iMyanmarHouse.com - Best Property Website for Myanmar
×

သင္ညစာ စားေနတုန္းမွာပဲ တီဗီြ ၾကည့္တာ (သို႔) ဖုန္းသံုးေနရတာကို ႏွစ္သက္ပါသလား။ အဲဒါေတြက သင့္ကို ကိယ္အေလးခ်ိန္တိုးလာ ေစ ႏိုင္ပါတယ္။

ကၽြႏ္ုပ္တို႔ဟာ ကိုယ္စားေနတဲ့ အစားအစာ ေတြကို စိတ္၀င္စားမႈ မရွိျခင္းဟာ ထို အစားအစာ ကိုေမ့ၿပီး ခဏေနမွ အဆီတက္ေစမယ့္ သေရစာေတြကို စားဖို႔ ျဖစ္လာေစခဲ့ပါတယ္။

လက္ေတြ႕ ျပဳလုပ္ခဲ့တဲ့ သုေတသန စီးရီးေတြအရ ေန႔လည္စာစားရင္း ကြန္ပ်ဳတာ ဂိမ္း (သို႔) တီဗီြ ေတြကို ေမ်ာေနတဲ့ သူေတြဟာ မိမိစားေနတဲ့ အစားအစာအေပၚ စိတ္၀င္စားမႈ ရွိသူေတြထက္စာရင္ ေနာက္က်မွ အစားအစာ ကို ၀ါးစားျဖစ္ၿပီး ေနာက္ အစာစားခ်င္စိတ္ နည္းလာကာ သေရစာေတြသာ စားျဖစ္သြားတာမ်ား ပါတယ္။

လက္ရွိစားေနတဲ့အစားအစာနဲ႔ ပတ္သက္တဲ့ မွတ္ဥာဏ္ေတြဟာ စားခ်င္စိတ္ ျဖစ္ေပၚေစမႈကို အဓိက လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကၽြႏ္ုပ္တို႔ဟာ အစာ စားေနတုန္း တစ္ခုခုေၾကာင့္ အခ်ိန္ဆြဲလိုက္တဲ့အခါမွာ ကၽြႏ္ုပ္တို႔ဟာ ထိုအစားအစာ နဲ႔ ပတ္သက္တဲ့ မွတ္ဥာဏ္ေတြကို မမွတ္မိႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ခဏေနမွ စားဖို႔ အတြက္ အာသီသ ျဖစ္ေပၚလာမွာပါ။

ပထမဆံုးေလ့လာမႈအေနနဲ႔ ပံုမွန္အတိုင္းအစားအစာ စားသံုးတဲ့ အမ်ိဳးသမီးငယ္ ၃၉ ေယာက္ ကို အစာစားရင္း အလြန္အခ်ိန္ဆြဲတဲ့ အဖြဲ႕ ၊ အခ်ိန္သိပ္မဆြဲတဲ့အဖြဲ႔ နဲ႔ လံုး၀ အခ်ိန္မဆြဲတဲ့အဖြဲ႕ စသျဖင့္ အဖြဲ႔ ၃ ဖြဲ႕ ခြဲၿပီး ေလ့လာခဲ့ၾကပါတယ္။ ဒါေပမယ့္ ၃၉ ေယာက္လံုးကို ၄၀၀ ကယ္လိုရီ ပါ၀င္ၿပီး တူညီတဲ့ အစားအစာေတြကို ေန႔လည္စာအျဖစ္ စားသံုးေစခဲ့ပါတယ္။

ညေနမွာ ေတာ့ အဖြဲ႔၀င္အားလံုးဟာ ပန္းကန္ျပားတစ္ခုထဲ ထည့္ထားတဲ့ ဘီစကြတ္ အမ်ိဳးမ်ိဳးကိုစားသံုးေစခဲ့ၿပီး တစ္ေယာက္ခ်င္းစီ ရဲ႕ စားသံုးမႈ ပမာဏ ကို မစားခင္ နဲ႔ စားၿပီး ပန္းကန္ျပားရဲ႕ အေလးခ်ိန္နဲ႔ တိုင္းတာသတ္မွတ္ခဲ့တဲ့အခါမွေတာ့ ထို အဖြဲ႔ ၃ ဖြဲ႕ရဲ႕ ၾကားက ျခားနားမႈကို ဘာမင္ဂမ္ တကၠသိုလ္ က ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။

အခ်ိန္အၾကာႀကီးဆြဲၿပီး အစာစားတဲ့ အဖြဲ႕ဟာ လံုး၀ အခ်ိန္မဆြဲ တဲ့ အဖြဲ႔ထက္ ၆၉ ရာခိုင္ႏႈန္းတိတိ Snack ေတြစားတာ မ်ားခဲ့ၿပီး အခ်ိန္ နည္းနည္းပဲ ဆြဲတဲ့အဖြဲ႕ကေတာ့ လံုး၀ အခ်ိန္မဆြဲတဲ့ အဖြဲ႔ထက္ ၂၈ ရာခိုင္ႏႈန္း ပိုၿပီး သေရစာ ေတြကို စားသံုးခဲ့တာေတြ႕ရမွာပါ။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ညစာ စားနေတုန်းမှာပဲ တီဗွီ ကြည့်တာ (သို့) ဖုန်းသုံးနေရတာကို နှစ်သက်ပါသလား။ အဲဒါတွေက သင့်ကို ကိယ်အလေးချိန်တိုးလာ စေ နိုင်ပါတယ်။

ကျွန်ုပ်တို့ဟာ ကိုယ်စားနေတဲ့ အစားအစာ တွေကို စိတ်ဝင်စားမှု မရှိခြင်းဟာ ထို အစားအစာ ကိုမေ့ပြီး ခဏနေမှ အဆီတက်စေမယ့် သရေစာတွေကို စားဖို့ ဖြစ်လာစေခဲ့ပါတယ်။

လက်တွေ့ ပြုလုပ်ခဲ့တဲ့ သုတေသန စီးရီးတွေအရ နေ့လည်စာစားရင်း ကွန်ပျုတာ ဂိမ်း (သို့) တီဗွီ တွေကို မျောနေတဲ့ သူတွေဟာ မိမိစားနေတဲ့ အစားအစာအပေါ် စိတ်ဝင်စားမှု ရှိသူတွေထက်စာရင် နောက်ကျမှ အစားအစာ ကို ဝါးစားဖြစ်ပြီး နောက် အစာစားချင်စိတ် နည်းလာကာ သရေစာတွေသာ စားဖြစ်သွားတာများ ပါတယ်။

လက်ရှိစားနေတဲ့အစားအစာနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေဟာ စားချင်စိတ် ဖြစ်ပေါ်စေမှုကို အဓိက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အစာ စားနေတုန်း တစ်ခုခုကြောင့် အချိန်ဆွဲလိုက်တဲ့အခါမှာ ကျွန်ုပ်တို့ဟာ ထိုအစားအစာ နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို မမှတ်မိနိုင်တော့ပါဘူး။ ဒါကြောင့် ခဏနေမှ စားဖို့ အတွက် အာသီသ ဖြစ်ပေါ်လာမှာပါ။

ပထမဆုံးလေ့လာမှုအနေနဲ့ ပုံမှန်အတိုင်းအစားအစာ စားသုံးတဲ့ အမျိုးသမီးငယ် ၃၉ ယောက် ကို အစာစားရင်း အလွန်အချိန်ဆွဲတဲ့ အဖွဲ့ ၊ အချိန်သိပ်မဆွဲတဲ့အဖွဲ့ နဲ့ လုံး၀ အချိန်မဆွဲတဲ့အဖွဲ့ စသဖြင့် အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လေ့လာခဲ့ကြပါတယ်။ ဒါပေမယ့် ၃၉ ယောက်လုံးကို ၄၀၀ ကယ်လိုရီ ပါဝင်ပြီး တူညီတဲ့ အစားအစာတွေကို နေ့လည်စာအဖြစ် စားသုံးစေခဲ့ပါတယ်။

ညနေမှာ တော့ အဖွဲ့ဝင်အားလုံးဟာ ပန်းကန်ပြားတစ်ခုထဲ ထည့်ထားတဲ့ ဘီစကွတ် အမျိုးမျိုးကိုစားသုံးစေခဲ့ပြီး တစ်ယောက်ချင်းစီ ရဲ့ စားသုံးမှု ပမာဏ ကို မစားခင် နဲ့ စားပြီး ပန်းကန်ပြားရဲ့ အလေးချိန်နဲ့ တိုင်းတာသတ်မှတ်ခဲ့တဲ့အခါမှတော့ ထို အဖွဲ့ ၃ ဖွဲ့ရဲ့ ကြားက ခြားနားမှုကို ဘာမင်ဂမ် တက္ကသိုလ် က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အချိန်အကြာကြီးဆွဲပြီး အစာစားတဲ့ အဖွဲ့ဟာ လုံး၀ အချိန်မဆွဲ တဲ့ အဖွဲ့ထက် ၆၉ ရာခိုင်နှုန်းတိတိ Snack တွေစားတာ များခဲ့ပြီး အချိန် နည်းနည်းပဲ ဆွဲတဲ့အဖွဲ့ကတော့ လုံး၀ အချိန်မဆွဲတဲ့ အဖွဲ့ထက် ၂၈ ရာခိုင်နှုန်း ပိုပြီး သရေစာ တွေကို စားသုံးခဲ့တာတွေ့ရမှာပါ။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top