iMyanmarHouse.com - Best Property Website for Myanmar
×

နည္းပညာက တစ္ေန႔ထက္တစ္ေန႔ ပိုတိုးတက္လာေနခ်ိန္မွာ လူသားေတြဟာ က်န္းမာေရးအတြက္ ရလဒ္ဆိုးေတြရွိေနနိုင္တဲ့ ဇိမ္ခံပစၥည္းေတြ၊ အသံုးအေဆာင္ေတြနဲ႔ဝိုင္းဝိုင္းလည္ေနခဲ့ပါတယ္။ Headphone  နဲ႔ နားၾကပ္ေတြဟာလည္း ေနာက္ကြယ္ကဆိုးက်ိဳးေတြကို မသိၾကဘဲ ယေန႔ေခတ္လူငယ္ေတြ အသံုးမ်ားတဲ့ နည္းပညာပစၥည္းေတြျဖစ္ပါတယ္။

နားၾကပ္ေလးတပ္ျပီး သီခ်င္းနားေထာင္ၾကတဲ့သူေတြကို ရထားေပၚ၊ ဘတ္စ္ကားေပၚ၊ လမ္းေပၚ၊ ေနရာတကာမွာ ေတြ႔ေနရသလို ကိုယ္ကိုယ္တိုင္လည္း စိတ္အပန္းေျပဖို႔၊ ျပင္ပအသံေတြမၾကားခ်င္လို႔၊ စိတ္ဖိစီးမႈေျပေလ်ာ့ေစဖုိ႔၊သီခ်င္းႏွစ္သက္လို႔ စသည္ျဖင့္ အေၾကာင္းအမ်ိုးမ်ိဳးေၾကာင့္နားၾကပ္နဲ႔ သြားရင္းလာရင္း နားေထာင္ေလ့ရွိပါတယ္။ အိမ္မွာေနလည္း အနားယူရင္းနားေထာင္၊ အိပ္ရာဝင္နားေထာင္တာေတြ ရွိၾကေပမယ့္ က်န္းမာေရးအတြက္က်ေတာ့ သတိထားမိၾကပါရဲ႕လား။ ရံဖန္ရံခါဆိုရင္ေတာ့ မသိသာေပမယ့္ အျမဲနားၾကပ္တပ္ျပီး သံုးေနတာ အက်င့္ပါျပီး ၾကာလာရင္ က်န္းမာေရးကို ဆိုးရြားတဲ့သက္ေရာက္မႈေတြေပးနိုင္တယ္ဆိုတာေတာ့ သတိထားသင့္ပါတယ္။

Headphones နဲ႔ နားၾကပ္ေတြအသံုးမ်ားျခင္းရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား

အၾကားအာရံုဆံုးရံႈးျခင္း / အၾကားအာရံုပိုင္း ေနာက္ဆက္တြဲျပႆနာမ်ား

headphones သို႔မဟုတ္ နားၾကပ္ကိုသံုးတဲ့အခါ သင့္ရဲ႕နားထဲကို အသံကတိုက္ရိုက္ အနီးကပ္ဝင္ေရာက္လာတာျဖစ္ပါတယ္။ 90 decibels ထက္ေက်ာ္တဲ့အသံအတိုင္းအတာက အၾကားအာရံုမွာ ေနာက္ဆက္တြဲထိခိုက္မႈေတြျဖစ္လာေစနိုင္ျပီး နားမၾကားေတာ့တဲ့ အထိ ျဖစ္ေစနိုင္ပါတယ္။ headphones  နဲ႔နားၾကပ္တပ္ျပီး နားေထာင္ေလ့ရွိသူေတြဟာ အၾကားအာရံုဆံုးရံႈးဖို႔ရာခိုင္ႏႈန္းမာ်းပါတယ္။ 100 decibels ထက္ေက်ာ္တဲအသံႏႈန္းနဲ႔၁၅ မိနစ္ ေလာက္ နားေထာင္ရံုနဲ႔ပဲ ဒီအႏၱရာယ္ကို စိတ္ပူရပါတယ္။ ဒါ့ေၾကာင့္ ကိုယ္က ဒီလိုအေလ့အက်င့္မ်ိဳးရွိေနသူျဖစ္ရင္ ကိုယ့္ရဲ႕နားကို နည္းနည္းေလာက္အနားေပးျပီး အသံအက်ယ္ၾကီးဖြင့္နားမေထာင္ဖို႔ သတိျပဳပါ။

နားပုိးဝင္ျခင္း

သင္က ကိုယ့္နားၾကပ္ကိုပဲ သံုးေလ့ရွိသူလား။ ဒါမွမဟုတ္ တျခားသူဆီက ငွားသံုးတတ္သလား။ သူငယ္ခ်င္းမိတ္ေဆြေတြ၊ မိသားစုေတြဆီက တခါတရံေတာ့ ငွားသံုးမိမွာပါပဲ။ဒါေပမယ့္ ဒီလိုတစ္ၾကိမ္တစ္ခါတည္းကေနပဲ လြယ္လြယ္နဲ႔ နားပိုးဝင္ျခင္းျဖစ္နိုင္ပါတယ္။ နားထဲက ဘက္တီးရီးယားေတြက နားၾကပ္ေတြကတဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ကူးစက္ဖို႔လြယ္ပါတယ္။ ဒါ့ေၾကာင့္ တျခားသူဆီကို ငွားေပးရေတာ့မယ္ဆိုရင္ သန္႔စင္ေဆးရည္နဲ႔ပိုးသတ္တာမ်ိဳး၊ ဒါမွမဟုတ္ လံုးဝမငွားတာမ်ိဳး၊ ငွားမသံုးတာမ်ိဳး သတိထားသင့္ပါတယ္။

ေလလမ္းေၾကာင္းပိတ္ေစျခင္း

ထုတ္လုပ္တဲ့ကုမၸဏီေတြကေတာ့ အသံစနစ္ေကာင္းမြန္ေၾကာင္း ေၾကာ္ျငာၾကမွာပါပဲ။ဒါေပမယ့္ အသံဘယ္ေလာက္ေကာင္းေကာင္း က်န္းမာေရးရႈေထာင့္မွာေတာ့ ကုိုယ့္ရဲ႕အသံုးျပဳမႈကိုမူတည္ျပီး ထိခိုက္မႈအနည္းနဲ႔အမ်ားရွိလာေစနိုင္ပါတယ္။ နားထဲကို နားၾကပ္ထိုးထည့္ ထားရင္ပဲ ေလလမ္းေၾကာင္းပိတ္ဆို႔ေစနိုင္ပါတယ္။ ေလအဝင္အထြက္မရွိရင္ သိခ်င္းသံပိုနားေထာင္ေကာင္းတယ္ဆိုေပမယ့္ နားပိုးဝင္ျခင္းေတြ ျဖစ္လာနိုင္ေျခမ်ားပါတယ္။

အမ်ားဆံုးျဖစ္ေလ့ရွိတာက နားၾကပ္နဲ႔ headphones  ေတြကို အျမဲပံုမွန္သံုးေလ့ရွိတဲ့သူေတြဟာ နားအူျခင္း၊ နားပိုးဝင္ျခင္းနဲ႔ နားေလးျခင္းတို႔ ျဖစ္လာတတ္ပါတယ္။

အၾကားအာရံုေခတၱေပ်ာက္ဆံုးျခင္း

တစ္ေန႔လံုး အသံအက်ယ္ၾကီးနဲ႔ နားၾကပ္အသံုးမ်ားတဲ့သူေတြဟာ အၾကားအာရံုေခတၱေပ်ာက္ဆံုးတတ္ပါတယ္။ ဒီလို numb ears ျဖစ္ျပီး ရင္ ခဏေနတာနဲ႔ပံုမွန္ျပန္ျဖစ္လာပါတယ္။ ဒါေပမယ့္ ဒီအေျခအေနက အႏၱရာယ္မ်ားတဲ့အျပင္ တကယ္နားမၾကားေတာ့တဲ့အထိ ျဖစ္ေစနိုင္ပါတယ္။

နားကိုက္ျခင္း

နားၾကပ္သံုးတဲ့သူေတြမွာ နားကိုက္တဲ့ျပႆနာခဏခဏၾကားရပါတယ္။ နားထဲမွာ တဝီဝီနဲ႔အသံေတြၾကားေနရတာ ဒါမွမဟုတ္ ဟိုးအတြင္းက စူးကနဲနာက်င္ကိုက္ခဲတာေတြ ခံစားရတတ္ၾကပါတယ္။

ဦးေႏွာက္ကို ဆိုးက်ိဳးသက္ေရာက္ေစျခင္း

နားၾကပ္ေတြ၊ headphone ေတြဆီကထုတ္လႊတ္တဲ့ လွ်ပ္စစ္သံလိုက္လိႈင္းေတြက ဦးေႏွာက္ကို ျပင္းထန္တဲ့အႏၱရာယ္ေတြျဖစ္လာေစနိုင္ပါတယ္။ဒါေပမယ့္ ဒါကိုသက္ေသျပဖို႔ေတာ့ လံုေလာက္တဲ့ေဆးပညာအေထာက္အထားေတာ့မရွိေသးပါဘူး။ဒါေပမယ့္ Bluetooth ၊ headphone နဲ႔ နားၾကပ္ကို ေန႔စဥ္သံုးသူေတြဟာ ဦးေႏွာက္နဲ႔ ပတ္သက္တဲ့ေရာဂါေတြ ပိုအျဖစ္မ်ားတာေတြ႔ရပါတယ္။

နားအတြင္းပိုင္းဟာ ဦးေႏွာက္နဲ႔တိုက္ရိုက္ခ်ိတ္ဆက္ေနတာျဖစ္ျပီး နည္းနည္းေလာက္ပိုးဝင္ရင္ေတာင္ ဦးေႏွာက္ကိုတိုက္ရိုက္ ထိခိုက္ေစနိုင္ပါတယ္။

အသက္အႏၱရာယ္နီးတဲ့ မေတ္ာတဆမႈေတြ

အခုေနာက္ပိုင္းမွာ နားၾကပ္တပ္ရင္း လမ္းသြားလမ္းလာေတြ မေတာ္တဆျဖစ္မႈေတြမ်ားလာပါတယ္။ ကားဟြန္းသံမၾကား၊ ရထားသံ မာကားနုိင္တဲ့သူေတြဟာ ျဖစ္ရပ္ဆိုးရဲ႕သားေကာင္ျဖစ္သြားနိုင္ပါတယ္။ တခါတရံ နားၾကပ္တပ္ထားသူရဲ႕အသက္ကို ကယ္တင္နိုင္ဖို႔ ၾကိဳးစားရင္း တျခားသူေတြရဲ႕အသက္  အႏၱရာယ္ျဖစ္ရတာေတြေတာင္ ရွိပါတယ္။

နားကိုမထိခိုက္ေစဘဲ နားၾကပ္ ဆက္သံုးနိုင္ဖို႔ ဘယ္လိုဆင္ျခင္မလဲ

နားၾကပ္အသံုးျပဳျခင္းရဲ႕က်န္းမာေရးအႏၱရာယ္ေတြကို သိထားျပီးျပီဆိုရင္ေတာ့ စိုးရိမ္ေနမွာပါပဲ။ ဒါေပမယ့္ ဒီအတိုင္းေတာ့ မသံုးေတာ့ဘဲ လက္မေလ််ာ့လိုက္ပါနဲ႔။ နားကိုလည္း မထိခိုက္ေစဘဲ headphone နဲ႔ နားၾကပ္ေတြကို သံုးနိုင္မယ့္ နည္းလမ္းေတြရွိပါေသးတယ္။

        နားထဲကို ထည့္သြင္းရတဲ့ နားၾကပ္ေသးေသးေလးေတြကိုမသံုးပါနဲ႔။ နားအျပင္မွာတပ္ဆင္ရတဲ့ ဆိုဒ္ပိုၾကီးတဲ့ headphone ေတြကိုသံုးပါ။
        ကိုယ့္နားၾကပ္ သို႔မဟုတ္ headphone ကို တျခားသူေတြနဲ႔ မွ်ေဝမသံုးပါနဲ႔။ မငွားပါနဲ႔။
        နားၾကပ္ရဲ႕ေရာ္ဘာအစြပ္ေလးေတြကို တစ္လတစ္ၾကိမ္ေလာက္ လဲေပးပါ။ နားၾကပ္မွာ အစြပ္မပါဘူးဆိုရင္ သန္႔စင္ေဆးရည္နဲ႔ ပိုးသတ္ေပးပါ။
        ကား၊ရထား၊ အျမန္ရထားနဲ႔သြားရင္ ဒါမွမဟုတ္ လမ္းေလွ်ာက္သြားရငး္ နားၾကပ္မတပ္ထားပါနဲ႔။
        နားၾကပ္/headphone တပ္ထားရင္ အသံအက်ယ္ၾကီးမထားပါနဲ႔။
        လူ႔အသံုးအေဆာင္ ပစၥည္းေတြေၾကာင့္ ေနထိုင္သံုးစြဲရလြယ္ကူေစတယ္ဆိုေပမယ့္ အကန္႔အသတ္နဲ႔ပဲသံုးပါ။  

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ Headphone  နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေဖြစ်ပါတယ်။

နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။

Headphones နဲ့ နားကြပ်တွေအသုံးများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

အကြားအာရုံဆုံးရှုံးခြင်း / အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ

headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ headphones  နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံဆုံးရှုံးဖို့ရာခိုင်နှုန်းမာျးပါတယ်။ 100 decibels ထက်ကျော်တဲအသံနှုန်းနဲ့၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ ဒါ့ကြောင့် ကိုယ်က ဒီလိုအလေ့အကျင့်မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီးဖွင့်နားမထောင်ဖို့ သတိပြုပါ။

နားပိုးဝင်ခြင်း

သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။

လေလမ်းကြောင်းပိတ်စေခြင်း

ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှုအနည်းနဲ့အများရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့် ထားရင်ပဲ လေလမ်းကြောင်းပိတ်ဆို့စေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေများပါတယ်။

အများဆုံးဖြစ်လေ့ရှိတာက နားကြပ်နဲ့ headphones  တွေကို အမြဲပုံမှန်သုံးလေ့ရှိတဲ့သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ ဖြစ်လာတတ်ပါတယ်။

အကြားအာရုံခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီး ရင် ခဏနေတာနဲ့ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲနာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။

ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း

နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့အန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာအထောက်အထားတော့မရှိသေးပါဘူး။ဒါပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။

နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကိုတိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

အသက်အန္တရာယ်နီးတဲ့ မတေ်ာတဆမှုတွေ

အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေများလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မာကားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက်  အန္တရာယ်ဖြစ်ရတာတွေတောင် ရှိပါတယ်။

နားကိုမထိခိုက်စေဘဲ နားကြပ် ဆက်သုံးနိုင်ဖို့ ဘယ်လိုဆင်ခြင်မလဲ

နားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျေျာ့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။

        နားထဲကို ထည့်သွင်းရတဲ့ နားကြပ်သေးသေးလေးတွေကိုမသုံးပါနဲ့။ နားအပြင်မှာတပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တွေကိုသုံးပါ။
        ကိုယ့်နားကြပ် သို့မဟုတ် headphone ကို တခြားသူတွေနဲ့ မျှဝေမသုံးပါနဲ့။ မငှားပါနဲ့။
        နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။ နားကြပ်မှာ အစွပ်မပါဘူးဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်ပေးပါ။
        ကား၊ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလျှောက်သွားရင်း နားကြပ်မတပ်ထားပါနဲ့။
        နားကြပ်/headphone တပ်ထားရင် အသံအကျယ်ကြီးမထားပါနဲ့။
        လူ့အသုံးအဆောင် ပစ္စည်းတွေကြောင့် နေထိုင်သုံးစွဲရလွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲသုံးပါ။ 

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top