iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ရႈပ္ေနလို႔ အခ်ိန္မေလာက္လို႔ အၿမဲတမ္းလိုလို အလွအပနဲ႔ ပတ္သက္ၿပီး အခ်ိန္မေပးႏိုင္ဘူးလား။ ဒါဆိုရင္ေတာ့ အခုလို အလုပ္ရႈပ္တတ္တဲ့ ပ်ိဳေမတို႔ သိခ်င္ၾကမယ့္ အလွအပဆိုင္ရာ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ေရေသာက္ပါ

အသားအေရ စိုေျပေနေစဖို႔ ေရမ်ားမ်ားေသာက္ေပးပါ။ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္ၿပီး သင့္ကိုလည္း အၿမဲလွေနေစဖို႔ တစ္ေန႕ကို ေရ ၈ ခြက္ေလာက္ ေသာက္ေပးသင့္ပါတယ္။

၂။ သန္႔ရွင္းပါ Moisturize လုပ္ပါ

မ်က္ႏွာကို တစ္ေန႔ ၂ ႀကိမ္ ပံုမွန္သန္႔ရွင္းေပးဖို႔လိုအပ္ပါတယ္။ မိတ္ကပ္လိမ္းထားရင္လည္း Cleanser နဲ႔ ေသခ်ာေလးဖ်က္ေပးၿပီး မ်က္ႏွာေသခ်ာသစ္ေပးပါ။ ၿပီးသြားရင္ေတာ့ အသားအေရ စိုေျပေစဖို႔ Moisturizer လိမ္းေပးထားသင့္ပါတယ္။

၃။ Dry Shampoo သံုးပါ

ဆံပင္ အဆီျပန္ေနၿပီ ဒါေပမယ့္ ေခါင္းေလွ်ာ္ဖို႔မအားဘူးဆိုရင္ Dry Shampoo သံုးႏိုင္ပါတယ္။ Dry Shampoo ရွာမရရင္၊ ေပါင္ဒါမုန္႕ (သို႔) မုန္႕ဖုတ္ဆိုဒါ ကို ေခါင္းေပၚမွာ ျဖဴေပးလိုက္ၿပီး ေလမႈတ္စက္နဲ႔ ေသခ်ာေလး ျပန္မႈန္ေပးလိုက္ပါ။

၄။ မိတ္ကပ္ပစၥည္းေတြကို စနစ္တက်ထားပါ

မိတ္ကပ္ အလွျပင္ပစၥည္းေတါကို သူ႕ေနရာနဲ႔ သူ စနစ္တက်ထားပါ။ ဒါဆိုရင္ အခ်ိန္ကုန္လည္း သက္သာၿပီး Eyeliner ဘယ္နားထားမိသလဲ ႏႈတ္ခမ္းနီ ဘယ္နားထားမိသလဲ လိုက္ရွာေနစရာမလိုေတာ့ပါဘူး။

၅။ သင့္အသားအေရနဲ႔ သင့္ေတာ္တဲ့ အလွျပင္ ပစၥည္းေတြသံုးပါ

သင့္အသားအေရ အမ်ိဳးအစားနဲ႔ သင့္ေတာ္တဲ့ အလွျပင္ ပစၥည္းေတြသံုးပါ။ အဆီျပန္တဲ့အသားအေရဆိုရင္ အဆီပါဝင္မႈနည္းတဲ့ အလွျပင္ ပစၥည္းေတြကို သံုးသင့္ပါတယ္။ ရာသီ ဥတုအေျပာင္းအလဲနဲ႔ အညီ အလွျပင္ပစၥည္းေတြကိုလည္း ေျပာင္းသံုးသင့္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလုပ်ရှုပ်နေလို့ အချိန်မလောက်လို့ အမြဲတမ်းလိုလို အလှအပနဲ့ ပတ်သက်ပြီး အချိန်မပေးနိုင်ဘူးလား။ ဒါဆိုရင်တော့ အခုလို အလုပ်ရှုပ်တတ်တဲ့ ပျိုမေတို့ သိချင်ကြမယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ရေသောက်ပါ

အသားအရေ စိုပြေနေစေဖို့ ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပြီး သင့်ကိုလည်း အမြဲလှနေစေဖို့ တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်ပေးသင့်ပါတယ်။

၂။ သန့်ရှင်းပါ Moisturize လုပ်ပါ

မျက်နှာကို တစ်နေ့ ၂ ကြိမ် ပုံမှန်သန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ မိတ်ကပ်လိမ်းထားရင်လည်း Cleanser နဲ့ သေချာလေးဖျက်ပေးပြီး မျက်နှာသေချာသစ်ပေးပါ။ ပြီးသွားရင်တော့ အသားအရေ စိုပြေစေဖို့ Moisturizer လိမ်းပေးထားသင့်ပါတယ်။

၃။ Dry Shampoo သုံးပါ

ဆံပင် အဆီပြန်နေပြီ ဒါပေမယ့် ခေါင်းလျှော်ဖို့မအားဘူးဆိုရင် Dry Shampoo သုံးနိုင်ပါတယ်။ Dry Shampoo ရှာမရရင်၊ ပေါင်ဒါမုန့် (သို့) မုန့်ဖုတ်ဆိုဒါ ကို ခေါင်းပေါ်မှာ ဖြူပေးလိုက်ပြီး လေမှုတ်စက်နဲ့ သေချာလေး ပြန်မှုန်ပေးလိုက်ပါ။

၄။ မိတ်ကပ်ပစ္စည်းတွေကို စနစ်တကျထားပါ

မိတ်ကပ် အလှပြင်ပစ္စည်းတေါကို သူ့နေရာနဲ့ သူ စနစ်တကျထားပါ။ ဒါဆိုရင် အချိန်ကုန်လည်း သက်သာပြီး Eyeliner ဘယ်နားထားမိသလဲ နှုတ်ခမ်းနီ ဘယ်နားထားမိသလဲ လိုက်ရှာနေစရာမလိုတော့ပါဘူး။

၅။ သင့်အသားအရေနဲ့ သင့်တော်တဲ့ အလှပြင် ပစ္စည်းတွေသုံးပါ

သင့်အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အလှပြင် ပစ္စည်းတွေသုံးပါ။ အဆီပြန်တဲ့အသားအရေဆိုရင် အဆီပါဝင်မှုနည်းတဲ့ အလှပြင် ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ရာသီ ဥတုအပြောင်းအလဲနဲ့ အညီ အလှပြင်ပစ္စည်းတွေကိုလည်း ပြောင်းသုံးသင့်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top