iMyanmarHouse.com - Best Property Website for Myanmar
×

ေျခသည္းမိႈစြဲျခင္းဟာ ေျခသည္းပံုပ်က္ေစတဲ့ အေျခအေနတစ္ခုလည္း ျဖစ္တယ္။

ကံဆုိးစြာနဲ႔ပဲ ေျခသည္းမိႈစြဲျခင္းဟာ သူ႔အလုိိလို ေပ်ာက္မသြားတတ္ပါဘူး။ ကုသလွ်င္ လြယ္ကူစြာ မေပ်ာက္တတ္ဘဲ မကုသဘဲထားပါက ပုိမိုဆိုးရြားေသာအေျခအေနေတြလည္း ျဖစ္လာေစႏုိင္တာေၾကာင့္ ကာကြယ္ျခင္းက အေကာင္းဆံုးျဖစ္ပါတယ္။

ေျခေထာက္ေဆးပါ၊ ျပီးရင္ေျခာက္ေအာင္သုတ္ပါ

ေန႔စဥ္ေျခေထာက္ေတြကို ေရေႏြးေႏြးေလးနဲ႔ ဆပ္ျပာနဲ႔ ေဆးေပးသင့္တဲ့အျပင္ ေျခာက္ေသြ႔ေအာင္ အ၀တ္သန္႔သန္႔နဲ႔ သုတ္ေပးဖို႔လည္းလိုပါတယ္။ သုတ္တဲ့အခါ ေျခေခ်ာင္းေလးေတြ ၾကားထဲက ေနရာကိုလည္း မေမ့ပါနဲ႔ဦး။

လူထူထူမွာ ေျခဗလာနဲ႔ မေလွ်ာက္ပါနဲ႔

ေျခသည္းမိႈစြဲျခင္းဟာ ကူးႏုိင္တာေၾကာင့္ အျပင္ထြက္အခါဖိနပ္စီးသင့္ျပီး၊ အမ်ားသံုး ေရကူးကန္ေရာက္ရင္ေတာင္ ေရခ်ိဳးစီးဖိနပ္မ်ိဳး ေဆာင္ထားသင့္ပါတယ္။

ေခၽြးေကာင္းေကာင္း စုပ္နုိင္ေသာ ေျခအိတ္၀တ္ပါ

ရွဴးဖိနပ္စီးရသူေတြမွာ ေခၽြးေကာင္းေကာင္း စုပ္နုိင္ေသာ ေျခအိတ္သာ ၀တ္သင့္ပါတယ္။ နုိင္လြန္၊ သုိးေမြး၊ polypropylene စသည့္ခ်ည္ေတြဟာ စုိထိုင္းမႈကို အျမန္စုပ္ယူႏုိင္ပါတယ္။ ေျခအိတ္ကို ေန႔စဥ္လဲသင့္သလို ေခၽြးမ်ားမ်ား ထြက္ေနပါကလည္း တတ္ႏုိင္သေလာက္ ခ်က္ခ်င္းလဲပါ။ တစ္ရက္ကို တစ္စံုထက္ ပုိျပီးလည္း သံုးႏုိင္တယ္။

သင့္တင့္ေလ်ာက္ပတ္ေသာဖိနပ္စီးပါ

မိႈေတြဟာ ပူေႏြးစိုစြတ္တဲ့ေနရာေတြမွာ ေနတာေၾကာင့္ ဖိနပ္ေတြဟာ အေရးပါပါတယ္။ ေကာင္းေကာင္းေတာ္ျပီး ေျခေခ်ာင္းေလးေတြအတြက္ ေနရာအလံုအေလာက္ရမယ့္ ဖိနပ္မ်ိဳးေရြးပါ။ ဖိနပ္သားကိုလည္း အေလးေပးသင့္တယ္။ သားေရသားဟာ အသင့္ေတာ္ဆံုး ျဖစ္ျပီး ရွဴးဖိနပ္ေတြထက္စာရင္ ေျခေခ်ာင္းေလးေတြကုိ လႊတ္ထားတတ္တဲ့ ၾကိဳသိုင္းဖိနပ္ေတြက ပိုေကာင္းပါလိမ့္မယ္။

ေပါင္ဒါမႈန္႔သံုးပါ

ေျခေထာက္ေဆးျပီး သုတ္ျပီးတဲ့အခါ မိႈအႏၲရာယ္ကာကြယ္ေပးတဲ့ ေပါင္ဒါမ်ိဳးလိမ္းေပးပါ။ ေဆးေပါင္ဒါဟာ အေကာင္းဆံုးျဖစ္ျပီး ထိုေပါင္ဒါမ်ိဳးကို ေဆးဘက္ဆုိင္ရာ စတိုးဆုိင္ေတြမွာ ၀ယ္ယူရရွိႏုိင္ပါတယ္။

ပဝါ၊ ေျခအိတ္ မွ်ေဝမသံုးပါနဲ႔

မိႈပိုး ကူးႏိုင္တာေၾကာင့္ ပ၀ါေတြ၊ ေျခအိတ္ေတြ မွ်ေ၀သံုးစြဲျခင္းဟာ မိႈစြဲနုိင္ေခ် ပိုမ်ားေစပါတယ္။ တကယ္ေတာ့ တစ္ကုိယ္ရည္သံုးပစၥည္းတုိင္းကို မွ်ေ၀ မသံုးစြဲသင့္တာပါ။

ေျခသည္းပံုမွန္ညွပ္ပါ

ေျခသည္းေတြကို တိုတိုနဲ႔ ေျခာက္ေသြ႔ေနေအာင္ထားပါ။ ေျခစြယ္ မငုတ္ေစရန္ ေျခသည္းပံုမွန္ညွပ္ပါ။ ဒါေပမယ့္ အရမ္းတိုေအာင္လည္း မညွပ္ပစ္ပါနဲ႔။ ေျခသည္း သုိ႔မဟုတ္ ေဘးမွအေရျပားကုိ မထိုးဆြပါနွင့္။

ေျခသည္းညွပ္ကိုသန္႔ရွင္းေအာင္ထားပါ

ေျခသည္းညွပ္နွင့္ အျခားကိရိယာမ်ားကို အသံုးျပဳျပီး တိုင္း သန္႔ရွင္းေပးပါ။ သန္႔ရွင္းရာတြင္ ေရထက္ အရက္ျပန္ က ပိုေကာင္းပါတယ္။ ထို႔အျပင္ တစ္ပါးသူမ်ားႏွင့္ မွ်ေ၀သံုးစြဲမႈလည္းမျပဳပါနဲ႔။

ေျခသည္းဆုိးေဆးေတြမသံုးပါနဲ႔

ေျခသည္းဆိုးေဆးေတြဟာ ေျခသည္းေတြကို လွေစတာမွန္ေပမယ့္ ေျခသည္းစိုထုိင္းျပီး မိႈေပါက္မႈကိုအားေပးပါတယ္။

ေျခသည္း အလွျပင္ဆုိင္ အေရြးမွန္ပါေစ

ေျခသည္းေတြကို ဆုိင္မွာသန္႔စင္ခ်င္တယ္ဆုိရင္ေတာ့ လိုင္စင္ရျပီးသား ဆုိင္သန္႔သန္႔ကိုေရြးသင့္ပါတယ္။ မိမိကုိယ္ပုိင္ ေျခသည္းညွပ္ကိရိယာမ်ား ယူသြားနို္င္ပါတယ္။ ဆုိင္မွပစၥည္းမ်ား အသံုးျပဳမည္ ဆုိပါကလည္း သန္႔စင္ ပိုးသတ္ျပီးသားျဖစ္ပါေစ။

ေျခေထာက္ေတြကို သတိထားစစ္ေဆးေနပါ

ေျခေထာက္ေတြ အထူးသျဖင့္ ေျခသည္းေတြကို သတိထား စစ္ေဆးေနပါ။ ေျခသည္းအေရာင္ေျပာင္းတာမ်ိဳး၊ ပံုစံေျပာင္းတာမ်ိဳး မူမမွန္တာေတြ႔ရင္ ဆရာ၀န္ျပသင့္ပါတယ္။ ေျခသည္းမဟုတ္ဘဲ ေျခေထာက္မွာေရာဂါပိုးတစ္ခုခုဝင္တယ္ထင္ရင္လည္း ဆရာ၀န္နဲ႔ ေဆြးေႏြးသင့္ပါတယ္။ ထိုမွတဆင့္ ေျခသည္းကိုပါ ပိုး၀င္သြားႏိုင္လို႔ပါ။

ကာကြယ္ျခင္းဟာကုသျခင္းထက္ေကာင္းပါတယ္။ ဒီေနရာမွာ ေျခသည္းမိႈမတက္ေအာင္ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ အမ်ားၾကီးပို ရိုးရွင္းပါတယ္။ ဒါေၾကာင့္ သင့္ေျခသည္းေလးေတြကို သတိထားျပီး ဂရုတစိုက္ ပံုမွန္စစ္ေဆးေနသင့္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခြေသည်းမှိုစွဲခြင်းဟာ ခြေသည်းပုံပျက်စေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်တယ်။

ကံဆိုးစွာနဲ့ပဲ ခြေသည်းမှိုစွဲခြင်းဟာ သူ့အလိိုလို ပျောက်မသွားတတ်ပါဘူး။ ကုသလျှင် လွယ်ကူစွာ မပျောက်တတ်ဘဲ မကုသဘဲထားပါက ပိုမိုဆိုးရွားသောအခြေအနေတွေလည်း ဖြစ်လာစေနိုင်တာကြောင့် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

ခြေထောက်ဆေးပါ၊ ပြီးရင်ခြောက်အောင်သုတ်ပါ

နေ့စဉ်ခြေထောက်တွေကို ရေနွေးနွေးလေးနဲ့ ဆပ်ပြာနဲ့ ဆေးပေးသင့်တဲ့အပြင် ခြောက်သွေ့အောင် အဝတ်သန့်သန့်နဲ့ သုတ်ပေးဖို့လည်းလိုပါတယ်။ သုတ်တဲ့အခါ ခြေချောင်းလေးတွေ ကြားထဲက နေရာကိုလည်း မမေ့ပါနဲ့ဦး။

လူထူထူမှာ ခြေဗလာနဲ့ မလျှောက်ပါနဲ့

ခြေသည်းမှိုစွဲခြင်းဟာ ကူးနိုင်တာကြောင့် အပြင်ထွက်အခါဖိနပ်စီးသင့်ပြီး၊ အများသုံး ရေကူးကန်ရောက်ရင်တောင် ရေချိုးစီးဖိနပ်မျိုး ဆောင်ထားသင့်ပါတယ်။

ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်ဝတ်ပါ

ရှူးဖိနပ်စီးရသူတွေမှာ ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်သာ ဝတ်သင့်ပါတယ်။ နိုင်လွန်၊ သိုးမွေး၊ polypropylene စသည့်ချည်တွေဟာ စိုထိုင်းမှုကို အမြန်စုပ်ယူနိုင်ပါတယ်။ ခြေအိတ်ကို နေ့စဉ်လဲသင့်သလို ချွေးများများ ထွက်နေပါကလည်း တတ်နိုင်သလောက် ချက်ချင်းလဲပါ။ တစ်ရက်ကို တစ်စုံထက် ပိုပြီးလည်း သုံးနိုင်တယ်။

သင့်တင့်လျောက်ပတ်သောဖိနပ်စီးပါ

မှိုတွေဟာ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ နေတာကြောင့် ဖိနပ်တွေဟာ အရေးပါပါတယ်။ ကောင်းကောင်းတော်ပြီး ခြေချောင်းလေးတွေအတွက် နေရာအလုံအလောက်ရမယ့် ဖိနပ်မျိုးရွေးပါ။ ဖိနပ်သားကိုလည်း အလေးပေးသင့်တယ်။ သားရေသားဟာ အသင့်တော်ဆုံး ဖြစ်ပြီး ရှူးဖိနပ်တွေထက်စာရင် ခြေချောင်းလေးတွေကို လွှတ်ထားတတ်တဲ့ ကြိုသိုင်းဖိနပ်တွေက ပိုကောင်းပါလိမ့်မယ်။

ပေါင်ဒါမှုန့်သုံးပါ

ခြေထောက်ဆေးပြီး သုတ်ပြီးတဲ့အခါ မှိုအန္တရာယ်ကာကွယ်ပေးတဲ့ ပေါင်ဒါမျိုးလိမ်းပေးပါ။ ဆေးပေါင်ဒါဟာ အကောင်းဆုံးဖြစ်ပြီး ထိုပေါင်ဒါမျိုးကို ဆေးဘက်ဆိုင်ရာ စတိုးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ပဝါ၊ ခြေအိတ် မျှဝေမသုံးပါနဲ့

မှိုပိုး ကူးနိုင်တာကြောင့် ပဝါတွေ၊ ခြေအိတ်တွေ မျှဝေသုံးစွဲခြင်းဟာ မှိုစွဲနိုင်ချေ ပိုများစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်သုံးပစ္စည်းတိုင်းကို မျှေ၀ မသုံးစွဲသင့်တာပါ။

ခြေသည်းပုံမှန်ညှပ်ပါ

ခြေသည်းတွေကို တိုတိုနဲ့ ခြောက်သွေ့နေအောင်ထားပါ။ ခြေစွယ် မငုတ်စေရန် ခြေသည်းပုံမှန်ညှပ်ပါ။ ဒါပေမယ့် အရမ်းတိုအောင်လည်း မညှပ်ပစ်ပါနဲ့။ ခြေသည်း သို့မဟုတ် ဘေးမှအရေပြားကို မထိုးဆွပါနှင့်။

ခြေသည်းညှပ်ကိုသန့်ရှင်းအောင်ထားပါ

ခြေသည်းညှပ်နှင့် အခြားကိရိယာများကို အသုံးပြုပြီး တိုင်း သန့်ရှင်းပေးပါ။ သန့်ရှင်းရာတွင် ရေထက် အရက်ပြန် က ပိုကောင်းပါတယ်။ ထို့အပြင် တစ်ပါးသူများနှင့် မျှဝေသုံးစွဲမှုလည်းမပြုပါနဲ့။

ခြေသည်းဆိုးဆေးတွေမသုံးပါနဲ့

ခြေသည်းဆိုးဆေးတွေဟာ ခြေသည်းတွေကို လှစေတာမှန်ပေမယ့် ခြေသည်းစိုထိုင်းပြီး မှိုပေါက်မှုကိုအားပေးပါတယ်။

ခြေသည်း အလှပြင်ဆိုင် အရွေးမှန်ပါစေ

ခြေသည်းတွေကို ဆိုင်မှာသန့်စင်ချင်တယ်ဆိုရင်တော့ လိုင်စင်ရပြီးသား ဆိုင်သန့်သန့်ကိုရွေးသင့်ပါတယ်။ မိမိကိုယ်ပိုင် ခြေသည်းညှပ်ကိရိယာများ ယူသွားနိုင်ပါတယ်။ ဆိုင်မှပစ္စည်းများ အသုံးပြုမည် ဆိုပါကလည်း သန့်စင် ပိုးသတ်ပြီးသားဖြစ်ပါစေ။

ခြေထောက်တွေကို သတိထားစစ်ဆေးနေပါ

ခြေထောက်တွေ အထူးသဖြင့် ခြေသည်းတွေကို သတိထား စစ်ဆေးနေပါ။ ခြေသည်းအရောင်ပြောင်းတာမျိုး၊ ပုံစံပြောင်းတာမျိုး မူမမှန်တာတွေ့ရင် ဆရာဝန်ပြသင့်ပါတယ်။ ခြေသည်းမဟုတ်ဘဲ ခြေထောက်မှာရောဂါပိုးတစ်ခုခုဝင်တယ်ထင်ရင်လည်း ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ထိုမှတဆင့် ခြေသည်းကိုပါ ပိုးဝင်သွားနိုင်လို့ပါ။

ကာကွယ်ခြင်းဟာကုသခြင်းထက်ကောင်းပါတယ်။ ဒီနေရာမှာ ခြေသည်းမှိုမတက်အောင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် အများကြီးပို ရိုးရှင်းပါတယ်။ ဒါကြောင့် သင့်ခြေသည်းလေးတွေကို သတိထားပြီး ဂရုတစိုက် ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top