ေခြ်းေပါက္ပိတ္ဆို႕တယ္ဆိုတာ လူတိုင္းျဖစ္ဖူးမွာပါ။မ်က္ႏွာအေရျပားေအာက္မွာရွိတဲ့ ဂလင္းေလးေတြကေန ထြက္လာတဲ့အဆီက အေရျပားဆဲလ္ေသေတြ၊မ်က္ႏွာေပၚက အေမြးအမွင္ေတြနဲ႔ေတြ႔တဲ့အခါ ေခြ်းေပါက္ပိတ္ဆို႔ျခင္း ျဖစ္လာတာပါ။ အဲဒီကမွ ပိုးဝင္သြားရင္ ဝက္ျခံေတြျဖစ္လာတတ္ပါတယ္။ ဒါကိုကုသတဲ့အခါ အသားအေရကို သန္႔စင္ေစျပီး ေခြ်းေပါက္ကိုပြင့္ေစဖို႔ မ်က္ႏွာေပါင္းတင္တဲ့ နည္းလမ္းအမ်ိဳးမ်ိဳး သံုးၾကပါတယ္။
ေခြ်းေပါက္ပိတ္ျခင္းက ဝက္ျခံေတြျဖစ္ေစျပီး အသားအေရကို ေရရွည္မွာထိခို္က္ေစနိုင္ပါတယ္။ ထပ္ကာတလဲလဲ ဝက္ျခံေတြျဖစ္လာတာကလည္း ေခြ်းေပါက္ကို ပိုက်ယ္ေစျပီး ေခြ်းေပါက္ပိတ္ျခင္းနဲ႔ ဝက္ျခံျဖစ္ျခင္းကို ပိုေတာင္ျဖစ္လာေစနိုင္ပါတယ္။ ဝက္ျခံဆိုးလာရင္ အမာရြတ္က်န္ခဲ့တာကလည္း ျပႆနာမေသးပါဘူး။
အမွန္ေတာ့ ကြ်န္မတို႔ရဲ႕အသားအေရက ဖုန္မႈန္႔ေတြ၊အညစ္အေၾကးေတြနဲ႔ ေန႔စဥ္ထိေတြ႔ေနရတာျဖစ္လို႔ ေခြ်းေပါက္ပိတ္တာက ေရွာင္လႊဲလို႔မရနိုင္တဲ့ရလဒ္ပါပဲ။ မ်က္ႏွာအသားအေရကို စိုေျပသန္႔စင္ေစဖို႔ထိန္းသိမ္းရာမွာ မ်က္ႏွာသစ္ရံုေလာက္နဲ႔လည္း ေခြ်းေပါက္ကိုမပြင့္ေစနိုင္ပါဘူး။
အမ်ားစုအတြက္ေတာ့ နက္ရိႈင္းစြာသန္႔စင္ေပးတဲ့နည္းလမ္းေတြကို ပံုမွန္လုပ္ေပးတာကပဲ ေခြ်းေပါက္ပြင့္ေစျပီး ဝက္ျခံမျဖစ္ေအာင္ကာကြယ္ေပးဖို႔အေကာင္းဆံုးျဖစ္ပါတယ္။
ေခြ်းေပါက္ပြင့္ေစမယ့္ သဘာဝနည္းလမ္းမ်ား
အသားအေရထိန္းသိမ္းေရးပစၥည္းေတြ၊ ေဆးဝါးေတြအသံုးမျပဳခင္မွာ ေခြ်းေပါက္ပိတ္ျခင္းနဲ႕ဝက္ျခံအတြက္ ဒီလိုသဘာဝနည္းလမ္းေတြထဲက အဆင္ေျပရာကို အရင္လုပ္ၾကည့္နိုင္ပါတယ္။
(၁) ေရေႏြးေငြ႕နဲ႔ေပါင္းတင္မယ္
ေရေႏြးေငြ႕နဲ႔ေပါင္းတင္တာက ေခြ်းေပါက္ေတြပြင့္ေစတဲ့အျပင္ အညစ္အေၾကးေတြ၊အဆီေတြကိုဖယ္ရွားေပးျပီး မ်က္ႏွာကို ၾကည္လင္ရွင္းသန္႔ေစတဲ့နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။အဲဒီမွာ ေဆးဖက္ဝင္သဘာဝပစၥည္းေတြေရာသံုးေပးရင္ ပုိေကာင္းပါတယ္။
အေငြ႕တေထာင္းေထာင္းနဲ႔ ေရေႏြးကို ဇလံုထဲေလာင္းထည့္ျပီး ခ်မ္မိုမိုင္း သို႔မဟုတ္ ႏွင္းဆီပန္းပြင့္ဖတ္ေလးေတြကို နုတ္နုတ္စဥ္းျပီးျဖဴးထည့္ပါ။ ပန္းကရတဲ့ essential oil ေတြလည္း ထည့္နိုင္ပါတယ္။ ျပီးမွ ေခါင္းမွာတဘက္တစ္ခုနဲ႔ပတ္ျပီး မ်က္ႏွာကို ေရေႏြးေငြ႕ခံပါ။ ၁၅ မိနစ္ေလာက္ဆက္ေပါင္းတင္ျပီး မ်က္ႏွာကို တဘက္အစိုနဲ႔အသာအယာသုတ္ပါ။ေနာက္ျပီးမွ moisturizer တစ္မ်ိဳးလိမ္းေပးပါ။
(၂) သၾကား scrub
ေခြ်းေပါက္က်ဥ္းေစဖို႔နဲ႔ မျမင္ရတဲ့ဖုန္မႈန္႕ေတြကို အေရျပားေပၚကဖယ္ရွားနိင္ဖို႔သၾကား scrub ကိုသံုးနိုင္ပါတယ္။ သၾကား scrub က ဆဲလ္ေသဖယ္ရွားနိုင္တဲ့ သဘာဝအစြမ္းအာနိသင္ရွိလို႔ အမာရြတ္တစ္ရွဴးေတြကို တားဆီးေပးျပီး ေခြ်းေပါက္ပိတ္ဆို႔ျခင္းကို အျမန္ သက္သာေစပါတယ္။ အရင္ဆံုး သၾကားနည္းနည္းကို မႈန္႕ေအာင္ၾကိတ္လိုက္ပါ။ ပန္းကန္လံုးတစ္ခုထဲမွာ သၾကားမႈန္႔လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းရယ္၊ သံပုရာရည္ရယ္ေရာလိုက္ပါ။ ေမႊရင္းအႏွစ္ျဖစ္သြားတဲ့အခါ မ်က္ႏွာ္မွာပြတ္သုတ္ျပီး ၅ မိနစ္အၾကာမွာ ေရနဲ႔မ်က္ႏွာသစ္ပါ။အေကာငး္ဆံုးကေတာ့ ဒီနည္းကို တစ္ပတ္တစ္ၾကိမ္လုပ္ေပးပါ။
(၃) ခရမ္းခ်ဥ္သီးရည္
ခရမ္းခ်ဥ္သီးမွာ ဆဲလ္ေသဖယ္ရွားရာမွာထိေရာက္တဲ့အာနိသင္ရွိတဲ့ lactic acid ပါဝင္ျပီး ေခြ်းေပါက္ေတြထပ္မပိတ္ေအာင္ ကာကြယ္ေပးပါတယ္။ ခရမ္းခ်ဥ္သီးအရည္ကို ဂြမ္းစနဲ႔စြတ္ျပီး ေခြ်းေပါက္ပိတ္ေနတဲ့ေနရာကိုတို႔ေပးပါ။ ၅ မိနစ္ေလာက္ၾကာရင္ မ်က္ႏွာသစ္ခ်ပါ။ ေနာက္တစ္နည္းက ခရမ္းခ်ဥ္သီးအႏွစ္ကို ဆန္ခါတိုက္ျပီး အုတ္ဂ်ံဳကိုၾကိတ္ထားတဲ့အမႈန္႕နဲ႔ေရာျပီးအႏွစ္လုပ္ပါ။ ျပီးရင္ မ်က္ႏွာေပၚလိမ္းေပးျပီး မိနစ္ ၂၀ ၾကာရင္ မ်က္ႏွာသစ္ခ်ပါ။ ဂ်ံဳမထည့္လည္း အႏွစ္ထဲကို ပ်ားရည္အနည္းငယ္ထည့္ျပီးလည္းသံုးနိုင္ပါတယ္။
(၄) ရႊံ႕ေစးေပါင္းတင္နည္း
clay mask ေတြက ေခြ်းေပါက္ပိတ္ျခင္းနဲ႔ဝက္ျခံတို႔အတြက္ အရမ္းကိုထိေရာက္ပါတယ္။ ဒီ Mask ေတြက ေျခာက္ေသြ႕ေစျပီး အဆီေတြကို စုပ္ယူေပးပါတယ္။ ရႊံ႕ေစးက သန္႔စင္ေစျပီး အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးနိုင္လို႔ ေခြ်းေပါက္ကိုပြင့္ေစပါတယ္။ ဒါေပမယ့္ ၾကာရင္ နီရဲေရာင္ရမ္းမႈေတြျဖစ္လာေစနိူင္လို႔ မ်က္ႏွာမွာသိပ္အၾကာၾကီးထားလို႔မရပါဘူး။ ေျခာက္တာ မ်က္ႏွာသစ္ခ်ပါ။
(၅) နႏြင္းနဲ႔စႏၵကူး
နႏြင္းက အေရျပားေပၚကအဆီပိုေတြနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားနိုင္ျပီး ဝက္ျခံျဖစ္လာေစနိုင္တဲ့ ဘက္တီးရီးယားေတြကိုတားဆီးေပးနိုင္ပါတယ္။စႏၵကူးကလည္း အသားအေရအတြက္ေကာင္းပါတယ္။
နႏြင္းနဲ႔ စႏၵကူးအမႈန္႕ကို ဇြန္းတစ္ဝက္စီေရာစပ္ပါ။ ေရနည္းနည္းထည့္ျပီး အႏွစ္ျဖစ္ရင္ အသားအေရမွာလိမ္းေပးပါ။ ေျခာက္သြားရင္ မ်က္ႏွာသစ္လို႔ရပါျပီ။
(၆) တမာ ေပါင္းတင္နည္း
တမာရြက္က ေဆးဖက္ဝင္အက်ိဳးေက်းဇူးေတြမ်ားသလို အေရျပားေရာင္ရမ္းမႈနဲ႔ယားယံျခင္းတို႔ကို သက္သာေစပါတယ္။ဒါ့ေၾကာင့္ ခ်ိဳးမယ့္ေရေႏြးထဲမွာ တမာရြက္နည္းနည္းထည့္ခတ္ျပီး ခ်ိဳးရင္လည္း တစ္ကိုယ္လံုးကိုသန္႔ရွင္းေစျပီး အညစ္အေၾကးေတြဖယ္ရွားေပးနိူင္စြမ္းရွိပါတယ္။
မ်က္ႏွာအသားအေရအတြက္ကေတာ့ တမာရြက္အစိမ္းကိုအႏွစ္ေထာင္း/ၾကိတ္ပါ။ ေရနဲ႔နႏြင္းမႈန္႔အနည္းငယ္ေရာျပီးေမႊပါ။ သန္႔စင္ထားတဲ့မ်က္ႏွာမွာ လိမ္းေပးျပီး ၁၀ မိနစ္- ၁၅ မိနစ္ေလာက္ ထားေပးပါ။ ေရေအးနဲ႔မ်က္ႏွာသစ္ပါ။
Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချွေးပေါက်ပိတ်ဆို့တယ်ဆိုတာ လူတိုင်းဖြစ်ဖူးမှာပါ။မျက်နှာအရေပြားအောက်မှာရှိတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့အဆီက အရေပြားဆဲလ်သေတွေ၊မျက်နှာပေါ်က အမွေးအမှင်တွေနဲ့တွေ့တဲ့အခါ ချွေးပေါက်ပိတ်ဆို့ခြင်း ဖြစ်လာတာပါ။ အဲဒီကမှ ပိုးဝင်သွားရင် ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဒါကိုကုသတဲ့အခါ အသားအရေကို သန့်စင်စေပြီး ချွေးပေါက်ကိုပွင့်စေဖို့ မျက်နှာပေါင်းတင်တဲ့ နည်းလမ်းအမျိုးမျိုး သုံးကြပါတယ်။
ချွေးပေါက်ပိတ်ခြင်းက ဝက်ခြံတွေဖြစ်စေပြီး အသားအရေကို ရေရှည်မှာထိခိုက်စေနိုင်ပါတယ်။ ထပ်ကာတလဲလဲ ဝက်ခြံတွေဖြစ်လာတာကလည်း ချွေးပေါက်ကို ပိုကျယ်စေပြီး ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းကို ပိုတောင်ဖြစ်လာစေနိုင်ပါတယ်။ ဝက်ခြံဆိုးလာရင် အမာရွတ်ကျန်ခဲ့တာကလည်း ပြဿနာမသေးပါဘူး။
အမှန်တော့ ကျွန်မတို့ရဲ့အသားအရေက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ နေ့စဉ်ထိတွေ့နေရတာဖြစ်လို့ ချွေးပေါက်ပိတ်တာက ရှောင်လွှဲလို့မရနိုင်တဲ့ရလဒ်ပါပဲ။ မျက်နှာအသားအရေကို စိုပြေသန့်စင်စေဖို့ထိန်းသိမ်းရာမှာ မျက်နှာသစ်ရုံလောက်နဲ့လည်း ချွေးပေါက်ကိုမပွင့်စေနိုင်ပါဘူး။
အများစုအတွက်တော့ နက်ရှိုင်းစွာသန့်စင်ပေးတဲ့နည်းလမ်းတွေကို ပုံမှန်လုပ်ပေးတာကပဲ ချွေးပေါက်ပွင့်စေပြီး ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးဖို့အကောင်းဆုံးဖြစ်ပါတယ်။
ချွေးပေါက်ပွင့်စေမယ့် သဘာဝနည်းလမ်းများ
အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ၊ ဆေးဝါးတွေအသုံးမပြုခင်မှာ ချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံအတွက် ဒီလိုသဘာဝနည်းလမ်းတွေထဲက အဆင်ပြေရာကို အရင်လုပ်ကြည့်နိုင်ပါတယ်။
(၁) ရေနွေးငွေ့နဲ့ပေါင်းတင်မယ်
ရေနွေးငွေ့နဲ့ပေါင်းတင်တာက ချွေးပေါက်တွေပွင့်စေတဲ့အပြင် အညစ်အကြေးတွေ၊အဆီတွေကိုဖယ်ရှားပေးပြီး မျက်နှာကို ကြည်လင်ရှင်းသန့်စေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီမှာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေရောသုံးပေးရင် ပိုကောင်းပါတယ်။
အငွေ့တထောင်းထောင်းနဲ့ ရေနွေးကို ဇလုံထဲလောင်းထည့်ပြီး ချမ်မိုမိုင်း သို့မဟုတ် နှင်းဆီပန်းပွင့်ဖတ်လေးတွေကို နုတ်နုတ်စဉ်းပြီးဖြူးထည့်ပါ။ ပန်းကရတဲ့ essential oil တွေလည်း ထည့်နိုင်ပါတယ်။ ပြီးမှ ခေါင်းမှာတဘက်တစ်ခုနဲ့ပတ်ပြီး မျက်နှာကို ရေနွေးငွေ့ခံပါ။ ၁၅ မိနစ်လောက်ဆက်ပေါင်းတင်ပြီး မျက်နှာကို တဘက်အစိုနဲ့အသာအယာသုတ်ပါ။နောက်ပြီးမှ moisturizer တစ်မျိုးလိမ်းပေးပါ။
(၂) သကြား scrub
ချွေးပေါက်ကျဉ်းစေဖို့နဲ့ မမြင်ရတဲ့ဖုန်မှုန့်တွေကို အရေပြားပေါ်ကဖယ်ရှားနိင်ဖို့သကြား scrub ကိုသုံးနိုင်ပါတယ်။ သကြား scrub က ဆဲလ်သေဖယ်ရှားနိုင်တဲ့ သဘာဝအစွမ်းအာနိသင်ရှိလို့ အမာရွတ်တစ်ရှူးတွေကို တားဆီးပေးပြီး ချွေးပေါက်ပိတ်ဆို့ခြင်းကို အမြန် သက်သာစေပါတယ်။ အရင်ဆုံး သကြားနည်းနည်းကို မှုန့်အောင်ကြိတ်လိုက်ပါ။ ပန်းကန်လုံးတစ်ခုထဲမှာ သကြားမှုန့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရယ်၊ သံပုရာရည်ရယ်ရောလိုက်ပါ။ မွှေရင်းအနှစ်ဖြစ်သွားတဲ့အခါ မျက်နှာ်မှာပွတ်သုတ်ပြီး ၅ မိနစ်အကြာမှာ ရေနဲ့မျက်နှာသစ်ပါ။အကောင်းဆုံးကတော့ ဒီနည်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။
(၃) ခရမ်းချဉ်သီးရည်
ခရမ်းချဉ်သီးမှာ ဆဲလ်သေဖယ်ရှားရာမှာထိရောက်တဲ့အာနိသင်ရှိတဲ့ lactic acid ပါဝင်ပြီး ချွေးပေါက်တွေထပ်မပိတ်အောင် ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးအရည်ကို ဂွမ်းစနဲ့စွတ်ပြီး ချွေးပေါက်ပိတ်နေတဲ့နေရာကိုတို့ပေးပါ။ ၅ မိနစ်လောက်ကြာရင် မျက်နှာသစ်ချပါ။ နောက်တစ်နည်းက ခရမ်းချဉ်သီးအနှစ်ကို ဆန်ခါတိုက်ပြီး အုတ်ဂျုံကိုကြိတ်ထားတဲ့အမှုန့်နဲ့ရောပြီးအနှစ်လုပ်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကြာရင် မျက်နှာသစ်ချပါ။ ဂျုံမထည့်လည်း အနှစ်ထဲကို ပျားရည်အနည်းငယ်ထည့်ပြီးလည်းသုံးနိုင်ပါတယ်။
(၄) ရွှံ့စေးပေါင်းတင်နည်း
clay mask တွေက ချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံတို့အတွက် အရမ်းကိုထိရောက်ပါတယ်။ ဒီ Mask တွေက ခြောက်သွေ့စေပြီး အဆီတွေကို စုပ်ယူပေးပါတယ်။ ရွှံ့စေးက သန့်စင်စေပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ ချွေးပေါက်ကိုပွင့်စေပါတယ်။ ဒါပေမယ့် ကြာရင် နီရဲရောင်ရမ်းမှုတွေဖြစ်လာစေနိူင်လို့ မျက်နှာမှာသိပ်အကြာကြီးထားလို့မရပါဘူး။ ခြောက်တာ မျက်နှာသစ်ချပါ။
(၅) နနွင်းနဲ့စန္ဒကူး
နနွင်းက အရေပြားပေါ်ကအဆီပိုတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ပြီး ဝက်ခြံဖြစ်လာစေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတားဆီးပေးနိုင်ပါတယ်။စန္ဒကူးကလည်း အသားအရေအတွက်ကောင်းပါတယ်။
နနွင်းနဲ့ စန္ဒကူးအမှုန့်ကို ဇွန်းတစ်ဝက်စီရောစပ်ပါ။ ရေနည်းနည်းထည့်ပြီး အနှစ်ဖြစ်ရင် အသားအရေမှာလိမ်းပေးပါ။ ခြောက်သွားရင် မျက်နှာသစ်လို့ရပါပြီ။
(၆) တမာ ပေါင်းတင်နည်း
တမာရွက်က ဆေးဖက်ဝင်အကျိုးကျေးဇူးတွေများသလို အရေပြားရောင်ရမ်းမှုနဲ့ယားယံခြင်းတို့ကို သက်သာစေပါတယ်။ဒါ့ကြောင့် ချိုးမယ့်ရေနွေးထဲမှာ တမာရွက်နည်းနည်းထည့်ခတ်ပြီး ချိုးရင်လည်း တစ်ကိုယ်လုံးကိုသန့်ရှင်းစေပြီး အညစ်အကြေးတွေဖယ်ရှားပေးနိူင်စွမ်းရှိပါတယ်။
မျက်နှာအသားအရေအတွက်ကတော့ တမာရွက်အစိမ်းကိုအနှစ်ထောင်း/ကြိတ်ပါ။ ရေနဲ့နနွင်းမှုန့်အနည်းငယ်ရောပြီးမွှေပါ။ သန့်စင်ထားတဲ့မျက်နှာမှာ လိမ်းပေးပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက် ထားပေးပါ။ ရေအေးနဲ့မျက်နှာသစ်ပါ။
Credit : Hellosayarwon
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...