iMyanmarHouse.com - Best Property Website for Myanmar
×

"အခုိင္ျမဲဆံုး အခ်စ္ေရးကိုေတာင္ ပ်က္စီးေစႏုိင္တဲ့ အက်င့္ဆိုး (၇) ခု"

တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ၾကေပမဲ့ ဆိုးရြားတဲ့အက်င့္ေတြေၾကာင့္ ဘယ္လိုမွ လက္တြဲလုိ႔မရႏိုင္ ျဖစ္တတ္ပါတယ္။

သင့္ရဲ႕အခ်စ္ေရးကို ထာဝရခုိင္ျမဲေစခ်င္ရင္ေတာ့ ဒီလိုမ်ဳိးေတြ မျပဳလုပ္မိေအာင္ ေရွာင္ရပါမယ္။

၁။ သင့္ရဲ႕ အေတြးနဲ႔ ခံစားခ်က္ေတြကို မေဖာ္ျပျခင္း

သင့္ခ်စ္သူကို စိတ္မညစ္ေစခ်င္လို႔ သင့္ရဲ႕ခံစားခ်က္ကို ၿမိဳသိပ္လိုက္ေတာ့မယ္လို႔ ေတြးမိရင္ ျပန္ၿပီး စဥ္းစားေစခ်င္ပါတယ္။ အဲဒီလုိလုပ္တာဟာ အျငင္းအခုန္မျဖစ္တာ မွန္ေပမဲ့လုိ႔ သင့္ရဲ႕စိတ္ထဲမွာ မေက်နပ္ခ်က္ေတြ ႀကီးထြားလာပါလိမ့္မယ္။ မခံႏုိင္တဲ့အဆံုးမွ ပြင့္ထြက္လာတဲ့အခါ မလိုအပ္ဘဲ ပံုႀကီးခ်ဲ႕တယ္လုိ႔ အထင္ခံရတတ္ပါတယ္။

၂။ အႏိုင္အ႐ႈံးတြက္ျခင္း

သင့္အခ်စ္ေရးက သူဘယ္ႏွခါမွားတယ္၊ ငါဘယ္ႏွခါမွားတယ္ ဆုိၿပီး အမွတ္ေတြတြက္ရေအာင္ အႏိုင္အ႐ႈံးေတြ သတ္မွတ္ရေအာင္ တစ္ေန႔မွာ ဒိုင္းဆုႀကီးရႏုိင္တဲ့ ကစားပြဲ ဟုတ္ပါဘူး။ ယွဥ္ၿပိဳင္မႈမဟုတ္ပါဘူး။ လက္တြဲလုပ္ေဆာင္မႈ တစ္ခုပါ။ ရဲေဘာ္ရဲဘက္စိတ္ ထားရမွာပါ။

၃။ အျမဲမျပတ္ ညည္းတြားေနျခင္း

တစ္ေယာက္ေယာက္ကို ညည္းတြားျပရမွ ေက်နပ္မယ္ဆုိရင္ အခ်စ္ဆံုးသူငယ္ခ်င္းေတြကို ဖုန္းဆက္ပါ။ သင့္ရဲ႕ညည္းတြားခ်က္ေတြကို သူတုိ႔က သိပ္အမႈမထားဘဲ သင့္ကိုလည္း ေဒါသမထြက္ဘဲ နားေထာင္ေပးႏုိင္မွာပါ။ သင့္ခ်စ္သူက်ေတာ့ သင့္ရဲ႕ အဆက္မျပတ္ ညည္းတြားမႈေတြကို တျဖည္းျဖည္း စိတ္ပ်က္လာႏုိင္သလို ထြက္ေပါက္အေနနဲ႔ သူ႔ကို သြားမဲေနရင္ ျပႆနာျဖစ္လာႏိုင္ပါတယ္။

၄။ အျပစ္တင္ျခင္း

သူ႔သူငယ္ခ်င္းေတြနဲ႔ အျပင္မသြားခင္ သင့္ကို ေျပာျပဖုိ႔ ေမ့သြားတာမ်ဳိး၊ သင့္အတြက္ အခ်ိန္အမ်ားႀကီး မေပးႏုိင္တဲ့အခါမ်ဳိးမွာ သူ႔ကို အျပစ္တင္ ျပႆနာမလုပ္သင့္ပါဘူး။ ကိုယ္ျဖစ္ခ်င္တာကို သူ႔ကို ေအးေအးေဆးေဆး ေကာင္းေကာင္းမြန္မြန္ ေျပာျပသင့္ပါတယ္။

၅။ သံသယဝင္ျခင္း

ယံုၾကည္မႈမရွိေေတာ့တဲ့ အခ်စ္ေရးဟာ အေျခမခုိင္ေတာ့တဲ့ အေဆာက္အအံုတစ္ခုလို အခ်ိန္မေရြး ၿပိဳပ်က္သြားႏုိင္ပါတယ္။

၆။ သက္ေသာင့္သက္သာရွိလြန္းျခင္း

အတူရွိေနတာ ႏွစ္ၾကာလာလုိ႔ အလွအပဟာ အေရးမႀကီးေတာ့ဘူးလို႔ မထင္လုိက္ပါနဲ႔။ သူနဲ႔ အျပင္သြားတဲ့အခါ လွလွပပေလး ျပင္ဆင္ဝတ္စားၿပီး ၾကင္နာယုယတဲ့ အျပဳအမူေလးေတြ ျပဖို႔ လိုအပ္ပါတယ္။

၇။ သူမပါတဲ့ အစီအစဥ္ရွည္ႀကီးေတြ ဆြဲျခင္း

ႏွစ္ေယာက္စလံုးမွာ ကိုယ္ပိုင္ရည္မွန္းခ်က္ေတြ ရွိသင့္ပါတယ္။ ဒါေပမဲ့ ကိုယ့္ရဲ႕အခ်စ္ေရး ခုိင္ျမဲေစခ်င္တယ္ဆုိရင္ေတာ့ ကိုယ့္ရဲ႕ ေရရွည္အစီအစဥ္ေတြမွာ သူ႔အတြက္ပါ ထည့္စဥ္းစားရပါမယ္။

Source & Photos : Life

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"အခိုင်မြဲဆုံး အချစ်ရေးကိုတောင် ပျက်စီးစေနိုင်တဲ့ အကျင့်ဆိုး (၇) ခု"

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပေမဲ့ ဆိုးရွားတဲ့အကျင့်တွေကြောင့် ဘယ်လိုမှ လက်တွဲလို့မရနိုင် ဖြစ်တတ်ပါတယ်။

သင့်ရဲ့အချစ်ရေးကို ထာဝရခိုင်မြဲစေချင်ရင်တော့ ဒီလိုမျိုးတွေ မပြုလုပ်မိအောင် ရှောင်ရပါမယ်။

၁။ သင့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို မဖော်ပြခြင်း

သင့်ချစ်သူကို စိတ်မညစ်စေချင်လို့ သင့်ရဲ့ခံစားချက်ကို မြိုသိပ်လိုက်တော့မယ်လို့ တွေးမိရင် ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ အဲဒီလိုလုပ်တာဟာ အငြင်းအခုန်မဖြစ်တာ မှန်ပေမဲ့လို့ သင့်ရဲ့စိတ်ထဲမှာ မကျေနပ်ချက်တွေ ကြီးထွားလာပါလိမ့်မယ်။ မခံနိုင်တဲ့အဆုံးမှ ပွင့်ထွက်လာတဲ့အခါ မလိုအပ်ဘဲ ပုံကြီးချဲ့တယ်လို့ အထင်ခံရတတ်ပါတယ်။

၂။ အနိုင်အရှုံးတွက်ခြင်း

သင့်အချစ်ရေးက သူဘယ်နှခါမှားတယ်၊ ငါဘယ်နှခါမှားတယ် ဆိုပြီး အမှတ်တွေတွက်ရအောင် အနိုင်အရှုံးတွေ သတ်မှတ်ရအောင် တစ်နေ့မှာ ဒိုင်းဆုကြီးရနိုင်တဲ့ ကစားပွဲ ဟုတ်ပါဘူး။ ယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ လက်တွဲလုပ်ဆောင်မှု တစ်ခုပါ။ ရဲဘော်ရဲဘက်စိတ် ထားရမှာပါ။

၃။ အမြဲမပြတ် ညည်းတွားနေခြင်း

တစ်ယောက်ယောက်ကို ညည်းတွားပြရမှ ကျေနပ်မယ်ဆိုရင် အချစ်ဆုံးသူငယ်ချင်းတွေကို ဖုန်းဆက်ပါ။ သင့်ရဲ့ညည်းတွားချက်တွေကို သူတို့က သိပ်အမှုမထားဘဲ သင့်ကိုလည်း ဒေါသမထွက်ဘဲ နားထောင်ပေးနိုင်မှာပါ။ သင့်ချစ်သူကျတော့ သင့်ရဲ့ အဆက်မပြတ် ညည်းတွားမှုတွေကို တဖြည်းဖြည်း စိတ်ပျက်လာနိုင်သလို ထွက်ပေါက်အနေနဲ့ သူ့ကို သွားမဲနေရင် ပြဿနာဖြစ်လာနိုင်ပါတယ်။

၄။ အပြစ်တင်ခြင်း

သူ့သူငယ်ချင်းတွေနဲ့ အပြင်မသွားခင် သင့်ကို ပြောပြဖို့ မေ့သွားတာမျိုး၊ သင့်အတွက် အချိန်အများကြီး မပေးနိုင်တဲ့အခါမျိုးမှာ သူ့ကို အပြစ်တင် ပြဿနာမလုပ်သင့်ပါဘူး။ ကိုယ်ဖြစ်ချင်တာကို သူ့ကို အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် ပြောပြသင့်ပါတယ်။

၅။ သံသယဝင်ခြင်း

ယုံကြည်မှုမရှိေတော့တဲ့ အချစ်ရေးဟာ အခြေမခိုင်တော့တဲ့ အဆောက်အအုံတစ်ခုလို အချိန်မရွေး ပြိုပျက်သွားနိုင်ပါတယ်။

၆။ သက်သောင့်သက်သာရှိလွန်းခြင်း

အတူရှိနေတာ နှစ်ကြာလာလို့ အလှအပဟာ အရေးမကြီးတော့ဘူးလို့ မထင်လိုက်ပါနဲ့။ သူနဲ့ အပြင်သွားတဲ့အခါ လှလှပပလေး ပြင်ဆင်ဝတ်စားပြီး ကြင်နာယုယတဲ့ အပြုအမူလေးတွေ ပြဖို့ လိုအပ်ပါတယ်။

၇။ သူမပါတဲ့ အစီအစဉ်ရှည်ကြီးတွေ ဆွဲခြင်း

နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိသင့်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အချစ်ရေး ခိုင်မြဲစေချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ရေရှည်အစီအစဉ်တွေမှာ သူ့အတွက်ပါ ထည့်စဉ်းစားရပါမယ်။

Source & Photos : Life

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top