iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္အေနျဖင့္ လူသားတုိင္းသည္ မ်က္ႏွာအသားအေရ၊ ဆံေကသာႏွင့္ လက္မ်ားကို ဂရုစိုက္ရန္အတြက္ အထူးႀကိဳးစားအားထုတ္ေနႀကပါတယ္။ မ်က္ႏွာအသားအေရအား အစိုဓာတ္ထိန္းခရင္မ္မ်ားကို အႀကိမ္ေပါင္းေျမာက္ျမားစြာ လိမ္းျခယ္ေနႀကေသာ္လည္း ေျခေထာက္မ်ားကိုေတာ့ ဂရုစိုက္ရန္သာမက အေႀကာဆန္႕ဖို႕ကိုေတာင္ ေမ့ေလ်ာ့သြားတတ္ႀကပါတယ္။

ေျခေထာက္ကိုဂရုမစိုက္သည့္အခါမွာ ဘတ္တီးရီးယားမ်ား၀င္ေရာက္ျခင္း၊ ေျခေထာက္အသားမာမ်ားျဖစ္ေပၚျခင္း၊ ေျခေထာက္ကြဲျခင္း၊ ေျခနံ႕ထြက္ျခင္း စသည့္ဆိုးက်ိဳးမ်ား ေပၚေပါက္လာႏိုင္ပါတယ္။ ထုိ႕ေႀကာင့္ အျခားအသားအေရမ်ားကို ဂရုစိုက္ရံုသာမက ေန႕စဥ္သြားလာလႈပ္ရွားေနရာမွာ အဓိကအသံုးျပဳေနရတဲ့ ေျခေထာက္တို႕ကိုပါ အာရံုထားၿပီးထိန္းသိမ္းေစာင့္ေရွာက္နိုင္ေစရန္ ရည္ရြယ္၍ နည္းလမ္းအခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ေျခေထာက္ေဆးေႀကာသန္႕စင္ျခင္း

ေျခေခ်ာင္းမ်ားႀကားရွိ အသားအေရသည္ ဘတ္တီးရီးယားမ်ား၊ ေရာဂါပိုးမ်ား ၀င္ေရာက္ရန္အတြက္ အေကာင္းဆံုးေနရာျဖစ္ေသာေႀကာင့္ ေသေသခ်ာခ်ာေဆးေႀကာသန္႕စင္ေပးရန္ လိုအပ္ပါတယ္။ စုေထးေနေသာအညစ္အေႀကးမ်ား၊ ေခၽြးမ်ားကို ဖယ္ရွားပစ္ႏိုင္ရန္အတြက္ တစ္ေန႕လွ်င္ တစ္ႀကိမ္ ေျခေထာက္ကိုစိမ္ၿပီးေသခ်ာေဆးေႀကာေပးပါ။

၂။ ေျခာက္ေအာင္ထားျခင္း

စိုထုိင္းမႈရွိသည့္ ေျခေထာက္အစိတ္အပိုင္းမ်ားသည္ မိႈေရာဂါကူးစက္မႈျဖစ္ေပၚရန္ အလားအလာအရွိဆံုးေနရာတစ္ခုျဖစ္သည့္အတြက္ ေျခေထာက္ေဆးၿပီးသည့္အခါ ေျခေခ်ာင္းႀကားေလးမ်ားကိုပါ ေသေသခ်ာခ်ာသုတ္ေပးဖုိ႕ လိုအပ္ပါတယ္။

၃။ အလွဆီလိမ္းေပးျခင္း

အစိုဓာတ္နည္းပါးသည့္အခါမွာ ေျခေထာက္အသားအေရေျခာက္ေသြ႕ျခင္း၊ အေရခြံထူလာျခင္း၊ အသားအက္ကြဲလာျခင္း စသည့္ေနာက္ဆက္တြဲမ်ားကို ျဖစ္ေပၚလာေစႏိုင္ေသာေႀကာင့္ မ်က္နွာႏွင့္လက္ကိုသာမက ေျခေထာက္ကိုပါ ေန႕စဥ္အခ်ိန္မွန္မွန္ အလွဆီလိမ္းေပးဖုိ႕ မွတ္သားထားေစလိုပါတယ္။

၄။ ညီညာမႈမရွိသည့္အေရခြံမ်ားကိုဖယ္ရွားပစ္ျခင္း

လစဥ္ေပါင္းတင္ေပးရံုျဖင့္ ေျခာက္ေသြ႕ႀကမ္းတမ္းသည့္အသားအေရမ်ားကို ဖယ္ရွားပစ္ႏိုင္ရံုသာမက သႀကားႏွင့္သံလြင္ဆီအေရာျဖင့္လည္း တိုက္ခၽြတ္ေဆးေႀကာပစ္ႏုိင္ပါတယ္။

၅။ ရံဖန္ရံခါဂရုစိုက္ေပးျခင္း

တစ္လလွ်င္ ႏွစ္ႀကိမ္ ေရေႏြးေႏြးေလးထဲသို႕ ၁၀ မိနစ္မွ ၁၅ မိနစ္ခန္႕ ေျခေထာက္စိမ္ေပးျခင္းက အသားအေရကိုႏူးညံ့မႈရွိလာေစပါတယ္။ ၿပီးလွ်င္ေတာ့ ေျခေထာက္ကိုခပ္ႀကမ္းႀကမ္းပြတ္တိုက္ေပးၿပီးေနာက္ ေသေသခ်ာခ်ာအေျခာက္ခံ၍ ဗီတာမင္အီးအဆီကိုလိမ္းေပးႏိုင္ပါတယ္။

၆။ ေျခအိတ္၀တ္ဆင္ျခင္း

ေျခအိတ္၀တ္ဆင္သည့္အေလ့အက်င့္ကိုျပဳလုပ္ျခင္းသည္ အေအးဒဏ္မွသာမက ပတ္၀န္းက်င္၏ထိခိုက္အႏၱရာယ္မ်ားမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ထို႕အျပင္ ေျခေထာက္တြင္လိမ္းျခယ္ထားသည့္ ခရင္မ္မ်ားသို႕ ဖုန္ႏွင့္အညစ္အေႀကးမ်ား ကပ္ေပါင္းစုျခင္း၊ ယူဗြီလိႈင္းမ်ားထိေရာက္ျခင္းမွလည္း အကာအကြယ္ေပးႏိုင္ပါေသးတယ္။

၇။ သက္ေသာင့္သက္သာရွိသည့္ဖိနပ္မ်ားကိုစီးျခင္း

ေျခေထာက္အသားကို ယားယံေစျခင္း၊ နာက်င္ထိခိုက္မႈရွိေစႏိုင္သည့္ ဖိနပ္မ်ားကို စီးမည့္အစား သက္ေသာင့္သက္သာသြားလာလႈပ္ရွားႏုိင္မည့္ ဖိနပ္မ်ားကိုသာ ေရြးခ်ယ္၀တ္ဆင္ဖို႕ အႀကံေပးခ်င္ပါတယ္။ ေျခေထာက္ရွိအသားစမ်ား၊ အရြတ္မ်ားကို ထိခိုက္ပ်က္စီးေစႏို္င္သည့္ ေဒါက္ဖိနပ္မ်ားကို အစဥ္အၿမဲစီးျခင္းမွလည္း အတတ္ႏိုင္ဆံုးေရွာင္ရွားေစလိုပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပုံမှန်အနေဖြင့် လူသားတိုင်းသည် မျက်နှာအသားအရေ၊ ဆံကေသာနှင့် လက်များကို ဂရုစိုက်ရန်အတွက် အထူးကြိုးစားအားထုတ်နေကြပါတယ်။ မျက်နှာအသားအရေအား အစိုဓာတ်ထိန်းခရင်မ်များကို အကြိမ်ပေါင်းမြောက်မြားစွာ လိမ်းခြယ်နေကြသော်လည်း ခြေထောက်များကိုတော့ ဂရုစိုက်ရန်သာမက အကြောဆန့်ဖို့ကိုတောင် မေ့လျော့သွားတတ်ကြပါတယ်။

ခြေထောက်ကိုဂရုမစိုက်သည့်အခါမှာ ဘတ်တီးရီးယားများဝင်ရောက်ခြင်း၊ ခြေထောက်အသားမာများဖြစ်ပေါ်ခြင်း၊ ခြေထောက်ကွဲခြင်း၊ ခြေနံ့ထွက်ခြင်း စသည့်ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ပါတယ်။ ထို့ကြောင့် အခြားအသားအရေများကို ဂရုစိုက်ရုံသာမက နေ့စဉ်သွားလာလှုပ်ရှားနေရာမှာ အဓိကအသုံးပြုနေရတဲ့ ခြေထောက်တို့ကိုပါ အာရုံထားပြီးထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ခြေထောက်ဆေးကြောသန့်စင်ခြင်း

ခြေချောင်းများကြားရှိ အသားအရေသည် ဘတ်တီးရီးယားများ၊ ရောဂါပိုးများ ဝင်ရောက်ရန်အတွက် အကောင်းဆုံးနေရာဖြစ်သောကြောင့် သေသေချာချာဆေးကြောသန့်စင်ပေးရန် လိုအပ်ပါတယ်။ စုထေးနေသောအညစ်အကြေးများ၊ ချွေးများကို ဖယ်ရှားပစ်နိုင်ရန်အတွက် တစ်နေ့လျှင် တစ်ကြိမ် ခြေထောက်ကိုစိမ်ပြီးသေချာဆေးကြောပေးပါ။

၂။ ခြောက်အောင်ထားခြင်း

စိုထိုင်းမှုရှိသည့် ခြေထောက်အစိတ်အပိုင်းများသည် မှိုရောဂါကူးစက်မှုဖြစ်ပေါ်ရန် အလားအလာအရှိဆုံးနေရာတစ်ခုဖြစ်သည့်အတွက် ခြေထောက်ဆေးပြီးသည့်အခါ ခြေချောင်းကြားလေးများကိုပါ သေသေချာချာသုတ်ပေးဖို့ လိုအပ်ပါတယ်။

၃။ အလှဆီလိမ်းပေးခြင်း

အစိုဓာတ်နည်းပါးသည့်အခါမှာ ခြေထောက်အသားအရေခြောက်သွေ့ခြင်း၊ အရေခွံထူလာခြင်း၊ အသားအက်ကွဲလာခြင်း စသည့်နောက်ဆက်တွဲများကို ဖြစ်ပေါ်လာစေနိုင်သောကြောင့် မျက်နှာနှင့်လက်ကိုသာမက ခြေထောက်ကိုပါ နေ့စဉ်အချိန်မှန်မှန် အလှဆီလိမ်းပေးဖို့ မှတ်သားထားစေလိုပါတယ်။

၄။ ညီညာမှုမရှိသည့်အရေခွံများကိုဖယ်ရှားပစ်ခြင်း

လစဉ်ပေါင်းတင်ပေးရုံဖြင့် ခြောက်သွေ့ကြမ်းတမ်းသည့်အသားအရေများကို ဖယ်ရှားပစ်နိုင်ရုံသာမက သကြားနှင့်သံလွင်ဆီအရောဖြင့်လည်း တိုက်ချွတ်ဆေးကြောပစ်နိုင်ပါတယ်။

၅။ ရံဖန်ရံခါဂရုစိုက်ပေးခြင်း

တစ်လလျှင် နှစ်ကြိမ် ရေနွေးနွေးလေးထဲသို့ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ခြေထောက်စိမ်ပေးခြင်းက အသားအရေကိုနူးညံ့မှုရှိလာစေပါတယ်။ ပြီးလျှင်တော့ ခြေထောက်ကိုခပ်ကြမ်းကြမ်းပွတ်တိုက်ပေးပြီးနောက် သေသေချာချာအခြောက်ခံ၍ ဗီတာမင်အီးအဆီကိုလိမ်းပေးနိုင်ပါတယ်။

၆။ ခြေအိတ်ဝတ်ဆင်ခြင်း

ခြေအိတ်ဝတ်ဆင်သည့်အလေ့အကျင့်ကိုပြုလုပ်ခြင်းသည် အအေးဒဏ်မှသာမက ပတ်ဝန်းကျင်၏ထိခိုက်အန္တရာယ်များမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် ခြေထောက်တွင်လိမ်းခြယ်ထားသည့် ခရင်မ်များသို့ ဖုန်နှင့်အညစ်အကြေးများ ကပ်ပေါင်းစုခြင်း၊ ယူဗွီလှိုင်းများထိရောက်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါသေးတယ်။

၇။ သက်သောင့်သက်သာရှိသည့်ဖိနပ်များကိုစီးခြင်း

ခြေထောက်အသားကို ယားယံစေခြင်း၊ နာကျင်ထိခိုက်မှုရှိစေနိုင်သည့် ဖိနပ်များကို စီးမည့်အစား သက်သောင့်သက်သာသွားလာလှုပ်ရှားနိုင်မည့် ဖိနပ်များကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။ ခြေထောက်ရှိအသားစများ၊ အရွတ်များကို ထိခိုက်ပျက်စီးစေနိုင်သည့် ဒေါက်ဖိနပ်များကို အစဉ်အမြဲစီးခြင်းမှလည်း အတတ်နိုင်ဆုံးရှောင်ရှားစေလိုပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top