iMyanmarHouse.com - Best Property Website for Myanmar
×

 သံပ႐ိုသီးဟာ သံပုရာသီးထက္ ပိုအလံုးႀကီးၿပီး အက္ဆစ္ဓာတ္ပိုမိုၾကြယ္ဝပါတယ္။

သံပ႐ိုသီးဟာ သံပုရာသီးထက္ ပိုအလံုးႀကီးၿပီး အက္ဆစ္ဓာတ္ပိုမိုၾကြယ္ဝပါတယ္။ ႏွစ္ေပါင္းမ်ားစြာအၾကာကတည္းက သံပ႐ိုသီးကို က်န္းမာေရး၊ အလွအပေရးရာက႑ေတြမွာ ထည့္သြင္းအသံုးျပဳလာ ၾကတာပါ။

သံပ႐ိုသီးကို ဟင္းထဲမွာ ထည့္ခ်က္စားျခင္း၊ အခ်ဥ္သိပ္ၿပီး သနပ္ထိုးစားျခင္း၊ ေဖ်ာ္ရည္ေဖ်ာ္ေသာက္ျခင္းတို႔ကို လုပ္ေဆာင္ၾကသလို တျခားေနရာေတြမွာလည္း က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳလို႔ ရပါေသးတယ္။ အဲဒါေတြကေတာ့...

၁။ အေအးမိေဝဒနာေတြကို သက္သာေစတယ္

သံပ႐ိုသီးမွာ ဗိုက္တာမင္စီ ၾကြယ္ဝစြာပါဝင္ပါတဲ့အတြက္ အေအးမိေရာဂါေတြကို ကုသရာမွာ ထိေရာက္မႈ႐ွိေစႏိုင္ပါတယ္။ ႏွာေစးတာတို႔၊ ႏွာေခါင္းထဲမွာ ယားယံတာတို႔ကို ခံစားေနရခ်ိန္မွာ သံပ႐ိုသီးေလးကို ပါးပါးလွီးၿပီး ေရေႏြးေလးထဲမွာ စိမ္ေသာက္လိုက္မယ္ဆိုရင္ အေအးမိေဝဒနာ သိသိသာသာ သက္သာေပ်ာက္ကင္းသြားမွာပါ။

၂။ alkaline ပမာဏကို ထိန္းညွိေပးတယ္

သံပ႐ိုသီးဟာ ခႏၶာကိုယ္ထဲက အက္ဆစ္နဲ႔ ေဘ့စ္ ႏွစ္မ်ိဳးရဲ႕ မွ်ေျခကို ျပန္လည္ထိန္းညွိေပးႏိုင္ပါတယ္။ ဒီေတာ့ ခႏၶာကုိယ္ထဲမွာ alkaline ပမာဏေတြ မ်ားျပားျခင္း၊ ေလ်ာ့နည္းျခင္း မ႐ွိေအာင္ ထိန္းညွိေပးႏိုင္တာေပါ့။

၃။ ဝိတ္က်ေစတယ္

ဝိတ္က်ခ်င္ပါသလား။ လြယ္လြယ္ကူကူ ေျဖ႐ွင္းနည္းေလးတစ္ခု ႐ွိပါတယ္။ မနက္တုိင္း မနက္တိုင္း အိပ္ယာႏိုးၿပီဆိုတာနဲ႔ ေရေႏြးပူပူထဲမွာ သံပ႐ိုသီး အျခမ္းေလးေတြထည့္စိမ္ၿပီး ေသာက္ေပးပါ။ သံပ႐ိုသီးက သင့္ကိုဆီး႐ႊင္ေစႏိုင္ၿပီး ခႏၶာကိုယ္အေလးခ်ိန္ကိုလည္း က်ဆင္းေစႏိုင္ပါတယ္။ ေနာက္ၿပီး ခႏၶာကိုယ္ထဲက အဆီပူေတြနဲ႔ အဆိပ္အေတာက္ေတြကိုလည္း ႐ွင္းထုတ္ေပးႏိုင္ပါတယ္။

၄။ သြားေတြကို သန္႔ရွင္းေစတယ္

သံပ႐ုိသီးထဲမွာ ပါဝင္တဲ့ စစ္ထရစ္အက္ဆစ္ဟာ သြားမွာကပ္ညွိေနတဲ့ အညစ္အေၾကးေတြကို ကြာက်ေစႏိုင္ၿပီး သြားေတြကို ျဖဴေဖြးေတာက္ပေစပါတယ္။ ဒါ့အျပင္ သြားဖံုးနဲ႔သြားၾကားက ဘက္တီးရီးယားေတြကိုလည္း ႐ွင္းေပးႏိုင္ပါတယ္။ ကြမ္းစားတာမ်ားလို႔ ကြမ္းခ်ိဳးေတြတက္ေနသူေတြ သံပ႐ိုသီးေလးနဲ႔ သြားကိုပြတ္တိုက္ေပးၿပီး ျဖဴဝင္းေတာက္ပမႈကို ရယူႏိုင္ပါတယ္။

၅။ ေခ်ာင္းဆိုးေပ်ာက္ေစတယ္

တဟြတ္ဟြတ္နဲ႔ အိပ္မရေအာင္ ေခ်ာင္းေတြဆိုးေနပါသလား။ လြယ္ပါသလား။ ေရေႏြးပူပူေလးထဲမွာ သံပ႐ိုသီးကို အကြင္းအကြင္းေလးေတြလွီးၿပီး ထည့္စိမ္၊ ၿပီးရင္ပ်ားရည္ေလးေရာၿပီး တစ္ေန႔ (၂) ႀကိမ္ခန္႔ ေသာက္ေပးလိုက္ပါ။ ဒါကလည္ေခ်ာင္းက ေခ်ာေမြ႕ေစၿပီး ေခ်ာင္းဆိုးေရာဂါကို ဖိႏွိပ္ထားႏိုင္ပါတယ္။ ေခ်ာင္းဆိုးျခင္းကို အျမန္ဆံုးနဲ႔ အထိေရာက္ဆံုး သက္သာေပ်ာက္ကင္းေစႏိုင္တဲ့ ေဆးၿမီးတိုေလး တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

၆။ လည္ေခ်ာင္းနာေပ်ာက္ေစတယ္

တစ္ခါတေလမွာ အေအးမိလို႔ုျဖစ္ေစ၊ အပူ႐ွပ္လို႔ျဖစ္ေစ လည္ေခ်ာင္းနာတာတို႔၊ အာသီးေယာင္တာတို႔ ျဖစ္တတ္ပါတယ္။ သံပ႐ိုသီးမွာ ဘက္တီးရီးယား တိုက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတၱိ႐ွိတဲ့အတြက္ ခႏၶာကိုယ္ထဲမွာ ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြကို အခ်ိန္အၾကာႀကီး မေနႏိုင္ေအာင္ တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သံပုရာရည္ ေႏြးေႏြးေလးတစ္ခြက္ ေသာက္လိုက္မယ္ဆိုရင္ လည္ေခ်ာင္းနာ သက္သာေစႏိုင္သလို ေရာင္ရမ္းျခင္းကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

၇။ ကင္ဆာကာကြယ္ေပးတယ္

သုေတသနဓာတ္ခြဲခ်က္ေတြအရ သံပ႐ိုသီးထဲမွာ ကင္ဆာကာကြယ္ႏိုင္တဲ့ ျဒပ္ေပါင္း (၂၂) မ်ိဳး ပါဝင္ပါတယ္တဲ့။ အဲဒီထဲမွာ ကင္ဆာအႀကိတ္ဖုေတြရဲ႕ ႀကီးထြားမႈကို ေႏွးေကြးေစတဲ့ limonene ဆိုတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးရယ္၊ ကင္ဆာဆဲလ္ကြဲပြားမႈေတြကို ရပ္တန္႔ေစႏိုင္တဲ့ flavonol glycoside ဆိုတဲ့ ျဒပ္ေပါင္းရယ္ဟာ အထင္႐ွားဆံုးပါပဲ။

Source: stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 သံပရိုသီးဟာ သံပုရာသီးထက် ပိုအလုံးကြီးပြီး အက်ဆစ်ဓာတ်ပိုမိုကြွယ်ဝပါတယ်။

သံပရိုသီးဟာ သံပုရာသီးထက် ပိုအလုံးကြီးပြီး အက်ဆစ်ဓာတ်ပိုမိုကြွယ်ဝပါတယ်။ နှစ်ပေါင်းများစွာအကြာကတည်းက သံပရိုသီးကို ကျန်းမာရေး၊ အလှအပရေးရာကဏ္ဍတွေမှာ ထည့်သွင်းအသုံးပြုလာ ကြတာပါ။

သံပရိုသီးကို ဟင်းထဲမှာ ထည့်ချက်စားခြင်း၊ အချဉ်သိပ်ပြီး သနပ်ထိုးစားခြင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းတို့ကို လုပ်ဆောင်ကြသလို တခြားနေရာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့ ရပါသေးတယ်။ အဲဒါတွေကတော့...

၁။ အအေးမိဝေဒနာတွေကို သက်သာစေတယ်

သံပရိုသီးမှာ ဗိုက်တာမင်စီ ကြွယ်ဝစွာပါဝင်ပါတဲ့အတွက် အအေးမိရောဂါတွေကို ကုသရာမှာ ထိရောက်မှုရှိစေနိုင်ပါတယ်။ နှာစေးတာတို့၊ နှာခေါင်းထဲမှာ ယားယံတာတို့ကို ခံစားနေရချိန်မှာ သံပရိုသီးလေးကို ပါးပါးလှီးပြီး ရေနွေးလေးထဲမှာ စိမ်သောက်လိုက်မယ်ဆိုရင် အအေးမိဝေဒနာ သိသိသာသာ သက်သာပျောက်ကင်းသွားမှာပါ။

၂။ alkaline ပမာဏကို ထိန်းညှိပေးတယ်

သံပရိုသီးဟာ ခန္ဓာကိုယ်ထဲက အက်ဆစ်နဲ့ ဘေ့စ် နှစ်မျိုးရဲ့ မျှခြေကို ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်ထဲမှာ alkaline ပမာဏတွေ များပြားခြင်း၊ လျော့နည်းခြင်း မရှိအောင် ထိန်းညှိပေးနိုင်တာပေါ့။

၃။ ဝိတ်ကျစေတယ်

ဝိတ်ကျချင်ပါသလား။ လွယ်လွယ်ကူကူ ဖြေရှင်းနည်းလေးတစ်ခု ရှိပါတယ်။ မနက်တိုင်း မနက်တိုင်း အိပ်ယာနိုးပြီဆိုတာနဲ့ ရေနွေးပူပူထဲမှာ သံပရိုသီး အခြမ်းလေးတွေထည့်စိမ်ပြီး သောက်ပေးပါ။ သံပရိုသီးက သင့်ကိုဆီးရွှင်စေနိုင်ပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲက အဆီပူတွေနဲ့ အဆိပ်အတောက်တွေကိုလည်း ရှင်းထုတ်ပေးနိုင်ပါတယ်။

၄။ သွားတွေကို သန့်ရှင်းစေတယ်

သံပရိုသီးထဲမှာ ပါဝင်တဲ့ စစ်ထရစ်အက်ဆစ်ဟာ သွားမှာကပ်ညှိနေတဲ့ အညစ်အကြေးတွေကို ကွာကျစေနိုင်ပြီး သွားတွေကို ဖြူဖွေးတောက်ပစေပါတယ်။ ဒါ့အပြင် သွားဖုံးနဲ့သွားကြားက ဘက်တီးရီးယားတွေကိုလည်း ရှင်းပေးနိုင်ပါတယ်။ ကွမ်းစားတာများလို့ ကွမ်းချိုးတွေတက်နေသူတွေ သံပရိုသီးလေးနဲ့ သွားကိုပွတ်တိုက်ပေးပြီး ဖြူဝင်းတောက်ပမှုကို ရယူနိုင်ပါတယ်။

၅။ ချောင်းဆိုးပျောက်စေတယ်

တဟွတ်ဟွတ်နဲ့ အိပ်မရအောင် ချောင်းတွေဆိုးနေပါသလား။ လွယ်ပါသလား။ ရေနွေးပူပူလေးထဲမှာ သံပရိုသီးကို အကွင်းအကွင်းလေးတွေလှီးပြီး ထည့်စိမ်၊ ပြီးရင်ပျားရည်လေးရောပြီး တစ်နေ့ (၂) ကြိမ်ခန့် သောက်ပေးလိုက်ပါ။ ဒါကလည်ချောင်းက ချောမွေ့စေပြီး ချောင်းဆိုးရောဂါကို ဖိနှိပ်ထားနိုင်ပါတယ်။ ချောင်းဆိုးခြင်းကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးမြီးတိုလေး တစ်မျိုးလည်း ဖြစ်ပါတယ်။

၆။ လည်ချောင်းနာပျောက်စေတယ်

တစ်ခါတလေမှာ အအေးမိလို့ဖြစ်စေ၊ အပူရှပ်လို့ဖြစ်စေ လည်ချောင်းနာတာတို့၊ အာသီးယောင်တာတို့ ဖြစ်တတ်ပါတယ်။ သံပရိုသီးမှာ ဘက်တီးရီးယား တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို အချိန်အကြာကြီး မနေနိုင်အောင် တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် သံပုရာရည် နွေးနွေးလေးတစ်ခွက် သောက်လိုက်မယ်ဆိုရင် လည်ချောင်းနာ သက်သာစေနိုင်သလို ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

၇။ ကင်ဆာကာကွယ်ပေးတယ်

သုတေသနဓာတ်ခွဲချက်တွေအရ သံပရိုသီးထဲမှာ ကင်ဆာကာကွယ်နိုင်တဲ့ ဒြပ်ပေါင်း (၂၂) မျိုး ပါဝင်ပါတယ်တဲ့။ အဲဒီထဲမှာ ကင်ဆာအကြိတ်ဖုတွေရဲ့ ကြီးထွားမှုကို နှေးကွေးစေတဲ့ limonene ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးရယ်၊ ကင်ဆာဆဲလ်ကွဲပွားမှုတွေကို ရပ်တန့်စေနိုင်တဲ့ flavonol glycoside ဆိုတဲ့ ဒြပ်ပေါင်းရယ်ဟာ အထင်ရှားဆုံးပါပဲ။

Source: stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top