iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ အဝလြန္ေနသူလည္း မဟုတ္ပဲ ဘာေၾကာင့္ အဆီပုိေတြ၊ အဖုအထစ္ေတြ ခႏၶာကုိယ္မွာ ရွိေနရသလဲဆုိတာ အံ့ဩေနပါသလား။ အမွန္မွာေတာ့ ဒါဟာ ပုံမွန္သဘာဝပဲ ျဖစ္ပါတယ္။ ပိန္တဲ့ သူေတြမွာေတာင္ ဒီလုိ အဆီပုိ အဖုအထစ္ေတြဟာ ရွိေနႏုိင္ပါတယ္။ အဆီပုိဖုေတြဆုိတာ သင့္ရဲ႕ အေရျပားေအာက္မွာ ကပ္တင္က်န္ရွိေနတဲ့ ရုိးရုိးအဆီေတြပဲ ျဖစ္ပါတယ္။ အသားအေရ ေခ်ာမႈ၊ ၾကမ္းမႈ စတာေတြနဲ႔ဆုိင္တဲ့ ျပႆနာအခ်ိုုဳ ႔ေၾကာင့္ အသားအေရရဲ႕ တြယ္ဆက္တစ္ရွဴးေတြကုိ ဆန္႔က်င္ၿပီး အဆီပုိေတြဟာ တြန္းထြက္လာကာ သင့္ရဲ႕ အေရျပားေပၚမွာ ဖုထစ္ေဖာင္းထြက္လာပါတယ္။ သင္ဟာ အခ်ဳိ႕ေသာ အစားအေသာက္ အမ်ဳိးအစားေတြကုိ စားေပးျခင္းအားျဖင့္ သူတုိ႔ေတြကုိ ေပ်ာက္ကင္းေစေအာင္ လုပ္ႏုိင္ပါတယ္။ ၎အစားအေသာက္ေတြက ဘာေတြလဲ။

မျပည့္ဝဆီပါဝင္မႈမ်ားေသာ အစားအေသာက္မ်ား
ေဟာ္မုန္းပမာဏ ေျပာင္းလဲျခင္းဟာ အဆီပုိေတြျဖစ္ေစတဲ့ အေၾကာင္းအရာတစ္ခုထဲမွာ ပါဝင္ပါတယ္။ အုိမီဂါ သရီး ပါဝင္ေသာ အစားအေသာက္ေတြကုိ စားေပးျခင္းဟာ အီစထရုိဂ်င္ဆုိတဲ့ အမ်ဳိးသမီးေဟာ္မုန္းကုိ တုိက္ထုတ္ေပးႏုိင္ပါတယ္။ သင့္ရဲ႕ေန႔စဥ္ အစားအေသာက္ေတြထဲမွာ ထည့္ေပးၿပီး စားေပးသင့္ပါတယ္။ ငါးေတြမွာဆုိရင္ အုိမီဂါ သရီး ပမာဏ မ်ားစြာ ပါဝင္ပါတယ္။ အထူးသျဖင့္ ေဆာ္လမြန္ငါး၊ဆာဒင္းငါးႏွင့္ ျပည္ႀကီးငါး စတာေတြမွာပါဝင္ပါတယ္။ သုိ႔မဟုတ္ သစ္ၾကားသီး ၊ေနၾကာေစ့ ၊ေျမပဲ အေစ့အဆံႏွင့္ ေထာပတ္သီးကရေသာ တန္ဖုိးရွိတဲ့ အိုမီဂါ သရီး ေတြ ကုိလည္းသင္ဟာ စားေပးႏုိင္ပါတယ္။

ဗီတာမင္ စီဓာတ္ႂကြယ္ဝေသာ အစားအေသာက္မ်ား။
ဗီတာမင္စီဓာတ္ဟာ သင့္အသားအေရရဲ႕ တြယ္ဆက္တစ္ရွဴးေတြကုိ ပုိေကာင္းေအာင္ ကူညီေပးၿပီး အဆီပုိေတြ ျဖစ္ေပၚလာမွဳကို တားဆီးေပးကာ အေရျပားရဲ႕ ပုံပန္းသြင္ျပင္ေတြကုိ ပုိမုိေကာင္းမြန္ေအာင္ ျပဳလုပ္ေပး ႏုိင္ပါတယ္။ ဒီလိုအေၾကာင္းအရာေတြေၾကာင့္ ဗီတာမင္စီ ပမာဏ မ်ားစြာပါဝင္ေသာ အစားအေသာက္ေတြဟာ အဆီပုိေတြ ဖယ္ရွားတဲ့အခါမွာ စားေပးဖုိ႔ ေရြးခ်ယ္သင့္တဲ့ အေကာင္းဆုံး အစားအေသာက္ေတြ ျဖစ္ပါတယ္။ သင္ဟာ ဗီတာမင္စီဓာတ္ ပမာဏ အမ်ားႀကီးကုိ ရရွိေစရန္ အခ်ဥ္ဓာတ္မ်ားေသာ အသီးအႏွံမ်ား၊ ကီဝီသီး၊ ပန္းေဂၚ ဖီစိမ္း၊ ငရုတ္ပြ ႏွင့္ ဘယ္ရီသီး စတဲ့ အသီးအႏွံႏွင့္ အသီးအရြက္ေတြကုိ စားေပးႏုိင္ပါတယ္။

ဓာတ္တုိးဆန္႔က်င္ပစၥည္း ပါဝင္ေသာ အစားအေသာက္မ်ား
ဒီအစားအေသာက္ ေတြဟာဆုိရင္ အဆီဆဲလ္ေတြကုိ ဖ်က္ဆီးေပးၿပီး အသားစ တစ္ရွဴးေတြၾကားမွာ ေသြးလည္ပတ္မွဳ ကုိပုိၿပီး သိသိသာသာ ေကာင္းေစပါတယ္။ဓာတ္တုိးဆန္႔က်င္ ပစၥည္းပါဝင္တဲ့ ထြက္ကုန္မ်ားစြာ ရွိပါတယ္။ အထူးသျဖင့္ ေဆာ္လမြန္ငါး ႏွင့္လက္ဖက္စိမ္း စတာေတြလည္း ပါဝင္ပါတယ္။

ခႏၶာကုိယ္တြင္ ဇီဝကမၼ ျဖစ္စဥ္ ေႏွးေကြးမွဳဟာလည္း အဆီပုိျဖစ္ေစရတဲ့ အေၾကာင္းအရင္း တစ္ခုထဲမွာ ပါဝင္ပါတယ္။ လက္ဖက္စိမ္းဟာဆုိရင္ သင့္ရဲ႕ ခႏၶာကုိယ္ထဲမွ ဇီဝကမၼ ျဖစ္ပ်က္ မွဳကုိ ပုိမုိျဖစ္ေပၚ ေကာင္းမြန္ေစၿပီး အဆီပုိ သုိေလွာင္မွဳေတြကုိလည္း ေလွ်ာ့ခ်ႏုိင္ပါတယ္။ လက္ဖက္စိမ္းကုိ ေန႔စဥ္ေသာက္ေပးျခင္းဟာ သင့္အတြက္ အက်ဳိးေက်းဇူးမ်ားစြာ ရရွိႏုိ္င္ပါတယ္။

ကစီဓာတ္ ႏွင့္ အင္ဆူလင္ ကုိေလွ်ာ႔ခ်ေပးႏုိင္ေသာ အစားအေသာက္မ်ား။
အင္ဆူလင္ ဓာတ္ဟာဆုိရင္ အဆီပုိေတြ ျဖစ္ေပၚလာမွဳကုိ မ်ားစြာ လႊမ္းမုိးေနပါတယ္။ သင္ဟာ ကစီဓာတ္ကုိ စားလုိက္တဲ့အခါမွာ သင့္ရဲ႕ ခႏၶာကုိယ္မွာ အင္ဆူလင္ေတြကုိ ထြက္လာေစၿပီး ဂလူးကိုစ့္ ေတြဟာ သင့္ရဲ႕ေသြးေၾကာထဲကုိ ဝင္လာေအာင္ လုပ္ေဆာင္ေပးပါတယ္။ အခ်ဳိ႕ေသာ အေျခေနေတြမွာ ဆုိရင္ အင္ဆူလင္ဟာ ကစီဓာတ္ေတြကုိ အဆီဆဲလ္ေတြဆီသုိ႔ ယူေဆာင္ေပးၿပီး ပုိမုိ ႀကီးထြားလာေအာင္လုပ္ကာ အဆီေတြကုိ ပုိၿပီး ျမင္သာထင္သာ ရွိလာေစပါတယ္။
ၾကက္သြန္ျဖဴ အစိမ္း သုိ႔မဟုတ္ ေထာပတ္သီးကုိ စားေပးျခင္းအားျဖင့္ သင့္ရဲ႕ ခႏၶာကုိယ္ထဲမွာ အင္ဆူလင္ဓာတ္ကုိ ေလ်ာ့က်ေစပါတယ္။ အခ်ဥ္ဓာတ္မ်ားေသာ အသီးအႏွံေတြဟာလည္း အဆီပုိေတြကုိ တုိက္ထုတ္ရမွာ ေကာင္းပါတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ သင့္ရဲ႕ခႏၶာကုိယ္ကုိ ကစီဓာတ္ေၾကာင့္ အဆီပိုေတြကို မျဖစ္ေစရန္ ေလ်ွာ့ခ်ေပးႏုိင္လုိ႔ ျဖစ္ပါတယ္။

အသားဓာတ္ပါဝင္ေသာ အစားအေသာက္မ်ား
ဒီလို အဆီပိုဖုေတြ ျဖစ္လာတဲ့အခါ သင့္ရဲ႕အသားအေရဟာ တင္းရင္းမွဳ ေလ်ာ့က်သြားပါတယ္။ အသားအေရမွာရွိတဲ့ တြယ္ဆက္တစ္ရွဴးေတြ ပ်က္စီးလာတဲ့ အခါမွာ သင့္အသားအေရဟာ တင္းရင္းမွဳ ေလ်ာ့က်လာေစၿပီး အဆီပုိေတြကုိ ပုိၿပီးထင္သာျမင္သာ ျဖစ္လာေစပါတယ္။ သင့္ရဲ႕ ေန႔စဥ္ အစားအေသာက္ေတြမွာ အဆီမပါအသားမ်ား ဥပမာ ၾကက္သား၊ အဆီမပါေသာ အနီေရာင္အသားမ်ား၊ အျဖဴေရာင္ ငါးမ်ား၊ ပဲမ်ား စတာေတြကုိ ျဖည့္စြက္စားၿပီး အဆီပိုမျဖစ္ေအာင္ထိန္းသိမ္းနုိင္ပါတယ္။ ဒီလုိစားေပးျခင္းအားျဖင့္ သင့္ခႏၶာကုိယ္ထဲမွာ အသားဓာတ္ ပမာဏ မ်ားျပားလာၿပီး အသားအေရတင္းရင္းလာကာ ၾကံ့ခုိင္ က်န္းမာတဲ့ ခႏၶာကုိယ္ကုိ ရရွိေစမွာ ျဖစ္ပါတယ္။

အစားအေသာက္ေတြဟာ အဆီပုိေတြ သဘာဝအေလ်ာက္ ေပ်ာက္သြားေစဖုိ႔ရာ အေကာင္းဆုံး အေျဖတစ္ခုျဖစ္ပါတယ္။ သုိ႔ေသာ္ သင္ၾကဳိက္ေသာ အစားအေသာက္ေတြခ်ည္းပဲ ဆက္တုိက္စားေပးျခင္းမ်ဳိး မဟုတ္ပဲ လုိအပ္တဲ့ အစားအေသာက္ ေတြကုိသာ အနည္းငယ္ေပါင္းထည့္ၿပီး စားေသာက္ဖုိ႔ရာကေတာ့ အဓိကအေရးႀကီးတယ္ဆုိတာ သတိရသင့္ပါတယ္။ အာဟာရ ကၽြမ္းက်င္ပညာရွင္ဆီမွာ အၾကံဥာဏ္မ်ား ရယူျခင္းဟာ သင့္ကုိ ကူညီေပးႏုိင္ပါလိမ့္မယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ဟာ အဝလွန်နေသူလည်း မဟုတ်ပဲ ဘာကြောင့် အဆီပိုတွေ၊ အဖုအထစ်တွေ ခန္ဓာကိုယ်မှာ ရှိနေရသလဲဆိုတာ အံ့ဩနေပါသလား။ အမှန်မှာတော့ ဒါဟာ ပုံမှန်သဘာဝပဲ ဖြစ်ပါတယ်။ ပိန်တဲ့ သူတွေမှာတောင် ဒီလို အဆီပို အဖုအထစ်တွေဟာ ရှိနေနိုင်ပါတယ်။ အဆီပိုဖုတွေဆိုတာ သင့်ရဲ့ အရေပြားအောက်မှာ ကပ်တင်ကျန်ရှိနေတဲ့ ရိုးရိုးအဆီတွေပဲ ဖြစ်ပါတယ်။ အသားအရေ ချောမှု၊ ကြမ်းမှု စတာတွေနဲ့ဆိုင်တဲ့ ပြဿနာအချိုုု့ကြောင့် အသားအရေရဲ့ တွယ်ဆက်တစ်ရှူးတွေကို ဆန့်ကျင်ပြီး အဆီပိုတွေဟာ တွန်းထွက်လာကာ သင့်ရဲ့ အရေပြားပေါ်မှာ ဖုထစ်ဖောင်းထွက်လာပါတယ်။ သင်ဟာ အချို့သော အစားအသောက် အမျိုးအစားတွေကို စားပေးခြင်းအားဖြင့် သူတို့တွေကို ပျောက်ကင်းစေအောင် လုပ်နိုင်ပါတယ်။ ၎င်းအစားအသောက်တွေက ဘာတွေလဲ။

မပြည့်ဝဆီပါဝင်မှုများသော အစားအသောက်များ
ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ အဆီပိုတွေဖြစ်စေတဲ့ အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ အိုမီဂါ သရီး ပါဝင်သော အစားအသောက်တွေကို စားပေးခြင်းဟာ အီစထရိုဂျင်ဆိုတဲ့ အမျိုးသမီးဟော်မုန်းကို တိုက်ထုတ်ပေးနိုင်ပါတယ်။ သင့်ရဲ့နေ့စဉ် အစားအသောက်တွေထဲမှာ ထည့်ပေးပြီး စားပေးသင့်ပါတယ်။ ငါးတွေမှာဆိုရင် အိုမီဂါ သရီး ပမာဏ များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်ငါး၊ဆာဒင်းငါးနှင့် ပြည်ကြီးငါး စတာတွေမှာပါဝင်ပါတယ်။ သို့မဟုတ် သစ်ကြားသီး ၊နေကြာစေ့ ၊မြေပဲ အစေ့အဆံနှင့် ထောပတ်သီးကရသော တန်ဖိုးရှိတဲ့ အိုမီဂါ သရီး တွေ ကိုလည်းသင်ဟာ စားပေးနိုင်ပါတယ်။

ဗီတာမင် စီဓာတ်ကြွယ်ဝသော အစားအသောက်များ။
ဗီတာမင်စီဓာတ်ဟာ သင့်အသားအရေရဲ့ တွယ်ဆက်တစ်ရှူးတွေကို ပိုကောင်းအောင် ကူညီပေးပြီး အဆီပိုတွေ ဖြစ်ပေါ်လာမှုကို တားဆီးပေးကာ အရေပြားရဲ့ ပုံပန်းသွင်ပြင်တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေး နိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကြောင့် ဗီတာမင်စီ ပမာဏ များစွာပါဝင်သော အစားအသောက်တွေဟာ အဆီပိုတွေ ဖယ်ရှားတဲ့အခါမှာ စားပေးဖို့ ရွေးချယ်သင့်တဲ့ အကောင်းဆုံး အစားအသောက်တွေ ဖြစ်ပါတယ်။ သင်ဟာ ဗီတာမင်စီဓာတ် ပမာဏ အများကြီးကို ရရှိစေရန် အချဉ်ဓာတ်များသော အသီးအနှံများ၊ ကီဝီသီး၊ ပန်းဂေါ် ဖီစိမ်း၊ ငရုတ်ပွ နှင့် ဘယ်ရီသီး စတဲ့ အသီးအနှံနှင့် အသီးအရွက်တွေကို စားပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်သော အစားအသောက်များ
ဒီအစားအသောက် တွေဟာဆိုရင် အဆီဆဲလ်တွေကို ဖျက်ဆီးပေးပြီး အသားစ တစ်ရှူးတွေကြားမှာ သွေးလည်ပတ်မှု ကိုပိုပြီး သိသိသာသာ ကောင်းစေပါတယ်။ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်တဲ့ ထွက်ကုန်များစွာ ရှိပါတယ်။ အထူးသဖြင့် ဆော်လမွန်ငါး နှင့်လက်ဖက်စိမ်း စတာတွေလည်း ပါဝင်ပါတယ်။

ခန္ဓာကိုယ်တွင် ဇီဝကမ္မ ဖြစ်စဉ် နှေးကွေးမှုဟာလည်း အဆီပိုဖြစ်စေရတဲ့ အကြောင်းအရင်း တစ်ခုထဲမှာ ပါဝင်ပါတယ်။ လက်ဖက်စိမ်းဟာဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ထဲမှ ဇီဝကမ္မ ဖြစ်ပျက် မှုကို ပိုမိုဖြစ်ပေါ် ကောင်းမွန်စေပြီး အဆီပို သိုလှောင်မှုတွေကိုလည်း လျှော့ချနိုင်ပါတယ်။ လက်ဖက်စိမ်းကို နေ့စဉ်သောက်ပေးခြင်းဟာ သင့်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

ကစီဓာတ် နှင့် အင်ဆူလင် ကိုလျှော့ချပေးနိုင်သော အစားအသောက်များ။
အင်ဆူလင် ဓာတ်ဟာဆိုရင် အဆီပိုတွေ ဖြစ်ပေါ်လာမှုကို များစွာ လွှမ်းမိုးနေပါတယ်။ သင်ဟာ ကစီဓာတ်ကို စားလိုက်တဲ့အခါမှာ သင့်ရဲ့ ခန္ဓာကိုယ်မှာ အင်ဆူလင်တွေကို ထွက်လာစေပြီး ဂလူးကိုစ့် တွေဟာ သင့်ရဲ့သွေးကြောထဲကို ဝင်လာအောင် လုပ်ဆောင်ပေးပါတယ်။ အချို့သော အခြေနေတွေမှာ ဆိုရင် အင်ဆူလင်ဟာ ကစီဓာတ်တွေကို အဆီဆဲလ်တွေဆီသို့ ယူဆောင်ပေးပြီး ပိုမို ကြီးထွားလာအောင်လုပ်ကာ အဆီတွေကို ပိုပြီး မြင်သာထင်သာ ရှိလာစေပါတယ်။
ကြက်သွန်ဖြူ အစိမ်း သို့မဟုတ် ထောပတ်သီးကို စားပေးခြင်းအားဖြင့် သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဓာတ်ကို လျော့ကျစေပါတယ်။ အချဉ်ဓာတ်များသော အသီးအနှံတွေဟာလည်း အဆီပိုတွေကို တိုက်ထုတ်ရမှာ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ခန္ဓာကိုယ်ကို ကစီဓာတ်ကြောင့် အဆီပိုတွေကို မဖြစ်စေရန် လျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။

အသားဓာတ်ပါဝင်သော အစားအသောက်များ
ဒီလို အဆီပိုဖုတွေ ဖြစ်လာတဲ့အခါ သင့်ရဲ့အသားအရေဟာ တင်းရင်းမှု လျော့ကျသွားပါတယ်။ အသားအရေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေ ပျက်စီးလာတဲ့ အခါမှာ သင့်အသားအရေဟာ တင်းရင်းမှု လျော့ကျလာစေပြီး အဆီပိုတွေကို ပိုပြီးထင်သာမြင်သာ ဖြစ်လာစေပါတယ်။ သင့်ရဲ့ နေ့စဉ် အစားအသောက်တွေမှာ အဆီမပါအသားများ ဥပမာ ကြက်သား၊ အဆီမပါသော အနီရောင်အသားများ၊ အဖြူရောင် ငါးများ၊ ပဲများ စတာတွေကို ဖြည့်စွက်စားပြီး အဆီပိုမဖြစ်အောင်ထိန်းသိမ်းနိုင်ပါတယ်။ ဒီလိုစားပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ထဲမှာ အသားဓာတ် ပမာဏ များပြားလာပြီး အသားအရေတင်းရင်းလာကာ ကြံ့ခိုင် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

အစားအသောက်တွေဟာ အဆီပိုတွေ သဘာဝအလျောက် ပျောက်သွားစေဖို့ရာ အကောင်းဆုံး အဖြေတစ်ခုဖြစ်ပါတယ်။ သို့သော် သင်ကြိုက်သော အစားအသောက်တွေချည်းပဲ ဆက်တိုက်စားပေးခြင်းမျိုး မဟုတ်ပဲ လိုအပ်တဲ့ အစားအသောက် တွေကိုသာ အနည်းငယ်ပေါင်းထည့်ပြီး စားသောက်ဖို့ရာကတော့ အဓိကအရေးကြီးတယ်ဆိုတာ သတိရသင့်ပါတယ်။ အာဟာရ ကျွမ်းကျင်ပညာရှင်ဆီမှာ အကြံဉာဏ်များ ရယူခြင်းဟာ သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top