iMyanmarHouse.com - Best Property Website for Myanmar
×

၁။ စိတ္ဖိစီးမႈကုိ ေလွ်ာ႕ခ်ပါ

ဖိစီးမႈမ်ားတာက တစ္ခါတေလမွာ ေကာင္းမြန္ႏုိင္ပါတယ္။ ခႏၶာကုိယ္က စိန္ေခၚမႈအသစ္ကုိ အဆင္သင့္ ျဖစ္ေနနုိင္တာေၾကာင့္ပါ။ ဒါေပမဲ့ ဖိစီးမႈ မ်ားလြန္းတာကေတာ့ ခုခံအား စနစ္ကုိ အားနည္းေစႏုိင္ပါတယ္။ ဒါေၾကာင့္ တတ္ႏုိင္သမွ် စိတ္ဖိစီးမႈ နည္းေအာင္ ေနပါ။ သင္ရဲ႕ စိတ္ဖိစီးမႈကုိ ေလွ်ာ့ခ်ႏုိင္မယ့္ နည္းလမ္းေတြကုိ ရွာေဖြၿပီး က်င့္သံုးပါ။

၂။ အေမြးရွိတဲ႕ အိမ္ေမြးတိရစၧာန္ေတြ ေမြးပါ

အိမ္ေမြး တိရစၧာန္ေတြရွိတာက ေလ့က်င့္ခန္းလုပ္ဖုိ႔ အေၾကာင္းရင္း တစ္ခုျဖစ္သြားတဲ့အတြက္ သင့္က်န္းမာေရး ေကာင္းမြန္ေစႏုိင္ပါတယ္။ အိမ္ေမြး တိရစၧာန္ ေမြးထားတဲ့သူေတြက ေသြးဖိအားနဲ႔ ကုိလက္စထေရာ အဆင့္ေလ်ာ့နည္းကာ ႏွလံုးက်န္းမာေရး ေကာင္းမြန္တတ္ၾကပါတယ္။ ေခြးေမြးတာက ကေလးငယ္ေတြကုိ ခုခံအားစနစ္ ျမႇင့္တင္ေပးႏုိင္တဲ့အျပင္ သူတုိ႔ကုိ ဓာတ္မတည့္မႈ ျဖစ္ႏႈန္းလည္း ေလ်ာ့က်ေစႏုိင္ပါတယ္။

၃။ မိတ္ေဆြ အေပါင္းအသင္း မ်ားမ်ားထားပါ

မိတ္ေဆြရွိဖုိ႔က အလြန္အေရးႀကီးသလုိ မိတ္ေဆြ အေပါင္းအသင္းမ်ားတာက က်န္းမာေရးအတြက္ ေကာင္းက်ဳိးမ်ားစြာ ရွိပါတယ္။ ဒါေၾကာင့္ မိတ္ေဆြမ်ားမ်ားရေအာင္ လူမႈေရးလုပ္ငန္းေတြ၊ သင္တန္းေတြ ဒါမွမဟုတ္ သင္စိတ္၀င္စားတဲ့ အုပ္စုထဲကုိ ၀င္ေရာက္ၿပီး အေပါင္းအသင္းဆံ့ေအာင္ ေနပါ။

၄။ အေကာင္းျမင္စိတ္ေမြးပါ

အေကာင္းျမင္စိတ္ မ်ားမ်ား ထားႏုိင္ေလေလ၊ ခုခံအားစနစ္ ေကာင္းမြန္ေလေလပါ။

၅။ ရယ္ေမာပါ

ရယ္ရယ္ေမာေမာ ေနတဲ့အတြက္ သင္ရဲ႕ စိတ္ခံစားမႈကုိ ေကာင္းမြန္ ေစႏုိင္႐ံုသာမက ခုခံအားစနစ္ကုိလည္း ျမႇင့္တင္ေပးႏုိင္ပါတယ္။

၆။ အေရာင္စံု အစားအစာ စားပါ

အေရာင္စံုတဲ့ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီး၀လံေတြမွာ ဓာတ္တုိး ဆန္႔က်င္ပစၥည္းေတြ အျပည့္အ၀ ပါ၀င္ပါတယ္။ ဒီအာဟာရ ဓာတ္ေတြက သင္ရဲ႕ ဆဲလ္ေတြကုိ ဓာတ္တုိးပစၥည္းရဲ႕ ဆုိးက်ဳိးေတြကေန ကာကြယ္ေပးပါတယ္။ လိေမၼာ္သီး၊ င႐ုတ္ပြသီး၊ အစိမ္းေရာင္ပန္းေဂၚဖီ၊ စေတာ္ဘယ္ရီ၊ မုန္လာဥနီ၊ ဖရဲသီး၊ သေဘၤာသီးနဲ႔ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားေပးပါ။

၇။ ေဆးဖက္၀င္ ဟင္းခတ္ အေမႊးအႀကိဳင္နဲ့ အားျဖည္႕ဓာတ္စာ သံုးစဲြပါ

ေဆးဖက္၀င္ ဟင္းခတ္ အေမႊးအႀကိဳင္နဲ႔ အားျဖည့္ဓာတ္စာ တခ်ဳိ႕ေတြက ခုခံအားစနစ္ကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။ ဒါေပမဲ့ သူတုိ႔တစ္ေတြက အဂၤလိပ္ ေဆးေတြနဲ႔ ဓာတ္ျပဳႏုိင္တဲ့အတြက္ မသံုးစဲြခင္ ဆရာ၀န္နဲ႔ အရင္တုိင္ပင္ပါ။

၈။ ေလ႕က်င္႕ခန္းလုပ္ပါ

ေလ့က်င့္ခန္း လုပ္တာက ခုခံအားစနစ္ ေကာင္းမြန္ဖုိ႔အတြက္ အ႐ုိးရွင္းဆံုး နည္းလမ္းပါ။ သူက စိတ္ဖိစီးမႈကုိ ေလ်ာ့က်ေစႏုိင္ၿပီး အ႐ုိးပါးေရာဂါ၊ ႏွလံုးေရာဂါနဲ႔ တခ်ဳိ႕ကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခကုိ ေလွ်ာ့ခ်ႏုိင္ပါတယ္။ အျပင္းအထန္ ေလ့က်င့္ခန္းလုပ္စရာ မလုိပါဘူး။ လမ္းေလွ်ာက္တာ၊ စက္ဘီးစီးတာ၊ ေရကူးတာ၊ ေဂါက္သီး႐ုိက္တာ ဒါမွမဟုတ္ ေယာဂက်င့္စဥ္ေတြ ျပဳလုပ္ေပးပါ။

၉။ အိပ္ေရး၀ေအာင္ အိပ္ပါ

အိပ္ေရး၀ပါမွ သင္ရဲ႕ ခုခံအားစနစ္ေတြက ေရာဂါေတြကုိ တြန္းလွန္ႏုိင္စြမ္းရွိမွာပါ။ တစ္ညတာအတြက္ အိပ္ခ်ိန္ ခုနစ္နာရီမွ ကုိးနာရီအတြင္း ရွိဖုိ႔ လုိအပ္ပါတယ္။

၁၀။ လိင္ဆက္ဆံမႈ ျပဳလုပ္ပါ

သင္ရဲ႕ စိတ္ခံစားမႈ ေကာင္းမြန္ေစ႐ံုသာမက ခုခံအားစနစ္ပါ ျမႇင့္တင္ေပးႏုိင္ပါတယ္။ မၾကာခဏ လိင္ဆက္ဆံမႈ ျပဳလုပ္သူေတြမွာ ခႏၶာကုိယ္အတြင္း အေအးမိေရာဂါကုိ တြန္းလွန္ႏုိင္တဲ့ ဓာတ္ပစၥည္းေတြ မ်ားမ်ားရွိတယ္လုိ႔ ေလ့လာမႈအရ သိရပါတယ္။

၁၁။ အရက္ျဖတ္ပါ

အရက္ေသာက္တာ မ်ားလြန္းတာက ခုခံအားစနစ္ကုိ ေလ်ာ့က်ေစႏုိင္ၿပီး မၾကာခဏ ဖ်ားနာေစႏုိင္ပါတယ္။ ဒါေၾကာင့္ အမ်ဳိးသားေတြအေနနဲ႔ တစ္ေန႔ကုိ ႏွစ္ယူနစ္ထက္ ပုိၿပီး၊ အမ်ဳိးသမီးေတြအေနနဲ႔ တစ္ယူနစ္ထက္ ပုိၿပီး မေသာက္သင့္ပါဘူး။

၁၂။ ေဆးလိပ္ျဖတ္ပါ

ခုခံအားစနစ္ ေကာင္းမြန္ေစခ်င္ရင္ ေဆးလိပ္ျဖတ္ရပါမယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္တဲ့သူနဲ႔ ေ၀းေ၀းေနပါ။

၁၃။ လက္ေဆးပါ

ဆပ္ျပာနဲ႔ ေရကုိ အသံုးျပဳၿပီး သင့္လက္ကုိ စင္ၾကယ္ေအာင္ ေဆးေၾကာပါမွ လက္ေပၚမွာရွိတဲ့ ပုိးမႊားေတြ သန္႔စင္သြားမွာပါ။ လက္ေဆးခ်ိန္ဟာ အနည္းဆံုး စကၠန္႔ ၂၀ ေလာက္ ၾကာရပါမယ္။

Credit : ေဒါက္တာခင္မိုးမိုး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

ဖိစီးမှုများတာက တစ်ခါတလေမှာ ကောင်းမွန်နိုင်ပါတယ်။ ခန္ဓာကိုယ်က စိန်ခေါ်မှုအသစ်ကို အဆင်သင့် ဖြစ်နေနိုင်တာကြောင့်ပါ။ ဒါပေမဲ့ ဖိစီးမှု များလွန်းတာကတော့ ခုခံအား စနစ်ကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် နေပါ။ သင်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီး ကျင့်သုံးပါ။

၂။ အမွေးရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးပါ

အိမ်မွေး တိရစ္ဆာန်တွေရှိတာက လေ့ကျင့်ခန်းလုပ်ဖို့ အကြောင်းရင်း တစ်ခုဖြစ်သွားတဲ့အတွက် သင့်ကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။ အိမ်မွေး တိရစ္ဆာန် မွေးထားတဲ့သူတွေက သွေးဖိအားနဲ့ ကိုလက်စထရော အဆင့်လျော့နည်းကာ နှလုံးကျန်းမာရေး ကောင်းမွန်တတ်ကြပါတယ်။ ခွေးမွေးတာက ကလေးငယ်တွေကို ခုခံအားစနစ် မြှင့်တင်ပေးနိုင်တဲ့အပြင် သူတို့ကို ဓာတ်မတည့်မှု ဖြစ်နှုန်းလည်း လျော့ကျစေနိုင်ပါတယ်။

၃။ မိတ်ဆွေ အပေါင်းအသင်း များများထားပါ

မိတ်ဆွေရှိဖို့က အလွန်အရေးကြီးသလို မိတ်ဆွေ အပေါင်းအသင်းများတာက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ ဒါကြောင့် မိတ်ဆွေများများရအောင် လူမှုရေးလုပ်ငန်းတွေ၊ သင်တန်းတွေ ဒါမှမဟုတ် သင်စိတ်ဝင်စားတဲ့ အုပ်စုထဲကို ဝင်ရောက်ပြီး အပေါင်းအသင်းဆံ့အောင် နေပါ။

၄။ အကောင်းမြင်စိတ်မွေးပါ

အကောင်းမြင်စိတ် များများ ထားနိုင်လေလေ၊ ခုခံအားစနစ် ကောင်းမွန်လေလေပါ။

၅။ ရယ်မောပါ

ရယ်ရယ်မောမော နေတဲ့အတွက် သင်ရဲ့ စိတ်ခံစားမှုကို ကောင်းမွန် စေနိုင်ရုံသာမက ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

၆။ အရောင်စုံ အစားအစာ စားပါ

အရောင်စုံတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အပြည့်အ၀ ပါဝင်ပါတယ်။ ဒီအာဟာရ ဓာတ်တွေက သင်ရဲ့ ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းရဲ့ ဆိုးကျိုးတွေကနေ ကာကွယ်ပေးပါတယ်။ လိမ္မော်သီး၊ ငရုတ်ပွသီး၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ စတော်ဘယ်ရီ၊ မုန်လာဥနီ၊ ဖရဲသီး၊ သင်္ဘောသီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

၇။ ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင်နဲ့ အားဖြည့်ဓာတ်စာ သုံးစွဲပါ

ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင်နဲ့ အားဖြည့်ဓာတ်စာ တချို့တွေက ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တစ်တွေက အင်္ဂလိပ် ဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့အတွက် မသုံးစွဲခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၈။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက ခုခံအားစနစ် ကောင်းမွန်ဖို့အတွက် အရိုးရှင်းဆုံး နည်းလမ်းပါ။ သူက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး အရိုးပါးရောဂါ၊ နှလုံးရောဂါနဲ့ တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အပြင်းအထန် လေ့ကျင့်ခန်းလုပ်စရာ မလိုပါဘူး။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ဂေါက်သီးရိုက်တာ ဒါမှမဟုတ် ယောဂကျင့်စဉ်တွေ ပြုလုပ်ပေးပါ။

၉။ အိပ်ရေးဝအောင် အိပ်ပါ

အိပ်ရေးဝပါမှ သင်ရဲ့ ခုခံအားစနစ်တွေက ရောဂါတွေကို တွန်းလှန်နိုင်စွမ်းရှိမှာပါ။ တစ်ညတာအတွက် အိပ်ချိန် ခုနစ်နာရီမှ ကိုးနာရီအတွင်း ရှိဖို့ လိုအပ်ပါတယ်။

၁၀။ လိင်ဆက်ဆံမှု ပြုလုပ်ပါ

သင်ရဲ့ စိတ်ခံစားမှု ကောင်းမွန်စေရုံသာမက ခုခံအားစနစ်ပါ မြှင့်တင်ပေးနိုင်ပါတယ်။ မကြာခဏ လိင်ဆက်ဆံမှု ပြုလုပ်သူတွေမှာ ခန္ဓာကိုယ်အတွင်း အအေးမိရောဂါကို တွန်းလှန်နိုင်တဲ့ ဓာတ်ပစ္စည်းတွေ များများရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

၁၁။ အရက်ဖြတ်ပါ

အရက်သောက်တာ များလွန်းတာက ခုခံအားစနစ်ကို လျော့ကျစေနိုင်ပြီး မကြာခဏ ဖျားနာစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ တစ်နေ့ကို နှစ်ယူနစ်ထက် ပိုပြီး၊ အမျိုးသမီးတွေအနေနဲ့ တစ်ယူနစ်ထက် ပိုပြီး မသောက်သင့်ပါဘူး။

၁၂။ ဆေးလိပ်ဖြတ်ပါ

ခုခံအားစနစ် ကောင်းမွန်စေချင်ရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့သူနဲ့ ဝေးဝေးနေပါ။

၁၃။ လက်ဆေးပါ

ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သင့်လက်ကို စင်ကြယ်အောင် ဆေးကြောပါမှ လက်ပေါ်မှာရှိတဲ့ ပိုးမွှားတွေ သန့်စင်သွားမှာပါ။ လက်ဆေးချိန်ဟာ အနည်းဆုံး စက္ကန့် ၂၀ လောက် ကြာရပါမယ်။

Credit : ဒေါက်တာခင်မိုးမိုး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top