iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းခတ္အေမႊးအႀကိဳင္ တစ္မ်ိဳးျဖစ္တဲ႔ နႏြင္းမႈန္႔ဟာ ဟင္းခ်က္ရာမွာ အရသာတမူထူးကဲေစရံုတင္ မကပါဘူး။ က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိပါတယ္။ ဒါ႔အျပင္ အလွအပေရးရာအတြက္လည္း နႏြင္းမႈန္႔က အမ်ားႀကီး အသံုးဝင္ပါတယ္။ နႏြင္းမႈန္႔ရဲ႕ လူသိနည္းေသးတဲ႔ အလွအပေရးရာ အသံုးေတြကေတာ႔...

၁။ အသားအေရကို ေတာက္ပေစတယ္

အသားအေရကို သဘာဝအတိုင္း ဝင္းလက္ေတာက္ပေစခ်င္တယ္ ဆိုရင္ေတာ႔ နႏြင္းမႈန္႔ကို စမ္းသံုးၾကည္႔ပါ။ ဒီေရွးေဟာင္း ဟင္းခတ္အေမႊးအႀကိဳင္ေလးဟာ ဟိႏၵဴဘာသာဝင္ေတြရဲ႕ ပြဲလမ္းသဘင္ေတြမွာ အထြတ္အျမတ္ထားခံရပါတယ္။ ဟိႏၵဴ မဂၤလာေဆာင္ေတြမွာဆိုရင္ သတို႔သားနဲ႔ သတို႔သမီးကို နႏြင္းမႈန္႔လိမ္းေပးတတ္ၾကပါတယ္။

နႏြင္းမႈန္႔လိမ္းလိုက္ရင္ အသားအေရ ဝင္းလက္သြားၿပီး မၾကာခင္မွာ လက္ထပ္ေတာ႔မယ္႔ ဇနီးေမာင္ႏွံအတြက္ မဂၤလာရွိေစဖို႔အတြက္ လိမ္းတယ္လို႔ ယူဆၾကပါတယ္။ နႏြင္းမႈန္႔ထဲမွာ ပါဝင္တဲ႔ curcumin ဆုိတဲ႔ဓာတ္ဟာ အသားအေရကို ဝင္းဝါေစသလို အေရျပား အေျခအေနကိုလည္း ထိန္းညွိေပးပါတယ္။

၂။ မ်က္ကြင္းညိဳျခင္းကို ေပ်ာက္ကင္းေစတယ္

အိပ္ေရးပ်က္တာမ်ားၿပီး မ်က္ကြင္းေတြညိဳလာတဲ႔အခါ မိတ္ကပ္ဘယ္ေလာက္လိမ္းလိမ္း ၾကည္႔ရေတာ္ေတာ္ဆိုးပါတယ္။ မ်က္ကြင္းညိဳျခင္းကို ေပ်ာက္ကင္းေစတယ္လို႔ေျပာတဲ႔ အလွကုန္ပစၥည္းေတြ ဘယ္ေလာက္ပဲရွိတယ္ေျပာေျပာ... ကိုယ္႔အသားအေရနဲ႔ တည္႔ဦးမွေလ။ မဟုတ္ရင္ အေျခအေနပိုဆိုး သြားႏိုင္တာကိုး။ နႏြင္းမႈန္႕ကေတာ႔ ဘာေဘးထြက္ဆိုးက်ိဳးမွ မရွိဘဲ မ်က္ကြင္းညိဳျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

နႏြင္းမႈန္႔ဟာ အေရျပားေရာင္ရမ္းျခင္းကို တားဆီးေပးၿပီး အသားအေရကိုလည္း ဝင္းလက္ေစတဲ႔ အရာတစ္မ်ိဳး ျဖစ္တဲ႔အတြက္ ဒီလိုျပႆနာမ်ိဳးကို ေျဖရွင္းဖို႔အတြက္ေတာ႔ အေကာင္းဆံုးနည္းလမ္းပါပဲ။ နႏြင္းမႈန္႔ဟာ ေသြးလည္ပတ္မႈကိုလည္း ပိုမိုေကာင္းမြန္ ေစတဲ႔အတြက္ ေသြးအားနည္းမႈေၾကာင္႔ ျဖစ္တတ္တဲ႔ မ်က္ကြင္းညိဳျခင္းနဲ႕ အေရျပားေရာင္ရမ္းျခင္းေတြကိုလည္း တိုက္ဖ်က္ေပး ႏိုင္ပါတယ္။

၃။ သြားေတြကို ျဖဴေဖြးေစတယ္

အဝါေရာင္ေတာက္ေတာက္ အဆင္းရွိတဲ႔ နႏြင္းမႈန္႔လို ဟင္းခတ္အေမႊးအႀကိဳင္မ်ိဳးက သြားတိုက္ေဆးသေဘာမ်ိဳးလည္း လုပ္ေဆာင္ႏိုင္တာကိုသိရင္ အံ႕ၾသသြားမလား။ တကယ္ေတာ႔ နႏြင္းမႈန္႔မွာ သြားေတြကို သဘာဝအတိုင္း ျဖဴေဖြးေစတဲ႔ အစြမ္းရွိၿပီး သြားကိုက္သြားနာျခင္းကိုလည္း သက္သာေစပါတယ္။ နႏြင္းမႈန္႔ကိုသံုးၿပီး ဖေလာင္ရြိဳက္မပါတဲ႔ သဘာဝသြားတိုက္ေဆး တစ္မ်ိဳးကို ဖန္တီးလို႔ ရပါတယ္။ နႏြင္းမႈန္႔ (၄) ဇြန္း၊ မုန္႔ဖုတ္ဆိုဒါ (၂) ဇြန္း၊ အုန္းဆီ ဇြန္းဝက္တို႔ကို ေရာေပးလိုက္ရံုပါပဲ။

၄။ ဝက္ျခံေပ်ာက္ေစတယ္

နႏြင္းမႈန္႔ဟာ ဝက္ျခံအတြက္လည္း ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ႔ နႏြင္းမႈန္႔ဟာ ဘက္တီးရီးယားေတြ ပ်ံ႕ႏွံ႕ျခင္းကို တားဆီးေပးႏိုင္တဲ႔အျပင္ ေရာင္ရမ္းျခင္းကိုလည္း ကာကြယ္ေပးႏိုင္လို႔ပါပဲ။ နႏြင္းမႈန္႔ကို ပန္းသီးရွာလကာရည္ နည္းနည္းနဲ႔ေရာၿပီး ရလာတဲ႔အႏွစ္ကို လိမ္းေပးလိုက္ရံုနဲ႔ အာနိသင္ေကာင္းမြန္တဲ႔ သဘာဝ ဝက္ျခံေပ်ာက္ေဆးေလးကို ရရွိမွာပါ။

၅။ အမာရြတ္ေပ်ာက္ေစတယ္

ဝက္ျခံေပါက္ၿပီးရင္ ေျဖရွင္းရတတ္တဲ႔ ေနာက္ဆက္တြဲျပႆနာတစ္ခုကေတာ႔ အမာရြတ္ေတြပါပဲ။ ဝက္ျခံကို လက္နဲ႔ညွစ္မိလို႔ပဲျဖစ္ျဖစ္၊ လက္သည္းနဲ႔ ကုတ္မိလို႔ပဲျဖစ္ျဖစ္ မ်က္ႏွာေပၚမွာ ရုပ္ဆိုးတဲ႔ အမာရြတ္ႀကီးေတြ က်န္ခဲ႔တတ္ပါတယ္။ ဝက္ျခံအမာရြတ္ေတြကို ေပ်ာက္ကင္းေစဖို႔ ေစ်းႀကီးေပးရတဲ႔ အလွကုန္ေတြကို သံုးဖို႔မလိုအပ္ပါဘူး။ anti-inflammartory တစ္မ်ိဳးျဖစ္တဲ႔ နႏြင္းမႈန္႔ကိုပဲ အမာရြတ္ေပ်ာက္ေဆးအျဖစ္ အသံုးျပဳႏိုင္ပါတယ္။

နႏြင္းမႈန္႔ထဲက curcumin ဓာတ္ဟာ အားေကာင္းတဲ႔ antioxidant တစ္မ်ိဳးလည္းျဖစ္တဲ႔အတြက္ melanin အလြန္အကြ်ံ ထုတ္လုပ္မႈေတြကိုု တားဆီးေပးၿပီး အေရျပားအသားအေရကို ညီမွ်ေစပါတယ္။ တစ္နည္းအားျဖင္႔ အမာရြတ္ေတြကို ေလ်ာ႔ပါးေပ်ာက္ကြယ္ေစပါတယ္။

၆။ ေနေလာင္ဒဏ္နဲ႔ အေရးအေၾကာင္းေတြကို ေပ်ာက္ကြယ္ေစတယ္

အမ်ိဳးသမီးေတြ အသက္အရြယ္ ႀကီးရင္႔လာခ်ိန္မွာ ျဖစ္ေပၚလာတတ္တဲ႔ အေရျပားအေရးအေၾကာင္းေတြေၾကာင္႔ ေတာ္ေတာ္စိတ္ရႈပ္ ရပါတယ္။ American Academy of Dermatology ရဲ႕ (၆၈) ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားမွာ တင္ျပခဲ႔တဲ႔ သုေတသန တစ္ခုကေတာ႔ နႏြင္းမႈန္႔ပါဝင္တဲ႔ moisturizer တစ္မ်ိဳးမွာ ေနေလာင္ဒဏ္ေၾကာင္႔ျဖစ္တဲ႔ အမဲကြက္ေတြနဲ႔ အေရျပား အေရးအေၾကာင္းေတြကို ဖယ္ရွားႏိုင္တဲ႔ အစြမ္းရွိတယ္လို႔ ဆိုထားပါတယ္။

ဒါ႔အျပင္ နႏြင္းမႈန္႔ဟာ ခရမ္းလြန္ေရာင္ျခည္နဲ႔ အခ်ိန္အၾကာႀကီး ထိေတြ႕မႈေၾကာင္႔ ျဖစ္တတ္တဲ႔ အေရျပား ၾကံဳ႕ဆန္႔ႏိုင္စြမ္း ေလ်ာ႔နည္းျခင္းကိုလည္း ေျဖရွင္းေပးႏိုင္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်တဲ့ နနွင်းမှုန့်ဟာ ဟင်းချက်ရာမှာ အရသာတမူထူးကဲစေရုံတင် မကပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ဒါ့အပြင် အလှအပရေးရာအတွက်လည်း နနွင်းမှုန့်က အများကြီး အသုံးဝင်ပါတယ်။ နနွင်းမှုန့်ရဲ့ လူသိနည်းသေးတဲ့ အလှအပရေးရာ အသုံးတွေကတော့...

၁။ အသားအရေကို တောက်ပစေတယ်

အသားအရေကို သဘာဝအတိုင်း ဝင်းလက်တောက်ပစေချင်တယ် ဆိုရင်တော့ နနွင်းမှုန့်ကို စမ်းသုံးကြည့်ပါ။ ဒီရှေးဟောင်း ဟင်းခတ်အမွှေးအကြိုင်လေးဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ပွဲလမ်းသဘင်တွေမှာ အထွတ်အမြတ်ထားခံရပါတယ်။ ဟိန္ဒူ မင်္ဂလာဆောင်တွေမှာဆိုရင် သတို့သားနဲ့ သတို့သမီးကို နနွင်းမှုန့်လိမ်းပေးတတ်ကြပါတယ်။

နနွင်းမှုန့်လိမ်းလိုက်ရင် အသားအရေ ဝင်းလက်သွားပြီး မကြာခင်မှာ လက်ထပ်တော့မယ့် ဇနီးမောင်နှံအတွက် မင်္ဂလာရှိစေဖို့အတွက် လိမ်းတယ်လို့ ယူဆကြပါတယ်။ နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ curcumin ဆိုတဲ့ဓာတ်ဟာ အသားအရေကို ဝင်းဝါစေသလို အရေပြား အခြေအနေကိုလည်း ထိန်းညှိပေးပါတယ်။

၂။ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေတယ်

အိပ်ရေးပျက်တာများပြီး မျက်ကွင်းတွေညိုလာတဲ့အခါ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း ကြည့်ရတော်တော်ဆိုးပါတယ်။ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေတယ်လို့ပြောတဲ့ အလှကုန်ပစ္စည်းတွေ ဘယ်လောက်ပဲရှိတယ်ပြောပြော... ကိုယ့်အသားအရေနဲ့ တည့်ဦးမှလေ။ မဟုတ်ရင် အခြေအနေပိုဆိုး သွားနိုင်တာကိုး။ နနွင်းမှုန့်ကတော့ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

နနွင်းမှုန့်ဟာ အရေပြားရောင်ရမ်းခြင်းကို တားဆီးပေးပြီး အသားအရေကိုလည်း ဝင်းလက်စေတဲ့ အရာတစ်မျိုး ဖြစ်တဲ့အတွက် ဒီလိုပြဿနာမျိုးကို ဖြေရှင်းဖို့အတွက်တော့ အကောင်းဆုံးနည်းလမ်းပါပဲ။ နနွင်းမှုန့်ဟာ သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန် စေတဲ့အတွက် သွေးအားနည်းမှုကြောင့် ဖြစ်တတ်တဲ့ မျက်ကွင်းညိုခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းတွေကိုလည်း တိုက်ဖျက်ပေး နိုင်ပါတယ်။

၃။ သွားတွေကို ဖြူဖွေးစေတယ်

အဝါရောင်တောက်တောက် အဆင်းရှိတဲ့ နနွင်းမှုန့်လို ဟင်းခတ်အမွှေးအကြိုင်မျိုးက သွားတိုက်ဆေးသဘောမျိုးလည်း လုပ်ဆောင်နိုင်တာကိုသိရင် အံ့သြသွားမလား။ တကယ်တော့ နနွင်းမှုန့်မှာ သွားတွေကို သဘာဝအတိုင်း ဖြူဖွေးစေတဲ့ အစွမ်းရှိပြီး သွားကိုက်သွားနာခြင်းကိုလည်း သက်သာစေပါတယ်။ နနွင်းမှုန့်ကိုသုံးပြီး ဖလောင်ရွိုက်မပါတဲ့ သဘာဝသွားတိုက်ဆေး တစ်မျိုးကို ဖန်တီးလို့ ရပါတယ်။ နနွင်းမှုန့် (၄) ဇွန်း၊ မုန့်ဖုတ်ဆိုဒါ (၂) ဇွန်း၊ အုန်းဆီ ဇွန်းဝက်တို့ကို ရောပေးလိုက်ရုံပါပဲ။

၄။ ဝက်ခြံပျောက်စေတယ်

နနွင်းမှုန့်ဟာ ဝက်ခြံအတွက်လည်း ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ နနွင်းမှုန့်ဟာ ဘက်တီးရီးယားတွေ ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်တဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်လို့ပါပဲ။ နနွင်းမှုန့်ကို ပန်းသီးရှာလကာရည် နည်းနည်းနဲ့ရောပြီး ရလာတဲ့အနှစ်ကို လိမ်းပေးလိုက်ရုံနဲ့ အာနိသင်ကောင်းမွန်တဲ့ သဘာဝ ဝက်ခြံပျောက်ဆေးလေးကို ရရှိမှာပါ။

၅။ အမာရွတ်ပျောက်စေတယ်

ဝက်ခြံပေါက်ပြီးရင် ဖြေရှင်းရတတ်တဲ့ နောက်ဆက်တွဲပြဿနာတစ်ခုကတော့ အမာရွတ်တွေပါပဲ။ ဝက်ခြံကို လက်နဲ့ညှစ်မိလို့ပဲဖြစ်ဖြစ်၊ လက်သည်းနဲ့ ကုတ်မိလို့ပဲဖြစ်ဖြစ် မျက်နှာပေါ်မှာ ရုပ်ဆိုးတဲ့ အမာရွတ်ကြီးတွေ ကျန်ခဲ့တတ်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေဖို့ ဈေးကြီးပေးရတဲ့ အလှကုန်တွေကို သုံးဖို့မလိုအပ်ပါဘူး။ anti-inflammartory တစ်မျိုးဖြစ်တဲ့ နနွင်းမှုန့်ကိုပဲ အမာရွတ်ပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

နနွင်းမှုန့်ထဲက curcumin ဓာတ်ဟာ အားကောင်းတဲ့ antioxidant တစ်မျိုးလည်းဖြစ်တဲ့အတွက် melanin အလွန်အကျွံ ထုတ်လုပ်မှုတွေကိုု တားဆီးပေးပြီး အရေပြားအသားအရေကို ညီမျှစေပါတယ်။ တစ်နည်းအားဖြင့် အမာရွတ်တွေကို လျော့ပါးပျောက်ကွယ်စေပါတယ်။

၆။ နေလောင်ဒဏ်နဲ့ အရေးအကြောင်းတွေကို ပျောက်ကွယ်စေတယ်

အမျိုးသမီးတွေ အသက်အရွယ် ကြီးရင့်လာချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အရေပြားအရေးအကြောင်းတွေကြောင့် တော်တော်စိတ်ရှုပ် ရပါတယ်။ American Academy of Dermatology ရဲ့ (၆၈) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ တင်ပြခဲ့တဲ့ သုတေသန တစ်ခုကတော့ နနွင်းမှုန့်ပါဝင်တဲ့ moisturizer တစ်မျိုးမှာ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲကွက်တွေနဲ့ အရေပြား အရေးအကြောင်းတွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နနွင်းမှုန့်ဟာ ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်အကြာကြီး ထိတွေ့မှုကြောင့် ဖြစ်တတ်တဲ့ အရေပြား ကြုံ့ဆန့်နိုင်စွမ်း လျော့နည်းခြင်းကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top