iMyanmarHouse.com - Best Property Website for Myanmar
×

        ႏွာေခါင္းေသြးလွ်ံျခင္းကို လူတုိင္းလိုလိုျဖစ္ဖူးၾကမယ္။ ကေလးဘ၀မ်ားမွာကစားရင္ မေတာ္တဆ ထိခိုက္မိရင္း ႏွာေခါင္းေသြးလွ်ံတတ္ၾကတယ္။ ႏွာေခါင္းကို လက္နဲ႔ႏႈိက္ေနတဲ့အက်င့္ ကလည္း ႏွာေခါင္းေသြးလွ်ံေစတယ္။ အျပင္း အထန္ ႏွာေခ်ျခင္း၊ လက္ေ၀ွ႔အားကစား၊ ဘတ္စကက္ေဘာ၊ ေဘာလံုးအားကစားနည္းမ်ားမွာ ႏွာေခါင္းထိခိုက္မိၿပီး ႏွာေခါင္းေသြးလွ်ံတတ္ၾကတယ္။ ရံဖန္ရံခါ ႏွာေခါင္းေသြးလွ်ံျခင္းမွသည္ က်န္းမာေရးမေကာင္းျခင္း၊ ကိုယ္တြင္းထိခိုက္ေနျခင္း ေရာဂါမ်ား၊ အဆုတ္တီဘီေရာဂါမွ ေသြးအန္ျခင္း၊ အစာအိမ္ေရာဂါမွ ေသြးအန္ျခင္းမ်ား ေရာေထြးႏုိင္ ပါတယ္။ ႏွာေခါင္းမွ ေသြးထြက္ျခင္းျဖစ္ပါက ျပဳစုကုသရန္ နည္းလမ္း 5 ခု တင္ျပလိုပါတယ္။

(1)   ႏွာေခါင္းေသြးလွ်ံသူကို ခပ္ကိုင္းကိုင္းထုိင္ခ်ခိုင္းၿပီး ဦးေခါင္းငိုက္ကာ တစ္သွ်ဴးနဲ႔ ဖိထားသင့္တယ္။

         ႏွာေခါင္းေသြးလွ်ံေနသူကို ေရွ႕ေခါင္းစိုက္ၿပီး ခပ္ကိုင္းကိုင္း ထုိင္ခိုင္းရမယ္။ ေခါင္းေနာက္လွန္ ထားရင္ ေသြးမ်ား ႏွာေခါင္းထဲကတစ္ဆင့္ လည္ေခ်ာင္းထဲဆင္းသြားႏုိင္ပါတယ္။ ေခါင္းစိုက္ၿပီး ထုိင္ပါမွ ႏွာေခါင္းေပါက္ကေန အျပင္ကို ေသြးမ်ားထြက္သြားမယ္။

(2)   ႏွာေခါင္းပိတ္ထားသင့္တယ္

        ျပဳစုသူဟာ ျဖစ္ႏုိင္ရင္ လက္အိပ္စြပ္ထားသင့္တယ္။ လူနာရဲ႕ ႏွာေခါင္းကိုပိတ္လုိက္ရမွာျဖစ္လို႔ လက္မသန္႔ရင္ လက္ထဲကေန လူနာရဲ႕ေခါင္းထဲေရာဂါပိုး ၀င္သြားႏုိင္သလို၊ ျပဳစုသူလက္မွာ ရွနာရွိရင္ ႏွာေခါင္းကေသြးက တစ္ဆင့္ ေရာဂါပိုးကူးစက္၀င္ေရာက္ႏုိင္လို႔ လက္အိတ္စြပ္ၿပီး ကိုင္သင့္ပါတယ္။

          ႏွာေခါင္းကိုလက္နဲ႔ညႇစ္ၿပီး ပိတ္ထားသင့္တယ္။ ပါးစပ္ဟၿပီး အသက္႐ွဴခိုင္းရမယ္။ ႏွာေခါင္း ပိတ္ထားမွ ေသြးလွ်ံတာ ေလ်ာ့သြားႏုိင္တယ္။ လက္ေဆးခြက္ သို႔မဟုတ္ ေရထည့္ထားတဲ့ ဇလံုတစ္လံုး အေပၚ ေခါင္းငိုက္ထားၿပီး၊ ထြက္လာတဲ့ ေသြးေတြကို ျဖည္းျဖည္းခ်င္း သပ္ခ်ခိုင္းရမယ္။ ေခါင္းလွန္ ထားရင္ ေသြးမ်ားမ်ိဳခ်မိကာ က်န္းမာေရးထိ ခိုက္ႏုိင္ပါတယ္။ ႏွာမေခ်မိေအာင္၊ ေသြးေတြမ်ိဳ မခ်မိေအာင္၊ ေခ်ာင္းမဆိုးမိေအာင္ တတ္ႏိုင္သမွ်ထိန္းထားရမယ္။ ႏွာေခါင္းထဲေသြးခဲၿပီး၊ တိတ္သြားတဲ့ျဖစ္စဥ္ အေႏွာင့္အယွက္ျဖစ္သြားမွာစိုးရိမ္ရလို႔ ပါးစပ္ဟၿပီး အသက္႐ွဴကာ ႏွာေခါင္းပိတ္ထားရမယ္။

(3)  ႏွာေခါင္းကို စစ္ေဆးၾကည့္သင့္တယ္

        ႏွာေခါင္းကို လက္နဲ႔ညႇပ္ပိတ္ကိုင္ထားကာ ဆယ္မိနစ္ေလာက္ရွိရင္ လႊတ္လိုက္ၿပီး ေသြးထပ္လွ်ံ၊ မလွ်ံခဏ ေစာင့္ၾကည့္သင့္တယ္။ ေသြးလွ်ံေနတုန္းဆုိရင္ ေနာက္ထပ္ဆယ္မိနစ္ေလာက္ လက္နဲ႔ညႇပ္ကိုင္ ထားရမယ္။ သည္ အခ်ိန္မွာလည္း ကိုင္ထားသူရဲ႕ လက္မွတစ္ဆင့္ ေရာဂါပိုးမ၀င္ေရာက္ႏုိင္ဖုိ႔၊ လက္အိတ္စြပ္ၿပီးမွ ႏွာေခါင္းကို စစ္ေဆးသင့္ပါတယ္။

          ခဏေစာင့္ၾကည့္ခ်ိန္မွာ ေခ်ာင္းဆုိးျခင္း၊ ႏွာေခ်ျခင္း၊ အသက္ျပင္းျပင္း႐ွဴျခင္း မျပဳလုပ္သင့္ပါဘူး။ ေသြးမထြက္ေတာ့ဘူးဆုိရင္ ေရနဲ႔ေသခ်ာေဆးေၾကာၿပီး ေရေငြ႕႐ွဴေပးသင့္ပါတယ္။ ေရနဲ႔ေဆးေၾကာ သန္႔စင္တဲ့အခ်ိန္မွာ ႏွာေခါင္းအတြင္းပိုင္းက ေသြးေၾကာငယ္မ်ား ထပ္ၿပီးဒဏ္ရာမရေစဖုိ႔ေတာ့ အထူးဂ႐ုစိုက္သင့္ပါတယ္။

(4)  ေရေအးနဲ႔ ဖိေပးသင့္တယ္

        လူနာကို ေရခဲ သို႔မဟုတ္ အေအးတံုးတစ္ခုခုျဖင့္ ႏွာ႐ိုးတစ္ေလွ်ာက္ပြတ္သပ္ျခင္း က ႏွာေခါင္းအတြင္း ေသြး ျမန္ျမန္ခဲသြားေအာင္ ကူညီေပးႏုိင္ပါတယ္။ ေရခဲမရႏုိင္ရင္လည္း ေရေအးေအး နဲ႔ ေရပတ္၀တ္တင္ၿပီး အုပ္ေပးထားႏုိင္တယ္။ ေရခဲေသတၱာထဲက အေအးဖန္ခြက္စသျဖင့္ ေအးတဲ့ပစၥည္း တစ္ခုခုရရင္ပဲ ႏွာေခါင္း႐ိုးတစ္ေလွ်ာက္ ပြတ္သပ္ေပးရင္ ေသြးလွ်ံတာ ရပ္သြားႏုိင္ပါတယ္။

          ႏွာေခါင္းက ေသြးတိတ္သြားၿပီဆုိရင္ ေရစို၀တ္နဲ႔ လူနာႏွာေခါင္းကို ပြတ္တုိက္သန္႔ရွင္းေပးသင့္တယ္။ သန္႔ရွင္း တဲ့ အ၀တ္နဲ႔ ညင္ညင္သာသာ ေဆးပစ္၊ သုတ္ပစ္သင့္တယ္။ ေနာက္ 12 နာရီေလာက္ အတြင္းမွာ ႏွပ္မညႇစ္ဖို႔၊ ႏွာျပင္းျပင္းထန္ထန္မေခ်ဖို႔၊ ေခ်ာင္းျပင္းျပင္းထန္ထန္ မဆိုးဖို႔သတိေပးထား ရမယ္။ ႏွာေခါင္းအတြင္း အက်ိတ္ငယ္၊ မွဲ႕၊ အသားပိုမ်ားမွ ေသြးထြက္ျခင္း ရွိ/မရွိ ေသခ်ာၾကည့္ေပးသင့္ပါတယ္။

မိသားစုဆရာ၀န္နဲ႔ ျပသင့္တယ္

(1)   တစ္ပတ္တစ္ခါမက ႏွာေခါင္းေသြးလွ်ံေနရင္ မိသားစုဆရာ၀န္နဲ႔ ျပသင့္ပါတယ္။ ဆရာ၀န္က ေသြးတိုး ရွိ/မရွိ စမ္းသပ္ေပးပါလိမ့္မယ္။

(2)   ေသြးပ်စ္လူနာမ်ားမွ ေသြးက်ဲေဆးေသာက္ေနရတဲ့အတြက္ မၾကာခဏ ႏွာေခါင္းေသြးလွ်ံလာတတ္တယ္။ ဆရာ၀န္နဲ႔ တုိင္ပင္ၿပီး ေသြးက်ဲေဆးရပ္သင့္/မသင့္ ေဆြးေႏြးလိုက္နာသင့္တယ္။

(3)   ႏွာေခါင္းထဲ ဆစ္ခနဲျဖစ္သြားၿပီး ေသြးရည္နည္းနည္းပါတဲ့ အရည္ၾကည္မ်ား ႏွာေခါင္းကက်လာရင္ ဆိုင္ကယ္ ေမွာက္လို႔ ဦးေခါင္းခြံအက္ေနျခင္းေၾကာင့္ ျဖစ္ႏုိင္သလို၊ အျခား ထိခိုက္ဒဏ္ရာ ရျခင္းေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဆရာ၀န္နဲ႔ ျပသစစ္ေဆးဖို႔လိုပါတယ္။

(4)   အေၾကာင္းမရွိဘဲ မၾကာမၾကာ ႏွာေခါင္းေသြးလွ်ံတတ္လွ်င္ တစ္ခုရွိတာက သြားဖံုးေတြက ေသြးယိုတာျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ သြားနဲ႔ခံတြင္းဆရာ၀န္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။

(5)   အားကစားလုပ္ရင္း ထိခုိက္ဒဏ္ရာရလို႔ ႏွာေခါင္းေသြးလွ်ံလာရင္ ႏွာေခါင္း႐ိုးက်ိဳးသလား၊ ႏွာေခါင္း အေျမႇးပါး ထိခုိက္ေသြးယိုစိမ့္သလား ခြဲျခားသိဖို႔လိုပါတယ္။ လက္ေ၀ွ႔ပြဲမ်ားမွာ ႏွာေခါင္းေသြးလွ်ံတာ မၾကာခဏေတြ႕ရၿပီး မတိတ္ဘဲ ဆက္တိုက္က်ေနရင္ေတာ့ ေဆးစစ္ခ်က္အရ ႏွာေခါင္း တစ္ခုခုျဖစ္သြားလို႔ ေဆးက်အျဖစ္ သတ္မွတ္ခံရကာ ၿပိဳင္ဘက္က အႏုိင္ယူသြားမွာပဲျဖစ္တယ္။

          “ႏွာေခါင္းေသြးနဲ႔ က်န္းမာေရး” ကို ေလွ်ာ့မတြက္သင့္ဘဲ ေရာဂါတစ္ခုခုရဲ႕ လကၡဏာအျဖစ္ စဥ္းစားမိကာ စနစ္တက် တတ္ကၽြမ္းသူ (မိသားစုဆရာ၀န္) နဲ႔ ျပသကာ ကုသမႈခံယူသင့္ပါတယ္။

Credit : ေဒါက္တာလြင္သန့္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
        နှာခေါင်းသွေးလျှံခြင်းကို လူတိုင်းလိုလိုဖြစ်ဖူးကြမယ်။ ကလေးဘဝများမှာကစားရင် မတော်တဆ ထိခိုက်မိရင်း နှာခေါင်းသွေးလျှံတတ်ကြတယ်။ နှာခေါင်းကို လက်နဲ့နှိုက်နေတဲ့အကျင့် ကလည်း နှာခေါင်းသွေးလျှံစေတယ်။ အပြင်း အထန် နှာချေခြင်း၊ လက်ဝှေ့အားကစား၊ ဘတ်စကက်ဘော၊ ဘောလုံးအားကစားနည်းများမှာ နှာခေါင်းထိခိုက်မိပြီး နှာခေါင်းသွေးလျှံတတ်ကြတယ်။ ရံဖန်ရံခါ နှာခေါင်းသွေးလျှံခြင်းမှသည် ကျန်းမာရေးမကောင်းခြင်း၊ ကိုယ်တွင်းထိခိုက်နေခြင်း ရောဂါများ၊ အဆုတ်တီဘီရောဂါမှ သွေးအန်ခြင်း၊ အစာအိမ်ရောဂါမှ သွေးအန်ခြင်းများ ရောထွေးနိုင် ပါတယ်။ နှာခေါင်းမှ သွေးထွက်ခြင်းဖြစ်ပါက ပြုစုကုသရန် နည်းလမ်း 5 ခု တင်ပြလိုပါတယ်။

(1)   နှာခေါင်းသွေးလျှံသူကို ခပ်ကိုင်းကိုင်းထိုင်ချခိုင်းပြီး ဦးခေါင်းငိုက်ကာ တစ်သျှူးနဲ့ ဖိထားသင့်တယ်။

         နှာခေါင်းသွေးလျှံနေသူကို ရှေ့ခေါင်းစိုက်ပြီး ခပ်ကိုင်းကိုင်း ထိုင်ခိုင်းရမယ်။ ခေါင်းနောက်လှန် ထားရင် သွေးများ နှာခေါင်းထဲကတစ်ဆင့် လည်ချောင်းထဲဆင်းသွားနိုင်ပါတယ်။ ခေါင်းစိုက်ပြီး ထိုင်ပါမှ နှာခေါင်းပေါက်ကနေ အပြင်ကို သွေးများထွက်သွားမယ်။

(2)   နှာခေါင်းပိတ်ထားသင့်တယ်

        ပြုစုသူဟာ ဖြစ်နိုင်ရင် လက်အိပ်စွပ်ထားသင့်တယ်။ လူနာရဲ့ နှာခေါင်းကိုပိတ်လိုက်ရမှာဖြစ်လို့ လက်မသန့်ရင် လက်ထဲကနေ လူနာရဲ့ခေါင်းထဲရောဂါပိုး ဝင်သွားနိုင်သလို၊ ပြုစုသူလက်မှာ ရှနာရှိရင် နှာခေါင်းကသွေးက တစ်ဆင့် ရောဂါပိုးကူးစက်ဝင်ရောက်နိုင်လို့ လက်အိတ်စွပ်ပြီး ကိုင်သင့်ပါတယ်။

          နှာခေါင်းကိုလက်နဲ့ညှစ်ပြီး ပိတ်ထားသင့်တယ်။ ပါးစပ်ဟပြီး အသက်ရှူခိုင်းရမယ်။ နှာခေါင်း ပိတ်ထားမှ သွေးလျှံတာ လျော့သွားနိုင်တယ်။ လက်ဆေးခွက် သို့မဟုတ် ရေထည့်ထားတဲ့ ဇလုံတစ်လုံး အပေါ် ခေါင်းငိုက်ထားပြီး၊ ထွက်လာတဲ့ သွေးတွေကို ဖြည်းဖြည်းချင်း သပ်ချခိုင်းရမယ်။ ခေါင်းလှန် ထားရင် သွေးများမျိုချမိကာ ကျန်းမာရေးထိ ခိုက်နိုင်ပါတယ်။ နှာမချေမိအောင်၊ သွေးတွေမျို မချမိအောင်၊ ချောင်းမဆိုးမိအောင် တတ်နိုင်သမျှထိန်းထားရမယ်။ နှာခေါင်းထဲသွေးခဲပြီး၊ တိတ်သွားတဲ့ဖြစ်စဉ် အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်ရလို့ ပါးစပ်ဟပြီး အသက်ရှူကာ နှာခေါင်းပိတ်ထားရမယ်။

(3)  နှာခေါင်းကို စစ်ဆေးကြည့်သင့်တယ်

        နှာခေါင်းကို လက်နဲ့ညှပ်ပိတ်ကိုင်ထားကာ ဆယ်မိနစ်လောက်ရှိရင် လွှတ်လိုက်ပြီး သွေးထပ်လျှံ၊ မလျှံခဏ စောင့်ကြည့်သင့်တယ်။ သွေးလျှံနေတုန်းဆိုရင် နောက်ထပ်ဆယ်မိနစ်လောက် လက်နဲ့ညှပ်ကိုင် ထားရမယ်။ သည် အချိန်မှာလည်း ကိုင်ထားသူရဲ့ လက်မှတစ်ဆင့် ရောဂါပိုးမဝင်ရောက်နိုင်ဖို့၊ လက်အိတ်စွပ်ပြီးမှ နှာခေါင်းကို စစ်ဆေးသင့်ပါတယ်။

          ခဏစောင့်ကြည့်ချိန်မှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ပြင်းပြင်းရှူခြင်း မပြုလုပ်သင့်ပါဘူး။ သွေးမထွက်တော့ဘူးဆိုရင် ရေနဲ့သေချာဆေးကြောပြီး ရေငွေ့ရှူပေးသင့်ပါတယ်။ ရေနဲ့ဆေးကြော သန့်စင်တဲ့အချိန်မှာ နှာခေါင်းအတွင်းပိုင်းက သွေးကြောငယ်များ ထပ်ပြီးဒဏ်ရာမရစေဖို့တော့ အထူးဂရုစိုက်သင့်ပါတယ်။

(4)  ရေအေးနဲ့ ဖိပေးသင့်တယ်

        လူနာကို ရေခဲ သို့မဟုတ် အအေးတုံးတစ်ခုခုဖြင့် နှာရိုးတစ်လျှောက်ပွတ်သပ်ခြင်း က နှာခေါင်းအတွင်း သွေး မြန်မြန်ခဲသွားအောင် ကူညီပေးနိုင်ပါတယ်။ ရေခဲမရနိုင်ရင်လည်း ရေအေးအေး နဲ့ ရေပတ်ဝတ်တင်ပြီး အုပ်ပေးထားနိုင်တယ်။ ရေခဲသေတ္တာထဲက အအေးဖန်ခွက်စသဖြင့် အေးတဲ့ပစ္စည်း တစ်ခုခုရရင်ပဲ နှာခေါင်းရိုးတစ်လျှောက် ပွတ်သပ်ပေးရင် သွေးလျှံတာ ရပ်သွားနိုင်ပါတယ်။

          နှာခေါင်းက သွေးတိတ်သွားပြီဆိုရင် ရေစိုဝတ်နဲ့ လူနာနှာခေါင်းကို ပွတ်တိုက်သန့်ရှင်းပေးသင့်တယ်။ သန့်ရှင်း တဲ့ အဝတ်နဲ့ ညင်ညင်သာသာ ဆေးပစ်၊ သုတ်ပစ်သင့်တယ်။ နောက် 12 နာရီလောက် အတွင်းမှာ နှပ်မညှစ်ဖို့၊ နှာပြင်းပြင်းထန်ထန်မချေဖို့၊ ချောင်းပြင်းပြင်းထန်ထန် မဆိုးဖို့သတိပေးထား ရမယ်။ နှာခေါင်းအတွင်း အကျိတ်ငယ်၊ မှဲ့၊ အသားပိုများမှ သွေးထွက်ခြင်း ရှိ/မရှိ သေချာကြည့်ပေးသင့်ပါတယ်။

မိသားစုဆရာဝန်နဲ့ ပြသင့်တယ်

(1)   တစ်ပတ်တစ်ခါမက နှာခေါင်းသွေးလျှံနေရင် မိသားစုဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဆရာဝန်က သွေးတိုး ရှိ/မရှိ စမ်းသပ်ပေးပါလိမ့်မယ်။

(2)   သွေးပျစ်လူနာများမှ သွေးကျဲဆေးသောက်နေရတဲ့အတွက် မကြာခဏ နှာခေါင်းသွေးလျှံလာတတ်တယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးကျဲဆေးရပ်သင့်/မသင့် ဆွေးနွေးလိုက်နာသင့်တယ်။

(3)   နှာခေါင်းထဲ ဆစ်ခနဲဖြစ်သွားပြီး သွေးရည်နည်းနည်းပါတဲ့ အရည်ကြည်များ နှာခေါင်းကကျလာရင် ဆိုင်ကယ် မှောက်လို့ ဦးခေါင်းခွံအက်နေခြင်းကြောင့် ဖြစ်နိုင်သလို၊ အခြား ထိခိုက်ဒဏ်ရာ ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့လိုပါတယ်။

(4)   အကြောင်းမရှိဘဲ မကြာမကြာ နှာခေါင်းသွေးလျှံတတ်လျှင် တစ်ခုရှိတာက သွားဖုံးတွေက သွေးယိုတာဖြစ်နိုင်တယ်။ ဒါကြောင့် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(5)   အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရလို့ နှာခေါင်းသွေးလျှံလာရင် နှာခေါင်းရိုးကျိုးသလား၊ နှာခေါင်း အမြှေးပါး ထိခိုက်သွေးယိုစိမ့်သလား ခွဲခြားသိဖို့လိုပါတယ်။ လက်ဝှေ့ပွဲများမှာ နှာခေါင်းသွေးလျှံတာ မကြာခဏတွေ့ရပြီး မတိတ်ဘဲ ဆက်တိုက်ကျနေရင်တော့ ဆေးစစ်ချက်အရ နှာခေါင်း တစ်ခုခုဖြစ်သွားလို့ ဆေးကျအဖြစ် သတ်မှတ်ခံရကာ ပြိုင်ဘက်က အနိုင်ယူသွားမှာပဲဖြစ်တယ်။

          “နှာခေါင်းသွေးနဲ့ ကျန်းမာရေး” ကို လျှော့မတွက်သင့်ဘဲ ရောဂါတစ်ခုခုရဲ့ လက္ခဏာအဖြစ် စဉ်းစားမိကာ စနစ်တကျ တတ်ကျွမ်းသူ (မိသားစုဆရာဝန်) နဲ့ ပြသကာ ကုသမှုခံယူသင့်ပါတယ်။

Credit : ဒေါက်တာလွင်သန့်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top