iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမနဲ႔ေယာက္်ား ဆိုတာက လိင္ သဘာ၀ အရေရာ ထမ္းေဆာင္ရမယ့္ အိမ္ေထာင္ေရး တာ၀န္ အရ ပါ ကြာျခား လြန္းပါတယ္။

ပံုမွန္အားျဖင့္ အိမ္ေထာင္ျပဳတဲ့အခ်ိန္ဟာ မိန္းကေလးတစ္ေယာက္ရဲ႕ အလွပဆံုး နဲ႔ အေတာက္ပဆံုးအခ်ိန္ျဖစ္ေနတတ္ၿပီး ေယာက္်ားအဖို႔ေ အာင္ျမင္မူရခါစ (သို႔) ဘ၀တက္လမ္းတက္ခါစပဲ ရိွေနတတ္ေသးတယ္။

သဘာ၀အရ ကေလး တစ္ေယာက္ ႏွစ္ေယာက္ ေမြးၿပီးလို႔ မိန္းမမ်ားဟာ မ်က္နာ အလွေရာ ခႏၶာကိုယ္အခ်ဳိးစားပါ အက်ဘက္ကို ဦးတည္ေနတဲ့ အခ်ိန္မွာ ေယာက္်ားမ်ားဟာ လုပ္ငန္း စတင္ အဆင္ေျပ လာၿပီး ဘ၀ အတက္ဘက္ ကို ဦးတည္ေနတတ္ ပါတယ္။

ဒါေၾကာင့္မို႔လို႔ ဇနီးလုပ္သူဟာ လိမၼာ ပါးနပ္ရမွာ ျဖစ္ၿပီး အိမ္ေထာင္ေရး သာယာဖို႔ အတြက္ ေအာက္ပါ အခ်က္မ်ားကို ေလ့လာသင့္ ပါတယ္။ ဇနီးမ်ား ဒါေလးေတြ ေဆာင္ထားၾကပါစို႔....

၁။ ေယာက္်ားကို အေရးေပးတတ္ရမယ္။

ေယာက္်ားဆိုတာ ကိုယ့္ကိုကိုအထင္ႀကီးစိတ္နဲ႔ အသိအမွတ္ျပဳခံလိုစိတ္ တို႔နဲ႔ ဖြဲ႔စည္းထားတဲ့ သတၱ၀ါလို႔ဆိုပါတယ္။ အဲဒီအခ်က္ ႏွစ္ခုကို ပိုင္ႏိုင္စြာေ စာ့ကစားတတ္ရင္ ကိုယ့္ေယာက္်ားကို ႀကိဳက္သလို ခိုင္းစားလို႔ရတယ္လို႔ ႏိုင္ငံျခားဆိုိိရိုးစကားတစ္ခုကို ၾကားဖူးပါတယ္။

ကိုယ့္ေယာက္်ားကို အထူးသျဖင့္ လူေရွ႕သူေရွ႕မွာ မ်က္နာ အျပည့္အ၀ေပးပါ။ တစ္ခါတစ္ေလ ကိုယ္ဆံုးျဖတ္တဲ့ကိစၥ၊ ကိုယ္ၿပီးမွ ၿပီးရမဲ့ကိစၥ ျဖစ္ေပမယ့္လို႔ ကိုယ့္ေယာက္်ား ဆံုုးျဖတ္မွ ဒီကိစၥၿပီးေျမာက္မယ္ ဆိုတဲ့ပံုစံမ်ဳိးျဖစ္ေအာင္ဖန္တီးပါ။ေ ယာက္်ားမွန္ရင္ အဲဒီမ်က္နာရတဲ့ အရသာကို အလြန္ ႏွစ္သက္ တတ္ပါတယ္။

၂။ ကိုယ့္ပါးစပ္ကိုႏိုင္ေအာင္ ထိန္းတတ္ရတယ္။

ကိုယ့္ေယာက္်ားေရွ႕မွာ အျခား မိသားစု၀င္ ေတြကို အတင္း မတုတ္ပါနဲ႔ ဇနီးျဖစ္သူ နားလည္ ထားရမွာက ဇနီးဆိုတာ ေရြးခ်ယ္လို႔ ရတယ္။ သူမိဘ ဆိုတာ သူေရြးခ်ယ္လို့ မရဘူး။ သူ႔မိဘကိုလည္း ကိုယ့္မိဘလို ရိုေသရပါမယ္။ ေနာက္တစ္ခု ပါးစပ္ထိန္းရမွာက တဖ်စ္ေတာက္ေတာက္ မၿငီးတြားပါနဲ႔ ..။

တဖ်စ္ေတာက္ေတာက္ ၿငီးတြားတာ ေလာက္ အိမ္ေထာင္ေရးကို ဖ်က္ဆီးတဲ့ အရာ မရိွေတာ့ဘူးလို႔ အေမရိကန္ စာေရးဆရာႀကီး ေဒးလ္ကာနယ္ဂ်ီက ဆိုပါတယ္။

၃။ ဟင္းခ်က္တတ္ေအာင္သင္ထားမယ္။

ကိုယ့္ေယာက္်ားရဲ႕ အစာအိမ္ကို ကိုယ္ထိန္းခ်ဳပ္ႏိုင္ရင္ လူကိုပါ ထိန္းခ်ဳပ္ၿပီးသား ျဖစ္သြားတယ္လို႔ ဆိုရိုးစကား တစ္ခု ၾကားဖူးပါတယ္။ ဘယ္မွာပဲ ထမင္းသြား စားစား ႏွစ္ရက္ သံုးရက္ေလာက္ ၾကာလာရင္ အိမ္ဟင္းကို သတိရေအာင္ ဖန္တီးရ ပါမယ္။

၄။ ကိုယ္ပိုင္အလုပ္ေလးတစ္ခုရိွသင့္တယ္။

၀င္ေငြေကာင္းေကာင္း မေကာင္းေကာင္း ကိုယ္ပိုင္ အလုပ္ေလး တစ္ခု ရိွသင့္ပါတယ္။ မိသားစု အတြင္းမွာ “မွီခို” ဆိုတာ လူသက္သာ သေလာက္ စိတ္မသက္သာ ပါဘူး။ ကိုယ္ပိုင္ အလုပ္ မရိွေတာ့ စကားအေျပာအဆို နည္းမယ္။ စဥ္းစားတာ နည္းမယ္။

ပတ္၀န္းက်င္နဲ႔လည္း တျဖည္းျဖည္း အဆက္အသြယ္ ျပတ္လာမယ္။ ခႏၶာကိုယ္ တျဖည္းျဖည္း ၀လာမယ္။ က်န္းမာေရး ခ်ဴခ်ာလာမယ္။ မွတ္ဥာဏ္ ယိုယြင္း လာမယ္။ စဥ္းစားၾကည့္ပါ။ ကိုယ့္ခင္ပြန္းအေပၚ စြဲေဆာင္မူဟာလည္း တျဖည္ျဖည္း ေလွ်ာ့က်လာမယ္ ဆိုတာ ေသခ်ာပါတယ္။

၅။ အလွကိုတန္ဖိုးထားရပါမယ္။

ေယာက္်ားရၿပီးၿပီပဲ သိပ္ျပင္ဆင္ စရာ မလိုေတာ့ဘူး လို႔ ယူဆရင္ သင္ မွားသြား ပါလိမ္မည္။ ဖ႐ိုဖရဲ ေနထိုင္ျခင္းကို လံုး၀ ေရွာင္က်င္ပါ။ သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ အၿမဲ က်ဳိးစားပါ။ ဖ႐ိုဖရဲ ေနထိုင္ျခင္းဟာ ကိုယ့္ေယာက္်ားကို ေမာင္းထုတ္သလို ျဖစ္ေနတတ္တယ္။

၆။ ၿပံဳးၿပံဳးရႊင္ရႊင္ ေနတတ္ရပါမယ္။

အိမ္ဆိုတာ ေယာက္်ား အတြက္ ေႏြးေထြးတဲ့ အေမာေျပ နားခိုရာ႒ာေန တစ္ခုပါ။ ၿပံဳးၿပံဳးရႊင္ရႊင္ ျပဳမူျခင္းျဖင့္ ကိုယ္႔ေယာက္်ား အိမ္ျပန္ခ်င္ေအာင္ စြဲေဆာင္ႏိုင္ပါတယ္။ မ်က္နာ အၿမဲ ဆူပုတ္ေနမယ္။ မေက်နပ္တာေတြ မ်က္နာမွာ အၿမဲ ေဖၚျပေနမယ္ ဆိုရင္ ေယာက္်ား အိမ္မကပ္ ခ်င္ေတာ့ ပါဘူး။

ဒါေလးေတြကိုေရွာင္ၾကပါစို႔

သြားတဲ့ေနရာကို မေထာက္လွမ္း မခ်ဳပ္ခ်ယ္ပါႏွင့္

ေယာ့က္်ားဆိုတာ ကိုယ့္အလုပ္နဲ႔ကိုယ္၊ ကိုယ့္အေပါင္းအသင္း နဲ႔ကိုယ္၊ ကိုယ့္၀ါသနာ နဲ႔ကိုယ္ ရိွတတ္ပါတယ္။ တခါတေလ ကိုယ္ပိုင္ လြတ္လပ္ခြင့္လည္း လိုအပ္ပါတယ္။ သူ႔ကို လြတ္လပ္ခြင့္ အထိုက္ အေလ်ာက္ေပးထားသင့္ပါတယ္။ ဒါေပမယ့္ အိမ္ျပန္ ေနာက္က်တိုင္း သာေၾကာင္း မာေၾကာင္း ေလးေတာ့ ဖုန္းဆက္ဖို့ မေမ႔ေအာင္ မွာထားပါ။

ပိုက္ဆံအိတ္ကို မခ်ဳပ္ခ်ယ္ပါႏွင့္

ကိုယ္တိုင္ ပိုက္ဆံရွာတတ္တဲ့ ေယာ့က္်ားအဖို႔ ကိုယ္တိုင္ ပိုက္ဆံ သံုးပိုင္ခြင့္လည္း ေပးထားသင့္ ပါတယ္။ ပိုက္ဆံ အိတ္ထဲမွာ ပိုက္ဆံ အလံုအေလာက္ ရိွမွ ေယာက္်ားေတြ မ်က္နာ ရွိတတ္တယ္။ ေယာက္်ားကို မ်က္နာ ေပးတတ္ေအာင္ ေလ့လာ ထားပါ။ ဇနီးျဖစ္သူကို ပိုက္ဆံ သံုးဖို႔ အလံုအေလာက္ ေပးထားရင္ ပိုက္ဆံနဲ႔ ပတ္သက္လို႔ ေယာက္်ားကို သိပ္ မခ်ဳပ္ခ်ယ္တာ ေကာင္းပါတယ္။

လက္ကိုင္ဖုန္းထဲက အေၾကာင္းအရာ ေတြကို မစံုစမ္း မခ်ဳပ္ခ်ယ္ပါႏွင့္ ။

ေယာက္်ား ဖုန္းနံပါတ္ကို စစ္ေဆး တာမ်ဳိး၊ massage ကို စစ္ေဆး တာမ်ဳိး ဓါတ္ပံုကို စစ္ေဆးတာမ်ဳိး မလုပ္သင့္ပါဘူး။ ေတာ္ေတာ္မ်ားမ်ား ျပႆနာေတြဟာ သံသယ စိတ္ကေန စတင္ ျဖစ္ေပၚလာ တာပါ။ တာ၀န္ယူစိတ္ ရိွတဲ့ ေယာက္်ား တစ္ေယာက္ဟာ သင္လိုပါပဲ မိသားစုကို ေရွ႕တန္းတင္ ထားပါတယ္။ အတြင္းစိတ္ ထဲကေန ရံဖန္ရံခါ ေဖာက္ျပန္ တတ္တာ ေယာက်္ားေတြရဲ႕ သဘာ၀ လို႔ ဆိုပါတယ္။

Credit : အၾကည္ေတာ္ လုလင္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းမနဲ့ယောက်ျား ဆိုတာက လိင် သဘာ၀ အရရော ထမ်းဆောင်ရမယ့် အိမ်ထောင်ရေး တာဝန် အရ ပါ ကွာခြား လွန်းပါတယ်။

ပုံမှန်အားဖြင့် အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောက်ျားအဖို့ေ အာင်မြင်မူရခါစ (သို့) ဘဝတက်လမ်းတက်ခါစပဲ ရှိနေတတ်သေးတယ်။

သဘာဝအရ ကလေး တစ်ယောက် နှစ်ယောက် မွေးပြီးလို့ မိန်းမများဟာ မျက်နာ အလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေတဲ့ အချိန်မှာ ယောက်ျားများဟာ လုပ်ငန်း စတင် အဆင်ပြေ လာပြီး ဘ၀ အတက်ဘက် ကို ဦးတည်နေတတ် ပါတယ်။

ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာ လိမ္မာ ပါးနပ်ရမှာ ဖြစ်ပြီး အိမ်ထောင်ရေး သာယာဖို့ အတွက် အောက်ပါ အချက်များကို လေ့လာသင့် ပါတယ်။ ဇနီးများ ဒါလေးတွေ ဆောင်ထားကြပါစို့....

၁။ ယောက်ျားကို အရေးပေးတတ်ရမယ်။

ယောက်ျားဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ် တို့နဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါလို့ဆိုပါတယ်။ အဲဒီအချက် နှစ်ခုကို ပိုင်နိုင်စွာေ စာ့ကစားတတ်ရင် ကိုယ့်ယောက်ျားကို ကြိုက်သလို ခိုင်းစားလို့ရတယ်လို့ နိုင်ငံခြားဆိိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။

ကိုယ့်ယောက်ျားကို အထူးသဖြင့် လူရှေ့သူရှေ့မှာ မျက်နာ အပြည့်အဝပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှ ပြီးရမဲ့ကိစ္စ ဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျား ဆုံုးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ေ ယာက်ျားမှန်ရင် အဲဒီမျက်နာရတဲ့ အရသာကို အလွန် နှစ်သက် တတ်ပါတယ်။

၂။ ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရတယ်။

ကိုယ့်ယောက်ျားရှေ့မှာ အခြား မိသားစုဝင် တွေကို အတင်း မတုတ်ပါနဲ့ ဇနီးဖြစ်သူ နားလည် ထားရမှာက ဇနီးဆိုတာ ရွေးချယ်လို့ ရတယ်။ သူမိဘ ဆိုတာ သူရွေးချယ်လို့ မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို ရိုသေရပါမယ်။ နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက် မငြီးတွားပါနဲ့ ..။

တဖျစ်တောက်တောက် ငြီးတွားတာ လောက် အိမ်ထောင်ရေးကို ဖျက်ဆီးတဲ့ အရာ မရှိတော့ဘူးလို့ အမေရိကန် စာရေးဆရာကြီး ဒေးလ်ကာနယ်ဂျီက ဆိုပါတယ်။

၃။ ဟင်းချက်တတ်အောင်သင်ထားမယ်။

ကိုယ့်ယောက်ျားရဲ့ အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါ ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်လို့ ဆိုရိုးစကား တစ်ခု ကြားဖူးပါတယ်။ ဘယ်မှာပဲ ထမင်းသွား စားစား နှစ်ရက် သုံးရက်လောက် ကြာလာရင် အိမ်ဟင်းကို သတိရအောင် ဖန်တီးရ ပါမယ်။

၄။ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်တယ်။

ဝင်ငွေကောင်းကောင်း မကောင်းကောင်း ကိုယ်ပိုင် အလုပ်လေး တစ်ခု ရှိသင့်ပါတယ်။ မိသားစု အတွင်းမှာ “မှီခို” ဆိုတာ လူသက်သာ သလောက် စိတ်မသက်သာ ပါဘူး။ ကိုယ်ပိုင် အလုပ် မရှိတော့ စကားအပြောအဆို နည်းမယ်။ စဉ်းစားတာ နည်းမယ်။

ပတ်ဝန်းကျင်နဲ့လည်း တဖြည်းဖြည်း အဆက်အသွယ် ပြတ်လာမယ်။ ခန္ဓာကိုယ် တဖြည်းဖြည်း ဝလာမယ်။ ကျန်းမာရေး ချူချာလာမယ်။ မှတ်ဉာဏ် ယိုယွင်း လာမယ်။ စဉ်းစားကြည့်ပါ။ ကိုယ့်ခင်ပွန်းအပေါ် စွဲဆောင်မူဟာလည်း တဖြည်ဖြည်း လျှော့ကျလာမယ် ဆိုတာ သေချာပါတယ်။

၅။ အလှကိုတန်ဖိုးထားရပါမယ်။

ယောက်ျားရပြီးပြီပဲ သိပ်ပြင်ဆင် စရာ မလိုတော့ဘူး လို့ ယူဆရင် သင် မှားသွား ပါလိမ်မည်။ ဖရိုဖရဲ နေထိုင်ခြင်းကို လုံး၀ ရှောင်ကျင်ပါ။ သပ်သပ်ရပ်ရပ် ဖြစ်အောင် အမြဲ ကျိုးစားပါ။ ဖရိုဖရဲ နေထိုင်ခြင်းဟာ ကိုယ့်ယောက်ျားကို မောင်းထုတ်သလို ဖြစ်နေတတ်တယ်။

၆။ ပြုံးပြုံးရွှင်ရွှင် နေတတ်ရပါမယ်။

အိမ်ဆိုတာ ယောက်ျား အတွက် နွေးထွေးတဲ့ အမောပြေ နားခိုရာဋ္ဌာနေ တစ်ခုပါ။ ပြုံးပြုံးရွှင်ရွှင် ပြုမူခြင်းဖြင့် ကိုယ့်ယောက်ျား အိမ်ပြန်ချင်အောင် စွဲဆောင်နိုင်ပါတယ်။ မျက်နာ အမြဲ ဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲ ဖေါ်ပြနေမယ် ဆိုရင် ယောက်ျား အိမ်မကပ် ချင်တော့ ပါဘူး။

ဒါလေးတွေကိုရှောင်ကြပါစို့

သွားတဲ့နေရာကို မထောက်လှမ်း မချုပ်ချယ်ပါနှင့်

ယော့က်ျားဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အပေါင်းအသင်း နဲ့ကိုယ်၊ ကိုယ့်ဝါသနာ နဲ့ကိုယ် ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ပိုင် လွတ်လပ်ခွင့်လည်း လိုအပ်ပါတယ်။ သူ့ကို လွတ်လပ်ခွင့် အထိုက် အလျောက်ပေးထားသင့်ပါတယ်။ ဒါပေမယ့် အိမ်ပြန် နောက်ကျတိုင်း သာကြောင်း မာကြောင်း လေးတော့ ဖုန်းဆက်ဖို့ မမေ့အောင် မှာထားပါ။

ပိုက်ဆံအိတ်ကို မချုပ်ချယ်ပါနှင့်

ကိုယ်တိုင် ပိုက်ဆံရှာတတ်တဲ့ ယော့က်ျားအဖို့ ကိုယ်တိုင် ပိုက်ဆံ သုံးပိုင်ခွင့်လည်း ပေးထားသင့် ပါတယ်။ ပိုက်ဆံ အိတ်ထဲမှာ ပိုက်ဆံ အလုံအလောက် ရှိမှ ယောက်ျားတွေ မျက်နာ ရှိတတ်တယ်။ ယောက်ျားကို မျက်နာ ပေးတတ်အောင် လေ့လာ ထားပါ။ ဇနီးဖြစ်သူကို ပိုက်ဆံ သုံးဖို့ အလုံအလောက် ပေးထားရင် ပိုက်ဆံနဲ့ ပတ်သက်လို့ ယောက်ျားကို သိပ် မချုပ်ချယ်တာ ကောင်းပါတယ်။

လက်ကိုင်ဖုန်းထဲက အကြောင်းအရာ တွေကို မစုံစမ်း မချုပ်ချယ်ပါနှင့် ။

ယောက်ျား ဖုန်းနံပါတ်ကို စစ်ဆေး တာမျိုး၊ massage ကို စစ်ဆေး တာမျိုး ဓါတ်ပုံကို စစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။ တော်တော်များများ ပြဿနာတွေဟာ သံသယ စိတ်ကနေ စတင် ဖြစ်ပေါ်လာ တာပါ။ တာဝန်ယူစိတ် ရှိတဲ့ ယောက်ျား တစ်ယောက်ဟာ သင်လိုပါပဲ မိသားစုကို ရှေ့တန်းတင် ထားပါတယ်။ အတွင်းစိတ် ထဲကနေ ရံဖန်ရံခါ ဖောက်ပြန် တတ်တာ ယောကျ်ားတွေရဲ့ သဘာ၀ လို့ ဆိုပါတယ်။

Credit : အကြည်တော် လုလင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top