iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရဆိုင္ရာျပႆနာေတြဟာ လူအမ်ားစု ရင္ဆိုင္ေတြ႕ၾကံုေနရတဲ့ ျပႆနာေတြပါ (အသားအေရာင္၊ႏူးညံ့တာ၊ၾကမ္းတမ္းတာ ဒါမွမဟုတ္ အေရးအေၾကာင္းေတြေပၚလာတာ စသျဖင့္ေပါ့)။ဒါေပမယ့္ မပူပါနဲ႕၊သင့္အသားအေရကို ႏူးညံ့ညီညာလွပေစဖို႕ ေန႕စဥ္အလြယ္တကူလုပ္ေဆာင္ေပးႏိုင္တဲ့ အခ်က္ေလးေတြ ရွိပါတယ္။

ဒီေဆာင္းပါးမွာ သင့္အသားအေရ ညီညာလွပေစဖို႕ ေန႕စဥ္ေဆာင္ရြက္ေပးရမယ့္ ႐ိုးရွင္းလြယ္ကူေသာ နည္းလမ္းေလးေတြကို မွ်ေဝေပးသြားပါမယ္။
အျပင္ထြက္တိုင္း ေနေလာင္ခံခရင္မ္ လိမ္းပါ။

သင့္အသားအေရကို အလ်င္အျမန္ပ်က္စီးေစတဲ့ တရားခံေတြထဲမွာ ေနေရာင္ျခည္က ထိပ္ဆုံးကပါဝင္ျပီး အသားအေရကို မညီမညာျဖစ္ေစပါတယ္။ဒါေၾကာင့္ သင့္အသားအေရညီညာလွပမႈကို ကာကြယ္ႏိုင္ဖို႕အတြက္ ေနေလာင္ခံခရင္မ္ကို ေန႕စဥ္သုံးစြဲေပးရမွာျဖစ္ျပီး အနည္းဆုံး SPF15 ေလာက္ပါဝင္တဲ့ ခရင္မ္ေတြကို ေရြးခ်ယ္သုံးစြဲရမွာပါ။

ေနေလာင္ခံခရင္မ္ေတြနဲ႕ ပတ္သက္လို႕ သင္သိထားသင့္တဲ့အခ်က္ေလးေတြကို ေအာက္မွာေဖာ္ျပေပးထားပါတယ္။

    တကယ္တမ္းက်ေတာ့ ေနေရာင္ျခည္ဒါဏ္ကို ထိထိေရာက္ေရာက္ကာကြယ္ႏိုင္ဖို႕အတြက္ အနည္းဆုံး SPF30 ေလာက္ရွိတဲ့ ခရင္မ္ေတြကို ေရြးခ်ယ္သုံးစြဲသင့္တာပါ။ဒါမွသာ အေရျပားကင္ဆာကိုလည္း ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။
     မိုးအံု႕တဲ့ေန႕ေတြမွာလည္း ေနေလာင္ခံခရင္မ္ကို က်ိန္းေသေပါက္ လိမ္းရပါမယ္။ဘာလို႕လဲဆိုေတာ့ ေနေရာင္ျခည္ရဲ့ ၈၀ရာခိုင္ႏွုန္းေလာက္ဟာ တိမ္ေတြကို ထိုးေဖာက္ဝင္ေရာက္လာႏိုင္လို႕ပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ရာသီဥတုထိုင္းမိႈင္းျပီး မိုးရြာတဲ့ေန့ေတြမွာလည္း ေနေရာင္ျခည္ဟာ သင့္အသားအေရကို ထိခိုက္ေစႏိုင္ပါတယ္။
     ခရမ္းလြန္ေရာင္ျခည္ ေအနဲ႕ ဘီ ႏွစ္မ်ိဳးလုံးကို အကာအကြယ္ေပးႏိုင္တဲ့ ေနေလာင္ခံခရင္မ္ေတြကို ေရြးခ်ယ္သုံးစြဲသင့္ပါတယ္။ခရမ္းလြန္ေရာင္ျခည္ ေအဟာ အေရးေၾကာင္းေတြကို ျဖစ္ေစျပီး အစက္အေပ်ာက္ေတြကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။
    ခရမ္းလြန္ေရာင္ျခည္ ဘီကေတာ့ သင့္အသားအေရကို ေလာင္ကြၽမ္းပစ္ႏိုင္ပါတယ္။moisturizers (အစိုဓာတ္ထိန္းပစၥည္းေတြ) နဲ႕ ေအာက္ခံမိတ္ကပ္ေတြမွာလည္း ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္တဲ့ ပစၥည္းေတြ ပါဝင္သင့္ပါတယ္။
    ဒါေၾကာင့္ အဆိုပါ အလွကုန္ပစၥည္းေတြကို မဝယ္ယူခင္မွာ ပါဝင္ပစၥည္းေတြကို ေသခ်ာစြာ ဖတ္႐ႈသင့္ပါတယ္။ဒီလိုမွမဟုတ္ဖူးဆိုရင္လည္း မိတ္ကပ္ေအာက္မွာ ေနေလာင္ခံခရင္မ္ကို ခံျပီးလိမ္းၾကည့္ႏိုင္ပါတယ္။

အေရျပားကို ဂ်ီးခြၽတ္ပါ။

သင့္အေရျပားဟာ ဆဲလ္ေသေတြ အမ်ားၾကီးရွိျပီး အခ်ိန္ၾကာလာတာနဲ႕အမွ် အဆိုပါ ဆဲလ္ေသေတြဟာ အေရျပားမ်က္ႏွာျပင္ေပၚမွာ စုပံုလာတတ္တယ္ဆိုတာကို သင္သိပါသလား။ဒါဟာ အသက္အရြယ္အိုမင္းျခင္း ဒါမွမဟုတ္ အသားအေရေျခာက္ေသြ႕ျခင္းရဲ့ လကၡဏာပဲ ျဖစ္ပါတယ္။

သင့္အသားအေရကို ေကာင္းမြန္ညီညာေစဖို႕အတြက္ အေရျပားဆဲလ္ေသေတြကို ခြါခ်ပစ္ရပါမယ္။ေအာက္ေဖာ္ျပပါ နည္းလမ္းေလးေတြက သင့္ကို ကူညီေပးႏိုင္ပါတယ္။

ပ်ားရည္နဲ႕ သၾကားတို႕ကို ေပါင္းစပ္ျပဳလုပ္ထားတဲ့ အေရာကို သုံးျပီး အေရျပားကို ဂ်ီးခြၽတ္ႏိုင္ပါတယ္။ေနာက္ထပ္နည္းလမ္းတမ်ိဳးက oatmeal နဲ႕ ပ်ားရည္ကို ေပါင္းစပ္ျပဳလုပ္တာပဲ ျဖစ္ပါတယ္။

မုန္႕ဖုတ္ဆိုဒါနဲ႕ ေရတို႕ကို သုံးျပီးေတာ့လည္း ဂ်ီးခြၽတ္ႏိုင္ပါတယ္။အဆိုပါ ဂ်ီးခြၽတ္ျခင္းနည္းလမ္းေတြကို တပတ္ ဒါမွမဟုတ္ ႏွစ္ပတ္ေလာက္ေနမွ တခါေလာက္ အသုံးျပဳရမွာ ျဖစ္ပါတယ္။

အျခားေသာ ဂ်ီးခြၽတ္ျခင္းနည္းလမ္းေတြကို သိရွိခ်င္တယ္ဆိုရင္ အေရျပားဆရာဝန္ကို ေမးျမန္းႏိုင္သလို spa ေတြကိုလည္း သြားေရာက္ႏိုင္ပါတယ္။

လွ်ပ္စစ္ဓာတ္သုံး ဂ်ီးခြၽတ္ကိရိယာေလးဟာလည္း အသုံးဝင္တဲ့ နည္းလမ္းေလးတခု ျဖစ္ပါတယ္။သူတို႕ဟာ အထူးျပဳလုပ္ထားတဲ့ ေရြ႕လ်ားဘရပ္ရွ္ေလးကို အသုံးျပဳျပီး သင့္မ်က္ႏွာကို သန့္စင္ေပးပါတယ္။ဒီနည္းလမ္းကို တေန႕မွာ ႏွစ္ၾကိမ္ အသုံးျပဳႏိုင္ပါတယ္။
အသားအေရအစိုဓာတ္ထိန္းပစၥည္း (moisturizer)ေတြဟာ အသားအေရညီညာလွပဖို႕အတြက္ အထူးပဲ အေရးၾကီးပါတယ္။

သင့္အသားအေရနဲ႕ ကိုက္ညီသင့္ေတာ္မယ့္ moisturizer အမ်ိဳးအစားေတြကို ေရြးခ်ယ္ဝယ္ယူရပါမယ္။

    moisturizer ရဲ့ အာနိသင္ျပမႈကို အထက္ျမက္ဆုံးျဖစ္ေစဖို႕အတြက္ SPF ပါဝင္တဲ့ ပစၥည္းေတြကို ေရြးခ်ယ္ဝယ္ယူရပါမယ္။
    သင့္အသားအေရနဲ႕ ကိုက္ညီတဲ့ အလွကုန္ပစၥည္းကို ေရြးခ်ယ္ႏိုင္ဖို႕ဟာလည္း အထူးအေရးၾကီးပါတယ္။moisturizer ဟာ အသားအေရကို ႏူးညံ့ေစ႐ံုသာမက အသားေရာင္ကိုလည္း ပိုျဖဴလာေစပါတယ္။ကိုယ့္အသားအေရနဲ႕ မကိုက္ညီတဲ့ moisturizer ေတြကို သုံးစြဲမိရင္ေတာ့ သင့္အေရျပားအေျခအေနဟာ ပိုဆိုးလာမွာပဲျဖစ္ပါတယ္။

ေရဓာတ္လံုေလာက္ပါေစ။

ေရဟာ အေရျပားအတြင္းဖက္အပိုင္းထိ သန္႕စင္ေပးႏိုင္႐ံုသာမက အေရးအေၾကာင္းေတြကိုလည္း ကာကြယ္ေပးပါေသးတယ္။အသားအေရမွာ အစိုဓာတ္ျပည့္ဝလာနဲ႕အမွ် အသားအေရဟာ ေဖာင္းေဖာင္းေလးျဖစ္လာျပီး ကေလးအသားေလးလို ႏူးညံ့လာမွာပဲ ျဖစ္ပါတယ္။

ေအာက္ပါအခ်က္ေလးေတြကို ဖတ္ၾကည့္လိုက္ပါဦး။

    တေန့ကို အနည္းဆုံး ေရႏွစ္လီတာ ေသာက္ရမွာ ျဖစ္ေပမယ့္ အရက္ ဒါမွမဟုတ္ အျခားေသာ ဂက္စ္ပါတဲ့ ေသာက္စရာေတြကို မေသာက္သင့္ပါဘူး။သူတို႕ဟာ သင့္အေရျပားကို ထိခိုက္ေစႏိုင္တဲ့အတြက္ ျဖစ္ပါတယ္။တကယ္လို႕ သင္အလြန္အကြၽံေသာက္သုံးမယ္ဆိုရင္ ဆိုဒါနဲ႕ အျခားေသာ ဂက္စ္ပါတဲ့ ေသာက္စရာေတြမွာ ပါဝင္လာတဲ့ သၾကားနဲ႕ ဓာတုေဗဒပါဝင္ပစၥည္းေတြဟာ ဝက္ျခံေတြကို ထြက္လာေစျပီး အဆီေတြကိုလည္း စုပံုလာေစပါတယ္။
    အထူးသျဖင့္ အရက္ေသာက္ျခင္းဟာ အေရျပားအစိုဓာတ္ကို ေလ်ာ့နည္းေစႏိုင္တဲ့အတြက္ အခ်ိန္မတိုင္မီ အိုမင္းရင့္ေရာ္ေစႏိုင္ပါတယ္။
    သခြါးသီး ဒါမွမဟုတ္ ဖရဲသီးေတြကို စားေပးမယ္ဆိုရင္လည္း ေရဓာတ္ကို ျပန္လည္ ျဖည့္တင္းေပးႏိုင္မွာပါ။အဆိုပါ အသီးေတြမွာ အျခားေသာ အက်ိဳးအာနိသင္ေတြလည္း ရွိပါေသးတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ အခ်က္ေလးေတြဟာ သင့္အသားအေရကို ပိုမိုစိုေျပညီညာလွပဖို႕အတြက္ တနည္းတဖံုအေထာက္အကူျပဳလိမ့္မယ္လို႕ ယံုၾကည္ေမွ်ာ္လင့္ပါတယ္။

ဒီအခ်က္ေလးေတြဟာ အင္မတန္မွ ႐ိုးရွင္းအေျခခံက်ျပီး အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးႏိုင္တဲ့အတြက္ အခုပဲစတင္ လိုက္နာလုပ္ေဆာင္ၾကည့္ၾကပါစို႕။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားအရေဆိုင်ရာပြဿနာတွေဟာ လူအများစု ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာတွေပါ (အသားအရောင်၊နူးညံ့တာ၊ကြမ်းတမ်းတာ ဒါမှမဟုတ် အရေးအကြောင်းတွေပေါ်လာတာ စသဖြင့်ပေါ့)။ဒါပေမယ့် မပူပါနဲ့၊သင့်အသားအရေကို နူးညံ့ညီညာလှပစေဖို့ နေ့စဉ်အလွယ်တကူလုပ်ဆောင်ပေးနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။

ဒီဆောင်းပါးမှာ သင့်အသားအရေ ညီညာလှပစေဖို့ နေ့စဉ်ဆောင်ရွက်ပေးရမယ့် ရိုးရှင်းလွယ်ကူသော နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။
အပြင်ထွက်တိုင်း နေလောင်ခံခရင်မ် လိမ်းပါ။

သင့်အသားအရေကို အလျင်အမြန်ပျက်စီးစေတဲ့ တရားခံတွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးကပါဝင်ပြီး အသားအရေကို မညီမညာဖြစ်စေပါတယ်။ဒါကြောင့် သင့်အသားအရေညီညာလှပမှုကို ကာကွယ်နိုင်ဖို့အတွက် နေလောင်ခံခရင်မ်ကို နေ့စဉ်သုံးစွဲပေးရမှာဖြစ်ပြီး အနည်းဆုံး SPF15 လောက်ပါဝင်တဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲရမှာပါ။

နေလောင်ခံခရင်မ်တွေနဲ့ ပတ်သက်လို့ သင်သိထားသင့်တဲ့အချက်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

    တကယ်တမ်းကျတော့ နေရောင်ခြည်ဒါဏ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အနည်းဆုံး SPF30 လောက်ရှိတဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲသင့်တာပါ။ဒါမှသာ အရေပြားကင်ဆာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
     မိုးအုံ့တဲ့နေ့တွေမှာလည်း နေလောင်ခံခရင်မ်ကို ကျိန်းသေပေါက် လိမ်းရပါမယ်။ဘာလို့လဲဆိုတော့ နေရောင်ခြည်ရဲ့ ၈၀ရာခိုင်နှုန်းလောက်ဟာ တိမ်တွေကို ထိုးဖောက်ဝင်ရောက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင် ရာသီဥတုထိုင်းမှိုင်းပြီး မိုးရွာတဲ့နေ့တွေမှာလည်း နေရောင်ခြည်ဟာ သင့်အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
     ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီ နှစ်မျိုးလုံးကို အကာအကွယ်ပေးနိုင်တဲ့ နေလောင်ခံခရင်မ်တွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ခရမ်းလွန်ရောင်ခြည် အေဟာ အရေးကြောင်းတွေကို ဖြစ်စေပြီး အစက်အပျောက်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
    ခရမ်းလွန်ရောင်ခြည် ဘီကတော့ သင့်အသားအရေကို လောင်ကျွမ်းပစ်နိုင်ပါတယ်။moisturizers (အစိုဓာတ်ထိန်းပစ္စည်းတွေ) နဲ့ အောက်ခံမိတ်ကပ်တွေမှာလည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တဲ့ ပစ္စည်းတွေ ပါဝင်သင့်ပါတယ်။
    ဒါကြောင့် အဆိုပါ အလှကုန်ပစ္စည်းတွေကို မဝယ်ယူခင်မှာ ပါဝင်ပစ္စည်းတွေကို သေချာစွာ ဖတ်ရှုသင့်ပါတယ်။ဒီလိုမှမဟုတ်ဖူးဆိုရင်လည်း မိတ်ကပ်အောက်မှာ နေလောင်ခံခရင်မ်ကို ခံပြီးလိမ်းကြည့်နိုင်ပါတယ်။

အရေပြားကို ဂျီးချွတ်ပါ။

သင့်အရေပြားဟာ ဆဲလ်သေတွေ အများကြီးရှိပြီး အချိန်ကြာလာတာနဲ့အမျှ အဆိုပါ ဆဲလ်သေတွေဟာ အရေပြားမျက်နှာပြင်ပေါ်မှာ စုပုံလာတတ်တယ်ဆိုတာကို သင်သိပါသလား။ဒါဟာ အသက်အရွယ်အိုမင်းခြင်း ဒါမှမဟုတ် အသားအရေခြောက်သွေ့ခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

သင့်အသားအရေကို ကောင်းမွန်ညီညာစေဖို့အတွက် အရေပြားဆဲလ်သေတွေကို ခွါချပစ်ရပါမယ်။အောက်ဖော်ပြပါ နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။

ပျားရည်နဲ့ သကြားတို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့ အရောကို သုံးပြီး အရေပြားကို ဂျီးချွတ်နိုင်ပါတယ်။နောက်ထပ်နည်းလမ်းတမျိုးက oatmeal နဲ့ ပျားရည်ကို ပေါင်းစပ်ပြုလုပ်တာပဲ ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ ရေတို့ကို သုံးပြီးတော့လည်း ဂျီးချွတ်နိုင်ပါတယ်။အဆိုပါ ဂျီးချွတ်ခြင်းနည်းလမ်းတွေကို တပတ် ဒါမှမဟုတ် နှစ်ပတ်လောက်နေမှ တခါလောက် အသုံးပြုရမှာ ဖြစ်ပါတယ်။

အခြားသော ဂျီးချွတ်ခြင်းနည်းလမ်းတွေကို သိရှိချင်တယ်ဆိုရင် အရေပြားဆရာဝန်ကို မေးမြန်းနိုင်သလို spa တွေကိုလည်း သွားရောက်နိုင်ပါတယ်။

လျှပ်စစ်ဓာတ်သုံး ဂျီးချွတ်ကိရိယာလေးဟာလည်း အသုံးဝင်တဲ့ နည်းလမ်းလေးတခု ဖြစ်ပါတယ်။သူတို့ဟာ အထူးပြုလုပ်ထားတဲ့ ရွေ့လျားဘရပ်ရှ်လေးကို အသုံးပြုပြီး သင့်မျက်နှာကို သန့်စင်ပေးပါတယ်။ဒီနည်းလမ်းကို တနေ့မှာ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
အသားအရေအစိုဓာတ်ထိန်းပစ္စည်း (moisturizer)တွေဟာ အသားအရေညီညာလှပဖို့အတွက် အထူးပဲ အရေးကြီးပါတယ်။

သင့်အသားအရေနဲ့ ကိုက်ညီသင့်တော်မယ့် moisturizer အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါမယ်။

    moisturizer ရဲ့ အာနိသင်ပြမှုကို အထက်မြက်ဆုံးဖြစ်စေဖို့အတွက် SPF ပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူရပါမယ်။
    သင့်အသားအရေနဲ့ ကိုက်ညီတဲ့ အလှကုန်ပစ္စည်းကို ရွေးချယ်နိုင်ဖို့ဟာလည်း အထူးအရေးကြီးပါတယ်။moisturizer ဟာ အသားအရေကို နူးညံ့စေရုံသာမက အသားရောင်ကိုလည်း ပိုဖြူလာစေပါတယ်။ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ moisturizer တွေကို သုံးစွဲမိရင်တော့ သင့်အရေပြားအခြေအနေဟာ ပိုဆိုးလာမှာပဲဖြစ်ပါတယ်။

ရေဓာတ်လုံလောက်ပါစေ။

ရေဟာ အရေပြားအတွင်းဖက်အပိုင်းထိ သန့်စင်ပေးနိုင်ရုံသာမက အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။အသားအရေမှာ အစိုဓာတ်ပြည့်ဝလာနဲ့အမျှ အသားအရေဟာ ဖောင်းဖောင်းလေးဖြစ်လာပြီး ကလေးအသားလေးလို နူးညံ့လာမှာပဲ ဖြစ်ပါတယ်။

အောက်ပါအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

    တနေ့ကို အနည်းဆုံး ရေနှစ်လီတာ သောက်ရမှာ ဖြစ်ပေမယ့် အရက် ဒါမှမဟုတ် အခြားသော ဂက်စ်ပါတဲ့ သောက်စရာတွေကို မသောက်သင့်ပါဘူး။သူတို့ဟာ သင့်အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။တကယ်လို့ သင်အလွန်အကျွံသောက်သုံးမယ်ဆိုရင် ဆိုဒါနဲ့ အခြားသော ဂက်စ်ပါတဲ့ သောက်စရာတွေမှာ ပါဝင်လာတဲ့ သကြားနဲ့ ဓာတုဗေဒပါဝင်ပစ္စည်းတွေဟာ ဝက်ခြံတွေကို ထွက်လာစေပြီး အဆီတွေကိုလည်း စုပုံလာစေပါတယ်။
    အထူးသဖြင့် အရက်သောက်ခြင်းဟာ အရေပြားအစိုဓာတ်ကို လျော့နည်းစေနိုင်တဲ့အတွက် အချိန်မတိုင်မီ အိုမင်းရင့်ရော်စေနိုင်ပါတယ်။
    သခွါးသီး ဒါမှမဟုတ် ဖရဲသီးတွေကို စားပေးမယ်ဆိုရင်လည်း ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာပါ။အဆိုပါ အသီးတွေမှာ အခြားသော အကျိုးအာနိသင်တွေလည်း ရှိပါသေးတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေဟာ သင့်အသားအရေကို ပိုမိုစိုပြေညီညာလှပဖို့အတွက် တနည်းတဖုံအထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ဒီအချက်လေးတွေဟာ အင်မတန်မှ ရိုးရှင်းအခြေခံကျပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အတွက် အခုပဲစတင် လိုက်နာလုပ်ဆောင်ကြည့်ကြပါစို့။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top