ရှင်နဲ့ တာဝန်ခံတွေကို ဖမ်းဆီး ထောင်ချလိုက်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဆိုပါ ဆိုင်ခန်းတွေနဲ့ ပိုင်ရှင်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ အလုံပိတ်ဆိုင် ၉ ဆိုင်နဲ့ ပိုင်ရှင်၊ တာဝန်ခံ စုစုပေါင်း (၉)ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံရဲတွေကပြောပါတယ်။ စည်ပင်သာယာရဲတပ်ဖွ့ဲ (မန္တလေး) က တပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအောင်က “အဓိက ကတော့ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ စည်ပင်နယ်နမိတ်ထဲမှာ ကော်မတီက ခွင့်မပြုတဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်တာပေါ့။ မနေ့ကပဲ ထောင်ဒဏ် ၆ လစီချလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်လိုက်တဲ့ သူများအနက် အမျိုးသမီးတစ်ယောက် အပါအဝင် ပိုင်ရှင်နဲ့ တာဝန်ခံ ၉ ယောက်ကို စည်ပင်သာယာ အထူးတရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ဒီ ဇင်ဘာလတုန်းကလည်း ဖမ်းဆီးဒဏ်ငွေရိုက်ခဲ့တဲ့ လုပ်ငန်းလေးခုလည်း ပါဝင်တယ်လို့ ရဲမှူး ငြိမ်းချမ်းအောင်က ပြောပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top