iMyanmarHouse.com - Best Property Website for Myanmar
×

“သံုးလသားအရြယ္ ေယာက္်ားေလးရဲ႕ ဗိုက္ထဲမွ သေႏၶသား သံုးမႊာပူး ေအာင္ျမင္စြာ ခြဲစိတ္နိုင္”သံုးလသားအရြယ္ ေယာက္်ားေလးရဲ႕ ဗိုက္ထဲမွ သေႏၶသား သံုးမႊာပူးကို ေနျပည္ေတာ္ ကုတင္ တစ္ေထာင္ ေဆးရံုႀကီးက ေအာင္ျမင္စြာ ခြဲစိတ္ ေပးလိုက္ႏိုင္တယ္လို႔ သိရပါတယ္။

“ဝမ္းသာတာေပါ့၊ သူ႔ကို ခြဲစိတ္ခန္းထဲ ေခၚသြားေတာ့ ဘုရားစာ ရြတ္ေပးတယ္၊ အိမ္က ေရမန္းယူသြားတယ္၊ ပဌာန္းေရ ယူသြားတယ္၊ ခြဲခန္းထဲကို ဒီကေလးကို မသြင္းခင္ဘဲ ပဌာန္းေရနဲ႔ ဒီကေလး တစ္ကိုယ္လံုးကို သပ္ၿပီးေတာ့ ဘုရားစာ ရြတ္ေပးတယ္၊ ၿပီးေတာ့ ခြဲခန္းထဲ သြင္းေပးလိုက္တာေပါ့၊ ၿပီးေတာ့ အကုန္လံု ေအာင္ျမင္တယ္ ဆိုေတာ့ ေတာ္ေတာ္ႀကီး ဝမ္းသာပါတယ္။´´ လို႔ ကေလးရဲ႕ အဖြားေတာ္သူ ေဒၚေခ်ာ ေခၚ ေဒၚတင္တင္ျပံဳး က အျပံဳနဲ႔ေျပာပါတယ္။

သည္ကေလး မေမြးခင္က မိခင္ျဖစ္သူ ေဒၚသန္းဦးရဲ႕ ဗိုက္ထဲမွာ ကေလးအျမႊာပူး ေလးေယာက္လာရမွာ ျဖစ္ေပမယ့္ ကေလးရဲ႕ ဗိုက္ထဲမွာပဲ သေႏၶသားသံုးဦးက က်န္႐ွိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

မိခင္ ေဒၚသန္းဦး မီးဖြားၿပီး တစ္လခြဲေလာက္ အၾကာမွာ ကေလးရဲ႕ ဗိုက္ဟာ ေရာင္းသလို ျဖစ္လာတဲ့အတြက္ ပ်ဥ္းမနား ကုတင္ ႏွစ္ရာမွာ ျပသၿပီး ေဆးရံု ငါးရက္ တက္ခဲ့ပါတယ္။ ေဆးရံုက ဆင္းလာၿပီး ေပ်ာ္ဘြယ္ကို အလည္သြားတဲ့ အခါ ကေလးက မသက္သာဘဲ ဗိုက္က ပိုပူလာတဲ့ အတြက္ မိတၳီလာ ေဆးရံုႀကီးမွာ ျပသခဲ့ပါတယ္။ အဲ့သည္မွာလည္း မသက္သာ ျပန္တဲ့အတြက္ မႏၲေလး ကုတင္ ၅၅၀ ေဆးရံုမွာ ျပသခဲ့ရာ ေဆးရံုက ဓာတ္မွန္႐ိုက္ အာထရာ ေဆာင္း႐ိုက္ေပးၿပီး ၂ လပိုင္း ၈ ရက္ေန႔မွာ ခြဲစိတ္မယ့္ရက္ သတ္မွတ္ေပးခဲ့ပါတယ္၊၊

ေနာက္ဆံုး ပ်ဥ္းမနား ျပန္ေရာက္တဲ့ အထိ ကေလးရဲ႕ ဗိုက္က ပိုေဖာင္းလာတဲ့ အတြက္ မိခင္ျဖစ္သူ ေဒၚသန္းဦးမွာ ေနျပည္ေတာ္ ကုတင္ တစ္ေထာင္ကို ျပသခဲ့ပါတယ္။ကုတင္ တစ္ေထာင္ ေဆးရံုႀကီးက အရင္ ေဆးရံုေတြက အခ်က္အလက္ေတြကို လၾကည့္ၿပီး သေႏၶသား တည္ေနတာ ျဖစ္လို႔ ဒီဇင္ဘာ ၁၉ ရက္ေန႔က ေအာင္ျမင္စြာ ခြဲစိတ္ေပးခဲ့တယ္လို႔ ကေလးရဲ႕ အဖြားျဖစ္သူ ေဒၚေခ်ာက ေျပာပါတယ္။

သူက ကေလးရဲ႕အသက္ကို ျပန္ရလိမ့္မယ္ လို႔ေတာင္ မထင္ခဲ့ေပမယ့္ ဆရာ၊ ဆရာမႀကီးေတြရဲ႕ ေက်းဇူးေတြ ေမတၱာေတြေၾကာင့္သာ အခုလို ေအာင္ျမင္တဲ့ ခြဲစိတ္မႈကို လုပ္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ခြဲစိတ္ၿပီးတဲ့ ေနာက္ ကေလးရဲ႕ က်န္းမာေရးလည္း ေကာင္းမြန္လာၿပီလို႔ သိရပါတယ္။ ဗိုက္ထဲမွ သေႏၶသား သံုးဦးမွာ တစ္ဦးက မိန္းကေလး ျဖစ္ၿပီး က်န္သေႏၶသားေတြ ကိုေတာ့ လိင္အဂၤါ သတ္မွတ္ဖို႔ ခက္ေနေသးတယ္လို႔ သိရပါတယ္။

လက္႐ွိ အခ်ိန္မွာ သေႏၶသားအဆင့္ပဲ ႐ွိေသးတာေၾကာင့္ ေဆးရံုႀကီးမွ အဆင့္ျမင့္ ဓာတ္ခြဲခန္းမွာ ကုသေပး ေနတယ္လို႔ သိရပါတယ္။

အဆိုပါ ျဖစ္ရပ္မ်ိဳး ယခင္ကလည္း ႐ွိခဲ့ဖူးၿပီး အဲ့ဒီတုန္းက ကေလးမွာ ေလးႏွစ္သား အရြယ္ျဖစ္ကာ ခြဲစိတ္ေပးခဲ့တဲ့ သေႏၶသားမွာ တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ခြဲစိတ္မႈနဲ႔ ပတ္သတ္လို႔ သက္ဆိုင္ရာ ခြဲစိတ္ဆရာမႀကီးကို ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေတြ႔ခြင့္မရခဲ့ပါဘူး။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
“သုံးလသားအရွယ် ယောက်ျားလေးရဲ့ ဗိုက်ထဲမှ သန္ဓေသား သုံးမွှာပူး အောင်မြင်စွာ ခွဲစိတ်နိုင်”သုံးလသားအရွယ် ယောက်ျားလေးရဲ့ ဗိုက်ထဲမှ သန္ဓေသား သုံးမွှာပူးကို နေပြည်တော် ကုတင် တစ်ထောင် ဆေးရုံကြီးက အောင်မြင်စွာ ခွဲစိတ် ပေးလိုက်နိုင်တယ်လို့ သိရပါတယ်။

“ဝမ်းသာတာပေါ့၊ သူ့ကို ခွဲစိတ်ခန်းထဲ ခေါ်သွားတော့ ဘုရားစာ ရွတ်ပေးတယ်၊ အိမ်က ရေမန်းယူသွားတယ်၊ ပဌာန်းရေ ယူသွားတယ်၊ ခွဲခန်းထဲကို ဒီကလေးကို မသွင်းခင်ဘဲ ပဌာန်းရေနဲ့ ဒီကလေး တစ်ကိုယ်လုံးကို သပ်ပြီးတော့ ဘုရားစာ ရွတ်ပေးတယ်၊ ပြီးတော့ ခွဲခန်းထဲ သွင်းပေးလိုက်တာပေါ့၊ ပြီးတော့ အကုန်လုံ အောင်မြင်တယ် ဆိုတော့ တော်တော်ကြီး ဝမ်းသာပါတယ်။´´ လို့ ကလေးရဲ့ အဖွားတော်သူ ဒေါ်ချော ခေါ် ဒေါ်တင်တင်ပြုံး က အပြုံနဲ့ပြောပါတယ်။

သည်ကလေး မမွေးခင်က မိခင်ဖြစ်သူ ဒေါ်သန်းဦးရဲ့ ဗိုက်ထဲမှာ ကလေးအမြွှာပူး လေးယောက်လာရမှာ ဖြစ်ပေမယ့် ကလေးရဲ့ ဗိုက်ထဲမှာပဲ သန္ဓေသားသုံးဦးက ကျန်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိခင် ဒေါ်သန်းဦး မီးဖွားပြီး တစ်လခွဲလောက် အကြာမှာ ကလေးရဲ့ ဗိုက်ဟာ ရောင်းသလို ဖြစ်လာတဲ့အတွက် ပျဉ်းမနား ကုတင် နှစ်ရာမှာ ပြသပြီး ဆေးရုံ ငါးရက် တက်ခဲ့ပါတယ်။ ဆေးရုံက ဆင်းလာပြီး ပျော်ဘွယ်ကို အလည်သွားတဲ့ အခါ ကလေးက မသက်သာဘဲ ဗိုက်က ပိုပူလာတဲ့ အတွက် မိတ္ထီလာ ဆေးရုံကြီးမှာ ပြသခဲ့ပါတယ်။ အဲ့သည်မှာလည်း မသက်သာ ပြန်တဲ့အတွက် မန္တလေး ကုတင် ၅၅၀ ဆေးရုံမှာ ပြသခဲ့ရာ ဆေးရုံက ဓာတ်မှန်ရိုက် အာထရာ ဆောင်းရိုက်ပေးပြီး ၂ လပိုင်း ၈ ရက်နေ့မှာ ခွဲစိတ်မယ့်ရက် သတ်မှတ်ပေးခဲ့ပါတယ်၊၊

နောက်ဆုံး ပျဉ်းမနား ပြန်ရောက်တဲ့ အထိ ကလေးရဲ့ ဗိုက်က ပိုဖောင်းလာတဲ့ အတွက် မိခင်ဖြစ်သူ ဒေါ်သန်းဦးမှာ နေပြည်တော် ကုတင် တစ်ထောင်ကို ပြသခဲ့ပါတယ်။ကုတင် တစ်ထောင် ဆေးရုံကြီးက အရင် ဆေးရုံတွေက အချက်အလက်တွေကို လကြည့်ပြီး သန္ဓေသား တည်နေတာ ဖြစ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့က အောင်မြင်စွာ ခွဲစိတ်ပေးခဲ့တယ်လို့ ကလေးရဲ့ အဖွားဖြစ်သူ ဒေါ်ချောက ပြောပါတယ်။

သူက ကလေးရဲ့အသက်ကို ပြန်ရလိမ့်မယ် လို့တောင် မထင်ခဲ့ပေမယ့် ဆရာ၊ ဆရာမကြီးတွေရဲ့ ကျေးဇူးတွေ မေတ္တာတွေကြောင့်သာ အခုလို အောင်မြင်တဲ့ ခွဲစိတ်မှုကို လုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခွဲစိတ်ပြီးတဲ့ နောက် ကလေးရဲ့ ကျန်းမာရေးလည်း ကောင်းမွန်လာပြီလို့ သိရပါတယ်။ ဗိုက်ထဲမှ သန္ဓေသား သုံးဦးမှာ တစ်ဦးက မိန်းကလေး ဖြစ်ပြီး ကျန်သန္ဓေသားတွေ ကိုတော့ လိင်အင်္ဂါ သတ်မှတ်ဖို့ ခက်နေသေးတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ သန္ဓေသားအဆင့်ပဲ ရှိသေးတာကြောင့် ဆေးရုံကြီးမှ အဆင့်မြင့် ဓာတ်ခွဲခန်းမှာ ကုသပေး နေတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်မျိုး ယခင်ကလည်း ရှိခဲ့ဖူးပြီး အဲ့ဒီတုန်းက ကလေးမှာ လေးနှစ်သား အရွယ်ဖြစ်ကာ ခွဲစိတ်ပေးခဲ့တဲ့ သန္ဓေသားမှာ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ခွဲစိတ်မှုနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ ခွဲစိတ်ဆရာမကြီးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top