iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တို႔ျမန္မာလူမ်ိဳးေတြရဲ႕ေန႕စဥ္အစားအေသာက္မွာ အဓိကေနရာကပါဝင္ေနတဲ႔ ထမင္းကို ဆန္ကိုေရေဆးၿပီး ထမင္းအိုးတည္ျခင္းကေန ရရွိပါတယ္။ အဲဒီလိုထမင္းအိုးတည္ရင္ ဆန္ေဆးရာက ရရွိတဲ႔ ဆန္ေဆးေရကိုေတာ႔ သြန္ပစ္ၾကတာမ်ားပါတယ္။

အမွန္ေတာ႔ ဆန္ေဆးေရမွာလည္း အေရျပားနဲ႔ ဆံေကသာျပႆနာေလးေတြကို ေျဖရွင္းေပးႏိုင္တဲ႔ ဂုဏ္သတၱိေလးေတြပါဝင္ေနလို႔ မသြန္ပစ္ဘဲ ျပန္သံုးသင္႔ပါတယ္။
၁။ ဝက္ျခံေပ်ာက္ေစတယ္

ဝက္ ျခံဆိုတာ အျဖစ္မ်ားတဲ႔ျပႆနာတစ္ရပ္ပါပဲ။ ေနာက္ၿပီး မ်က္ႏွာလွလွေလးေပၚမွာ ဝက္ျခံေတြေပါက္လာတာက စိတ္ရႈပ္ဖို႔ အရမ္းေကာင္းပါတယ္။ အဲဒီလိုအခ်ိန္မွာ ေျဖရွင္းဖို႔အေကာင္းဆံုး နည္းလမ္းတစ္ခုကေတာ႔ ဆန္ေဆးေရကိုအသံုးျပဳတာပါပဲ။ ဆန္ေဆးေရဟာ ဝက္ျခံနဲ႔ အေရျပားနီရဲျခင္းေတြကို သက္သာေစႏိုင္တဲ႔ ဂုဏ္သတၱိရွိပါတယ္။
၂။ အေရျပားအိုမင္းရင္႔ေရာ္မႈကို ကုသေပးတယ္

တကယ္လို႔ ခင္ဗ်ားရဲ႕အေရျပားက အိုမင္းရင္႔ေရာ္ေနၿပီး ရွိရင္းစြဲထက္ ပိုမိုအိုမင္းေနတယ္လို႔ ခံစားေနရတဲ႔အခါ ဆန္ေဆးေရနဲ႔သာ မ်က္ႏွာသစ္ေပးလိုက္ပါ။ ၄င္းက အေရျပားကို ျပန္လည္စိုေျပေစၿပီး အခ်ိန္ပိုင္းအတြင္းမွာ ျပန္လည္ထူးျခားလာမႈကို ေတြ႕ျမင္ရမွာပါ။
၃။ အစာေျခစနစ္ကို ပိုမိုေကာင္းမြန္ေစတယ္

အေပၚမွာေျပာခဲ႔သလိုပါပဲ။ ဆန္္ေဆးေရက အစာေျခစနစ္ကိုလည္း အထူးေကာင္းမြန္ေစပါတယ္။ ဆန္ေဆးေရကို ဒီတိုင္းအေအးခံၿပီးေသာက္လို႔ရသလို အပူနည္းနည္းေပးၿပီး ေသာက္လို႕လည္းရပါတယ္။ ဒီတိုင္းေသာက္ရင္ မဝင္မွာစိုးရင္ ပ်ားရည္နည္းနည္းထည္႔လို႕ရပါေသးတယ္။
၄။ အေရျပားယားယံျခင္းေတြကို ကုသႏိုင္တယ္

အေရျပားယားယံတတ္ပါသလား။ အခ်ိန္ျဖဳန္းမေနပါနဲ႔။ ဆန္ေဆးေရကိုသာ အသံုးျပဳလိုက္ပါ။ ဆန္ေဆးေရမွာ အေရျပားဆဲလ္ေပါက္ေလးေတြထိ ဝင္ၿပီး သန္႕ရွင္းေပးႏိုင္တဲ႔ ဂုဏ္သတၱိရွိတဲ႔အတြက္ ဝါဂြမ္းစေလးနဲ႔ ဆန္ေဆးေရကို တို႔ၿပီးလိမ္းလိုက္ရံုနဲ႔ လ်င္ျမန္စြာသက္သာေပ်ာက္ကင္းေစမွာပါ။
၅။ မ်က္ႏွာအေရျပားကို သန္႕စင္ေစပါတယ္

လူအမ်ားစုက ဆန္ေဆးေရကို မ်က္ႏွာသစ္ေဆးတစ္မ်ိဳးအျဖစ္ အသံုးျပဳၾကပါတယ္။ တကယ္တမ္းလည္း ဆန္ေဆးေရကို မ်က္ႏွာအေရျပားေပၚက အညစ္အေၾကးေတြကို ဖယ္ရွားဖို႔အတြက္ သန္႕စင္ေဆး တစ္မ်ိဳးအျဖစ္ အသံုးခ်ႏိုင္ပါတယ္။ ထံုးစံအတိုင္းပါပဲ... ဝါဂြမ္းစေလးတစ္ဖတ္နဲ႔ ဆန္ေဆးေရကိုတို႔ၿပီး မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးႏိုင္ပါတယ္။ ၿပီးမွ ေရနဲ႔ျပန္ေဆးခ်ေပးလိုက္ေပါ႔။ ပံုမွန္လုပ္ေပးမယ္ဆိုရင္ အေရျပားေလး သိသိသာသာ ေပ်ာ႔ေပ်ာင္းသန္႕စင္လာတာကို ေတြ႕ရွိရမွာပါ။
၆။ ဆံသားကိုခိုင္မာေစမယ္

ဆန္ေဆးေရက ဆံသားကိုလည္း ခိုင္မာေစပါတယ္။ တရုပ္ႏိုင္္ငံ ေက်းလက္ေတာရြာက အမ်ိဳးသမီးေတြဆိုရင္ ဆန္ေဆးေရနဲ႔ ေခါင္းေလွ်ာ္ၾကတဲ႔အတြက္ ဆံေကသာေလးေတြ နက္ေမွွာင္ၿပီး ခုိင္မာေနရတာလို႔ ဆိုပါတယ္။ တိုတိုေျပာရရင္ ဆန္ေဆးေရက သူတို႔ရဲ႕ရွည္လ်ားသန္မာတဲ႔ ဆံေကသာေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္ပါပဲတဲ႔။

Source: youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နေ့စဉ်အစားအသောက်မှာ အဓိကနေရာကပါဝင်နေတဲ့ ထမင်းကို ဆန်ကိုရေဆေးပြီး ထမင်းအိုးတည်ခြင်းကနေ ရရှိပါတယ်။ အဲဒီလိုထမင်းအိုးတည်ရင် ဆန်ဆေးရာက ရရှိတဲ့ ဆန်ဆေးရေကိုတော့ သွန်ပစ်ကြတာများပါတယ်။

အမှန်တော့ ဆန်ဆေးရေမှာလည်း အရေပြားနဲ့ ဆံကေသာပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိလေးတွေပါဝင်နေလို့ မသွန်ပစ်ဘဲ ပြန်သုံးသင့်ပါတယ်။
၁။ ဝက်ခြံပျောက်စေတယ်

ဝက် ခြံဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ရပ်ပါပဲ။ နောက်ပြီး မျက်နှာလှလှလေးပေါ်မှာ ဝက်ခြံတွေပေါက်လာတာက စိတ်ရှုပ်ဖို့ အရမ်းကောင်းပါတယ်။ အဲဒီလိုအချိန်မှာ ဖြေရှင်းဖို့အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရေကိုအသုံးပြုတာပါပဲ။ ဆန်ဆေးရေဟာ ဝက်ခြံနဲ့ အရေပြားနီရဲခြင်းတွေကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
၂။ အရေပြားအိုမင်းရင့်ရော်မှုကို ကုသပေးတယ်

တကယ်လို့ ခင်ဗျားရဲ့အရေပြားက အိုမင်းရင့်ရော်နေပြီး ရှိရင်းစွဲထက် ပိုမိုအိုမင်းနေတယ်လို့ ခံစားနေရတဲ့အခါ ဆန်ဆေးရေနဲ့သာ မျက်နှာသစ်ပေးလိုက်ပါ။ ၎င်းက အရေပြားကို ပြန်လည်စိုပြေစေပြီး အချိန်ပိုင်းအတွင်းမှာ ပြန်လည်ထူးခြားလာမှုကို တွေ့မြင်ရမှာပါ။
၃။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတယ်

အပေါ်မှာပြောခဲ့သလိုပါပဲ။ ဆန်ဆေးရေက အစာခြေစနစ်ကိုလည်း အထူးကောင်းမွန်စေပါတယ်။ ဆန်ဆေးရေကို ဒီတိုင်းအအေးခံပြီးသောက်လို့ရသလို အပူနည်းနည်းပေးပြီး သောက်လို့လည်းရပါတယ်။ ဒီတိုင်းသောက်ရင် မဝင်မှာစိုးရင် ပျားရည်နည်းနည်းထည့်လို့ရပါသေးတယ်။
၄။ အရေပြားယားယံခြင်းတွေကို ကုသနိုင်တယ်

အရေပြားယားယံတတ်ပါသလား။ အချိန်ဖြုန်းမနေပါနဲ့။ ဆန်ဆေးရေကိုသာ အသုံးပြုလိုက်ပါ။ ဆန်ဆေးရေမှာ အရေပြားဆဲလ်ပေါက်လေးတွေထိ ဝင်ပြီး သန့်ရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ဝါဂွမ်းစလေးနဲ့ ဆန်ဆေးရေကို တို့ပြီးလိမ်းလိုက်ရုံနဲ့ လျင်မြန်စွာသက်သာပျောက်ကင်းစေမှာပါ။
၅။ မျက်နှာအရေပြားကို သန့်စင်စေပါတယ်

လူအများစုက ဆန်ဆေးရေကို မျက်နှာသစ်ဆေးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။ တကယ်တမ်းလည်း ဆန်ဆေးရေကို မျက်နှာအရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် သန့်စင်ဆေး တစ်မျိုးအဖြစ် အသုံးချနိုင်ပါတယ်။ ထုံးစံအတိုင်းပါပဲ... ဝါဂွမ်းစလေးတစ်ဖတ်နဲ့ ဆန်ဆေးရေကိုတို့ပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ပြီးမှ ရေနဲ့ပြန်ဆေးချပေးလိုက်ပေါ့။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေပြားလေး သိသိသာသာ ပျော့ပျောင်းသန့်စင်လာတာကို တွေ့ရှိရမှာပါ။
၆။ ဆံသားကိုခိုင်မာစေမယ်

ဆန်ဆေးရေက ဆံသားကိုလည်း ခိုင်မာစေပါတယ်။ တရုပ်နိုင်ငံ ကျေးလက်တောရွာက အမျိုးသမီးတွေဆိုရင် ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြတဲ့အတွက် ဆံကေသာလေးတွေ နက်မှှောင်ပြီး ခိုင်မာနေရတာလို့ ဆိုပါတယ်။ တိုတိုပြောရရင် ဆန်ဆေးရေက သူတို့ရဲ့ရှည်လျားသန်မာတဲ့ ဆံကေသာတွေရဲ့လျှို့ဝှက်ချက်ပါပဲတဲ့။

Source: youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top