iMyanmarHouse.com - Best Property Website for Myanmar
×

၁။အစားအေသာက္ အလြန္အကၽြံေလွ်ာ့ျခင္း

ဝိတ္မက် ဘူးဆိုတဲ့သူေတြကိုေမးၾကည့္တဲ့အခါတစ္ေန႔လံုးအတြက္ မနက္စာ နဲ႔ ေန႔လည္စာ ကိုေပါင္းစားၿပီးညစာကိုေရွာင္ၾကတာေတြလည္းေတြ႕ရပါတယ္။သင့္ ခႏၶာကိုယ္ႀကီး အတြက္ ကယ္လိုရီ ဘယ္ေလာက္လိုသလဲဆိုတာတြက္ၾကည့္လို႔ရပါတယ္။ (ဒီမွာ အခက္အခဲ တခ်ိဳ႕ရွိေပမယ့္လည္းေပါ့)လိုတာထက္ အမ်ားႀကီးေလွ်ာ့စားမိေနၿပီဆိုတဲ့အခါမွာStarvation Modeဝင္ပါမယ္၊ ၿပီးတဲ့အခါမွာေတာ့ ဇီဝ႐ုပ္ ျဖစ္ပ်က္ႏွဳန္းေတြက်လာပါေတာ့တယ္။တကယ္ ကို ဝိတ္က်ခ်င္တယ္ဆိုရင္ ဇီဝ႐ုပ္ျဖစ္ပ်က္ႏွဳန္းကိုျမႇင့္ေပးရမွာျဖစ္ပါတယ္။

၂။ညစာ မစားတာၾကာၿပီ၊ ထင္သေလာက္ဝိတ္မက်ဘူး။
မနက္စာနဲ႔ေန႔လည္စာမွာ စားလိုက္တဲ့ကယ္လိုရီေတြက
သင္လိုအပ္တာထက္ မ်ားေနမယ္ဆိုရင္ ညစာ မစားဘဲေနတာဟာကိုယ့္ကိုကိုယ္ ဒုကၡ ေပးေနတာသက္သက္ပဲျဖစ္ပါလိမ့္မယ္။

၃။မနက္တိုင္းေျပးတယ္၊လမ္းေလွ်ာက္တယ္။ သိပ္မထူးဘူး။
လမ္းေလွ်ာက္အျပန္မွာ လက္ဖက္ရည္ဆိုင္က ခ်ိဳစိမ့္ေလးနဲ႔
ထပ္တရာ ပလာတာ အီၾကာေကြး စမူဆာေတြ စားမိသလားဆိုတာျပန္သံုးသပ္သင့္ပါတယ္။မ်ားမ်ားလွဳပ္ရွားပါ နည္းနည္းပဲစားပါ။

၄။ဗိုက္ ေလ့က်င့္ခန္း ေတြလုပ္ေနေပမယ့္ ဗိုက္မက်ဘူး။
အဆီခ်တယ္ဆိုတာ တစ္ေနရာတည္းကြက္ၿပီး ခ်လို႔မရပါဘူး။
အဆီေတြေလာင္ကၽြမ္းဖို႔ဆိုတာ သင့္ ေလ့က်င့္ခန္း ေတြရဲ႕ျပင္းအားေပၚမွာအဓိကမူတည္တာျဖစ္ပါတယ္။ေလ့က်င့္ခန္းရဲ႕ျပင္းအားမ်ားေလ ကယ္လိုရီ ေတြေလာင္ကၽြမ္းေလျဖစ္ပါတယ္။
ကယ္လိုရီ ၃၅၀၀၀ေလာင္ကၽြမ္းရင္ အဆီတစ္ေပါင္က်မွာျဖစ္ပါတယ္။

၅။ဝိတ္ကထပ္မက်ဘဲတန္႔ေနၿပီ။Weight Loss Plateauဆိုတာ ပံုမွန္ပါပဲ။သ င့္ခႏၶာကိုယ္ ႀကီးက သင့္ရဲ႕လွဳပ္ရွားမွဳေတြစားေသာက္မွဳ ေတြကိုAdaptျဖစ္သြားတဲ့အခါမွာ ဒီျဖစ္စဥ္ကိုၾကံဳေတြ႕ရတာျဖစ္ပါတယ္။အလြယ္ဆံုးေျဖရွင္းနည္းကေတာ့စားေသာက္ပံု ေလ့က်င့္ပံုေတြကိုေျပာင္းပစ္ၿပီး သင့္ခႏၶာကိုယ္ကိုလွည့္စားဖို႔ျဖစ္ပါတယ္။

Credit : Thithtoolwin
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။အစားအသောက် အလွန်အကျွံလျှော့ခြင်း

ဝိတ်မကျ ဘူးဆိုတဲ့သူတွေကိုမေးကြည့်တဲ့အခါတစ်နေ့လုံးအတွက် မနက်စာ နဲ့ နေ့လည်စာ ကိုပေါင်းစားပြီးညစာကိုရှောင်ကြတာတွေလည်းတွေ့ရပါတယ်။သင့် ခန္ဓာကိုယ်ကြီး အတွက် ကယ်လိုရီ ဘယ်လောက်လိုသလဲဆိုတာတွက်ကြည့်လို့ရပါတယ်။ (ဒီမှာ အခက်အခဲ တချို့ရှိပေမယ့်လည်းပေါ့)လိုတာထက် အများကြီးလျှော့စားမိနေပြီဆိုတဲ့အခါမှာStarvation Modeဝင်ပါမယ်၊ ပြီးတဲ့အခါမှာတော့ ဇီဝရုပ် ဖြစ်ပျက်နှုန်းတွေကျလာပါတော့တယ်။တကယ် ကို ဝိတ်ကျချင်တယ်ဆိုရင် ဇီဝရုပ်ဖြစ်ပျက်နှုန်းကိုမြှင့်ပေးရမှာဖြစ်ပါတယ်။

၂။ညစာ မစားတာကြာပြီ၊ ထင်သလောက်ဝိတ်မကျဘူး။
မနက်စာနဲ့နေ့လည်စာမှာ စားလိုက်တဲ့ကယ်လိုရီတွေက
သင်လိုအပ်တာထက် များနေမယ်ဆိုရင် ညစာ မစားဘဲနေတာဟာကိုယ့်ကိုကိုယ် ဒုက္ခ ပေးနေတာသက်သက်ပဲဖြစ်ပါလိမ့်မယ်။

၃။မနက်တိုင်းပြေးတယ်၊လမ်းလျှောက်တယ်။ သိပ်မထူးဘူး။
လမ်းလျှောက်အပြန်မှာ လက်ဖက်ရည်ဆိုင်က ချိုစိမ့်လေးနဲ့
ထပ်တရာ ပလာတာ အီကြာကွေး စမူဆာတွေ စားမိသလားဆိုတာပြန်သုံးသပ်သင့်ပါတယ်။များများလှုပ်ရှားပါ နည်းနည်းပဲစားပါ။

၄။ဗိုက် လေ့ကျင့်ခန်း တွေလုပ်နေပေမယ့် ဗိုက်မကျဘူး။
အဆီချတယ်ဆိုတာ တစ်နေရာတည်းကွက်ပြီး ချလို့မရပါဘူး။
အဆီတွေလောင်ကျွမ်းဖို့ဆိုတာ သင့် လေ့ကျင့်ခန်း တွေရဲ့ပြင်းအားပေါ်မှာအဓိကမူတည်တာဖြစ်ပါတယ်။လေ့ကျင့်ခန်းရဲ့ပြင်းအားများလေ ကယ်လိုရီ တွေလောင်ကျွမ်းလေဖြစ်ပါတယ်။
ကယ်လိုရီ ၃၅၀၀၀လောင်ကျွမ်းရင် အဆီတစ်ပေါင်ကျမှာဖြစ်ပါတယ်။

၅။ဝိတ်ကထပ်မကျဘဲတန့်နေပြီ။Weight Loss Plateauဆိုတာ ပုံမှန်ပါပဲ။သ င့်ခန္ဓာကိုယ် ကြီးက သင့်ရဲ့လှုပ်ရှားမှုတွေစားသောက်မှု တွေကိုAdaptဖြစ်သွားတဲ့အခါမှာ ဒီဖြစ်စဉ်ကိုကြုံတွေ့ရတာဖြစ်ပါတယ်။အလွယ်ဆုံးဖြေရှင်းနည်းကတော့စားသောက်ပုံ လေ့ကျင့်ပုံတွေကိုပြောင်းပစ်ပြီး သင့်ခန္ဓာကိုယ်ကိုလှည့်စားဖို့ဖြစ်ပါတယ်။

Credit : Thithtoolwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top