iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ေယာက္အတြက္ အလွအပနဲ ့ဆြဲေဆာင္မႈအဂၤါရပ္ေတြထဲမွာ
ရင္သားတစ္စံုလည္းပါ၀င္တာမို ့ ရင္းသားေတြသ ဘာ၀အတိုင္း ဖြံ့ထြားေတာင့္တင္းမေနဘဲ ေပ်ာ့အိတြဲက်လာတဲ့အခါမွာ
မိမိကိုယ္ကိုဆြဲေဆာင္မႈမရွိေတာ့ဘူးလို ့ခံစားလာရျပီး၊
လြန္စြာစိတ္ကသိကေအာင့္ ျဖစ္ရပါတယ္။ အသက္အရြယ္ၾကီးရင့္လာျခင္းက
အဓိကအေၾကာင္းရင္းျဖစ္ေသာ္လည္း၊ အခ်ိုဳ ့့သူ ေတြမွာ
ေအာက္ပါအေၾကာင္းမ်ားေၾကာင့္ အရြယ္မလြန္ခင္ကတည္းက
ရင္သားေတြေပ်ာ့တြဲလာၾကရပါတယ္။

• ႏို ့တိုက္မိခင္မ်ား။
• ရုတ္တရက္ကို္ယ္အေလးခ်ိန္ထိုးက်သြားသူမ်ား။
• အာဟာရခ်ိဳ ့တဲ့သူမ်ား။
• မိမိရင္သား အရြယ္အစားနဲ ့့မကိုက္ညီတဲ့ ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီ၀တ္ဆင္သူမ်ား။
• ႏို ့အံုထဲရွိ က်ဳ ံ ့/ဆန္ ့ႏိုင္ေသာတစ္ရႈးမ်ား
ေျပေလ်ာ့ႏိုင္စြမ္းအားနည္းသြားျခင္း။
• ေသြးဆံုးျပီးေနာက္ ဟိုမုန္းေျပာင္းလဲသြားျခင္း။
• ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီမပါဘဲ
ေျပးျခင္း/ၾကိဳးခုန္ျခင္း/ေလ့က်င့္ခဏ္းျပင္းျပင္းလုပ္ျခင္း။

ေအာက္ပါ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္း(၇)သြယ္က ရင္သားေတြကို
ေဘးဥပါသ္လံုး၀မျဖစ္ေစဘဲ တင္းရင္းလာေစမယ့္ နည္းလမ္း ေကာင္းေလးေတြပါ။

(၁) ႏို ့သီေခါင္းကိုခ်န္ျပီး၊ ရင္သားတစ္စံုကို တေန ့၂-ၾကိမ္
သံလြင္ဆီျဖင့္အသာအယာလူးနယ္ေပးပါ။ သံလြင္ဆီရဲ ့အစြမ္းေၾကာင့္
ရင္သားအတြင္းပိုင္းရွိ ဆဲလ္နဲ ့ေသြးလည္ပတ္မႈအားေကာင္းလာျပီး
တစ္ရႈးမ်ားေတာင့္တင္းလာေစတဲ့အျပင္၊ ရင္သားအေပၚယံ အလႊာအေရျပားမ်ားလည္း
တင္းရင္းလာေစပါတယ္။ (သံလြင္ဆီနဲ ့ႏို့အံုကိုခပ္ၾကမ္းၾကမ္းဆြဲ၍လိမ္းျခင္းက ရင္သားမ်ားပိုမိုတြဲက်
သြားေစနိုင္လို ့ ခပ္ဖြဖြဆုပ္နယ္လိမ္းေပးပါ)
(၂) fenugreek(ေခၚ)ကုလားဟင္းခ်က္ရာတြင္သံုးသည့္ ပဲနံ ့သာပင္က
ႏူးညံ့တ့ဲအေရျပားမ်ားကို သူမတူေအာင္ တင္းရင္းေစတဲ့
အစြမ္းသတၱိမ်ားရွိၾကပါတယ္။(အိႏိၵယရိုးရာပရေဆးဆိုင္မ်ားနဲ ့ အခ်ိဳ ့city
mart မ်ားတြင္ fenugreek(ေခၚ)ပဲနံ ့သာပင္အမႈန ့္
ေျခာက္ဗူးေတြ၀ယ္ယူရရွိနို္င္၏) ပဲနံ ့သာပင္အမႈန္ ့ကို ေရနဲခပ္ပ်စ္ပ်စ္ေဖ်ာ္စပ္လိမ္းေပးျပီးေနာက္ ၁၅-မိနစ္ခန္ ့့အၾကာေရေအး ျဖင့္သန့္စင္ေဆးေၾကာပါ။
(၃) ေထာပတ္ဆီအႏွစ္မ်ားက ရင္သားကိုတင္းရင္းေစတဲ့အျပင္္ ျဖဴ၀င္းလွပလာေစလို့၊ ၄င္းဆီအႏွစ္ျဖင့္ ၃-မိနစ္ေလာက္ အသာ အယာလူးနယ္ေပးပါ။ နာရီ၀က္ခန ့္အၾကာ
ေရေအးျဖင့္ ေရခ်ိဳးသန္ ့စင္နိုင္ပါတယ္။
(၄) ၾကက္ဥအႏွစ္ကိုဖယ္၍ အကာအျဖဴရည္ကိုအျမွဳပ္ထေအာင္ေခါက္ပါ။
ထိုအျမွဳပ္ရည္ျဖင့္ ရင္သားကိုအသာအယာ လူးနယ္ ေပးျပီး၊
နာရီ၀က္ေလာက္အေျခာက္ခံထားပါ။ ထိုသို ့အေျခာက္ခံေနစဥ္အတြင္း ၾကက္သြန္နီ
ဥၾကီးၾကီး ၁-လံုးကိုအခြံႏႊာ က်ိတ္ ေခ်ျပီး ရလာေသာၾကက္သြန္နီသတၱဳရည္ကို
ေရေအး ၁-ဖန္ခြက္ေရာစပ္ပါ။ ျပီးရင္ ရင္သားေပၚရိွ ေျခာက္သြားေသာ ၾကက္ဥအ
ကာရည္ကို ေစာေစာကၾကက္သြန္နီရည္ျဖင့္ ေဆးေၾကာေပးပါ။
(၅) သခြားသီးကို အခြံႏႊာအေစ့ဖယ္၍ အသားကိုျခစ္ပါ။ သခြားသီးအသား
ထမင္းစားဇြန္း ၁-ဇြန္းစာကို ၾကက္ဥအႏွစ္ ၁-လံုး(အ ကာမသံုးပါနဲ ့)၊
ေထာပတ္လၻက္ရည္ဇြန္း ၁-ဇြန္းတို ့ျဖင့္ သမေအာင္ေရာေမႊျပီး ႏို ့အံုအႏွံ ့
အခ်ိန္ ၃-မိန္နစ္ခန္ ့ၾကာေအာင္ အ သာအယာ ပြတ္နယ္လိမ္းေပးပါ။
အသားထဲစိမ့္၀င္သြားေအာင္ မိနစ္ ၂၀-ခန္ ့ထားျပီးေနာက္ ေရခ်ိဳးနိုင္ပါတယ္။
ထိုအေရာအေႏွာ ၃-မိ်ဳးရဲ ့အစြမ္းေၾကာင့္ ရင္သားထဲရွိ တစ္ရႈးမ်ား သိသိသာသာ
ေတာင့္တင္းသန္မာလာေစပါတယ္။
(၆) ဒိန္ခ်ဥ္ လၻက္ရည္ဇြန္း ၁-ဇြန္း၊ ၾကက္ဥ ၁-လံုး
(အႏွစ္အကာအားလံုးသံုးပါ)၊ ဗီတာမင္အီး ၂လံုး ကိုေဖာက္ပါ။ (ဗီတာမင္အီး
ေဆးလံုးေလးမ်ားကို အလွကုန္ဆိုင္မ်ားတြင္ရ၏) ထိုအေရာအေႏွာ ၃-မ်ိဳးကို
သမေအာင္အခ်ိန္ၾကာၾကာ ေခါက္နယ္ျပီး၊ ႏို ့အံုအ ႏွံ ့ ၃-မိနစ္ခန္ ့ၾကာေအာင္
အသာအယာႏွိပ္ေပးပါ။ ၁၅-မိနစ္ခန ့္အၾကာ ေရခ်ိဳးေပးနိုင္ပါျပီ။
(၇) ေရကူးျခင္း၊ ၾကြက္သားတက္ေစတဲ့အေလးျပား(ခပ္ေပါ့ေပါ့) ဆြဲ၍အေလးမျခင္း၊
ဗိုက္ကိုခ်ပ္၍ ရင္သားတစ္စံုကို လက္ႏွစ္ ဖက္ျဖင့္ကိုင္၍့ ေအာက္ကပင့္ကာ
အေပၚဘက္သို ့အသာအယာမတင္ျခင္း စတဲေလ့က်င္းခဏ္းေလးေတြက ရင္သားစိုင္မ်ားကို
တင္းမာလာေစပါတယ္။

ၾကိဳတင္ကာကြယ္ျခင္းနဲ ့အျခားနည္းလမ္းေကာင္းမ်ား။
(၁) ေဆးလိပ္က ရင္သားထဲရွိၾကြက္သား က်ံဳ ့/ဆန္ ့နိုင္အားကို
ေလ်ာ့ပါးေစတာေၾကာင့္ ေဆးလိပ္မေသာက္ပါနဲ ့။
(၂) အယ္လ္ကိုေဟာနဲ ့ ကဖိန္းဓာတ္ပါေသာ အရက္ေသစာအေဖ်ာ္ယမကာအမ်ိဳးမ်ိဳး၊
အျမွဳပ္ထ၍ဆူလာေစေအာင္ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ထဲ့ထားေသာ အခ်ိဳရည္ဗူးမ်ားက
အေရျပားမ်ားကို အရြယ္မတိုင္မီအိုမင္းေစျပီး ရင္သားမ်ားလည္းတြဲက်ေစပါတယ္။
(၃) ၾကိဳးေလ်ာ့ေနေသာ ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီ ေတြမ၀တ္ပါနဲ ့၊
အိပ္ခ်ိန္မွလႊဲ၍ ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီကို ၀တ္ထားပါ။
(ကမၻာပထ၀ီေျမၾကီးရဲ ့ ဆြဲအားကလည္း သင့္ရင္သားစိုင္ေတြေအာက္ကို
တြဲက်ေစတယ္ဆိုတာ မယံုမရွိနဲ ့ေနာ္)
(၄) ရင္သားေပ်ာ့အိတြဲက်ျခင္းကလည္း အာဟာရခ်ိဳ ့တဲ့မႈနဲ ့ဆက္စပ္ေနပါတယ္။
ရင္သားစိုင္တြင္းရွိ တစ္ရႈးမ်ားနဲ ့ အသားအေရ တင္းရင္းမႈကိုအားေပးေသာ
ဗီတာမင၊္ သတၱဳဓာတ္ နဲ ့ကစီဓာတ္ၾကြယ္၀တဲ့ အစားအစာမ်ားမွာ ၾကက္သား၊
သိုးသား၊ ပင္လယ္ငါး မ်ား၊ ၾကက္ဥ၊ အဆီနဲေသာခ်ိစ္၊ ဒိန္ခ်ဥ္၊ ႏြားႏို ့၊
အေစ့အဆန္မ်ား၊ ၾကက္သြန္နီ၊ ၾကက္သြန္ျုဖဴ၊ ပန္းေဂၚဖီစိမ္း၊ မုန္လာဥနီ၊
ပန္းေဂၚ ဖီအျဖဴ၊ ေဂၚဖီထုပ္၊ ပဲနံ ့သာရြက္၊ ခရမ္းခ်ဥ္သီး..စသည္တို့ျဖစ္ၾကပါတယ္။

Credit : ေပါက္ေပါက္
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာ
ရင်သားတစ်စုံလည်းပါဝင်တာမို့ ရင်းသားတွေသ ဘာဝအတိုင်း ဖွံ့ထွားတောင့်တင်းမနေဘဲ ပျော့အိတွဲကျလာတဲ့အခါမှာ
မိမိကိုယ်ကိုဆွဲဆောင်မှုမရှိတော့ဘူးလို့ခံစားလာရပြီး၊
လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းက
အဓိကအကြောင်းရင်းဖြစ်သော်လည်း၊ အချိုု့သူ တွေမှာ
အောက်ပါအကြောင်းများကြောင့် အရွယ်မလွန်ခင်ကတည်းက
ရင်သားတွေပျော့တွဲလာကြရပါတယ်။

• နို့တိုက်မိခင်များ။
• ရုတ်တရက်ကိုယ်အလေးချိန်ထိုးကျသွားသူများ။
• အာဟာရချို့တဲ့သူများ။
• မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ(သို့မဟုတ်)ဘော်လီဝတ်ဆင်သူများ။
• နို့အုံထဲရှိ ကျု ံ့/ဆန့်နိုင်သောတစ်ရှုးများ
ပြေလျော့နိုင်စွမ်းအားနည်းသွားခြင်း။
• သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။
• ဘရာဇီယာ(သို့မဟုတ်)ဘော်လီမပါဘဲ
ပြေးခြင်း/ကြိုးခုန်ခြင်း/လေ့ကျင့်ခဏ်းပြင်းပြင်းလုပ်ခြင်း။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)သွယ်က ရင်သားတွေကို
ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်းလာစေမယ့် နည်းလမ်း ကောင်းလေးတွေပါ။

(၁) နို့သီခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တနေ့၂-ကြိမ်
သံလွင်ဆီဖြင့်အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့အစွမ်းကြောင့်
ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့သွေးလည်ပတ်မှုအားကောင်းလာပြီး
တစ်ရှုးများတောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံ အလွှာအရေပြားများလည်း
တင်းရင်းလာစေပါတယ်။ (သံလွင်ဆီနဲ့နို့အုံကိုခပ်ကြမ်းကြမ်းဆွဲ၍လိမ်းခြင်းက ရင်သားများပိုမိုတွဲကျ
သွားစေနိုင်လို့ ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ)
(၂) fenugreek(ခေါ်)ကုလားဟင်းချက်ရာတွင်သုံးသည့် ပဲနံ့သာပင်က
နူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့
အစွမ်းသတ္တိများရှိကြပါတယ်။(အိန္ဒိယရိုးရာပရဆေးဆိုင်များနဲ့ အချို့city
mart များတွင် fenugreek(ခေါ်)ပဲနံ့သာပင်အမှုန့်
ခြောက်ဗူးတွေဝယ်ယူရရှိနိုင်၏) ပဲနံ့သာပင်အမှုန့်ကို ရေနဲခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅-မိနစ်ခန့်အကြာရေအေး ဖြင့်သန့်စင်ဆေးကြောပါ။
(၃) ထောပတ်ဆီအနှစ်များက ရင်သားကိုတင်းရင်းစေတဲ့အပြင် ဖြူဝင်းလှပလာစေလို့၊ ၎င်းဆီအနှစ်ဖြင့် ၃-မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့်အကြာ
ရေအေးဖြင့် ရေချိုးသန့်စင်နိုင်ပါတယ်။
(၄) ကြက်ဥအနှစ်ကိုဖယ်၍ အကာအဖြူရည်ကိုအမြှုပ်ထအောင်ခေါက်ပါ။
ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ် ပေးပြီး၊
နာရီဝက်လောက်အခြောက်ခံထားပါ။ ထိုသို့အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီ
ဥကြီးကြီး ၁-လုံးကိုအခွံနွှာ ကျိတ် ချေပြီး ရလာသောကြက်သွန်နီသတ္တုရည်ကို
ရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိ ခြောက်သွားသော ကြက်ဥအ
ကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။
(၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ သခွားသီးအသား
ထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့)၊
ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ဖြင့် သမအောင်ရောမွှေပြီး နို့အုံအနှံ့
အချိန် ၃-မိန်နစ်ခန့်ကြာအောင် အ သာအယာ ပွတ်နယ်လိမ်းပေးပါ။
အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂၀-ခန့်ထားပြီးနောက် ရေချိုးနိုင်ပါတယ်။
ထိုအရောအနှော ၃-မျိုးရဲ့အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာ
တောင့်တင်းသန်မာလာစေပါတယ်။
(၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး
(အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂လုံး ကိုဖောက်ပါ။ (ဗီတာမင်အီး
ဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို
သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့အုံအ နှံ့ ၃-မိနစ်ခန့်ကြာအောင်
အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။
(၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား(ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊
ဗိုက်ကိုချပ်၍ ရင်သားတစ်စုံကို လက်နှစ် ဖက်ဖြင့်ကိုင်၍့ အောက်ကပင့်ကာ
အပေါ်ဘက်သို့အသာအယာမတင်ခြင်း စတဲလေ့ကျင်းခဏ်းလေးတွေက ရင်သားစိုင်များကို
တင်းမာလာစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းနဲ့အခြားနည်းလမ်းကောင်းများ။
(၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့/ဆန့်နိုင်အားကို
လျော့ပါးစေတာကြောင့် ဆေးလိပ်မသောက်ပါနဲ့။
(၂) အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊
အမြှုပ်ထ၍ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများက
အရေပြားများကို အရွယ်မတိုင်မီအိုမင်းစေပြီး ရင်သားများလည်းတွဲကျစေပါတယ်။
(၃) ကြိုးလျော့နေသော ဘရာဇီယာ(သို့မဟုတ်)ဘော်လီ တွေမဝတ်ပါနဲ့၊
အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ(သို့မဟုတ်)ဘော်လီကို ဝတ်ထားပါ။
(ကမ္ဘာပထဝီမြေကြီးရဲ့ ဆွဲအားကလည်း သင့်ရင်သားစိုင်တွေအောက်ကို
တွဲကျစေတယ်ဆိုတာ မယုံမရှိနဲ့နော်)
(၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေပါတယ်။
ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့ အသားအရေ တင်းရင်းမှုကိုအားပေးသော
ဗီတာမင၊် သတ္တုဓာတ် နဲ့ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊
သိုးသား၊ ပင်လယ်ငါး များ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့၊
အစေ့အဆန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ြုဖူ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊
ပန်းဂေါ် ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့သာရွက်၊ ခရမ်းချဉ်သီး..စသည်တို့ဖြစ်ကြပါတယ်။

Credit : ပေါက်ပေါက်

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top