iMyanmarHouse.com - Best Property Website for Myanmar
×

ရနံ႕ကုထံုး၏အဓိကအစိတ္အပိုင္းထဲက တစ္ခုအပါအ၀င္ျဖစ္သည့္ လာဗန္ဒါပန္းအဆီသည္ မယံုႀကည္ႏိုင္ေလာက္ေအာင္ အစြမ္းသတၱိေတြျပည့္၀ေနပါတယ္။ လတ္ဆတ္ေမႊးပ်ံ႕ေသာရနံ႕သည္လည္း ဂေယာက္ဂယက္ျဖစ္ေသာစိတ္မ်ားကို တည္ၿငိမ္မႈရွိေစၿပီး ၿငိမ္းေအးမႈရရွိေစရန္လည္း ကူညီေပးႏိုင္ပါတယ္။ အိပ္မေပ်ာ္ႏိုင္မႈကိုလည္း ကုသေပးႏိုင္သည့္ အေကာင္းဆံုးေသာသဘာ၀ေဆးနည္းတစ္လက္ျဖစ္သလုိ ၀က္ၿခံမ်ား၊ အနာဒဏ္ရာမ်ား ႏွင့္ အရိုးအဆစ္မ်ားနာက်င္မႈကိုပါ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

ထုိ႕ေႀကာင့္ လာဗန္ဒါပန္းအဆီအႏွစ္က ေပးစြမ္းႏိုင္ေသးတဲ့ အျခားက်န္းမာေရးေကာင္းက်ိဳးအာနိသင္မ်ားကိုလည္း ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ နာက်င္မႈေ၀ဒနာကိုသက္သာေစျခင္း

ႀကြက္သားမ်ား၊ အရိုးအဆစ္နာက်င္မႈမ်ား၊ အဆစ္လြဲျခင္းမ်ား၊ ေက်ာေအာင့္ျခင္းမ်ားတုိ႕ကို ခံစားေနရပါက လာဗန္ဒါပန္းအဆီကို ျဖစ္ေပၚေနသည့္ေနရာတ၀ိုက္ကို လိမ္းျခယ္ေပးျခင္းျဖင့္ သက္သာမႈရရွိႏိုင္မွာျဖစ္ပါတယ္။

၂။ အမ်ိဳးမ်ိဳးေသာအသားအေရျပႆနာမ်ားကို ကုသေပးႏိုင္ျခင္း

၀က္ၿခံ၊ ႏွင္းခူနာ၊ အေရးအေႀကာင္းမ်ားကဲ့သို႕ အသားအေရဆိုင္ရာေရာဂါမ်ားကိုလည္း ကုသေပးႏိုင္ပါတယ္။ ထုိ႕အျပင္ အမာရြတ္မ်ား၊ ပြန္းပဲ့ရွနာဒဏ္ရာမ်ား ႏွင့္ အပူေလာင္ရာမ်ားကိုပါ အထူးသက္သာေပ်ာက္ကင္းေစႏိုင္၍ ျခင္ကိုက္ဒဏ္ရာမ်ား၊ အသားအေရယားယံမႈတိုျဖစ္ေပၚပါကလည္း အသံုးျပဳေပးႏိုင္ပါတယ္။

၃။ ဆံေကသာကိုက်န္းမာသန္စြမ္းေစျခင္း

လာဗန္ဒါပန္းအဆီအႏွစ္သည္ သန္းႏွင့္ သန္းဥမ်ားကို သတ္ရန္ကူညီေပးႏိုင္သလို ဆံပင္ကၽြတ္ျခင္းကိုကုသရန္အတြက္ အထိေရာက္ဆံုးေသာနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဤမွ်သာမက အသံုးျပဳၿပီး ၇ လအတြင္းမွာတြင္ ၄၄ ရာခိုင္ႏႈန္းအထိ ဆံပင္ရွည္လာေစမွာျဖစ္ပါတယ္။

၄။ စိတ္ခံစားမႈအေျခအေနကို တိုးျမွင့္ေပးျခင္း

လာဗန္ဒါပန္း၏ ရနံ႕သည္ အင္မတန္မွ လတ္ဆတ္ေမႊးပ်ံ႕လွသည့္အတြက္ စိတ္ခံစားမႈကိုတိုးျမွင့္ရန္အတြက္ အေကာင္းဆံုးေသာနည္းလမ္းတစ္ရပ္ပဲျဖစ္ပါတယ္။

၅။ အိပ္မရမႈမ်ားကိုေျဖရွင္းေပးႏိုင္ျခင္း

လာဗန္ဒါပန္းအဆီအႏွစ္ကိုအသံုးျပဳျခင္းသည္ အခ်ိန္တိုအတြင္းအိပ္ေပ်ာ္ေစႏိုင္ေသာေႀကာင့္ အိပ္စက္ခ်ိန္ကိုပိုမိုရွည္လ်ားေစႏိုင္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရနံ့ကုထုံး၏အဓိကအစိတ်အပိုင်းထဲက တစ်ခုအပါအဝင်ဖြစ်သည့် လာဗန်ဒါပန်းအဆီသည် မယုံကြည်နိုင်လောက်အောင် အစွမ်းသတ္တိတွေပြည့်ဝနေပါတယ်။ လတ်ဆတ်မွှေးပျံ့သောရနံ့သည်လည်း ဂယောက်ဂယက်ဖြစ်သောစိတ်များကို တည်ငြိမ်မှုရှိစေပြီး ငြိမ်းအေးမှုရရှိစေရန်လည်း ကူညီပေးနိုင်ပါတယ်။ အိပ်မပျော်နိုင်မှုကိုလည်း ကုသပေးနိုင်သည့် အကောင်းဆုံးသောသဘာဝဆေးနည်းတစ်လက်ဖြစ်သလို ဝက်ခြံများ၊ အနာဒဏ်ရာများ နှင့် အရိုးအဆစ်များနာကျင်မှုကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ထို့ကြောင့် လာဗန်ဒါပန်းအဆီအနှစ်က ပေးစွမ်းနိုင်သေးတဲ့ အခြားကျန်းမာရေးကောင်းကျိုးအာနိသင်များကိုလည်း ဝေမျှပေးလိုက်ရပါတယ်။

၁။ နာကျင်မှုဝေဒနာကိုသက်သာစေခြင်း

ကြွက်သားများ၊ အရိုးအဆစ်နာကျင်မှုများ၊ အဆစ်လွဲခြင်းများ၊ ကျောအောင့်ခြင်းများတို့ကို ခံစားနေရပါက လာဗန်ဒါပန်းအဆီကို ဖြစ်ပေါ်နေသည့်နေရာတဝိုက်ကို လိမ်းခြယ်ပေးခြင်းဖြင့် သက်သာမှုရရှိနိုင်မှာဖြစ်ပါတယ်။

၂။ အမျိုးမျိုးသောအသားအရေပြဿနာများကို ကုသပေးနိုင်ခြင်း

ဝက်ခြံ၊ နှင်းခူနာ၊ အရေးအကြောင်းများကဲ့သို့ အသားအရေဆိုင်ရာရောဂါများကိုလည်း ကုသပေးနိုင်ပါတယ်။ ထို့အပြင် အမာရွတ်များ၊ ပွန်းပဲ့ရှနာဒဏ်ရာများ နှင့် အပူလောင်ရာများကိုပါ အထူးသက်သာပျောက်ကင်းစေနိုင်၍ ခြင်ကိုက်ဒဏ်ရာများ၊ အသားအရေယားယံမှုတိုဖြစ်ပေါ်ပါကလည်း အသုံးပြုပေးနိုင်ပါတယ်။

၃။ ဆံကေသာကိုကျန်းမာသန်စွမ်းစေခြင်း

လာဗန်ဒါပန်းအဆီအနှစ်သည် သန်းနှင့် သန်းဥများကို သတ်ရန်ကူညီပေးနိုင်သလို ဆံပင်ကျွတ်ခြင်းကိုကုသရန်အတွက် အထိရောက်ဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဤမျှသာမက အသုံးပြုပြီး ၇ လအတွင်းမှာတွင် ၄၄ ရာခိုင်နှုန်းအထိ ဆံပင်ရှည်လာစေမှာဖြစ်ပါတယ်။

၄။ စိတ်ခံစားမှုအခြေအနေကို တိုးမြှင့်ပေးခြင်း

လာဗန်ဒါပန်း၏ ရနံ့သည် အင်မတန်မှ လတ်ဆတ်မွှေးပျံ့လှသည့်အတွက် စိတ်ခံစားမှုကိုတိုးမြှင့်ရန်အတွက် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။

၅။ အိပ်မရမှုများကိုဖြေရှင်းပေးနိုင်ခြင်း

လာဗန်ဒါပန်းအဆီအနှစ်ကိုအသုံးပြုခြင်းသည် အချိန်တိုအတွင်းအိပ်ပျော်စေနိုင်သောကြောင့် အိပ်စက်ချိန်ကိုပိုမိုရှည်လျားစေနိုင်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top