iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဖိစီးမႈအလြန္မ်ားျခင္း၊ စားေသာက္မႈပံုစံညီညြတ္မႈမရွိျခင္း၊ ေရာဂါပိုးကူးစက္ျခင္းမ်ား ႏွင့္ ေဆး၀ါးမ်ားေသာက္သံုးျခင္းတုိ႕သည္ သင့္ရဲ႕အစာေျခဖ်က္မႈစနစ္အတြက္ လံုး၀ေကာင္းမြန္မႈမရွိပါ။ အစာေျခဖ်က္ျခင္းသည္ အလြန္႕အလြန္ကိုဂရုစိုက္ေပးသင့္ေသာ ခႏၶာကိုယ္တြင္းျဖစ္စဥ္မ်ားထဲမွ တစ္ခုအပါအ၀င္ပဲျဖစ္ပါတယ္။

အစာမေႀကျခင္းေႀကာင့္ ျဖစ္ေပၚလာႏိုင္ေသာ ေဖာေရာင္ျခင္း၊ ေလတက္ျခင္း၊ ၀မ္းဗိုက္ပိုင္းမအီမသာျဖစ္ျခင္း စသျဖင့္ေသာ ေရာဂါလကၡဏာမ်ားျဖစ္ေပၚျခင္းတို႕ကို သဘာ၀အတိုင္းကူညီေပးႏုိင္မည့္ အစားအစာမ်ားကို စားသံုးေပးျခင္းက အစာအိမ္အတြက္သာသင့္ေတာ္မႈရွိသည္မဟုတ္ဘဲ ကိုယ္ခႏၶာက်န္းမာေရးအတြက္လည္း အထူးေကာင္းမြန္ေစပါတယ္။

၁။ ဂ်င္း

ဂ်င္းတြင္ပါ၀င္သည့္အစြမ္းသတၱိမ်ားသည္ ဂတ္စ္မ်ား၊ အစာမေႀကျခင္း၊ ပ်ိဳ႕အန္ျခင္းႏွင့္ ေဖာေရာင္ျခင္းတို႕ျဖစ္ေပၚမႈမွ ဟန္႕တားေပးႏိုင္ပါတယ္။ လွီးထားသည့္ဂ်င္းအနည္းငယ္ကို ေရေႏြးထဲထည့္က်ိဳကာ ရရွိလာသည့္ ဂ်င္းေရေႏြးႀကမ္းကို မွန္မွန္ေသာက္သံုးေပးပါက သြားရည္၊ သည္းေျခရည္၊ အစာအိမ္အရည္ထုတ္လုပ္မႈတုိ႕ကို တိုးတက္ေစႏိုင္ပါတယ္။

၂။ ဒိန္ခ်ဥ္

အစာေျခဖ်က္သည့္ျဖစ္စဥ္တြင္ အဓိကအခန္းတစ္ခုျဖစ္ေသာ ေကာင္းမြန္ေသာဘတ္တီးရီးယားမ်ား ပါ၀င္မႈျမင့္မားေသာေႀကာင့္ အစာမေႀကျခင္း၊ ၀မ္းသြားျခင္း ႏွင့္ ၀မ္းခ်ဳပ္ျခင္းျပႆနာမ်ားကို ေျဖရွင္းႏုိင္မွာျဖစ္ပါတယ္။

၃။ ကန္စြန္းဥ

အခြံႏွင့္တြဲဖက္စားသံုးေပးျခင္းက အစာအိမ္က်န္းမာေရးေပၚတြင္ ေကာင္းသည့္သက္ေရာက္မႈရွိႏုိင္ၿပီး အမ်ိဳးမ်ိဳးေသာအာဟာရဓာတ္မ်ားလည္း ေပါင္းစပ္ပါ၀င္ပါေသးတယ္။ ထုိမွ်သာမက အစာေျခယႏၱရားတြင္ျဖစ္ေပၚေသာအနာ၊ အူသိမ္ထဲတြင္ျဖစ္ေသာအနာ ႏွင့္ အျခားအူေရာင္ရမ္းျခင္းျပႆနာမ်ားအတြက္လည္း အထူးေကာင္းမြန္သည့္အစားအစာတစ္ခုျဖစ္ပါတယ္။

၄။ ေထာပတ္သီး

အရသာအလြန္ရွိေသာ ေထာပတ္သီးသည္ က်န္းမာေရးႏွင့္ညီညြတ္သည့္ အစာေျခဖ်က္လမ္းေႀကာင္းႏွင့္ ပန္ကရိယ၊ အသည္းႏွင့္ သည္းေျခအိတ္တို႕ သင့္တင့္ေလ်ာက္ပတ္စြာလည္ပတ္ရန္အတြက္ ကူညီေပးပါတယ္။ ထို႕အျပင္ အာဟာရဓာတ္မ်ားႏွင့္ ေရဓာတ္ပါ၀င္မႈျမင့္မားသျဖင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ရန္အတြက္လည္း အေကာင္းဆံုးေသာအသီးအနွံတစ္ခုျဖစ္ပါတယ္။

၅။ အုတ္ဂ်ံဳ

အုတ္ဂ်ံဳတြင္ပါ၀င္သည့္ ဖိုက္ဘာသည္ အူတစ္ေလွ်ာက္ပြတ္တိုက္သြားၿပီး အစာမ်ားကိုမွန္မွန္ေရြ႕လ်ားသြားေစကာ ၀မ္းခ်ဳပ္မႈကိုသက္သာေစမွာပါ။ မႀကာခဏ အစာမေႀကတတ္သူမ်ား ေန႕စဥ္စားေသာက္မႈပံုစံတြင္ အုတ္ဂ်ံဳမႈန္႕ကိုထည့္ေပးပါက အေျခအေနတိုးတက္လာႏိုင္မွာျဖစ္ပါတယ္။

၆။ ငါးႀကီးဆီ

အိုမီဂါသရီးဖက္တီးအက္စစ္အျပင္ အဆီေပ်ာ္၀င္ေနေသာဗီတာမင္ေအႏွင့္ဒီတို႕လည္း ပါ၀င္ေသာေႀကာင့္ ေရာင္ရမ္းမႈကိုသက္သာေစရံုသာမက အစာေျခဖ်က္မႈကိုေကာင္းမြန္ေစရန္လုိအပ္ေသာ ကိုယ္ခံအားကိုလည္းတည္ေဆာက္ေပးပါတယ္။ ပမာဏအနည္းငယ္ကိုပင္ ေန႕စဥ္မွန္မွန္စားသံုးေပးပါက သိသိသာသာေျပာင္းလဲလာမႈကို ေတြ႕ႏုိင္ပါတယ္။

၇။ ပန္းသီး

ပန္းသီးသည္လည္းပဲ အခြံႏွင့္စားသံုးေပးပါက ပိုမိုေကာင္းမြန္၍ ၀မ္းခ်ဳပ္မႈကိုသက္သာေစကာ အစာေျခဖ်က္သည့္စနစ္မွတဆင့္ အစားအစာမ်ားကို လ်င္ျမန္စြာေရြ႕လ်ားေစႏိုင္ပါတယ္။

၈။ ငွက္ေပ်ာသီး

အူလႈပ္ရွားမႈအေျခအေနအလုပ္လုပ္မႈတြင္ အဓိကအခန္းက႑အေနျဖင့္ပါ၀င္ေနသည့္ ငွက္ေပ်ာသီးမ်ားသည္ ၀မ္းသြားေနသူမ်ားစားသံုးရန္အထူးသင့္ေတာ္ပါတယ္။ ဖိုက္ဘာျမင့္မားသည့္အတြက္ အဆိပ္အေတာက္မ်ားကိုစုပ္ယူျခင္းျဖင့္ အစာေျခစနစ္ကိုေကာင္းမြန္ေစပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စိတ်ဖိစီးမှုအလွန်များခြင်း၊ စားသောက်မှုပုံစံညီညွတ်မှုမရှိခြင်း၊ ရောဂါပိုးကူးစက်ခြင်းများ နှင့် ဆေးဝါးများသောက်သုံးခြင်းတို့သည် သင့်ရဲ့အစာခြေဖျက်မှုစနစ်အတွက် လုံးဝကောင်းမွန်မှုမရှိပါ။ အစာခြေဖျက်ခြင်းသည် အလွန့်အလွန်ကိုဂရုစိုက်ပေးသင့်သော ခန္ဓာကိုယ်တွင်းဖြစ်စဉ်များထဲမှ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဖောရောင်ခြင်း၊ လေတက်ခြင်း၊ ဝမ်းဗိုက်ပိုင်းမအီမသာဖြစ်ခြင်း စသဖြင့်သော ရောဂါလက္ခဏာများဖြစ်ပေါ်ခြင်းတို့ကို သဘာဝအတိုင်းကူညီပေးနိုင်မည့် အစားအစာများကို စားသုံးပေးခြင်းက အစာအိမ်အတွက်သာသင့်တော်မှုရှိသည်မဟုတ်ဘဲ ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

၁။ ဂျင်း

ဂျင်းတွင်ပါဝင်သည့်အစွမ်းသတ္တိများသည် ဂတ်စ်များ၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းနှင့် ဖောရောင်ခြင်းတို့ဖြစ်ပေါ်မှုမှ ဟန့်တားပေးနိုင်ပါတယ်။ လှီးထားသည့်ဂျင်းအနည်းငယ်ကို ရေနွေးထဲထည့်ကျိုကာ ရရှိလာသည့် ဂျင်းရေနွေးကြမ်းကို မှန်မှန်သောက်သုံးပေးပါက သွားရည်၊ သည်းခြေရည်၊ အစာအိမ်အရည်ထုတ်လုပ်မှုတို့ကို တိုးတက်စေနိုင်ပါတယ်။

၂။ ဒိန်ချဉ်

အစာခြေဖျက်သည့်ဖြစ်စဉ်တွင် အဓိကအခန်းတစ်ခုဖြစ်သော ကောင်းမွန်သောဘတ်တီးရီးယားများ ပါဝင်မှုမြင့်မားသောကြောင့် အစာမကြေခြင်း၊ ဝမ်းသွားခြင်း နှင့် ဝမ်းချုပ်ခြင်းပြဿနာများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၃။ ကန်စွန်းဥ

အခွံနှင့်တွဲဖက်စားသုံးပေးခြင်းက အစာအိမ်ကျန်းမာရေးပေါ်တွင် ကောင်းသည့်သက်ရောက်မှုရှိနိုင်ပြီး အမျိုးမျိုးသောအာဟာရဓာတ်များလည်း ပေါင်းစပ်ပါဝင်ပါသေးတယ်။ ထိုမျှသာမက အစာခြေယန္တရားတွင်ဖြစ်ပေါ်သောအနာ၊ အူသိမ်ထဲတွင်ဖြစ်သောအနာ နှင့် အခြားအူရောင်ရမ်းခြင်းပြဿနာများအတွက်လည်း အထူးကောင်းမွန်သည့်အစားအစာတစ်ခုဖြစ်ပါတယ်။

၄။ ထောပတ်သီး

အရသာအလွန်ရှိသော ထောပတ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သည့် အစာခြေဖျက်လမ်းကြောင်းနှင့် ပန်ကရိယ၊ အသည်းနှင့် သည်းခြေအိတ်တို့ သင့်တင့်လျောက်ပတ်စွာလည်ပတ်ရန်အတွက် ကူညီပေးပါတယ်။ ထို့အပြင် အာဟာရဓာတ်များနှင့် ရေဓာတ်ပါဝင်မှုမြင့်မားသဖြင့် ကိုယ်အလေးချိန်လျော့ကျရန်အတွက်လည်း အကောင်းဆုံးသောအသီးအနှံတစ်ခုဖြစ်ပါတယ်။

၅။ အုတ်ဂျုံ

အုတ်ဂျုံတွင်ပါဝင်သည့် ဖိုက်ဘာသည် အူတစ်လျှောက်ပွတ်တိုက်သွားပြီး အစာများကိုမှန်မှန်ရွေ့လျားသွားစေကာ ဝမ်းချုပ်မှုကိုသက်သာစေမှာပါ။ မကြာခဏ အစာမကြေတတ်သူများ နေ့စဉ်စားသောက်မှုပုံစံတွင် အုတ်ဂျုံမှုန့်ကိုထည့်ပေးပါက အခြေအနေတိုးတက်လာနိုင်မှာဖြစ်ပါတယ်။

၆။ ငါးကြီးဆီ

အိုမီဂါသရီးဖက်တီးအက်စစ်အပြင် အဆီပျော်ဝင်နေသောဗီတာမင်အေနှင့်ဒီတို့လည်း ပါဝင်သောကြောင့် ရောင်ရမ်းမှုကိုသက်သာစေရုံသာမက အစာခြေဖျက်မှုကိုကောင်းမွန်စေရန်လိုအပ်သော ကိုယ်ခံအားကိုလည်းတည်ဆောက်ပေးပါတယ်။ ပမာဏအနည်းငယ်ကိုပင် နေ့စဉ်မှန်မှန်စားသုံးပေးပါက သိသိသာသာပြောင်းလဲလာမှုကို တွေ့နိုင်ပါတယ်။

၇။ ပန်းသီး

ပန်းသီးသည်လည်းပဲ အခွံနှင့်စားသုံးပေးပါက ပိုမိုကောင်းမွန်၍ ဝမ်းချုပ်မှုကိုသက်သာစေကာ အစာခြေဖျက်သည့်စနစ်မှတဆင့် အစားအစာများကို လျင်မြန်စွာရွေ့လျားစေနိုင်ပါတယ်။

၈။ ငှက်ပျောသီး

အူလှုပ်ရှားမှုအခြေအနေအလုပ်လုပ်မှုတွင် အဓိကအခန်းကဏ္ဍအနေဖြင့်ပါဝင်နေသည့် ငှက်ပျောသီးများသည် ဝမ်းသွားနေသူများစားသုံးရန်အထူးသင့်တော်ပါတယ်။ ဖိုက်ဘာမြင့်မားသည့်အတွက် အဆိပ်အတောက်များကိုစုပ်ယူခြင်းဖြင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top