iMyanmarHouse.com - Best Property Website for Myanmar
×




ထားလိုက်စမ်းပါ








Credit : MyStyle

ချစ်သူနှစ်ဦးပြတ်သွားစေတဲ့အရာဟာ တကယ်တော့ ပြဿနာကြီးကြီးတွေကြောင့်မဟုတ်ပါဘူး။ တခါတလေ ပြောပြလို့မရတဲ့ ပြဿနာ သေးသေးလေးတွေ စုပြီး မခံနိုင်တော့တဲ့အဆုံး ပေါက်ကွဲကြတာပါ။ လူအမျိုးမျိုး စိတ်အထွေထွေမို့ တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း မတိုက်ဆိုင်တာမှန်ပေမယ့် ရန်ဖြစ်စကားများကြတဲ့အခါ စိတ်ဆိုးကြတဲ့အခါ လွန်လွန်ကျုးကျုးစကားတွေ မပြောမိဖို့အရေးကြီးပါတယ်။

မင်းက တစ်ခုခုဆို အရမ်းခံစားလွယ်လွန်းတယ်

တချို့သူတွေက စိတ်ထိခိုက်လွယ်ကြပါတယ်။ နည်းနည်းပြောရင် များများ ခံစားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နာကျင်မှု ဝမ်းနည်းမှုတွေကို ဥပေက္ခပြုပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

ထားလိုက်စမ်းပါ

တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုန်ဖြစ် စကားများနေကြတဲ့အခါ စကားတွေကပြောလို့မပြီးသေးဘူး ထားလိုက်စမ်းပါကွာဆိုပြီး စကားကို ရုတ်တရက် ဖြတ်ပစ်လိုက်တာဟာ သင်တို့နှစ်ယောက် ဆက်ဆံရေးကို အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။ သူပြောတာပြီးအောင် စောင့်လိုက်ပါ။

အဲလောက်ထိဖြစ်နေရင် လမ်းခွဲလိုက်မယ်

ချစ်သူနှစ်ဦး ဆက်ဆံရေးကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

မင်းကဘာမှသိတာမဟုတ်ဘူး

မသိရင် ကိုယ့်ချစ်သူကပဲ အရူးလိုလို၊ ဘာမှ မသိမတတ်သလိုလို နဲ့ ပြောတာဟာ သူ့ကို သိမ်ငယ်စေပါတယ်။ ဒါ့ကြောင့် အဲဒီလို ချစ်သူကို မလေးစားတဲ့စကားမျိုး မပြောသင့်ပါဘူး။

မင်းကို ငါစိတ်ပျက်မိတယ်

ချစ်သူကို တခါတလေ စိတ်အလိုမကျမှုတွေ ရှိမှာပါပဲ။ ဒါပေမယ့် စိတ်ပျက်မိတယ်ဆိုတာမျိုးက သူ့ကို နာကျင်စေပါတယ်။ အချစ်ရေးခိုင်မြဲစေဖို့ ဒီလိုစကားတွေကို ရှောင်ပေးသင့်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top