iMyanmarHouse.com - Best Property Website for Myanmar
×

နီရဲေသာအေရာင္အေသြးႏွင့္ အရည္ရြမ္းေသာအသီးအႏွံျဖစ္သည့္ ခရမ္းခ်ဥ္သီးမ်ားသည္ ကိုယ္ခႏၶာက်န္းမာေရးကိုသာမက ၀င္းလက္ေသာအသားအေရရရွိရန္အတြက္လည္း ကူညီေပးႏိုင္ပါတယ္။ Antioxidants မ်ားႏွင့္ အျခားအာဟာရဓာတ္တို႕ အမ်ားအျပားပါ၀င္ေသာ ခရမ္းခ်ဥ္သီးကို ဟင္းလ်ာမ်ားခ်က္ျပဳတ္ရာတြင္သာမဟုတ္ပဲ အသားအေရေပၚရွိအစက္အေျပာက္မ်ားႏွင့္ အမည္းကြက္မ်ားကိုပါ ေပ်ာက္ကင္းေစရန္အတြက္လည္း အသံုးျပဳႏုိင္ပါတယ္။ ထုိ႕အတြက္ ခရမ္းခ်ဥ္သီးေပါင္းစပ္ပါ၀င္သည့္ မ်က္ႏွာသစ္မ်ား၊ သန္႕စင္ေဆးမ်ား၊ တိုနာမ်ားကိုအသံုးျပဳမည့္အစား မ်က္ႏွာအသားအေရကို လံုး၀ေျပာင္းလဲပစ္လိုက္ႏိုင္သည့္ ခရမ္းခ်ဥ္သီးသဘာ၀မ်က္ႏွာေပါင္းတင္နည္းအခ်ိဳ႕ကို မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ ခရမ္းခ်ဥ္သီးႏွင့္သခြားသီး

ခရမ္းခ်ဥ္သီးတစ္လံုး၏ အရည္မွန္သမွ်ကိုညွစ္ထုတ္၍ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းရွိ သခြားသီးအႏွစ္၊ ပ်ားရည္တို႕ျဖင့္ ေရာစပ္ေမႊေပးပါ။ ထုိအေရာကို မ်က္ႏွာေပၚသို႕ လိမ္းျခယ္၍ ၁၅ မိနစ္မွ မိနစ္ ၂၀ ခန္႕ထားရွိၿပီးေနာက္မွာ ႀကက္သီးေႏြးထရံုေရေႏြးေႏြးျဖင့္ ေဆးေႀကာသန္႕စင္ေပးႏိုင္ပါတယ္။ အဆီျပန္သူမ်ားျပဳလုပ္ရန္အတြက္ အထူးသင့္ေတာ္သည့္နည္းလမ္းပဲျဖစ္ပါတယ္။

၂။ ခရမ္းခ်ဥ္သီးႏွင့္သံလြင္ဆီ

အလယ္အလတ္အရြယ္အစားရွိသည့္ ခရမ္းခ်ဥ္သီး၏အရည္ကိုညွစ္၍ လက္ဖက္ရည္ဇြန္းတစ္ဇြန္းပမာဏရွိ သံလြင္ဆီကိုေပါင္းေမႊပါ။ ထုိ႕ေနာက္ မ်က္ႏွာေပၚတြင္ ၁၅ မိနစ္မွ မိနစ္ ၂၀ ခန္႕ သို႕မဟုတ္ ေျခာက္သြားသည္အထိထားၿပီးေနာက္ ေရေအးအစား ေႏြးရံုမွ်ေရကိုအသံုးျပဳ၍ အ၀ိုင္းပံုသ႑ာန္အတိုင္းမ်က္ႏွာကို ေဆးေႀကာႏွိပ္နယ္ေပးပါ။ အလြန္တရာမွ အသားအေရေျခာက္တတ္သူမ်ား အသံုးျပဳေပးႏိုင္ပါတယ္။

၃။ ခရမ္းခ်ဥ္သီးအႏွစ္

ျပဳတ္ထားေသာခရမ္းခ်ဥ္သီးမ်ားကို ဖိေခ်၍ အႏွစ္ရရွိလာသည့္အခါ မ်က္ႏွာေပၚသို႕ အ၀ိုင္းပံုစံအတိုင္းပြတ္လိမ္းကာ ေျခာက္သြားသည္အထိထားေပးပါ။ ေနေလာင္ခံအမည္းကြက္မ်ားကို ဖယ္ရွားလိုသူမ်ား စမ္းႀကည့္ႏိုင္ပါတယ္။

၄။ ခရမ္းခ်ဥ္သီး၊ ဒိန္ခ်ဥ္ႏွင့္သံပုရာသီး

ညွစ္ထုတ္ထားသည့္ ခရမ္းခ်ဥ္သီးအရည္သို႕ သံပုရာရည္ႏွစ္ဇြန္းႏွင့္ဒိန္ခ်ဥ္တုိ႕ကို ေပါင္းစပ္၍ ရရွိလာသည့္အေရာကို မ်က္ႏွာေပၚသို႕ လိမ္းျခယ္၍ ၁၅ မိနစ္ မွ မိနစ္ ၂၀ ခန္႕အထိထားရွိၿပီးေနာက္မွာ ေရေႏြးေႏြးေလးျဖင့္ ေဆးေႀကာသန္႕စင္ေပးႏိုင္ပါတယ္။

၅။ ခရမ္းခ်ဥ္သီးႏွင့္အုတ္ဂ်ံဳမႈန္႕

အုတ္ဂ်ံဳမႈန္႕ႏွစ္ဇြန္းကို ခရမ္းခ်ဥ္သီးအႏွစ္ႏွစ္ဇြန္း၊ သခြားသီးအႏွစ္တုိ႕ျဖင့္ ေရာေမႊာၿပီး မ်က္ႏွာေပၚတြင္ ၁၅ မိနစ္ႀကာထားရွိ၍ ေရေႏြးေႏြးျဖင့္ မသစ္ခင္အခ်ိန္ အ၀ိုင္းပံုသ႑ာန္အတုိင္း ပြတ္သပ္ေပးပါ။ မွန္မွန္ျပဳလုပ္ေပးျခင္းျဖင့္ ၀င္းလက္ေတာက္ပေသာ အသားအေရကို ပိုင္ဆိုင္နုိင္မွာျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နီရဲသောအရောင်အသွေးနှင့် အရည်ရွမ်းသောအသီးအနှံဖြစ်သည့် ခရမ်းချဉ်သီးများသည် ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက ဝင်းလက်သောအသားအရေရရှိရန်အတွက်လည်း ကူညီပေးနိုင်ပါတယ်။ Antioxidants များနှင့် အခြားအာဟာရဓာတ်တို့ အများအပြားပါဝင်သော ခရမ်းချဉ်သီးကို ဟင်းလျာများချက်ပြုတ်ရာတွင်သာမဟုတ်ပဲ အသားအရေပေါ်ရှိအစက်အပြောက်များနှင့် အမည်းကွက်များကိုပါ ပျောက်ကင်းစေရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ထို့အတွက် ခရမ်းချဉ်သီးပေါင်းစပ်ပါဝင်သည့် မျက်နှာသစ်များ၊ သန့်စင်ဆေးများ၊ တိုနာများကိုအသုံးပြုမည့်အစား မျက်နှာအသားအရေကို လုံးဝပြောင်းလဲပစ်လိုက်နိုင်သည့် ခရမ်းချဉ်သီးသဘာဝမျက်နှာပေါင်းတင်နည်းအချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ ခရမ်းချဉ်သီးနှင့်သခွားသီး

ခရမ်းချဉ်သီးတစ်လုံး၏ အရည်မှန်သမျှကိုညှစ်ထုတ်၍ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရှိ သခွားသီးအနှစ်၊ ပျားရည်တို့ဖြင့် ရောစပ်မွှေပေးပါ။ ထိုအရောကို မျက်နှာပေါ်သို့ လိမ်းခြယ်၍ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ထားရှိပြီးနောက်မှာ ကြက်သီးနွေးထရုံရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ အဆီပြန်သူများပြုလုပ်ရန်အတွက် အထူးသင့်တော်သည့်နည်းလမ်းပဲဖြစ်ပါတယ်။

၂။ ခရမ်းချဉ်သီးနှင့်သံလွင်ဆီ

အလယ်အလတ်အရွယ်အစားရှိသည့် ခရမ်းချဉ်သီး၏အရည်ကိုညှစ်၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်းပမာဏရှိ သံလွင်ဆီကိုပေါင်းမွှေပါ။ ထို့နောက် မျက်နှာပေါ်တွင် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် သို့မဟုတ် ခြောက်သွားသည်အထိထားပြီးနောက် ရေအေးအစား နွေးရုံမျှရေကိုအသုံးပြု၍ အဝိုင်းပုံသဏ္ဍာန်အတိုင်းမျက်နှာကို ဆေးကြောနှိပ်နယ်ပေးပါ။ အလွန်တရာမှ အသားအရေခြောက်တတ်သူများ အသုံးပြုပေးနိုင်ပါတယ်။

၃။ ခရမ်းချဉ်သီးအနှစ်

ပြုတ်ထားသောခရမ်းချဉ်သီးများကို ဖိချေ၍ အနှစ်ရရှိလာသည့်အခါ မျက်နှာပေါ်သို့ အဝိုင်းပုံစံအတိုင်းပွတ်လိမ်းကာ ခြောက်သွားသည်အထိထားပေးပါ။ နေလောင်ခံအမည်းကွက်များကို ဖယ်ရှားလိုသူများ စမ်းကြည့်နိုင်ပါတယ်။

၄။ ခရမ်းချဉ်သီး၊ ဒိန်ချဉ်နှင့်သံပုရာသီး

ညှစ်ထုတ်ထားသည့် ခရမ်းချဉ်သီးအရည်သို့ သံပုရာရည်နှစ်ဇွန်းနှင့်ဒိန်ချဉ်တို့ကို ပေါင်းစပ်၍ ရရှိလာသည့်အရောကို မျက်နှာပေါ်သို့ လိမ်းခြယ်၍ ၁၅ မိနစ် မှ မိနစ် ၂၀ ခန့်အထိထားရှိပြီးနောက်မှာ ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

၅။ ခရမ်းချဉ်သီးနှင့်အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်နှစ်ဇွန်းကို ခရမ်းချဉ်သီးအနှစ်နှစ်ဇွန်း၊ သခွားသီးအနှစ်တို့ဖြင့် ရောမွှောပြီး မျက်နှာပေါ်တွင် ၁၅ မိနစ်ကြာထားရှိ၍ ရေနွေးနွေးဖြင့် မသစ်ခင်အချိန် အဝိုင်းပုံသဏ္ဍာန်အတိုင်း ပွတ်သပ်ပေးပါ။ မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် ဝင်းလက်တောက်ပသော အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top