iMyanmarHouse.com - Best Property Website for Myanmar
×

"သရက္သီးမွာပါဝင္တဲ့ က်န္းမာေရးအာနိသင္"

အခုလို ပူျပင္းတဲ့ရာသီဟာ သရက္သီးရာသီျဖစ္ရာ လူေတြမွာ သရက္သီးကို အစိမ္းလိုက္ ခ်ဳိခ်ဳိခ်ဥ္ခ်ဥ္ စားၾကတာရိွသလို  သရက္သီးမွည့္ကို အစိပ္ေလးေတြစိပ္ကာ ခ်ဳိခ်ဳိအိအိ စားၾကတာလည္း ရိွပါတယ္။ တစ္ခ်ဳိ႕ကေတာ့ သရက္သီးေဖ်ာ္ရည္ ေဖ်ာ္ေသာက္ၾကကာ ရာသီေပၚ သီးႏွံအျဖစ္ ႏွစ္ျခိဳက္စြာ စားသံုးၾကပါတယ္။ အသီးအႏွံတိုင္းမွာ မတူညီတဲ့ အာဟာရဓာတ္ အာနိသင္ရိွေနရာ သရက္သီးမွာ ပါဝင္တဲ့ က်န္းမာေရးအက်ဳိးျပဳ အာနိသင္ကို သိရိွေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ကင္ဆာကိုကာကြယ္ေပးႏိုင္တဲ့ အာနိသင္ ပါဝင္ေနျခင္း

သရက္သီးတစ္လံုးမွာ ပါဝင္တဲ့ အာဟာရဓာတ္ အာနိသင္နဲ႔ပတ္သက္ျပီး သုေတသန ျပဳလုပ္ၾကရာ သူ႔ရဲ႕ အာဟာရဓာတ္ေတြဟာ အူကင္ဆာ၊ ရင္သားကင္ဆာ၊ ေသြးကင္ဆာနဲ႔ ေယာက္်ားအဂၤါ အက်ိတ္ကင္ဆာေတြ မျဖစ္ပြားရေအာင္  ခုခံကာကြယ္ႏိုင္စြမ္း ရိွေၾကာင္း ေဖာ္ျပထားၾကပါတယ္။

ကိုလက္စထေရာဓာတ္ကို ေလ်ာ့က်ေစတဲ့ စြမ္းအင္ ပါဝင္ေနျခင္း

သရက္သီးမွာ အမွ်င္ဓာတ္ မ်ားျပားမႈ၊ ဗီတာမင္ စီနဲ႔ ပါဝင္ေနတဲ့ အခ်ဳိဓာတ္ေတြက ကိုလက္စထေရာဓာတ္ကို ေလ်ာ့က်ေစဖို႔ မ်ားစြာ အေထာက္အကူ ျပဳပါတယ္။

အသားအေရကုိ ၾကည္လင္လွပေစျခင္း

သရက္သီးရဲ႕ အစြမ္းဟာ အသားအေရကိုလည္း ၾကည္လင္ လွပေစတယ္လို႔ သိရိွရပါတယ္။ သူ႔ရဲ႕အစြမ္းဟာ မ်က္ႏွာေပၚက ဝက္ျခံေတြကို ေကာင္းစြာ ရွင္းလင္းေပးႏိုင္ျပီး ေခြ်းေပါက္မွာ ပိတ္ဆို႔ေနတဲ့  အဆိပ္အေတာက္လိုမ်ဳိး အခိုးအေငြ႔ေတြကိုပါ ကင္းစင္ေစပါတယ္။ ဒါေၾကာင့္ အသားအေရကို သန္႔ရွင္းေစကာ ၾကည္လင္ လွပႏိုင္တာဘဲ ျဖစ္ပါတယ္။

မ်က္စိက်န္းမာေရးအတြက္ ေကာင္းမြန္ျခင္း

သရက္သီးမွည့္ကို အစိပ္ေလးေတြ စိပ္ျပီး ပန္းကန္လံုး တစ္ခြက္စာေလာက္ ပံုမွန္ စားေပးႏိုင္ရင္ လူေတြမွာ ေန႔စဥ္လိုအပ္ေနတဲ့ ဗီတာမင္ ေအ ၂၅% ေလာက္ကို ရရိွမွာျဖစ္ျပီး မ်က္စိ အျမင္အားကို ေကာင္းေစျခင္း၊ ညဘက္မွာ အျမင္အာရံုကို ေပ်ာက္ကြယ္ေစတဲ့ ၾကက္မ်က္သင့္ ေရာဂါလိုမ်ဳိးကို မ်ားစြာ ကာကြယ္ေပးပါတယ္။

အစာေၾကေျခဖ်က္မႈအားေကာင္းေစျခင္း

အသီးအႏွံ ေတာ္ေတာ္မ်ားမ်ားမွာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ဓာတ္သဘာဝေတြ ပါဝင္ၾကရာ သရက္သီးမွာလည္း အစာေၾကေျခဖ်က္မႈကို  အားေကာင္းေစတဲ့ အမွ်င္ဓာတ္မ်ားစြာ ပါဝင္ပါတယ္။ ဒါေၾကာင့္ သရက္သီးကို စားေပးတာဟာ အစာေၾကေစတာေၾကာင့္ ဝမ္းခ်ဳပ္တတ္သူမ်ားအတြက္ အဆင္ေျပေစတဲ့ အသီးတစ္မ်ဳိးလို႔ ဆိုႏိုင္ပါတယ္။

ကိုယ္ခႏၶာထဲအပူမ်ားတာကို ေလ်ာ့ခ်ကူညီေပးျခင္း

သရက္သီးစိမ္းကို မိမိလုိသေလာက္ အခ်ဳိဓာတ္ေရာကာ ေဖ်ာ္ရည္သဖြယ္ ေရနဲ႔ေဖ်ာ္ျပီး ေသာက္သံုးေပးႏိုင္ရင္ ကိုယ္တြင္း အပူမ်ားေနတာေတြကို အပူေလ်ာ့သြားေအင္ ကူညီႏိုင္ပါတယ္။ ကိုယ္ခႏၶာထဲ အပူေလ်ာ့ျပီး အေအးဓာတ္ရရိွေစကာ အပူေၾကာင့္ ျဖစ္ပြားတတ္တဲ့ ေရာဂါဘယေတြကို ကင္းေဝးေစပါတယ္။

ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစျခင္း

သရက္သီးတစ္လံုးမွာ ဗီတာမင္ စီနဲ႔ ေအ ပမာဏ မ်ားျပားမႈဟာ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတာပင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ သရက္သီးကို မ်တစြာ စားေပးႏိုင္သူေတြအေနနဲ႔ ကိုယ္ခႏၶာ က်န္းမာသန္စြမ္းမႈကို မ်ားစြာ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။

သရက္သီးရာသီမွာ သရက္သီးခ်ဳိခ်ဳိေလးေတြကို စားရင္း၊ သရက္သီးအစိမ္းကို ငရုတ္သီး စပ္စပ္ေလးနဲ႔ ငံျပာရည္နဲ႔ သုပ္စားရင္း သရက္သီးရဲ႕ တန္ဖိုး အႏွစ္သာရကိုပါ သိရိွခံစားႏိုင္ၾကေစဖို႔ ေဖာ္ျပလိုက္ပါတယ္။

Credit : Yangon Life
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"သရက်သီးမှာပါဝင်တဲ့ ကျန်းမာရေးအာနိသင်"

အခုလို ပူပြင်းတဲ့ရာသီဟာ သရက်သီးရာသီဖြစ်ရာ လူတွေမှာ သရက်သီးကို အစိမ်းလိုက် ချိုချိုချဉ်ချဉ် စားကြတာရှိသလို  သရက်သီးမှည့်ကို အစိပ်လေးတွေစိပ်ကာ ချိုချိုအိအိ စားကြတာလည်း ရှိပါတယ်။ တစ်ချို့ကတော့ သရက်သီးဖျော်ရည် ဖျော်သောက်ကြကာ ရာသီပေါ် သီးနှံအဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ အသီးအနှံတိုင်းမှာ မတူညီတဲ့ အာဟာရဓာတ် အာနိသင်ရှိနေရာ သရက်သီးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်ကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ကင်ဆာကိုကာကွယ်ပေးနိုင်တဲ့ အာနိသင် ပါဝင်နေခြင်း

သရက်သီးတစ်လုံးမှာ ပါဝင်တဲ့ အာဟာရဓာတ် အာနိသင်နဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ကြရာ သူ့ရဲ့ အာဟာရဓာတ်တွေဟာ အူကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနဲ့ ယောက်ျားအင်္ဂါ အကျိတ်ကင်ဆာတွေ မဖြစ်ပွားရအောင်  ခုခံကာကွယ်နိုင်စွမ်း ရှိကြောင်း ဖော်ပြထားကြပါတယ်။

ကိုလက်စထရောဓာတ်ကို လျော့ကျစေတဲ့ စွမ်းအင် ပါဝင်နေခြင်း

သရက်သီးမှာ အမျှင်ဓာတ် များပြားမှု၊ ဗီတာမင် စီနဲ့ ပါဝင်နေတဲ့ အချိုဓာတ်တွေက ကိုလက်စထရောဓာတ်ကို လျော့ကျစေဖို့ များစွာ အထောက်အကူ ပြုပါတယ်။

အသားအရေကို ကြည်လင်လှပစေခြင်း

သရက်သီးရဲ့ အစွမ်းဟာ အသားအရေကိုလည်း ကြည်လင် လှပစေတယ်လို့ သိရှိရပါတယ်။ သူ့ရဲ့အစွမ်းဟာ မျက်နှာပေါ်က ဝက်ခြံတွေကို ကောင်းစွာ ရှင်းလင်းပေးနိုင်ပြီး ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့  အဆိပ်အတောက်လိုမျိုး အခိုးအငွေ့တွေကိုပါ ကင်းစင်စေပါတယ်။ ဒါကြောင့် အသားအရေကို သန့်ရှင်းစေကာ ကြည်လင် လှပနိုင်တာဘဲ ဖြစ်ပါတယ်။

မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

သရက်သီးမှည့်ကို အစိပ်လေးတွေ စိပ်ပြီး ပန်းကန်လုံး တစ်ခွက်စာလောက် ပုံမှန် စားပေးနိုင်ရင် လူတွေမှာ နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် အေ ၂၅% လောက်ကို ရရှိမှာဖြစ်ပြီး မျက်စိ အမြင်အားကို ကောင်းစေခြင်း၊ ညဘက်မှာ အမြင်အာရုံကို ပျောက်ကွယ်စေတဲ့ ကြက်မျက်သင့် ရောဂါလိုမျိုးကို များစွာ ကာကွယ်ပေးပါတယ်။

အစာကြေခြေဖျက်မှုအားကောင်းစေခြင်း

အသီးအနှံ တော်တော်များများမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတ်သဘာဝတွေ ပါဝင်ကြရာ သရက်သီးမှာလည်း အစာကြေခြေဖျက်မှုကို  အားကောင်းစေတဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သရက်သီးကို စားပေးတာဟာ အစာကြေစေတာကြောင့် ဝမ်းချုပ်တတ်သူများအတွက် အဆင်ပြေစေတဲ့ အသီးတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

ကိုယ်ခန္ဓာထဲအပူများတာကို လျော့ချကူညီပေးခြင်း

သရက်သီးစိမ်းကို မိမိလိုသလောက် အချိုဓာတ်ရောကာ ဖျော်ရည်သဖွယ် ရေနဲ့ဖျော်ပြီး သောက်သုံးပေးနိုင်ရင် ကိုယ်တွင်း အပူများနေတာတွေကို အပူလျော့သွားအေင် ကူညီနိုင်ပါတယ်။ ကိုယ်ခန္ဓာထဲ အပူလျော့ပြီး အအေးဓာတ်ရရှိစေကာ အပူကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါဘယတွေကို ကင်းဝေးစေပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

သရက်သီးတစ်လုံးမှာ ဗီတာမင် စီနဲ့ အေ ပမာဏ များပြားမှုဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာပင် ဖြစ်ပါတယ်။ ဒါကြောင့် သရက်သီးကို မျတစွာ စားပေးနိုင်သူတွေအနေနဲ့ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုကို များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

သရက်သီးရာသီမှာ သရက်သီးချိုချိုလေးတွေကို စားရင်း၊ သရက်သီးအစိမ်းကို ငရုတ်သီး စပ်စပ်လေးနဲ့ ငံပြာရည်နဲ့ သုပ်စားရင်း သရက်သီးရဲ့ တန်ဖိုး အနှစ်သာရကိုပါ သိရှိခံစားနိုင်ကြစေဖို့ ဖော်ပြလိုက်ပါတယ်။

Credit : Yangon Life

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top