iMyanmarHouse.com - Best Property Website for Myanmar
×

အသက္အရြယ္မေရြး ကေလးကေန လူၾကီးအထိ အသင့္စားလုိ႔ရတဲ့ အစားအေသာက္ေတြကုိ ၾကိဳက္ႏွစ္သက္ၾကပါတယ္။ ေစ်းလည္းသက္သာတာမုိ႔ အထူးသျဖင့္ ေကာလိပ္ေက်ာင္းသားေတြ သိပ္သေဘာက်ၾကပါတယ္။ အလုပ္အရမ္းမ်ားလြန္းသူေတြဆုိလည္း ဒီလိုအဆင္သင့္စားလို႔ရတဲ့ အစားအေသာက္ေတြကို ပိုစားျဖစ္တတ္ၾကပါတယ္။

ဒါေပမယ့္ အာဟာရတန္ဖုိးအရ ၾကည္႔ရင္ေတာ့ ဒီအစားအေသာက္ေတြဟာ အာဟာရမျပည့္ေစဘဲ အဆီ၊ ဆုိဒီယမ္၊ ၾကာၾကာအထားခံေစတဲ့ ပစၥည္းေတြနဲ႔ သဘာ၀မဟုတ္တဲ့ အေရာင္ဆုိးမႈေတြ မ်ားမ်ားပါ၀င္ေနပါတယ္။ အခ်ိဳမႈန္႔ရဲ႕ အရသာကလည္း စားသံုးသူေတြကုိ စြဲၿငိေစပါတယ္။ ဒါေပမယ့္ အဲဒီအသင့္စားေခါက္ဆြဲေတြကို က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစာအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဒါေၾကာင့္ ခဏခဏစားဖို႔ မသင့္ေတာ္ပါဘူး။

ခဏခဏစားမယ္ဆုိရင္ ဇီ၀ကမၼျဖစ္စဥ္နဲ႔ပတ္သက္တဲ့ ေရာဂါေတြ ၿဖစ္ႏုိင္ၿပီး ေသြးတိုး၊ ဆီးခ်ိဳနဲ႔ ႏွလံုးေရာဂါေတြကိုလည္း ျဖစ္ေစပါတယ္။ဒီေခါက္ဆြဲေတြကို ၾကိဳက္လညး္ၾကိဳက္တယ္၊ က်န္းမာေရးနဲ႔ သင့္ေတာ္ေအာင္လည္း စားခ်င္တယ္ဆုိရင္ေတာ့ ဒီအခ်က္ေတြကို လိုက္နာဖို႔လိုပါတယ္။

၁။ ဒီအတုိင္းမစားပစ္ပါနဲ႕

ေခါက္ဆြဲထုပ္ေတြကို မၿပဳတ္ဘဲ ေခ်ပစ္ၿပီး အမႈန္႕နဲ႕ေရာစားပစ္တာမ်ိဳး မလုပ္ပါနဲ႕။ ဒါဟာ မွားယြင္းတဲ့နည္းတစ္ခု ၿဖစ္ပါတယ္။ ၿပဳတ္ရတာကလည္း ေရေႏြးထည္႔ၿပီး မိနစ္အနည္းငယ္ေစာင့္လိုက္ရံုနဲ႕ ရတာမို႔ ၿပဳတ္ၿပီးမွ စားဖုိ႔ေၿပာလိုပါတယ္။

၂။ အခ်ိဳမႈန္႕ေလွ်ာ့စားပါ

ေခါက္ဆြဲထုပ္ထဲမွာ ပါ၀င္တဲ့ အခ်ိဳမႈန္႕က က်န္းမာေရးနဲ႕ မသင့္ေတာ္တဲ့ အဓိကအေၾကာင္းရင္း ၿဖစ္ပါတယ္။ အခ်ိဳမႈန္႕ေလွ်ာ့လိုက္ရင္ အရသာနည္းနည္းေပါ့ေကာင္း ေပါ့သြားႏုိင္ပါတယ္။ ဒါေပမယ့္လည္း တစ္၀က္ေလာက္ပဲ ထည္႔စားတာ ေကာင္းပါတယ္။ ဒါမွမဟုတ္ရင္ သင့္အိမ္မွာလုပ္ထားတဲ့ အမႈန္႕တခုခုထည္႔ၿပီး အရသာရွိေအာင္ စားႏုိင္ပါတယ္။

၃။ ေခါက္ဆြဲစားတာ ေလွ်ာ့ပါ

ေစ်း၀ယ္ထြက္တဲ့အခါ ေခါက္ဆြဲထုပ္ေတြ အမ်ားၾကီး ၀ယ္မလာပါနဲ႕။ ေတြ႕ေနရင္ စားမိတတ္လို႔ပါ။ ေခါက္ဆြဲအစားမ်ားတာက သင့္ကုိ ဘာေကာင္းက်ိဳးမွမေပးတာ သိေစခ်င္ပါတယ္။ အစာေခ်ရလည္း ခက္ေစပါတယ္။ ဒါေၾကာင့္ တစ္ပတ္ကုိ တစ္ၾကိမ္ သို႕မဟုတ္ ႏွစ္ၾကိမ္ပဲ စားပါ။

၄။ အာဟာရညီညႊတ္မွ်တစြာ စားပါ

ေခါက္ဆြဲမွာ ကာဗိုဟုိက္ၿဒိတ္ပါတာေၾကာင့္ တၿခားဟင္းသီးဟင္းရြက္၊ ပဲ၊ ၾကက္ဥတို႕နဲ႕ တြဲစားရင္ အာဟာရစံုစံုလင္လင္ ရႏုိ္င္ပါတယ္။

အဲဒီလိုမွ မလုပ္ခ်င္ဘူးဆိုရင္လည္း သင့္ဘာသာသင္ အိမ္မွာ ေခါက္ဆြဲၿပဳတ္စားႏုိင္ပါတယ္။ အသီးအရြက္နဲ႕ အသားတခ်ိဳ႕ထည္႔ပါ။ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ အရသာေရြးႏုိင္သလို ၄ရက္ေလာက္လည္း အထားခံပါတယ္။ ဗုိ္က္ဆာၿပီဆုိတာနဲ႕ ေရခဲေသတၱာထဲကေန ထုတ္ၿပီး အဆင္သင့္ ၿပဳတ္စားလိုက္ရံုပါပဲ။

ဒီနည္းလမ္းေတြကေတာ့ သင္သိပ္ၾကိဳက္တဲ့ အသင့္စားေခါက္ဆြဲကို က်န္းမာေရးညီညႊတ္ေအာင္ စားသံုးႏုိင္မယ့္ နည္းလမ္းေကာင္းတခ်ိဳ႕ပဲ ၿဖစ္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက်အရွယ်မရွေး ကလေးကနေ လူကြီးအထိ အသင့်စားလို့ရတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဈေးလည်းသက်သာတာမို့ အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ သိပ်သဘောကျကြပါတယ်။ အလုပ်အရမ်းများလွန်းသူတွေဆိုလည်း ဒီလိုအဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ကြပါတယ်။

ဒါပေမယ့် အာဟာရတန်ဖိုးအရ ကြည့်ရင်တော့ ဒီအစားအသောက်တွေဟာ အာဟာရမပြည့်စေဘဲ အဆီ၊ ဆိုဒီယမ်၊ ကြာကြာအထားခံစေတဲ့ ပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အရောင်ဆိုးမှုတွေ များများပါဝင်နေပါတယ်။ အချိုမှုန့်ရဲ့ အရသာကလည်း စားသုံးသူတွေကို စွဲငြိစေပါတယ်။ ဒါပေမယ့် အဲဒီအသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ခဏခဏစားဖို့ မသင့်တော်ပါဘူး။

ခဏခဏစားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။ဒီခေါက်ဆွဲတွေကို ကြိုက်လည်းကြိုက်တယ်၊ ကျန်းမာရေးနဲ့ သင့်တော်အောင်လည်း စားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ ဒီအတိုင်းမစားပစ်ပါနဲ့

ခေါက်ဆွဲထုပ်တွေကို မပြုတ်ဘဲ ချေပစ်ပြီး အမှုန့်နဲ့ရောစားပစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ မှားယွင်းတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ပြုတ်ရတာကလည်း ရေနွေးထည့်ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရုံနဲ့ ရတာမို့ ပြုတ်ပြီးမှ စားဖို့ပြောလိုပါတယ်။

၂။ အချိုမှုန့်လျှော့စားပါ

ခေါက်ဆွဲထုပ်ထဲမှာ ပါဝင်တဲ့ အချိုမှုန့်က ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အချိုမှုန့်လျှော့လိုက်ရင် အရသာနည်းနည်းပေါ့ကောင်း ပေါ့သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ဝက်လောက်ပဲ ထည့်စားတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင် သင့်အိမ်မှာလုပ်ထားတဲ့ အမှုန့်တခုခုထည့်ပြီး အရသာရှိအောင် စားနိုင်ပါတယ်။

၃။ ခေါက်ဆွဲစားတာ လျှော့ပါ

ဈေးဝယ်ထွက်တဲ့အခါ ခေါက်ဆွဲထုပ်တွေ အများကြီး ဝယ်မလာပါနဲ့။ တွေ့နေရင် စားမိတတ်လို့ပါ။ ခေါက်ဆွဲအစားများတာက သင့်ကို ဘာကောင်းကျိုးမှမပေးတာ သိစေချင်ပါတယ်။ အစာချေရလည်း ခက်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပဲ စားပါ။

၄။ အာဟာရညီညွှတ်မျှတစွာ စားပါ

ခေါက်ဆွဲမှာ ကာဗိုဟိုက်ဒြိတ်ပါတာကြောင့် တခြားဟင်းသီးဟင်းရွက်၊ ပဲ၊ ကြက်ဥတို့နဲ့ တွဲစားရင် အာဟာရစုံစုံလင်လင် ရနိုင်ပါတယ်။

အဲဒီလိုမှ မလုပ်ချင်ဘူးဆိုရင်လည်း သင့်ဘာသာသင် အိမ်မှာ ခေါက်ဆွဲပြုတ်စားနိုင်ပါတယ်။ အသီးအရွက်နဲ့ အသားတချို့ထည့်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာရွေးနိုင်သလို ၄ရက်လောက်လည်း အထားခံပါတယ်။ ဗိုက်ဆာပြီဆိုတာနဲ့ ရေခဲသေတ္တာထဲကနေ ထုတ်ပြီး အဆင်သင့် ပြုတ်စားလိုက်ရုံပါပဲ။

ဒီနည်းလမ်းတွေကတော့ သင်သိပ်ကြိုက်တဲ့ အသင့်စားခေါက်ဆွဲကို ကျန်းမာရေးညီညွှတ်အောင် စားသုံးနိုင်မယ့် နည်းလမ်းကောင်းတချို့ပဲ ဖြစ်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top