iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ေပါက္ျခင္း၊ ကၽြတ္ျခင္းမ်ားသည္ စားေသာက္မႈစတုိင္ႏွင့္ လူေနမႈပံုစံမ်ားႏွင့္ ခိုင္ခိုင္မာမာဆက္စပ္မႈရွိတယ္ဆိုတာကို ေမ့ထားၿပီး ျပႆနာျဖစ္သည္ကိုပဲ ေခါင္းစားခံေနႀကပါတယ္။ ဆံေကသာကို မည္မွ်ပင္မွန္မွန္ဆီလိမ္းျခယ္ၿပီး ေပါင္းတင္ေပးေနေစကာမူ အတြင္းပိုင္းဂရုစိုက္မႈမရွိပါက ဘာမွထူးျခားမႈမရွိလာႏုိင္ပါဘူး။ ဒါေႀကာင့္ ယခုေဖာ္ျပမည့္အစားအစာမ်ားကို မွန္မွန္စားသံုးေပးပါက ဆံေကသာက်န္းမာလာကာ ဆံပင္ကၽြတ္တာကို ရပ္တန္႕ေစႏိုင္မွာလည္းျဖစ္ပါတယ္။

၁။ ေဒါက္ခြရြက္

သံဓာတ္ခ်ိဳ႕တဲ့မႈေႀကာင့္ ျဖစ္ေပၚလာတဲ့ဆံပင္ကၽြတ္မႈကို ေဒါက္ခြရြက္ကိုစားသံုးေပးျခင္းျဖင့္ သက္သာေစမွာျဖစ္ပါတယ္။ ဆံပင္အတြက္ သဘာ၀ေပါင္းတင္ေဆးအေနျဖင့္ လုပ္ေဆာင္ေပးႏုိင္ေသာ ဆီလည္းပါ၀င္ပါေသးတယ္။

၂။ ႀကက္ဥႏွင့္ ႏို႕ထြက္ပစၥည္းမ်ား

လိုအပ္ေသာအာဟာရဓာတ္မ်ားမ်ိဳးစံုပါ၀င္ေသာေႀကာင့္ ဆံပင္ရွည္လ်ားမႈႏွင့္ ထူထဲမႈအတြက္ အေကာင္းဆံုးအစားအစာမ်ားျဖစ္ပါတယ္။

၃။ အခြံမာသီးမ်ား

ဆံေကသာကို သန္စြမ္းေစၿပီး ဦးေရၿပားကိုအာဟာရျဖစ္ေစသည့္ ဘိုင္အိုတင္း၊ ဗီတာမင္ B1, B6, B9၊ ဗီတာမင္အီး ႏွင့္ အျခားဓာတ္မ်ား ပါ၀င္သည့္ အသီးတစ္မ်ိဳးတည္းျဖစ္ပါတယ္။

၄။ မာလကာသီး

ဗီတာမင္စီသည္ ဆံသားကို ႀကြပ္ဆပ္ႀကမ္းတမ္းေစမႈမွ ကာကြယ္ေပးရံုသာမက ဗီတာမင္စီပါ၀င္မႈမွာလည္း လိေမၼာ္သီးမ်ားထက္ ပိုမ်ားပါတယ္။

၅။ ပဲနီကေလး

ဆံပင္အတြက္ေကာင္းမြန္ေသာ ပရိုတင္း၊ သံဓာတ္၊ ဇင့္ႏွင့္ ဘိုင္အိုတင္းတို႕ပါ၀င္ပါတယ္။ ေအာက္ဆီဂ်င္အမ်ားအျပားႏွင့္ ဦးေရၿပားကို ေထာက္ပံ့ေပးေသာ ေသြးနီဆဲလ္မ်ားက်န္းမာေရးကို ျပန္လည္ေကာင္းမြန္ေစသည့္ ေဖာ့လစ္အက္စစ္လည္း အျပည့္ပါ၀င္ပါတယ္။

၆။ ႀကက္သား

ဆံသားသည္ ပရိုတင္းႏွင့္ျပဳလုပ္ထားေသာေႀကာင့္ သဘာ၀အတုိင္းျဖစ္ေပၚၿပီး အရည္အေသြးအထူးေကာင္းမြန္သည့္ ပရိုတင္းႏွင့္ ႀကက္သားကိုစားသံုးျခင္းက ဆံသားအတြက္ အထူးေကာင္းမြန္ပါတယ္။

၇။ မုန္လာဥနီ

မ်က္လံုးအတြက္သာမက ဆံပင္အတြက္ပါအထူးေကာင္းမြန္ေသာ မုန္လာဥနီမ်ားသည္ ဆံေကသာေႀကကြဲျခင္းမွ ကာကြယ္ေပးသည့္ သဘာ၀ေပါင္းေဆးအျဖစ္လုပ္ေဆာင္ေပးသည့္ ဗီတာမင္ေအပါ၀င္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်ပေါက်ခြင်း၊ ကျွတ်ခြင်းများသည် စားသောက်မှုစတိုင်နှင့် လူနေမှုပုံစံများနှင့် ခိုင်ခိုင်မာမာဆက်စပ်မှုရှိတယ်ဆိုတာကို မေ့ထားပြီး ပြဿနာဖြစ်သည်ကိုပဲ ခေါင်းစားခံနေကြပါတယ်။ ဆံကေသာကို မည်မျှပင်မှန်မှန်ဆီလိမ်းခြယ်ပြီး ပေါင်းတင်ပေးနေစေကာမူ အတွင်းပိုင်းဂရုစိုက်မှုမရှိပါက ဘာမှထူးခြားမှုမရှိလာနိုင်ပါဘူး။ ဒါကြောင့် ယခုဖော်ပြမည့်အစားအစာများကို မှန်မှန်စားသုံးပေးပါက ဆံကေသာကျန်းမာလာကာ ဆံပင်ကျွတ်တာကို ရပ်တန့်စေနိုင်မှာလည်းဖြစ်ပါတယ်။

၁။ ဒေါက်ခွရွက်

သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ဆံပင်ကျွတ်မှုကို ဒေါက်ခွရွက်ကိုစားသုံးပေးခြင်းဖြင့် သက်သာစေမှာဖြစ်ပါတယ်။ ဆံပင်အတွက် သဘာဝပေါင်းတင်ဆေးအနေဖြင့် လုပ်ဆောင်ပေးနိုင်သော ဆီလည်းပါဝင်ပါသေးတယ်။

၂။ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများ

လိုအပ်သောအာဟာရဓာတ်များမျိုးစုံပါဝင်သောကြောင့် ဆံပင်ရှည်လျားမှုနှင့် ထူထဲမှုအတွက် အကောင်းဆုံးအစားအစာများဖြစ်ပါတယ်။

၃။ အခွံမာသီးများ

ဆံကေသာကို သန်စွမ်းစေပြီး ဦးရေပြားကိုအာဟာရဖြစ်စေသည့် ဘိုင်အိုတင်း၊ ဗီတာမင် B1, B6, B9၊ ဗီတာမင်အီး နှင့် အခြားဓာတ်များ ပါဝင်သည့် အသီးတစ်မျိုးတည်းဖြစ်ပါတယ်။

၄။ မာလကာသီး

ဗီတာမင်စီသည် ဆံသားကို ကြွပ်ဆပ်ကြမ်းတမ်းစေမှုမှ ကာကွယ်ပေးရုံသာမက ဗီတာမင်စီပါဝင်မှုမှာလည်း လိမ္မော်သီးများထက် ပိုများပါတယ်။

၅။ ပဲနီကလေး

ဆံပင်အတွက်ကောင်းမွန်သော ပရိုတင်း၊ သံဓာတ်၊ ဇင့်နှင့် ဘိုင်အိုတင်းတို့ပါဝင်ပါတယ်။ အောက်ဆီဂျင်အများအပြားနှင့် ဦးရေပြားကို ထောက်ပံ့ပေးသော သွေးနီဆဲလ်များကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေသည့် ဖော့လစ်အက်စစ်လည်း အပြည့်ပါဝင်ပါတယ်။

၆။ ကြက်သား

ဆံသားသည် ပရိုတင်းနှင့်ပြုလုပ်ထားသောကြောင့် သဘာဝအတိုင်းဖြစ်ပေါ်ပြီး အရည်အသွေးအထူးကောင်းမွန်သည့် ပရိုတင်းနှင့် ကြက်သားကိုစားသုံးခြင်းက ဆံသားအတွက် အထူးကောင်းမွန်ပါတယ်။

၇။ မုန်လာဥနီ

မျက်လုံးအတွက်သာမက ဆံပင်အတွက်ပါအထူးကောင်းမွန်သော မုန်လာဥနီများသည် ဆံကေသာကြေကွဲခြင်းမှ ကာကွယ်ပေးသည့် သဘာဝပေါင်းဆေးအဖြစ်လုပ်ဆောင်ပေးသည့် ဗီတာမင်အေပါဝင်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top