iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္မေပ်ာ္လို႔ အိပ္ေပ်ာ္မယ့္နည္းလမ္းေတြကို စမ္းၾကည့္မယ္ဆိုရင္ ညေနခင္းေနထိုင္ပံုေတြက အိပ္မေပ်ာ္ေစတာ ျဖစ္ေကာင္းျဖစ္ႏိုင္လိမ့္မယ္။

အိပ္ခ်ိန္ေရာက္ခါနီးအခ်ိန္မွာ လုပ္လိုက္တဲ့အရာေတြက အိပ္တဲ့အခါမွာ အက်ိဳး သက္ေရာက္မႈရွိေစပါလိမ့္မယ္။ စိတ္ေတြ ရႈပ္ေထြးေနတာ၊ ေဒါသထြက္ေနတာ၊ ၿပီးေတာ့ ေတြးေနတဲ့ အေတြးေတြက စိတ္ကို ႏိုးၾကားေစပါတယ္။ ၿပီးေတာ့ အိပ္ခ်ိန္မတိုင္ခင္ စိတ္ကိုလံုေလာက္စြာ အနားယူျခင္းမရွိဘူးဆိုရင္လည္း အိပ္ေပ်ာ္ေစႏိုင္မွာမဟုတ္ပါ။ အိပ္ေပ်ာ္ ဖို႔အတြက္ ညေနခင္းေနထိုင္ပံုတစ္ခုကို ၾကိဳတင္ၿပင္ဆင္ထားရင္ေတာ့ ေခါင္းအံုးႏွင့္ ထိေတြ႕လိုက္ခ်ိန္မွာ ပိုမိုစိတ္အပန္းေျဖေစ ႏိုင္မွာပါ။ အိပ္မေပ်ာ္တဲ့ေရာဂါ ခံစားေနရေသာ လူသန္းေပါင္းမ်ားစြာထဲက တစ္ေယာက္ဆိုရင္ေတာ့ လွ်င္ျမန္စြာအိပ္ေပ်ာ္ေစႏိုင္မယ့္ အျပဳအမူ(၁၀)ခ်က္ကိုဖတ္ၿပီး ေကာင္းမြန္တဲ့ အိပ္စက္ျခင္းကို အရယူလိုက္ပါ။

၀၁. အိပ္ခ်ိန္နီးကပ္လာရင္ အစားအေသာက္ကို အလြန္အကၽြံမစားေသာက္ပါနဲ႔။

အိပ္ခ်ိန္နီးကပ္လာခ်ိန္တြင္ အစားအေသာက္ကို အလြန္အကၽြံစားေသာက္မယ္ဆိုရင္ စားေသာက္လိုက္တဲ့ အစား အေသာက္ေတြဟာ အစာအိမ္ထဲမွာ စုပံုသြားၿပီး လဲေလ်ာင္းလိုက္တဲ့အခ်ိန္မွာ အစာေခ်ဖို႔အခက္အခဲျဖစ္သြားပါ လိမ့္မယ္။ ညဘက္ေတြမွာ အစာမေၾကျဖစ္ျခင္းကေန ကင္းေ၀းေစေအာင္ အိပ္ရာမ၀င္ခင္ အနည္းဆံုး၃နာရီေစာၿပီး စားသံုး ရမယ့္ အဓိကအစားအေသာက္ေတြကို ဦးစားေပးစားသံုးေပးရမွာပါ။

၀၂. ညေနဘက္တြင္ မီးအလင္းေရာင္ကို မွိန္ထားပါ။

ဒီနည္းလမ္းေလးက ရိုးရွင္းေပမယ့္ ညအခ်ိန္မွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစဖို႔အတြက္ အသံုး၀င္တဲ့နည္းလမ္း ေလးပါ။ ေမွာင္လာတဲ့အခ်ိန္မွာ ခႏၡာကိုယ္က အိပ္ေပ်ာ္ေစႏိုင္တဲ့ေဟာ္မုန္းတစ္မ်ိဳး (melatonin)ကို ထုတ္ေပးျပီး အိမ္ထဲမွာ မီးအလင္းေရာင္ေတြ လင္းထိန္ေနမယ္ဆိုရင္ အဲ့ဒီ့ေဟာ္မုန္းကိုမထုတ္လႊတ္ႏိုင္ေတာ့တဲ့အတြက္ အိပ္ခ်ိန္မွာ အိပ္ေပ်ာ္ဖို႔ အခက္အခဲျဖစ္ေနေစမွာပါ။ ညေနခင္းပိုင္းမွာ မီးေရာင္ကိုမွိန္းထားေပးျခင္းျဖင့္ ခႏၡာကိုယ္က အိပ္ခ်ိန္နီးလာၿပီဆိုတာကို သိလာေစမွာပါ။

၀၃. ကြန္ပ်ဴတာေတြ၊ tablets ေတြကို ပိတ္ထားေပးပါ။

ညအခ်ိန္မွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစဖို႔အတြက္ ေနာက္ထပ္နည္းလမ္းေလးကေတာ့ computer ေတြ၊ tablet ေတြကို ပိတ္ ထားေပးပါ။ Computers၊ tablets မွာ အသံုးျပဳထားတဲ့ backlit screens မွန္အမ်ိဳးအစား ေတြက melatonin ထုတ္လႊတ္မႈကို ၿပိဳကြဲေစျပီး Kindles မွာပါတဲ့ မွန္မ်က္ႏွာျပင္အမ်ိဳးအစားကေတာ့ သိပ္ျပႆနာ မရွိေပမယ့္ စံခ်ိန္မွီစြာ ထုတ္လုပ္ထားတဲ့ ကြန္ပ်ဴတာတစ္လံုးရဲ႕ မွန္မ်က္ႏွာျပင္ကေတာ့ ဦးေႏွာက္ကို လံႈ႕ေဆာ္ ေပးသလို အိပ္မေပ်ာ္ေအာင္ လုပ္ေပးပါတယ္။ အိပ္ခ်ိန္မတိုင္ခင္ အနည္းဆံုးတစ္နာရီခြဲမွာ computers၊ tablets ကို သံုးျခင္းမွ ေရွာင္က်ဥ္လိုက္ျခင္းဟာ ပိုမို အိပ္ေပ်ာ္ေစမွာပါ။

၀၄. ကဖင္းဓာတ္ပါေသာ အစားအစာကို မစားသံုးပါနဲ႔။

ကဖင္းဓာတ္ရဲ႕လႈံ႕ေဆာ္ေပးႏိုင္မႈဟာ ထင္ထားတာထက္ကို ပိုၾကာႏိုင္တယ္ေနာ္။ ၆နာရီမွာ ေကာ္ဖီေသာက္လိုက္ရင္ အိပ္မေပ်ာ္ေအာင္ မလုပ္ႏိုင္ဘူးလို႔ ထင္ေကာင္းထင္လိမ့္မယ္။ ဒါေပမယ့္ ကဖင္းဓာတ္က ဦး ေႏွာက္ရဲ႕လႈံ႕ေဆာ္မႈစနစ္မွာ မနက္ ၁နာရီအထိရွိေနမွာပါ။ ေန႔လည္ ၂နာရီေလာက္ကေန ဘယ္လိုေကာ္ဖီကိုမွ မ ေသာက္တာ အေကာင္းဆံုး ျဖစ္ၿပီး ခႏၡာကိုယ္ထဲကေန ကဖင္းဓာတ္ေတြ ထြက္သြားဖို႔အတြက္ အ ခ်ိန္အမ်ားႀကီးေပးရာလည္း ေရာက္ပါတယ္ေနာ္။

၀၅. ပႆနာအကုန္လံုးကို စာရင္းခ်ေရးပါ။

ညစ္ေနတဲ့အေတြးေတြက ညအခ်ိန္မွာ အိပ္မေပ်ာ္ေအာင္လုပ္ေနတယ္ဆိုရင္ေတာ့ အဲဒီ့လိုေရးတာက အ ရမ္းအကူအညီျဖစ္မွာပါ။ ေန႔စဥ္ႀကံဳေတြ႕ေနရတဲ့အခက္အခဲေတြကို စာရင္းလုပ္ျခင္းအားျဖင့္ သင့္အေတြးထဲမွာ ရႈပ္ေထြး ေနတဲ့အေတြးေတြကို စီစဥ္ထားၿပီးျဖစ္သြားမွာပါ။ အိပ္ရာ၀င္ခ်ိန္မွာ အရာအားလံုး ထိန္းခ်ဳပ္ထားၿပီဆိုတာကို သိသြားျပီျဖစ္တဲ့အတြက္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္မွာပါ။

၀၆. အပူခ်ိန္ကို ေလွ်ာ့ထားပါ။

ညအခ်ိန္မွာ အိပ္ေပ်ာ္ေစႏိုင္မယ့္ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ အပူခ်ိန္ကို ေလွ်ာ့ထားျခင္းပါပဲ။ ကိုယ္ခႏၶာဟာ အိပ္ခ်ိန္ေရာက္လာၿပီဆိုရင္ ကိုယ္ခႏၶာအပူခ်ိန္ကို ေလွ်ာ့ခ်ေပးျခင္းကို လုပ္ေဆာင္ေပးတယ္ေနာ္။ အိပ္ခန္းႏွင့္ ဧည့္ခန္းမွာရွိတဲ့ အပူေပးစက္ရဲ႕အပူခ်ိန္ကို ေလွ်ာ့တာျဖစ္ေစ၊ ျပတင္းေပါက္ကိုဖြင့္တာျဖစ္ေစ လုပ္ေပး ထားပါ။ ညေနခင္းေတြမွာ ေအးျမမႈကို စတင္ခံစားလာရၿပီဆိုရင္ ကိုယ္ခႏၶာက အလိုအေလ်ာက္ စတင္အိပ္ ေပ်ာ္ သြားပါလိမ့္မယ္။

၀၇. အေၾကာဆန္႔ေလ့က်င့္ခန္းကို ေပါ့ေပါ့ပါးပါး ျပဳလုပ္ပါ။

အိပ္ခ်ိန္မတိုင္မီ အလြန္အမင္းေလ့က်င့္ခန္းလုပ္ျခင္းဟာ ႏွလံုးခုန္ႏႈန္းကို ျမင့္တက္ေစၿပီး အိပ္မေပ်ာ္ေစ ျခင္းကို ျဖစ္ႏိုင္တဲ့အတြက္ မေကာင္းတဲ့အေလ့အက်င့္တစ္ခုပါ။ သို႔ေပမယ့္ ေပါ့ပါးတဲ့အေၾကာဆန္႔ ေလ့က်င့္ ခန္းေလးလုပ္ေပးမယ္ဆိုရင္ေတာ့ ႂကြက္သားမ်ားကို ေျဖလွ်ာ့ေစၿပီး အိပ္ေပ်ာ္ေစပါလိမ့္မယ္။ မအိပ္ခင္မွာ အေၾကာ့ေလွ်ာ့ ေလ့က်င့္ခန္းအနည္းငယ္လုပ္ေပးလိုက္ရင္ ခႏၶာကိုယ္ကို ပိုမိုလန္းဆန္းကာ အပန္းေျဖေစပါတယ္ေနာ္။

၀၈. ေရေႏြးျဖင့္ေရခ်ိဳးပါ။

ညေနခင္းေတြမွာ ေရေႏြးျဖင့္ေရခ်ိဳးေပးျခင္းျဖင့္ ကိုယ္ခႏၶာဟာ လန္းဆန္းေပါ့ပါးသြားၿပီး အိပ္ေပ်ာ္ႏိုင္တယ္ေနာ္။ အိပ္ ခ်ိန္မတိုင္ခင္ ၁နာရီေလာက္မွာ ေရေႏြးျဖင့္ေရခ်ိဳးလိုက္ရင္ ကိုယ္ခႏၶာဟာ ေအးျမသြားေစၿပီး အိပ္ေပ်ာ္ ေစႏိုင္တဲ့ေဟာ္မုန္း တစ္မ်ိဳး (melatonin) ထုတ္လႊတ္ေပးတာေၾကာင့္ ေပါ့ပါးျပီးအိပ္ေပ်ာ္ေစပါတယ္ေနာ္။ အဲဒီလိုမ်ိဳး အက်ိဳး ထိေရာက္ဖို႔ နာရီ၀က္ခန္႔ၾကာေအာင္ ေရခ်ိဳးေပးရန္လိုအပ္ပါတယ္။ အဲဒါမွသာ ကိုယ္ခႏၶာအပူခ်ိန္ျမင့္တက္မႈကို ထိန္းခ်ဳပ္ႏိုင္တယ္ေလ။

၀၉. စာအုပ္တစ္အုပ္ဖတ္ပါ။

ကေလးအရြယ္မွာ အိပ္ရာ၀င္ပံုျပင္က အိပ္ေပ်ာ္ေအာင္ကူညီေပးသလို အရြယ္ေရာက္ခ်ိန္မွာလည္း အလားတူျဖစ္ပါပဲ။ ဖတ္ေနတဲ့စာအုပ္ထဲမွာ နစ္ေမ်ာေနျခင္းအားျဖင့္ လက္ေတြ႕ဘ၀ထဲမွာ ျဖစ္ေပၚခံစားေနရ တဲ့ စိတ္ခံစားခ်က္မ်ားကို ေမ့ေပ်ာက္သြားေစၿပီး စိတ္ကိုေျဖေလ်ာ့ေစပါတယ္ေနာ္။ ၂၀မိနစ္ေလာက္စာဖတ္ေပးျခင္းျဖင့္ ေကာင္းမြန္တဲ့အိပ္စက္ျခင္းကို ရရွိေစ ပါလိမ့္မယ္။

၁၀. ညေနခင္းေတြမွာ အရက္ေသာက္တာကို ေရွာင္ပါ။

အရက္ေသာက္ျခင္းသည္ ထံုထိုင္းေစၿပီး အိပ္ေပ်ာ္ေစႏိုင္တဲ့အရည္အေသြးေတြကို ေလွ်ာ့က်ေစပါ တယ္ေနာ္။ ညေနခင္းေတြမွာ အရက္ေသာက္မယ္ဆိုရင္ ညင္သာစြာအိပ္စက္ေစႏိုင္ေပမယ့္ ညအခ်ိန္မွာေတာ့ ႏိုးထလာေစပါတယ္ေလ။ ညဘက္မွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေအာင္ ဘယ္လိုလုပ္ေဆာင္မလဲ။ ဘယ္နည္းလမ္းက အေကာင္း ဆံုးျဖစ္မလဲဆိုတာေလ့လာၾကည့္ပါဦးေနာ္။ ေန႔စဥ္ဘ၀ေလးေတြကို လွပစြာ ျဖတ္သန္းၾကပါစို႔!

Credit : ChelmoTeam
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိပ်မပျော်လို့ အိပ်ပျော်မယ့်နည်းလမ်းတွေကို စမ်းကြည့်မယ်ဆိုရင် ညနေခင်းနေထိုင်ပုံတွေက အိပ်မပျော်စေတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။

အိပ်ချိန်ရောက်ခါနီးအချိန်မှာ လုပ်လိုက်တဲ့အရာတွေက အိပ်တဲ့အခါမှာ အကျိုး သက်ရောက်မှုရှိစေပါလိမ့်မယ်။ စိတ်တွေ ရှုပ်ထွေးနေတာ၊ ဒေါသထွက်နေတာ၊ ပြီးတော့ တွေးနေတဲ့ အတွေးတွေက စိတ်ကို နိုးကြားစေပါတယ်။ ပြီးတော့ အိပ်ချိန်မတိုင်ခင် စိတ်ကိုလုံလောက်စွာ အနားယူခြင်းမရှိဘူးဆိုရင်လည်း အိပ်ပျော်စေနိုင်မှာမဟုတ်ပါ။ အိပ်ပျော် ဖို့အတွက် ညနေခင်းနေထိုင်ပုံတစ်ခုကို ကြိုတင်ပြင်ဆင်ထားရင်တော့ ခေါင်းအုံးနှင့် ထိတွေ့လိုက်ချိန်မှာ ပိုမိုစိတ်အပန်းဖြေစေ နိုင်မှာပါ။ အိပ်မပျော်တဲ့ရောဂါ ခံစားနေရသော လူသန်းပေါင်းများစွာထဲက တစ်ယောက်ဆိုရင်တော့ လျှင်မြန်စွာအိပ်ပျော်စေနိုင်မယ့် အပြုအမူ(၁၀)ချက်ကိုဖတ်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို အရယူလိုက်ပါ။

၀၁. အိပ်ချိန်နီးကပ်လာရင် အစားအသောက်ကို အလွန်အကျွံမစားသောက်ပါနဲ့။

အိပ်ချိန်နီးကပ်လာချိန်တွင် အစားအသောက်ကို အလွန်အကျွံစားသောက်မယ်ဆိုရင် စားသောက်လိုက်တဲ့ အစား အသောက်တွေဟာ အစာအိမ်ထဲမှာ စုပုံသွားပြီး လဲလျောင်းလိုက်တဲ့အချိန်မှာ အစာချေဖို့အခက်အခဲဖြစ်သွားပါ လိမ့်မယ်။ ညဘက်တွေမှာ အစာမကြေဖြစ်ခြင်းကနေ ကင်းဝေးစေအောင် အိပ်ရာမဝင်ခင် အနည်းဆုံး၃နာရီစောပြီး စားသုံး ရမယ့် အဓိကအစားအသောက်တွေကို ဦးစားပေးစားသုံးပေးရမှာပါ။

၀၂. ညနေဘက်တွင် မီးအလင်းရောင်ကို မှိန်ထားပါ။

ဒီနည်းလမ်းလေးက ရိုးရှင်းပေမယ့် ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် အသုံးဝင်တဲ့နည်းလမ်း လေးပါ။ မှောင်လာတဲ့အချိန်မှာ ခန္ခာကိုယ်က အိပ်ပျော်စေနိုင်တဲ့ဟော်မုန်းတစ်မျိုး (melatonin)ကို ထုတ်ပေးပြီး အိမ်ထဲမှာ မီးအလင်းရောင်တွေ လင်းထိန်နေမယ်ဆိုရင် အဲ့ဒီ့ဟော်မုန်းကိုမထုတ်လွှတ်နိုင်တော့တဲ့အတွက် အိပ်ချိန်မှာ အိပ်ပျော်ဖို့ အခက်အခဲဖြစ်နေစေမှာပါ။ ညနေခင်းပိုင်းမှာ မီးရောင်ကိုမှိန်းထားပေးခြင်းဖြင့် ခန္ခာကိုယ်က အိပ်ချိန်နီးလာပြီဆိုတာကို သိလာစေမှာပါ။

၀၃. ကွန်ပျူတာတွေ၊ tablets တွေကို ပိတ်ထားပေးပါ။

ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် နောက်ထပ်နည်းလမ်းလေးကတော့ computer တွေ၊ tablet တွေကို ပိတ် ထားပေးပါ။ Computers၊ tablets မှာ အသုံးပြုထားတဲ့ backlit screens မှန်အမျိုးအစား တွေက melatonin ထုတ်လွှတ်မှုကို ပြိုကွဲစေပြီး Kindles မှာပါတဲ့ မှန်မျက်နှာပြင်အမျိုးအစားကတော့ သိပ်ပြဿနာ မရှိပေမယ့် စံချိန်မှီစွာ ထုတ်လုပ်ထားတဲ့ ကွန်ပျူတာတစ်လုံးရဲ့ မှန်မျက်နှာပြင်ကတော့ ဦးနှောက်ကို လှုံ့ဆော် ပေးသလို အိပ်မပျော်အောင် လုပ်ပေးပါတယ်။ အိပ်ချိန်မတိုင်ခင် အနည်းဆုံးတစ်နာရီခွဲမှာ computers၊ tablets ကို သုံးခြင်းမှ ရှောင်ကျဉ်လိုက်ခြင်းဟာ ပိုမို အိပ်ပျော်စေမှာပါ။

၀၄. ကဖင်းဓာတ်ပါသော အစားအစာကို မစားသုံးပါနဲ့။

ကဖင်းဓာတ်ရဲ့လှုံ့ဆော်ပေးနိုင်မှုဟာ ထင်ထားတာထက်ကို ပိုကြာနိုင်တယ်နော်။ ၆နာရီမှာ ကော်ဖီသောက်လိုက်ရင် အိပ်မပျော်အောင် မလုပ်နိုင်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် ကဖင်းဓာတ်က ဦး နှောက်ရဲ့လှုံ့ဆော်မှုစနစ်မှာ မနက် ၁နာရီအထိရှိနေမှာပါ။ နေ့လည် ၂နာရီလောက်ကနေ ဘယ်လိုကော်ဖီကိုမှ မ သောက်တာ အကောင်းဆုံး ဖြစ်ပြီး ခန္ခာကိုယ်ထဲကနေ ကဖင်းဓာတ်တွေ ထွက်သွားဖို့အတွက် အ ချိန်အများကြီးပေးရာလည်း ရောက်ပါတယ်နော်။

၀၅. ပဿနာအကုန်လုံးကို စာရင်းချရေးပါ။

ညစ်နေတဲ့အတွေးတွေက ညအချိန်မှာ အိပ်မပျော်အောင်လုပ်နေတယ်ဆိုရင်တော့ အဲဒီ့လိုရေးတာက အ ရမ်းအကူအညီဖြစ်မှာပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို စာရင်းလုပ်ခြင်းအားဖြင့် သင့်အတွေးထဲမှာ ရှုပ်ထွေး နေတဲ့အတွေးတွေကို စီစဉ်ထားပြီးဖြစ်သွားမှာပါ။ အိပ်ရာဝင်ချိန်မှာ အရာအားလုံး ထိန်းချုပ်ထားပြီဆိုတာကို သိသွားပြီဖြစ်တဲ့အတွက် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှာပါ။

၀၆. အပူချိန်ကို လျှော့ထားပါ။

ညအချိန်မှာ အိပ်ပျော်စေနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ အပူချိန်ကို လျှော့ထားခြင်းပါပဲ။ ကိုယ်ခန္ဓာဟာ အိပ်ချိန်ရောက်လာပြီဆိုရင် ကိုယ်ခန္ဓာအပူချိန်ကို လျှော့ချပေးခြင်းကို လုပ်ဆောင်ပေးတယ်နော်။ အိပ်ခန်းနှင့် ဧည့်ခန်းမှာရှိတဲ့ အပူပေးစက်ရဲ့အပူချိန်ကို လျှော့တာဖြစ်စေ၊ ပြတင်းပေါက်ကိုဖွင့်တာဖြစ်စေ လုပ်ပေး ထားပါ။ ညနေခင်းတွေမှာ အေးမြမှုကို စတင်ခံစားလာရပြီဆိုရင် ကိုယ်ခန္ဓာက အလိုအလျောက် စတင်အိပ် ပျော် သွားပါလိမ့်မယ်။

၀၇. အကြောဆန့်လေ့ကျင့်ခန်းကို ပေါ့ပေါ့ပါးပါး ပြုလုပ်ပါ။

အိပ်ချိန်မတိုင်မီ အလွန်အမင်းလေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး အိပ်မပျော်စေ ခြင်းကို ဖြစ်နိုင်တဲ့အတွက် မကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ သို့ပေမယ့် ပေါ့ပါးတဲ့အကြောဆန့် လေ့ကျင့် ခန်းလေးလုပ်ပေးမယ်ဆိုရင်တော့ ကြွက်သားများကို ဖြေလျှာ့စေပြီး အိပ်ပျော်စေပါလိမ့်မယ်။ မအိပ်ခင်မှာ အကြော့လျှော့ လေ့ကျင့်ခန်းအနည်းငယ်လုပ်ပေးလိုက်ရင် ခန္ဓာကိုယ်ကို ပိုမိုလန်းဆန်းကာ အပန်းဖြေစေပါတယ်နော်။

၀၈. ရေနွေးဖြင့်ရေချိုးပါ။

ညနေခင်းတွေမှာ ရေနွေးဖြင့်ရေချိုးပေးခြင်းဖြင့် ကိုယ်ခန္ဓာဟာ လန်းဆန်းပေါ့ပါးသွားပြီး အိပ်ပျော်နိုင်တယ်နော်။ အိပ် ချိန်မတိုင်ခင် ၁နာရီလောက်မှာ ရေနွေးဖြင့်ရေချိုးလိုက်ရင် ကိုယ်ခန္ဓာဟာ အေးမြသွားစေပြီး အိပ်ပျော် စေနိုင်တဲ့ဟော်မုန်း တစ်မျိုး (melatonin) ထုတ်လွှတ်ပေးတာကြောင့် ပေါ့ပါးပြီးအိပ်ပျော်စေပါတယ်နော်။ အဲဒီလိုမျိုး အကျိုး ထိရောက်ဖို့ နာရီဝက်ခန့်ကြာအောင် ရေချိုးပေးရန်လိုအပ်ပါတယ်။ အဲဒါမှသာ ကိုယ်ခန္ဓာအပူချိန်မြင့်တက်မှုကို ထိန်းချုပ်နိုင်တယ်လေ။

၀၉. စာအုပ်တစ်အုပ်ဖတ်ပါ။

ကလေးအရွယ်မှာ အိပ်ရာဝင်ပုံပြင်က အိပ်ပျော်အောင်ကူညီပေးသလို အရွယ်ရောက်ချိန်မှာလည်း အလားတူဖြစ်ပါပဲ။ ဖတ်နေတဲ့စာအုပ်ထဲမှာ နစ်မျောနေခြင်းအားဖြင့် လက်တွေ့ဘဝထဲမှာ ဖြစ်ပေါ်ခံစားနေရ တဲ့ စိတ်ခံစားချက်များကို မေ့ပျောက်သွားစေပြီး စိတ်ကိုဖြေလျော့စေပါတယ်နော်။ ၂၀မိနစ်လောက်စာဖတ်ပေးခြင်းဖြင့် ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရရှိစေ ပါလိမ့်မယ်။

၁၀. ညနေခင်းတွေမှာ အရက်သောက်တာကို ရှောင်ပါ။

အရက်သောက်ခြင်းသည် ထုံထိုင်းစေပြီး အိပ်ပျော်စေနိုင်တဲ့အရည်အသွေးတွေကို လျှော့ကျစေပါ တယ်နော်။ ညနေခင်းတွေမှာ အရက်သောက်မယ်ဆိုရင် ညင်သာစွာအိပ်စက်စေနိုင်ပေမယ့် ညအချိန်မှာတော့ နိုးထလာစေပါတယ်လေ။ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်အောင် ဘယ်လိုလုပ်ဆောင်မလဲ။ ဘယ်နည်းလမ်းက အကောင်း ဆုံးဖြစ်မလဲဆိုတာလေ့လာကြည့်ပါဦးနော်။ နေ့စဉ်ဘဝလေးတွေကို လှပစွာ ဖြတ်သန်းကြပါစို့!

Credit : ChelmoTeam

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top