iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာႏွစ္လုိဖြယ္ေကာင္းတဲ့ မိန္းမကုိယ္ေလးျဖစ္ေအာင္ ဘယ္လုိထိန္းသိမ္းမလဲ

အမ်ဳိးသမီးမ်ားအေနနဲ႔ မ်ားေသာအားျဖင္႔ ကုိယ္ခႏၶာရဲ့ အလြယ္တကူ ျမင္ေတြ႔ႏိုင္တဲ့ အစိတ္အပိုင္းေတြကုိ ပုိျပီးအေလးထားတတ္ျပီး တတ္ႏိုင္သမွ် သန္႔ရွင္း က်န္းမာေအာင္ ထားတတ္ၾကပါတယ္။ ဒါေပမယ္႔ ရင္းႏွီးျပီး ေမ႔ေနတတ္တဲ့ အရာရွိပါတယ္။ အဲ့ဒါကေတာ႔ မိန္းမကုိယ္ပါပဲ။

က်န္းမာသန္႔ရွင္းတဲ့ မိန္းမကုိယ္အျဖစ္ ထိန္းသိမ္းျခင္းကိစၥကုိ ေလွ်ာ႔မတြက္သင္႔ပါဘူး။ မိန္းမကုိယ္ကုိ ေက်နပ္ဖြယ္ေကာင္းေအာင္၊ က်န္းမာေအာင္ ထိန္းသိမ္းႏိုင္မယ္႔ နည္းေတြကုိ သတိျပဳသင္႔ပါတယ္။
သင္႕မိန္းမကုိယ္ကုိ ေဆးေၾကာတဲ့အခါ သတိျပဳပါ။

အမ်ဳိးသမီးေတြမွာ အထိခိုက္အလြယ္ဆုံး ေနရာတခု ကေတာ႔ မိန္းမကုိယ္ပါပဲ။ ဒီအစိတ္အပိုင္းဟာ pH ပမာဏကုိ ဟန္ခ်က္ညီေအာင္ တိတိက်က် ထိန္းသိမ္းေပး ပါတယ္။ ဒါေၾကာင္႔ ပြတ္တိုက္ ေဆးေၾကာျခင္းကုိ မျပဳသင္႔ပါဘူး။

ေဆးေၾကာလုိတဲ့အခါ အဲဒီအတြက္ အထူးစီမံထားတဲ့ ဆပ္ျပာကုိ ေရေႏြးေႏြးသုံးျပီး ေဆးေၾကာသင္႔ပါတယ္။ ကုိယ္တိုက္ဆပ္ျပာမ်ားဟာ ေယဘုယ်အားျဖင္႔ pH ပမာဏဟာ( ၈) ရွိတာမုိ႔ မိန္းမကုိယ္အတြက္ သုံးတဲ့အခါ pH မွ်ေျခ ပ်က္သြားျပီး ယားယံျခင္း၊ အနံ႔ထြက္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။

သဘာ၀ဒိန္ခ်ဥ္နဲ႔ probiotics မ်ား စားသုံးပါ

ဒိ္န္ခ်ဥ္နဲ႔ သဘာ၀ probiotics (အက်ဳိးျပဳပုိးမႊားမ်ား) ၾကြယ္၀တဲ့ အစားအစာမ်ား စားသုံးျခင္းဟာ မိန္းမကုိယ္အတြက္ အေထာက္အပံ့ ျဖစ္ေစပါတယ္။ သူ႔ဆီမွာ လုိအပ္တဲ့ အက်ဳိးျပဳ ဘက္တီးရီးယားေတြ ပါ၀င္ပါတယ္။ အဲဒီအစားအစာေတြ စားသုံးျခင္းအားျဖင္႔ pH ပမာဏကုိ သဘာ၀နည္းအားျဖင္႔ ထိန္းသိမ္းထား ႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ႔ သဘာ၀ဒိန္ခ်ဥ္ကုိ တေန႔တခြက္ ေသာက္သုံးေပးဖုိ႔ပါပဲ။

ဒါဟာ မိန္းမကုိယ္ က်န္းမာေရးကုိ အေထာက္အကူျပဳေစတဲ့အျပင္ ေရာဂါပုိးကူးစက္ျခင္း၊ ေရာဂါပုိး ေပါက္ပြားျခင္း စတာေတြကုိ ဟန္႔တားေပးႏိုင္ပါတယ္။ သၾကားမ်ားတဲ့ အမ်ဳိးအစား မဟုတ္ဖုိ႔ေတာ႔ လုိပါတယ္။ သၾကားဓာတ္မ်ားျခင္းဟာ ေရာဂါပုိးကူးစက္ျခင္းကုိ ပုိျမင္႔မားေစလုိ႔ ျဖစ္ပါတယ္။

ေလ၀င္ေလထြက္ေကာင္းေအာင္ ၀တ္ဆင္ပါ

တင္းၾကပ္တဲ့ အ၀တ္အစားမ်ား၊ ေပၚလီအက္စတာ နဲ႔ လုပ္ထားတဲ့ အ၀တ္အစားမ်ားဟာ မိန္းမကုိယ္ကုိ ေလေကာင္းေလသန္႔ရျခင္းကေန ဟန္႔တားပါတယ္။ ဒါ႔အျပင္ အပူဓာတ္၊ စုိစြတ္မွဳ၊ ပြတ္တိုက္မွဳ စတာေတြေၾကာင္႔ မိန္းမကုိယ္အျပင္ပိုင္းကုိ ထိခိုက္ေစႏိုင္ပါတယ္။

မိန္းကေလးအမ်ားစုဟာ အသားကပ္ေအာက္ခံ ၀တ္ဆင္ရတာကုိ ႏွစ္သက္ၾကပါတယ္။ ဒါေပမယ္႔ ဘီကီနီလိုင္း တေလွ်ာက္ မထိခိုက္ရေအာင္ ေျပာင္းလဲ၀တ္ဆင္ သင္႔ပါတယ္။ ယားယံျခင္း၊ ပုိး၀င္ျခင္းေတြ မျဖစ္ေအာင္ ခပ္ပြပြ၀တ္ဆင္ျပီး ေအာက္ပိုင္းမွာခံတဲ့ အ၀တ္ဟာခ်ည္ထည္လုိ သဘာ၀ပစၥည္းနဲ႔ လုပ္ထားတဲ့ အစိတ္အပိုင္း ျဖစ္သင္႔ပါတယ္။

ကြန္ဒုံးအသုံးျပဳျခင္း

မိန္းမကုိယ္က်န္းမာေရးကိစၥမွာ ကြန္ဒုံးကုိ ေမ႔ထားလုိ႔ မရပါဘူး။ သူဟာ မလုိလားတဲ့ ကုိယ္၀န္နဲ႔ လိင္မွတဆင္႔ ကူးစက္တဲ့ ေရာဂါေတြကုိ တားဆီးရုံသာမက မိန္းမကုိယ္ရဲ့ pH ပမာဏကုိ ထိန္းသိမ္းေပးျပီး ကူးစက္ပို္း၀င္ႏိုင္ေျခကုိ ေလွ်ာ႔ခ်ေပးပါတယ္။

တေယာက္ေယာက္နဲ႔ အတူေနစဥ္မွာ သူတုိ႔ရဲ့ ဘက္တီးရီယားနဲ႔ မိန္းမကုိယ္ရဲ့ ဘက္တီးရီးယားဟာ ေရာေႏွာသြားပါတယ္။ မိန္းမကုိယ္ဟာ အထိအခိုက္လြယ္တာမုိ႔ ေရာဂါျဖစ္တာ၊ ဆီးလမ္းေၾကာင္း ပုိး၀င္တာေတြ ျဖစ္ႏိုင္ပါတယ္။ ကြန္ဒုံးသုံးမယ္ဆုိရင္ ဒီကိစၥေတြကုိ ကာကြယ္ေပးႏိုင္ပါတယ္။

သေႏၶတားျခင္းသာမက သင္႔က်န္းမာေရးအတြက္ပါ ဒီနည္းလမ္းကုိ ေရြးခ်ယ္ႏိုင္ပါတယ္။

အတူမေနခင္မွာ ေရခ်ဳိိးခန္း၀င္ပါ

အမ်ဳိးသားနဲ႔ အတူမေနမီနဲ႔ ေနျပီးခ်ိန္ေတြမွာ ဆီးသြားသင္႔ပါတယ္။ ဆီးသြားျခင္းေၾကာင္႔ မိန္းမကုိယ္မွတဆင္႔ ဆီးလမ္းေၾကာင္းကုိ ေရာဂါပုိး ၀င္ေရာက္ကာ ဆီးလမ္းေၾကာင္း ပုိး၀င္ျခင္း ျဖစ္ပြားရတာကုိ ဟန္႔တားႏိုင္ပါတယ္။

ဘက္တီးရီးယားေတြ မျပန္႔ပြားေအာင္ ကိစၥမတိုင္မီနဲ႔ ကိစၥျပီးခ်ိန္မွာ လက္ကုိေဆးေၾကာဖုိ႔လည္း သတိရပါ။

မိန္းမကုိယ္ကုိ သန္႔ရွင္းက်န္းမာေအာင္ ထိန္းသိမ္းျခင္းဟာ ခႏၶာကုိယ္ရဲ့ တျခား အစိတ္အပိုင္းေတြကုိ စုိေျပေအာင္ ထိန္းသိမ္းသလုိပဲ အေရးၾကီးလွပါတယ္။ သင္႔မိန္းမကုိယ္မွာ အေျပာင္းအလဲ တခုခုျဖစ္ျပီလုိ႔ သတိျပဳမိရင္ ဆရာ၀န္နဲ႔ တတ္ႏိုင္သမွ် ျမန္ျမန္ျပပါ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေးဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

အမျိုးသမီးများအနေနဲ့ များသောအားဖြင့် ကိုယ်ခန္ဓာရဲ့ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို ပိုပြီးအလေးထားတတ်ပြီး တတ်နိုင်သမျှ သန့်ရှင်း ကျန်းမာအောင် ထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးပြီး မေ့နေတတ်တဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ မိန်းမကိုယ်ပါပဲ။

ကျန်းမာသန့်ရှင်းတဲ့ မိန်းမကိုယ်အဖြစ် ထိန်းသိမ်းခြင်းကိစ္စကို လျှော့မတွက်သင့်ပါဘူး။ မိန်းမကိုယ်ကို ကျေနပ်ဖွယ်ကောင်းအောင်၊ ကျန်းမာအောင် ထိန်းသိမ်းနိုင်မယ့် နည်းတွေကို သတိပြုသင့်ပါတယ်။
သင့်မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ သတိပြုပါ။

အမျိုးသမီးတွေမှာ အထိခိုက်အလွယ်ဆုံး နေရာတခု ကတော့ မိန်းမကိုယ်ပါပဲ။ ဒီအစိတ်အပိုင်းဟာ pH ပမာဏကို ဟန်ချက်ညီအောင် တိတိကျကျ ထိန်းသိမ်းပေး ပါတယ်။ ဒါကြောင့် ပွတ်တိုက် ဆေးကြောခြင်းကို မပြုသင့်ပါဘူး။

ဆေးကြောလိုတဲ့အခါ အဲဒီအတွက် အထူးစီမံထားတဲ့ ဆပ်ပြာကို ရေနွေးနွေးသုံးပြီး ဆေးကြောသင့်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာများဟာ ယေဘုယျအားဖြင့် pH ပမာဏဟာ( ၈) ရှိတာမို့ မိန်းမကိုယ်အတွက် သုံးတဲ့အခါ pH မျှခြေ ပျက်သွားပြီး ယားယံခြင်း၊ အနံ့ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

သဘာဝဒိန်ချဉ်နဲ့ probiotics များ စားသုံးပါ

ဒိန်ချဉ်နဲ့ သဘာ၀ probiotics (အကျိုးပြုပိုးမွှားများ) ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဟာ မိန်းမကိုယ်အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ သူ့ဆီမှာ လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေ စားသုံးခြင်းအားဖြင့် pH ပမာဏကို သဘာဝနည်းအားဖြင့် ထိန်းသိမ်းထား နိုင်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝဒိန်ချဉ်ကို တနေ့တခွက် သောက်သုံးပေးဖို့ပါပဲ။

ဒါဟာ မိန်းမကိုယ် ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် ရောဂါပိုးကူးစက်ခြင်း၊ ရောဂါပိုး ပေါက်ပွားခြင်း စတာတွေကို ဟန့်တားပေးနိုင်ပါတယ်။ သကြားများတဲ့ အမျိုးအစား မဟုတ်ဖို့တော့ လိုပါတယ်။ သကြားဓာတ်များခြင်းဟာ ရောဂါပိုးကူးစက်ခြင်းကို ပိုမြင့်မားစေလို့ ဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းအောင် ဝတ်ဆင်ပါ

တင်းကြပ်တဲ့ အဝတ်အစားများ၊ ပေါ်လီအက်စတာ နဲ့ လုပ်ထားတဲ့ အဝတ်အစားများဟာ မိန်းမကိုယ်ကို လေကောင်းလေသန့်ရခြင်းကနေ ဟန့်တားပါတယ်။ ဒါ့အပြင် အပူဓာတ်၊ စိုစွတ်မှု၊ ပွတ်တိုက်မှု စတာတွေကြောင့် မိန်းမကိုယ်အပြင်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။

မိန်းကလေးအများစုဟာ အသားကပ်အောက်ခံ ဝတ်ဆင်ရတာကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဘီကီနီလိုင်း တလျှောက် မထိခိုက်ရအောင် ပြောင်းလဲဝတ်ဆင် သင့်ပါတယ်။ ယားယံခြင်း၊ ပိုးဝင်ခြင်းတွေ မဖြစ်အောင် ခပ်ပွပွဝတ်ဆင်ပြီး အောက်ပိုင်းမှာခံတဲ့ အဝတ်ဟာချည်ထည်လို သဘာဝပစ္စည်းနဲ့ လုပ်ထားတဲ့ အစိတ်အပိုင်း ဖြစ်သင့်ပါတယ်။

ကွန်ဒုံးအသုံးပြုခြင်း

မိန်းမကိုယ်ကျန်းမာရေးကိစ္စမှာ ကွန်ဒုံးကို မေ့ထားလို့ မရပါဘူး။ သူဟာ မလိုလားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို တားဆီးရုံသာမက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိန်းသိမ်းပေးပြီး ကူးစက်ပိုးဝင်နိုင်ခြေကို လျှော့ချပေးပါတယ်။

တယောက်ယောက်နဲ့ အတူနေစဉ်မှာ သူတို့ရဲ့ ဘက်တီးရီယားနဲ့ မိန်းမကိုယ်ရဲ့ ဘက်တီးရီးယားဟာ ရောနှောသွားပါတယ်။ မိန်းမကိုယ်ဟာ အထိအခိုက်လွယ်တာမို့ ရောဂါဖြစ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးမယ်ဆိုရင် ဒီကိစ္စတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သန္ဓေတားခြင်းသာမက သင့်ကျန်းမာရေးအတွက်ပါ ဒီနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

အတူမနေခင်မှာ ရေချိိုးခန်းဝင်ပါ

အမျိုးသားနဲ့ အတူမနေမီနဲ့ နေပြီးချိန်တွေမှာ ဆီးသွားသင့်ပါတယ်။ ဆီးသွားခြင်းကြောင့် မိန်းမကိုယ်မှတဆင့် ဆီးလမ်းကြောင်းကို ရောဂါပိုး ဝင်ရောက်ကာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပွားရတာကို ဟန့်တားနိုင်ပါတယ်။

ဘက်တီးရီးယားတွေ မပြန့်ပွားအောင် ကိစ္စမတိုင်မီနဲ့ ကိစ္စပြီးချိန်မှာ လက်ကိုဆေးကြောဖို့လည်း သတိရပါ။

မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းခြင်းဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို စိုပြေအောင် ထိန်းသိမ်းသလိုပဲ အရေးကြီးလှပါတယ်။ သင့်မိန်းမကိုယ်မှာ အပြောင်းအလဲ တခုခုဖြစ်ပြီလို့ သတိပြုမိရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြပါ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top