iMyanmarHouse.com - Best Property Website for Myanmar
×




























Credit : Original

Propose လုပ်နေဆဲ ကာလမှာ…… 💘

~ သေမလိုရှင်မလို Feel ပြတယ် ရင်မခုန်ဘူး ဒါပေမယ့် ရည်းစား ရချင်ဇောနဲ့

~ ဟတ်ဟတ်ထိုး ကြွေချင်ယောင် ဆောင်ပြတယ်

~ စိတ်မပါဘဲနဲ့လည်း အသည်းအသန် ဂရုစိုက်ပြတယ်

~ လိုချင်တဲ့ Target မရောက်မချင်း အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး

~ လိုအပ်ရင် မျက်နှာ ရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်

~ တစ်ဖက်က သနားစိတ် ဝင်သွားအောင် မျက်နှာလေး ညှိုးပြမယ်

~ ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ

~ Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူပြန်တယ်

~ ဘာလုပ်နေလဲ ယောင်ပြီး လာမမေးနဲ့ သတိရလို့ Photo လေး ထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ

~ တစ်ရက်လောက် မတွေ့ရရင်ကို ကမ္ဘာပဲ ပျက်တော့မလိုနဲ့ Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာ အမော

~ ပိန်သွားတယ်နော် သွားမပြောနဲ့ ဟုတ်တယ် ညည လွမ်းလို့ အိပ်မပျော်တာ … {ဒါဘဲရမယ်}

~ ဝလာတယ် ပြောကြည့်ဦးမလား.. အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာ နေတာလေ… {သေသွားမယ်}

~ နဖူးလေး အားယားလို့ သွားမစမ်းနဲ့ ချက်ချင်း ပျော့ကျပြီး လူမမာ လုံးလုံးဖြစ်သွားတာ… {အကယ်ဒမီရှော့}

💘 ဟော လာပါပြီ Anni တွေ လွန်မြောက်ပြီးနောက်…… 💘

~ သေသေရှင်ရှင် ပစ်ထားတယ်

~ အဖြေရတာ မသိရင် တစ်ဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ

~ ဆက်လက်၍ ကြိုးစားရန် မလိုအပ်တော့လို့ ထင်မှတ်သွားပြီလေ

~ ဂရုလည်း မစိုက်တော့ဘူး သေရင်တောင် သိလိုက်မယ်မထင်

~ အဖြေရပြီးပြီ ဆိုတော့ စစ်တပ်က အာဏာ ပြန်သိမ်းပြီလေ

~ မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ်လို တည်သွားပြီ

~ ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားဦးမယ်

~ Reply ကြာချက် USA အာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ.. အင်း/ ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ ရောက်မလာသေး

~ ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့.. ဘာလုပ်ရမှာလဲ အားနေတယ် ထင်နေလို့လား… {ကိုဒေါသ}

~ ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့ မကြိုက်ဘူး.. သစ်ရွက်လှုပ်တာနဲ့ စိတ်က တိုနေတတ်တဲ့အချိန် ဖြစ်သွားပြီလေ… {ဦးစိတ်တို}

ဒါကြောင့် တချို့ ယောက်ျားလေးတွေက ရည်းစား မဖြစ်သေးခင် မှာတော့ မာယာလေးတွေ သုံးတတ်ကြ ပါတယ်နော်။ အဖြေရပြီးရင်တော့ အမှန်တရားလေးတွေ မြင်ရစေ့မယ် စိတ်သာချနေပေတော့ ညမလေး တို့ရေ။

ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။ အချစ်ရေးမှာ ကံကောင်းကြပါစေနော်။

Credit : Original

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top