iMyanmarHouse.com - Best Property Website for Myanmar
×

 ေျပာဖူးတဲ့ စကားေတြကို ဘယ္ေတာ့မွ မေမ့ဘူး။ ေပးဖူးတဲ့ ကတိေတြကိုလည္း အျမဲတမ္း တည္မိေနတယ္ဆိုရင္ သင္က သူ႔အေပၚ တန္ဖိုးထားမႈနဲ႔ အတူခ်စ္ေနတာ ေသခ်ာပါတယ္

ေသခ်ာတယ္ ခ်စ္ေနၿပီ

တစ္ခါ တစ္ရံမွာ လူတစ္ေယာက္ေၾကာင့္ ရင္ထဲ ထူးျခားတဲ့ စိတ္ခံစားခ်က္ေတြ ခံစားေနရေပမယ့္ ကိုယ္သူ႔ကို ခ်စ္ေနတာ ဟုတ္မဟုတ္ ေဝခြဲရခက္ခဲတဲ့ အေျခအေနမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ငါသူ႕ကို ခ်စ္ေနမိလား ဆိုတဲ့ ေမးခြန္းကို ကိုယ့္ဘာသာကိုယ္ ျပန္ေမးၿပီး အေျဖမရဘဲ အခ်ိန္ေတြ ကုန္ခဲ့ရတဲ့ ေန႔ရက္ေတြလည္း ရွိဖူးမွာပါ။ ဒါေၾကာင့္ စိတ္ခံစားခ်က္နဲ႔ ပတ္သက္ၿပီး ဒီလိုေတြ ျဖစ္ေနရင္ ခ်စ္ေနၿပီ ဆိုတဲ့အေၾကာင္း Marry က ေျပာျပေပးခ်င္ပါတယ္။

အေၾကာင္းမဲ့ ေပ်ာ္ရႊင္မႈ

သူနဲ႔ေတြ႔ေနရ႐ံု၊ သူနဲ႔ စကားေတြ ေျပာေနရ႐ံု၊ သူနဲ႔ လက္ကေလး ထိေတြ႔ေနရ႐ံုမ်ိဳးနဲ႔  ေပ်ာ္ေနတယ္ ဆိုရင္ အဲ့ဒါက အခ်စ္ေၾကာင့္လို႔ ေျပာလို႔ရပါတယ္။ အခ်စ္ဆိုတဲ့ အရာက အေၾကာင္းျပခ်က္ ေပးစရာ မလိုဘဲ ခံစားရတဲ့ ေပ်ာ္ရႊင္ျခင္းပဲ ျဖစ္ပါတယ္။
ဟန္ေဆာင္မႈကင္းတဲ့ ေဝမွ်ျခင္း

ဟန္ေဆာင္မႈကင္းတဲ့ ေဝမွ်ျခင္း

ကိုယ့္ရဲ႕ ခံစားခ်က္ေတြ၊ ကိုယ့္ဘက္က အျမင္ေတြကို တစ္စံုတစ္ရာ ဟန္ေဆာင္ ကြယ္ဝွက္မႈမပါဘဲ သူ႔ကို ေျပာျပမိေနတယ္ ဆိုရင္ သင္သူ႔ကို ခ်စ္ေနတာ ေသခ်ာပါတယ္။ ေျပာရမယ္ ဆိုရင္ ကိုယ္ခ်စ္တဲ့သူကိုဆို လူေတြက စိတ္ရင္းအတိုင္းပဲ ဆက္ဆံမိၾကတာ မ်ားပါတယ္။ ကိုယ္စိတ္ရင္းအတိုင္း ဆက္ဆံမိတဲ့သူက ကိုယ္တကယ္ ခ်စ္မိေနတဲ့သူပါ။

သံသယ မရွိတဲ့ ယံုၾကည္မႈ

ကိုယ္ခ်စ္တဲ့သူကိုဆိုရင္ ယံုၾကည္ခ်င္ၾက၊ ယံုၾကည္ၾကတာ သဘာဝပါ။ သူေျပာတဲ့ စကားေတြ သူ႔လုပ္ရပ္ေတြကို မွားမွား၊ မွန္မွန္ သံသယ မရွိဘဲ ယံုၾကည္မိေနတယ္ ဆိုရင္ သင္သူ႔ကို ခ်စ္ေနတဲ့အတြက္ ျဖစ္ပါတယ္။

လက္တုန္႔မျပန္တဲ့ ခြင့္လႊတ္ျခင္း

ခ်စ္တဲ့သူေၾကာင့္ နာက်င္မႈေတြ ခံစားရတာ မဆန္းပါဘူး။ သူ႔ေၾကာင့္ ကိုယ္က နာက်င္ခံစားေနရေပမယ့္ သူ႔ကို တဖန္ျပန္ၿပီး နာက်င္ေစခ်င္တဲ့ စိတ္မ်ိဳး မရွိဘဲ ခြင့္လႊတ္ေပးႏိုင္တယ္ ဆိုရင္ သင္သူ႔ကို ခ်စ္ေနလို႔ ျဖစ္ပါတယ္။

ဘယ္ေတာ့မွ မေမ့တဲ့ ကတိစကားေတြ

သူနဲ႔ ကိုယ့္ၾကားက ကတိစကားေတြ၊ သူ႔ကို ေျပာဖူးတဲ့ စကားေတြကို ဘယ္ေတာ့မွ မေမ့ဘူး။ ေပးဖူးတဲ့ ကတိေတြကိုလည္း အျမဲတမ္း တည္မိေနတယ္ဆိုရင္ သင္က သူ႔အေပၚ တန္ဖိုးထားမႈနဲ႔ အတူခ်စ္ေနတာ ေသခ်ာပါတယ္။

အခု ေျပာျပခဲ့တဲ့ ဒီလိုခံစားခ်က္ေတြကို ခံစားေနရတယ္ ဆိုရင္ ေသခ်ာတယ္ ခ်စ္ေနမိပါၿပီ။

Credit : Marry
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ပြောဖူးတဲ့ စကားတွေကို ဘယ်တော့မှ မမေ့ဘူး။ ပေးဖူးတဲ့ ကတိတွေကိုလည်း အမြဲတမ်း တည်မိနေတယ်ဆိုရင် သင်က သူ့အပေါ် တန်ဖိုးထားမှုနဲ့ အတူချစ်နေတာ သေချာပါတယ်

သေချာတယ် ချစ်နေပြီ

တစ်ခါ တစ်ရံမှာ လူတစ်ယောက်ကြောင့် ရင်ထဲ ထူးခြားတဲ့ စိတ်ခံစားချက်တွေ ခံစားနေရပေမယ့် ကိုယ်သူ့ကို ချစ်နေတာ ဟုတ်မဟုတ် ဝေခွဲရခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါသူ့ကို ချစ်နေမိလား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြန်မေးပြီး အဖြေမရဘဲ အချိန်တွေ ကုန်ခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိဖူးမှာပါ။ ဒါကြောင့် စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ဒီလိုတွေ ဖြစ်နေရင် ချစ်နေပြီ ဆိုတဲ့အကြောင်း Marry က ပြောပြပေးချင်ပါတယ်။

အကြောင်းမဲ့ ပျော်ရွှင်မှု

သူနဲ့တွေ့နေရရုံ၊ သူနဲ့ စကားတွေ ပြောနေရရုံ၊ သူနဲ့ လက်ကလေး ထိတွေ့နေရရုံမျိုးနဲ့  ပျော်နေတယ် ဆိုရင် အဲ့ဒါက အချစ်ကြောင့်လို့ ပြောလို့ရပါတယ်။ အချစ်ဆိုတဲ့ အရာက အကြောင်းပြချက် ပေးစရာ မလိုဘဲ ခံစားရတဲ့ ပျော်ရွှင်ခြင်းပဲ ဖြစ်ပါတယ်။
ဟန်ဆောင်မှုကင်းတဲ့ ဝေမျှခြင်း

ဟန်ဆောင်မှုကင်းတဲ့ ဝေမျှခြင်း

ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ့်ဘက်က အမြင်တွေကို တစ်စုံတစ်ရာ ဟန်ဆောင် ကွယ်ဝှက်မှုမပါဘဲ သူ့ကို ပြောပြမိနေတယ် ဆိုရင် သင်သူ့ကို ချစ်နေတာ သေချာပါတယ်။ ပြောရမယ် ဆိုရင် ကိုယ်ချစ်တဲ့သူကိုဆို လူတွေက စိတ်ရင်းအတိုင်းပဲ ဆက်ဆံမိကြတာ များပါတယ်။ ကိုယ်စိတ်ရင်းအတိုင်း ဆက်ဆံမိတဲ့သူက ကိုယ်တကယ် ချစ်မိနေတဲ့သူပါ။

သံသယ မရှိတဲ့ ယုံကြည်မှု

ကိုယ်ချစ်တဲ့သူကိုဆိုရင် ယုံကြည်ချင်ကြ၊ ယုံကြည်ကြတာ သဘာဝပါ။ သူပြောတဲ့ စကားတွေ သူ့လုပ်ရပ်တွေကို မှားမှား၊ မှန်မှန် သံသယ မရှိဘဲ ယုံကြည်မိနေတယ် ဆိုရင် သင်သူ့ကို ချစ်နေတဲ့အတွက် ဖြစ်ပါတယ်။

လက်တုန့်မပြန်တဲ့ ခွင့်လွှတ်ခြင်း

ချစ်တဲ့သူကြောင့် နာကျင်မှုတွေ ခံစားရတာ မဆန်းပါဘူး။ သူ့ကြောင့် ကိုယ်က နာကျင်ခံစားနေရပေမယ့် သူ့ကို တဖန်ပြန်ပြီး နာကျင်စေချင်တဲ့ စိတ်မျိုး မရှိဘဲ ခွင့်လွှတ်ပေးနိုင်တယ် ဆိုရင် သင်သူ့ကို ချစ်နေလို့ ဖြစ်ပါတယ်။

ဘယ်တော့မှ မမေ့တဲ့ ကတိစကားတွေ

သူနဲ့ ကိုယ့်ကြားက ကတိစကားတွေ၊ သူ့ကို ပြောဖူးတဲ့ စကားတွေကို ဘယ်တော့မှ မမေ့ဘူး။ ပေးဖူးတဲ့ ကတိတွေကိုလည်း အမြဲတမ်း တည်မိနေတယ်ဆိုရင် သင်က သူ့အပေါ် တန်ဖိုးထားမှုနဲ့ အတူချစ်နေတာ သေချာပါတယ်။

အခု ပြောပြခဲ့တဲ့ ဒီလိုခံစားချက်တွေကို ခံစားနေရတယ် ဆိုရင် သေချာတယ် ချစ်နေမိပါပြီ။

Credit : Marry

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top