iMyanmarHouse.com - Best Property Website for Myanmar
×

႐ိုးရွင္းလြယ္ကူေသာ နည္းကေလးမ်ားသည္ပင္ က်န္းမာေရး ေကာင္းမြန္ေနေအာင္ ကူေပးႏိုင္သည္။ သမား႐ိုးက် နည္းလမ္းမ်ား အသံုး၀င္သလို၊ ေခတ္သစ္ သိပၸံနည္းက် ေတြ႔ရွိခ်က္မ်ားကလည္း အားကိုးရသည္။ သို႔ျဖစ္ရာ က်န္းမာေသာ ဘ၀တည္ၿမဲေနေအာင္ ထိန္းထားႏုိင္မည့္ ႐ိုးရွင္းေသာနည္းကေလး အခ်ဳိ႕ကို ေအာက္တြင္ အႀကံျပဳ ေဖာ္ျပသြားပါမည္။

ႏွလံုး က်န္းမာေရး

ခႏၶာကိုယ္တစ္ခုလံုးက ဆဲလ္တိုင္းဆီသို႔ ေသြးေရာက္ဖို႔အတြက္ က်ယ္ျပန္႔႐ႈပ္ေထြးလွေသာ ေသြးေၾကာ ကြန္ရက္ႀကီးတစ္ခုလံုးတြင္ ေသြးမ်ား ပံုမွန္စီးဆင္းေနေအာင္ ႏွလံုးက တစ္ခ်ိန္လံုးခုန္ကာ ေသြးမ်ား လက္ခံလိုက္၊ ညႇစ္ထုတ္လုိက္ လုပ္ေပးေနရသည္။ ဘ၀ေနမႈ ပံုစံသည္ ႏွလံုးက်န္းမာေရးအေပၚ တိုက္႐ိုက္ သက္ေရာက္မႈ ရွိသည္ဟုလည္း ေလ႔လာမႈ စစ္တမ္းေပါင္း မ်ားစြာက ေထာက္ျပေနၾကသည္။ သို႔ျဖစ္ရာ ႏွလံုးထိခိုက္မႈ အနည္းဆံုးျဖစ္ေအာင္ ေဆာင္သင့္ ေရွာင္သင့္တာေလးမ်ား ေဖာ္ျပလိုပါသည္။

ႏွလံုးခုန္သံ နားဆင္ပါ။

ႏွလံုးခုန္ ျမန္တာမ်ဳိး၊ ႏွလံုးခုန္ႏႈန္း မမွန္တာမ်ဳိး ႀကံဳဖူးပါ သလား။ ထိုသို႔ျဖစ္ျခင္းသည္ ေသြးလွည့္ပတ္မႈ လမ္းေၾကာင္းအတြင္း ပိတ္ဆို႔မႈမ်ား ရွိေနေၾကာင္း အခ်က္ျပမႈ ျဖစ္သလို၊ ေလျဖတ္ႏုိင္ေျခ ရွိသည့္ ေရွ႕ေျပး လကၡဏာလည္း ျဖစ္သည္။ ၾသစေၾတးလ် ေလ့လာမႈစစ္တမ္း တစ္ရပ္အရ အသက္ (၅၅) အထက္ လူႀကီးပိုင္း (၅၀) တြင္ တစ္ေယာက္သည္ ႏွလံုးခုန္ မမွန္သည့္ ေ၀ဒနာ ခံစားေနရေၾကာင္း သိရသည္။

သို႔ေသာ္ အမ်ားစုသည္ မိမိ ႏွလံုးခုန္ မမွန္မွန္းပင္ မသိၾကဟုလည္း စစ္တမ္းက ဆိုသည္။ လက္ေကာက္၀တ္မွာ ေသြးစမ္းျခင္းနည္းျဖင့္ ႏွလံုးခုန္ႏႈန္းကို ေရတြက္ၾကည့္ ႏိုင္သည္။ လည္ပင္းေသြးေၾကာကို ေထာက္ၿပီးလည္း စစ္ၾကည့္ႏိုင္သည္။ တစ္မိနစ္လွ်င္ ေသြးခုန္ႏႈန္း အႀကိမ္ တစ္ရာအထက္ဆိုလွ်င္ ျမန္သည္ဟု သတ္မွတ္ႏုိင္သည္။ မိမိေသြးခုန္ႏႈန္း ပံုမမွန္လွ်င္၊ ရွိသင့္သည္ထက္ ပိုျမန္ေနလွ်င္ ကၽြမ္းက်င္ ဆရာ၀န္ႏွင့္ တိုင္ပင္ေဆြးေႏြးသင့္သည္။

လည္ပင္း အရြယ္အစား သတိထား

ခါးဆိုက္ဒ္ႀကီးေလ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခ မ်ားေလဟုဆို ၾကသည္။ လည္ပင္းဆိုက္ဒ္ ႀကီးလွ်င္လည္း ႏွလံုးေရာဂါ ျဖစ္ပြားႏုိင္ေျခ မ်ားသည္ဆိုတာ သတိထားမိသူ နည္းေနေသးသည္။ လည္ပင္းဆိုက္ဒ္ ႀကီးလွ်င္လည္း ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခ မ်ားလာႏုိင္သည္ဟု အေမရိကန္ သုေတသီမ်ားက  ဆိုလိုက္သည္။ အေမရိကန္ အမ်ဳိးသမီးတစ္ေယာက္ ရွိသင့္သည့္ ပ်မ္းမွ် လည္ပင္းလံုးပတ္သည္ (၃၄ ဒသမ ၂) စင္တီမီတာ ျဖစ္ၿပီး အမ်ဳိးသားက (၄၀ ဒသမ ၅) စင္တီမီတာဟု သုေတသီတို႔က ဆိုသည္။ လည္ပင္းလံုးပတ္ ထူပိန္း ႀကီးမားျခင္းသည္ အဆီမ်ားျခင္းကို ရည္ညႊန္းၿပီး အသည္းႏွင့္ ႏွလံုးေနရာတြင္ အက်ဳိးမျပဳေသာ အဆီမ်ားစု ပံုလာသည့္ ျပယုဂ္လည္း ျဖစ္သည္။

နားၾကပ္ကို ရင္ဘတ္ အိတ္ကပ္ထဲ ထည့္မထားနဲ႔

ႏွလံုးထိန္းညွိစက္ တပ္ထားရသူမ်ား အေနျဖင့္ သီခ်င္းနားေထာင္သည့္ နားၾကပ္ကို ရင္ဘတ္ အိတ္ကပ္ထဲ ထည့္မထားဖို႔ အႀကံေပးလိုသည္။ နားၾကပ္ထဲတြင္ ပါလာေသာ သံလိုက္သည္ ႏွလံုးထိန္းညွိစက္ အလုပ္လုပ္မႈကို အေႏွာင့္အယွက္ေပး ႏုိင္သည္။ အေမရိကန္ ေလ႔လာမႈ တစ္ခုအရ ႏွလံုးထိန္းညႇိစက္ (၂၀) ရာခိုင္ႏႈန္းသည္ နားက်ပ္ထဲက သံလိုက္၏ လႊမ္းမိုးမႈေၾကာင့္ အလုပ္လုပ္မႈ ထိခိုက္ေၾကာင္း ေတြ႔ရသည္။ သို႔ျဖစ္ရာ စာဖတ္သူသည္ ႏွလံုးထိန္းညိႇစက္ (pecemaker) တပ္ထားရသူ ျဖစ္ပါက နားၾကပ္ကို ရင္ဘတ္အိတ္ကပ္ထဲ ထည့္မထားဖို႔ အႀကံျပဳလိုသည္။ ျဖစ္ႏုိင္လွ်င္ နားၾကပ္ႀကိဳးကို ရင္ဘတ္မွာ တြဲေလာင္း ဆြဲထားျခင္းမ်ဳိးပင္ မလုပ္လွ်င္ အေကာင္းဆံုး ျဖစ္သည္။

မွတ္ၪာဏ္ေကာင္းေစဖို႔

လူ႔ဦးေႏွာက္၏ အခ်က္အလက္ မွတ္သားႏိုင္စြမ္းသည္ အံ႔ဖြယ္ ေကာင္းေလာက္ေအာင္ကို အစြမ္းထက္လွသည္။ လူ႔ဦးေႏွာက္သည္ အခ်က္အလက္မ်ားကို သိုမွီးထား႐ံုသာမက ေလ့က်င့္ေပးတတ္လွ်င္ ေပးတတ္သေလာက္ သိုမွီးပံုပို ေကာင္းလာသလို၊ ျပန္လည္ ထုတ္သံုးႏုိင္စြမ္းလည္း ပိုေကာင္းလာေၾကာင္း သိရသည္။

သို႔ျဖစ္ရာ ဦးေႏွာက္အစြမ္း ပိုထက္လာေအာင္ ဘာေတြလုပ္သင့္ သနည္း။

အဆီဓာတ္မ်ားေသာ ေဆာ္လ္မြန္၊ ငါးေသတၱာ၊ ငါးကြမ္းရွပ္ စသည္တို႔ထဲတြင္ အိုမီဂါ-၃ ဖက္တီး အက္စစ္ဓာတ္ ေပါႂကြယ္၀စြာ ပါ၀င္သည္။ ထိုအက္စစ္ဓာတ္သည္ ဦးေႏွာက္ အစြမ္းထက္ျမက္ေနေအာင္ ကူေပးႏိုင္သည့္ ထိပ္ဆံုး အာဟာရ ျဖစ္သည္။ သၾကားဓာတ္မ်ားေသာ အစားအေသာက္မ်ားက ဦးေႏွာက္အား ဖ်က္ဆီးမႈမ်ားကို အိုမီဂါ-၃ က ျပန္လည္ ကုစားေပးႏုိင္စြမ္းရွိေၾကာင္း ၀ါရွင္တန္ အေျခစိုက္ မ်ဳိးဗီဇ၊ အာဟာရႏွင့္ က်န္းမာေရး စင္တာ၏ သုေတသနက ေတြ႔ရွိထားသည္။ အျခား သုေတသန တစ္ရပ္အရလည္း အိုမီဂါ-၃သည္ ဦးေႏွာက္ဆဲလ္ တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္ထားသည့္ ကြန္ရက္မ်ားကို အားေကာင္းခိုင္မာေစသျဖင့္ ဦးေႏွာက္သည္ အလုပ္လုပ္ႏုိင္စြမ္း ပိုေကာင္းလာရသည္ဟု ဆိုထားသည္။ အဆီမ်ားေသာ ငါးမ်ားကို တစ္ပတ္ ႏွစ္ႀကိမ္ သံုးႀကိမ္ ခန္႔ စားေပး႐ံုျဖင့္ပင္ မွတ္ဉာဏ္ထက္ေနဖို႔ လံုေလာက္သည္ဟု သုေတသီတို႔က ဆိုသည္။ ငါးဟင္း မႀကိဳက္သူမ်ားအေနျဖင့္ ငါးႀကီးဆီ စားေပးသင့္သည္။

လိင္က်န္းမာေရး ေကာင္းေအာင္ ထိန္းသိမ္းပါ။

ေန႔စဥ္ ႀကံဳေနရသည့္ စိတ္ဖိစီးမႈမ်ား၊ ေသာကမ်ားက အိပ္ခန္းထဲထိပါ လိုက္လံ ဒုကၡေပးႏိုင္သည္။ ထို႔ကိစၥ ေျဖရွင္းဖို႔ ေဆးေတြ ေသာက္ေနဖို႔ မလို။ ျပႆနာကို ေျပလည္ေစမည့္ ႐ိုးရွင္းေသာ နည္းကေလးမ်ား သိထား႐ံုျဖင့္ပင္ လံုေလာက္သည္။

ေငြေၾကးကိစၥ စိတ္ေအးရေအာင္ ႀကိဳးစားပါ။

ေငြေၾကးသည္ အလံုးစံု ေပ်ာ္ရႊင္မႈကို မ၀ယ္ယူႏုိင္ေသာ္လည္း စိတ္ဖိစီးမႈ ၀န္ထုပ္ေအာက္မွ လြတ္ေျမာက္ေအာင္ေတာ႔ ကူညီေပးႏိုင္သည္။ ေငြေၾကးအတြက္ စိတ္ပူေနရသူသည္ အိမ္ေထာင္ေရးတြင္ လိင္ကိစၥ စိတ္ေက်နပ္မႈပါ ထိခိုက္ က်ဆင္းရကာ စိတ္က်ေ၀ဒနာပါ ခံစားရတတ္သည္။ အိမ္ေထာင္သာယာမႈ ထိခိုက္ေစ ေသာကိစၥမ်ားကို စစ္တမ္းေကာက္ၾကည့္သည့္ အခါတြင္လည္း ေငြေၾကးအတြက္ စိတ္ပူပန္ေနရျခင္းက ထိပ္ဆံုးမွာရွိ ေနသည္။ အလုပ္ကိစၥေတြ ပူပင္ေသာက ေရာက္ေနရျခင္း၊ ကေလးေတြ ကိစၥ လုပ္ေနရျခင္းတို႔သည္လည္း ထိပ္ဆံုး အေၾကာင္းအရာမ်ားထဲတြင္ ပါ၀င္သည္။ အထူးသျဖင့္ ေငြေၾကးကိစၥ စိတ္ပူပန္ေနရေသာ အမ်ဳိးသားတို႔သည္ အိမ္ေထာင္ေရးကို ပိုျမန္ျမန္ စိတ္ပ်က္လာတတ္ေၾကာင္းလည္း သုေတသန စစ္တမ္းက ေဖာ္ျပသည္။

ကိုယ္ခံစြမ္းအား ေကာင္းမြန္ေစဖို႔

လူသားႏွင့္ ကူးစက္ေရာဂါမ်ား တိုက္ပြဲသည္ ၿပီးဆံုးသည္ရယ္မရွိ။ ေန႔စဥ္နဲ႔အမွ် ခုခံအားစနစ္သည္ ျပင္ပက ၀င္လာေသာ ေရာဂါပိုးမႊားမ်ားကို တိုက္ခိုက္ေခ်မႈန္း ေနရသည္။ ကိုယ္စားသည့္ အစားအစာ၊ ကိုယ္႔စိတ္ က်န္းမာႏႈန္း၊ ကိုယ္ေလ႔က်င့္ခန္း လုပ္ႏႈန္း စသျဖင့္ ကိုယ္႔ေနထိုင္မႈ ပံုစံမ်ားသည္ ကိုယ့္ခုခံအားစနစ္၏ စြမ္းရည္အေပၚ အေကာင္းေရာ အဆိုးပါ သက္ေရာက္မႈရွိသည္။

အက်ဳိး ျဖစ္ေစမည့္ အဆီဓာတ္ေတြ စားသံုးပါ။

အဆီစားတိုင္း ဆိုးက်ဳိးျဖစ္သည္ရယ္ မဟုတ္။ ခႏၶာကိုယ္ ဆဲလ္မ်ား တည္ေဆာက္ဖို႔အတြက္ အက်ဳိးျပဳသည့္ အဆီဓာတ္ေတြ စားေပးျခင္းသည္ ခုခံအားစနစ္ ေကာင္းမြန္ေရးအတြက္ပါ အက်ဳိးရွိသည္။ ေရာဂါပိုးမႊားမ်ားကို တိုက္ဖ်က္သည့္ ေသြးျဖဴဥမ်ား ပံုမွန္အတိုင္း ထြက္ရွိေနေအာင္ ကူေပးသည့္ အဆီဓာတ္မ်ားလည္း ရွိသည္။ အသားမ်ားကေန ထုတ္ယူထားေသာ အဆီမ်ားကို ေရွာင္သင့္သည္။ ဟင္းသီးဟင္းရြက္မ်ားကေန ထုတ္ယူထားေသာ အဆီတို႔သည္ လူကို အက်ဳိးျပဳသည္။

အခ်ဳိေတြ ေရွာင္

သၾကားဓာတ္ (၇၅) ဂရမ္မွ်သည္ပင္ ခႏၶာကိုယ္ ခုခံအားတပ္ဖြဲ႔ လုပ္ငန္းမ်ား ကေမာက္ကမ ျဖစ္ေအာင္ လုပ္ပစ္ႏိုင္သည္။ ထိုႏႈန္းသည္ လက္ဖက္ရည္ဇြန္း ဆယ္ဇြန္းစာ သို႔မဟုတ္ (၃၃၀) မီလီလီတာ အခ်ဳိရည္ဗူး ႏွစ္ဗူးထဲတြင္ ပါေသာ သၾကားဓာတ္ႏွင့္ ညီမွ်သည္။ အခ်ဳိႀကိဳက္သူမ်ား အေနျဖင့္ သဘာ၀ အခ်ဳိဓာတ္ရေသာ အသီးအႏွံမ်ားကို စားသံုးသင့္သည္။ အသီးအႏွံမ်ားတြင္ လူကို အက်ဳိးျပဳေသာ အမွ်င္ဓာတ္လည္း ပါ၀င္သည္။

ရယ္ေမာျခင္းသည္ ဘယ္ေတာ့မွ အာနိသင္ မေလ်ာ့သည့္ေဆး။

ရယ္ေမာျခင္းသည္ လူကို စိတ္ခ်မ္းသာေစ႐ံုသာမက ခုခံအားစနစ္ကိုလည္း အားေကာင္းေစ၏။ ရယ္ေမာျခင္းသည္ စိတ္ဖိစီးမႈ ဟိုမုန္းထြက္ႏႈန္း ေလ်ာ႔သြားေအာင္လည္း လုပ္ေပးႏုိင္သည္။ အခြင့္သင့္တိုင္း ရယ္ေမာပါ။ သူငယ္ခ်င္းမ်ားနဲ႔ ေတြ႔လွ်င္ ရယ္စရာေတြေျပာကာ ေပါ႔ေပါ႔ပါးပါး ေနထိုင္ပါ။ မိမိေၾကာင့္ သူမ်ားေတြပါ ရယ္ေမာရလွ်င္ ထိုသူမ်ားကိုပါ မိမိက က်န္းမာေရး လက္ေဆာင္ေကာင္း ေပးအပ္ရာ ေရာက္သည္။

Credit : Messenger
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရိုးရှင်းလွယ်ကူသော နည်းကလေးများသည်ပင် ကျန်းမာရေး ကောင်းမွန်နေအောင် ကူပေးနိုင်သည်။ သမားရိုးကျ နည်းလမ်းများ အသုံးဝင်သလို၊ ခေတ်သစ် သိပ္ပံနည်းကျ တွေ့ရှိချက်များကလည်း အားကိုးရသည်။ သို့ဖြစ်ရာ ကျန်းမာသော ဘဝတည်မြဲနေအောင် ထိန်းထားနိုင်မည့် ရိုးရှင်းသောနည်းကလေး အချို့ကို အောက်တွင် အကြံပြု ဖော်ပြသွားပါမည်။

နှလုံး ကျန်းမာရေး

ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တိုင်းဆီသို့ သွေးရောက်ဖို့အတွက် ကျယ်ပြန့်ရှုပ်ထွေးလှသော သွေးကြော ကွန်ရက်ကြီးတစ်ခုလုံးတွင် သွေးများ ပုံမှန်စီးဆင်းနေအောင် နှလုံးက တစ်ချိန်လုံးခုန်ကာ သွေးများ လက်ခံလိုက်၊ ညှစ်ထုတ်လိုက် လုပ်ပေးနေရသည်။ ဘဝနေမှု ပုံစံသည် နှလုံးကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိသည်ဟုလည်း လေ့လာမှု စစ်တမ်းပေါင်း များစွာက ထောက်ပြနေကြသည်။ သို့ဖြစ်ရာ နှလုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်သင့် ရှောင်သင့်တာလေးများ ဖော်ပြလိုပါသည်။

နှလုံးခုန်သံ နားဆင်ပါ။

နှလုံးခုန် မြန်တာမျိုး၊ နှလုံးခုန်နှုန်း မမှန်တာမျိုး ကြုံဖူးပါ သလား။ ထိုသို့ဖြစ်ခြင်းသည် သွေးလှည့်ပတ်မှု လမ်းကြောင်းအတွင်း ပိတ်ဆို့မှုများ ရှိနေကြောင်း အချက်ပြမှု ဖြစ်သလို၊ လေဖြတ်နိုင်ခြေ ရှိသည့် ရှေ့ပြေး လက္ခဏာလည်း ဖြစ်သည်။ သြစတြေးလျ လေ့လာမှုစစ်တမ်း တစ်ရပ်အရ အသက် (၅၅) အထက် လူကြီးပိုင်း (၅၀) တွင် တစ်ယောက်သည် နှလုံးခုန် မမှန်သည့် ဝေဒနာ ခံစားနေရကြောင်း သိရသည်။

သို့သော် အများစုသည် မိမိ နှလုံးခုန် မမှန်မှန်းပင် မသိကြဟုလည်း စစ်တမ်းက ဆိုသည်။ လက်ကောက်ဝတ်မှာ သွေးစမ်းခြင်းနည်းဖြင့် နှလုံးခုန်နှုန်းကို ရေတွက်ကြည့် နိုင်သည်။ လည်ပင်းသွေးကြောကို ထောက်ပြီးလည်း စစ်ကြည့်နိုင်သည်။ တစ်မိနစ်လျှင် သွေးခုန်နှုန်း အကြိမ် တစ်ရာအထက်ဆိုလျှင် မြန်သည်ဟု သတ်မှတ်နိုင်သည်။ မိမိသွေးခုန်နှုန်း ပုံမမှန်လျှင်၊ ရှိသင့်သည်ထက် ပိုမြန်နေလျှင် ကျွမ်းကျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လည်ပင်း အရွယ်အစား သတိထား

ခါးဆိုက်ဒ်ကြီးလေ နှလုံးရောဂါ ဖြစ်နိုင်ခြေ များလေဟုဆို ကြသည်။ လည်ပင်းဆိုက်ဒ် ကြီးလျှင်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များသည်ဆိုတာ သတိထားမိသူ နည်းနေသေးသည်။ လည်ပင်းဆိုက်ဒ် ကြီးလျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ များလာနိုင်သည်ဟု အမေရိကန် သုတေသီများက  ဆိုလိုက်သည်။ အမေရိကန် အမျိုးသမီးတစ်ယောက် ရှိသင့်သည့် ပျမ်းမျှ လည်ပင်းလုံးပတ်သည် (၃၄ ဒသမ ၂) စင်တီမီတာ ဖြစ်ပြီး အမျိုးသားက (၄၀ ဒသမ ၅) စင်တီမီတာဟု သုတေသီတို့က ဆိုသည်။ လည်ပင်းလုံးပတ် ထူပိန်း ကြီးမားခြင်းသည် အဆီများခြင်းကို ရည်ညွှန်းပြီး အသည်းနှင့် နှလုံးနေရာတွင် အကျိုးမပြုသော အဆီများစု ပုံလာသည့် ပြယုဂ်လည်း ဖြစ်သည်။

နားကြပ်ကို ရင်ဘတ် အိတ်ကပ်ထဲ ထည့်မထားနဲ့

နှလုံးထိန်းညှိစက် တပ်ထားရသူများ အနေဖြင့် သီချင်းနားထောင်သည့် နားကြပ်ကို ရင်ဘတ် အိတ်ကပ်ထဲ ထည့်မထားဖို့ အကြံပေးလိုသည်။ နားကြပ်ထဲတွင် ပါလာသော သံလိုက်သည် နှလုံးထိန်းညှိစက် အလုပ်လုပ်မှုကို အနှောင့်အယှက်ပေး နိုင်သည်။ အမေရိကန် လေ့လာမှု တစ်ခုအရ နှလုံးထိန်းညှိစက် (၂၀) ရာခိုင်နှုန်းသည် နားကျပ်ထဲက သံလိုက်၏ လွှမ်းမိုးမှုကြောင့် အလုပ်လုပ်မှု ထိခိုက်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ စာဖတ်သူသည် နှလုံးထိန်းညှိစက် (pecemaker) တပ်ထားရသူ ဖြစ်ပါက နားကြပ်ကို ရင်ဘတ်အိတ်ကပ်ထဲ ထည့်မထားဖို့ အကြံပြုလိုသည်။ ဖြစ်နိုင်လျှင် နားကြပ်ကြိုးကို ရင်ဘတ်မှာ တွဲလောင်း ဆွဲထားခြင်းမျိုးပင် မလုပ်လျှင် အကောင်းဆုံး ဖြစ်သည်။

မှတ်ဉာဏ်ကောင်းစေဖို့

လူ့ဦးနှောက်၏ အချက်အလက် မှတ်သားနိုင်စွမ်းသည် အံ့ဖွယ် ကောင်းလောက်အောင်ကို အစွမ်းထက်လှသည်။ လူ့ဦးနှောက်သည် အချက်အလက်များကို သိုမှီးထားရုံသာမက လေ့ကျင့်ပေးတတ်လျှင် ပေးတတ်သလောက် သိုမှီးပုံပို ကောင်းလာသလို၊ ပြန်လည် ထုတ်သုံးနိုင်စွမ်းလည်း ပိုကောင်းလာကြောင်း သိရသည်။

သို့ဖြစ်ရာ ဦးနှောက်အစွမ်း ပိုထက်လာအောင် ဘာတွေလုပ်သင့် သနည်း။

အဆီဓာတ်များသော ဆော်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွမ်းရှပ် စသည်တို့ထဲတွင် အိုမီဂါ-၃ ဖက်တီး အက်စစ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်သည်။ ထိုအက်စစ်ဓာတ်သည် ဦးနှောက် အစွမ်းထက်မြက်နေအောင် ကူပေးနိုင်သည့် ထိပ်ဆုံး အာဟာရ ဖြစ်သည်။ သကြားဓာတ်များသော အစားအသောက်များက ဦးနှောက်အား ဖျက်ဆီးမှုများကို အိုမီဂါ-၃ က ပြန်လည် ကုစားပေးနိုင်စွမ်းရှိကြောင်း ဝါရှင်တန် အခြေစိုက် မျိုးဗီဇ၊ အာဟာရနှင့် ကျန်းမာရေး စင်တာ၏ သုတေသနက တွေ့ရှိထားသည်။ အခြား သုတေသန တစ်ရပ်အရလည်း အိုမီဂါ-၃သည် ဦးနှောက်ဆဲလ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ကွန်ရက်များကို အားကောင်းခိုင်မာစေသဖြင့် ဦးနှောက်သည် အလုပ်လုပ်နိုင်စွမ်း ပိုကောင်းလာရသည်ဟု ဆိုထားသည်။ အဆီများသော ငါးများကို တစ်ပတ် နှစ်ကြိမ် သုံးကြိမ် ခန့် စားပေးရုံဖြင့်ပင် မှတ်ဉာဏ်ထက်နေဖို့ လုံလောက်သည်ဟု သုတေသီတို့က ဆိုသည်။ ငါးဟင်း မကြိုက်သူများအနေဖြင့် ငါးကြီးဆီ စားပေးသင့်သည်။

လိင်ကျန်းမာရေး ကောင်းအောင် ထိန်းသိမ်းပါ။

နေ့စဉ် ကြုံနေရသည့် စိတ်ဖိစီးမှုများ၊ သောကများက အိပ်ခန်းထဲထိပါ လိုက်လံ ဒုက္ခပေးနိုင်သည်။ ထို့ကိစ္စ ဖြေရှင်းဖို့ ဆေးတွေ သောက်နေဖို့ မလို။ ပြဿနာကို ပြေလည်စေမည့် ရိုးရှင်းသော နည်းကလေးများ သိထားရုံဖြင့်ပင် လုံလောက်သည်။

ငွေကြေးကိစ္စ စိတ်အေးရအောင် ကြိုးစားပါ။

ငွေကြေးသည် အလုံးစုံ ပျော်ရွှင်မှုကို မဝယ်ယူနိုင်သော်လည်း စိတ်ဖိစီးမှု ဝန်ထုပ်အောက်မှ လွတ်မြောက်အောင်တော့ ကူညီပေးနိုင်သည်။ ငွေကြေးအတွက် စိတ်ပူနေရသူသည် အိမ်ထောင်ရေးတွင် လိင်ကိစ္စ စိတ်ကျေနပ်မှုပါ ထိခိုက် ကျဆင်းရကာ စိတ်ကျဝေဒနာပါ ခံစားရတတ်သည်။ အိမ်ထောင်သာယာမှု ထိခိုက်စေ သောကိစ္စများကို စစ်တမ်းကောက်ကြည့်သည့် အခါတွင်လည်း ငွေကြေးအတွက် စိတ်ပူပန်နေရခြင်းက ထိပ်ဆုံးမှာရှိ နေသည်။ အလုပ်ကိစ္စတွေ ပူပင်သောက ရောက်နေရခြင်း၊ ကလေးတွေ ကိစ္စ လုပ်နေရခြင်းတို့သည်လည်း ထိပ်ဆုံး အကြောင်းအရာများထဲတွင် ပါဝင်သည်။ အထူးသဖြင့် ငွေကြေးကိစ္စ စိတ်ပူပန်နေရသော အမျိုးသားတို့သည် အိမ်ထောင်ရေးကို ပိုမြန်မြန် စိတ်ပျက်လာတတ်ကြောင်းလည်း သုတေသန စစ်တမ်းက ဖော်ပြသည်။

ကိုယ်ခံစွမ်းအား ကောင်းမွန်စေဖို့

လူသားနှင့် ကူးစက်ရောဂါများ တိုက်ပွဲသည် ပြီးဆုံးသည်ရယ်မရှိ။ နေ့စဉ်နဲ့အမျှ ခုခံအားစနစ်သည် ပြင်ပက ဝင်လာသော ရောဂါပိုးမွှားများကို တိုက်ခိုက်ချေမှုန်း နေရသည်။ ကိုယ်စားသည့် အစားအစာ၊ ကိုယ့်စိတ် ကျန်းမာနှုန်း၊ ကိုယ်လေ့ကျင့်ခန်း လုပ်နှုန်း စသဖြင့် ကိုယ့်နေထိုင်မှု ပုံစံများသည် ကိုယ့်ခုခံအားစနစ်၏ စွမ်းရည်အပေါ် အကောင်းရော အဆိုးပါ သက်ရောက်မှုရှိသည်။

အကျိုး ဖြစ်စေမည့် အဆီဓာတ်တွေ စားသုံးပါ။

အဆီစားတိုင်း ဆိုးကျိုးဖြစ်သည်ရယ် မဟုတ်။ ခန္ဓာကိုယ် ဆဲလ်များ တည်ဆောက်ဖို့အတွက် အကျိုးပြုသည့် အဆီဓာတ်တွေ စားပေးခြင်းသည် ခုခံအားစနစ် ကောင်းမွန်ရေးအတွက်ပါ အကျိုးရှိသည်။ ရောဂါပိုးမွှားများကို တိုက်ဖျက်သည့် သွေးဖြူဥများ ပုံမှန်အတိုင်း ထွက်ရှိနေအောင် ကူပေးသည့် အဆီဓာတ်များလည်း ရှိသည်။ အသားများကနေ ထုတ်ယူထားသော အဆီများကို ရှောင်သင့်သည်။ ဟင်းသီးဟင်းရွက်များကနေ ထုတ်ယူထားသော အဆီတို့သည် လူကို အကျိုးပြုသည်။

အချိုတွေ ရှောင်

သကြားဓာတ် (၇၅) ဂရမ်မျှသည်ပင် ခန္ဓာကိုယ် ခုခံအားတပ်ဖွဲ့ လုပ်ငန်းများ ကမောက်ကမ ဖြစ်အောင် လုပ်ပစ်နိုင်သည်။ ထိုနှုန်းသည် လက်ဖက်ရည်ဇွန်း ဆယ်ဇွန်းစာ သို့မဟုတ် (၃၃၀) မီလီလီတာ အချိုရည်ဗူး နှစ်ဗူးထဲတွင် ပါသော သကြားဓာတ်နှင့် ညီမျှသည်။ အချိုကြိုက်သူများ အနေဖြင့် သဘာ၀ အချိုဓာတ်ရသော အသီးအနှံများကို စားသုံးသင့်သည်။ အသီးအနှံများတွင် လူကို အကျိုးပြုသော အမျှင်ဓာတ်လည်း ပါဝင်သည်။

ရယ်မောခြင်းသည် ဘယ်တော့မှ အာနိသင် မလျော့သည့်ဆေး။

ရယ်မောခြင်းသည် လူကို စိတ်ချမ်းသာစေရုံသာမက ခုခံအားစနစ်ကိုလည်း အားကောင်းစေ၏။ ရယ်မောခြင်းသည် စိတ်ဖိစီးမှု ဟိုမုန်းထွက်နှုန်း လျော့သွားအောင်လည်း လုပ်ပေးနိုင်သည်။ အခွင့်သင့်တိုင်း ရယ်မောပါ။ သူငယ်ချင်းများနဲ့ တွေ့လျှင် ရယ်စရာတွေပြောကာ ပေါ့ပေါ့ပါးပါး နေထိုင်ပါ။ မိမိကြောင့် သူများတွေပါ ရယ်မောရလျှင် ထိုသူများကိုပါ မိမိက ကျန်းမာရေး လက်ဆောင်ကောင်း ပေးအပ်ရာ ရောက်သည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top