iMyanmarHouse.com - Best Property Website for Myanmar
×

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕တြင္ လံုၿခံဳေရးရဲတပ္ဖြဲ႔ဝင္မ်ား ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ေသဆံုးသြားေသာ ေဒသခံ႐ုပ္အေလာင္း ၇ ေလာင္းကို လာမည့္ ဇန္နဝါရီလ ၁၈ ရက္၊ မြန္းလြဲ ၁ နာရီတြင္ သၿဂိဳလ္သြား မည္ျဖစ္ေၾကာင္း  ေျမာက္ဦးၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတ္ာကိုယ္စားလွယ္ ဦးထြန္းသာစိန္က မဇၥ်ိမသို႔ ယေန႔ ဇန္နဝါရီလ ၁၇ ရက္၊ ညေန ၄ နာရီခြဲအခ်ိန္တြင္ ေျပာသည္။

ယေန႔တြင္ ေျမာက္ဦးေဆးရံုတြင္ အေလာင္းမ်ားကိုထားရွိထားၿပီး လံုျခံေရးအင္အား ၁၀၀ေက်ာ္ခန္႔ ခ်ထားေၾကာင္းေဒသခံမ်ားကေျပာသည္။

“ ကၽြန္ေတာ္ဖုန္းဆက္ၾကည့္ေတာ့  အဲ့ဒီေလာက္ထိ တင္းမာမႈမရွိပါဘူးတဲ့။ မနက္ျဖန္ ၁ နာရီေလာက္မွာ အဲ့ဒီ အေလာင္း ၇ ေလာင္းကို သၿဂိဳလ္မယ္ေပါ့ေနာ္။ သူတို႔ကို အေကာင္လိုက္ေပါ့။ သူတို႔ကို ဂူသြင္းမယ့္ ေခါင္းတိုက္ ကို လုပ္လို႔မၿပီးေသးဘူး။ ဒီေန႔ေတာ့ ၿပီးေလာက္ပါတယ္။ ဒီေန႔ၿပီးရင္ မနက္ျဖန္ ၁ နာရီေလာက္မွာ သၿဂိဳလ္ မယ္။ အဲ့ဒီ အုတ္ဂူအတြက္လည္းပဲ အေရးေပၚကူညီကယ္ဆယ္ေရး ေျမာက္ဦးရဲ႕ လူမႈအသင္းအဖြဲ႔က လွဴထား တယ္လို႔လည္း ေျပာပါတယ္။ အခုက ေအးေဆးပါပဲတဲ့။ ဒါေပမယ့္ ဝိုင္းၿပီးေတာ့ ထိန္းဖို႔အတြက္လည္း ရခိုင္ျပည္ နယ္လႊတ္ေတာ္ဥကၠဌႀကီးနဲ႔တကြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း အဲ့ဒီမွာ ရွိေနပါတယ္။ ေနာက္ၿပီး ရဟန္း သံဃာေတြပါ အကုန္လံုးရွိေနပါတယ္”ဟု ျပည္နယ္လႊတ္ေတ္ာကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာသည္။

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕၊ အလယ္ေစ်းရပ္ကြက္ရွိ နန္းေတာ္ရာကုန္းတြင္ ရခုိင္ဘုရင့္ ႏိုင္ငံေတာ္ အခ်ဳပ္ အျခာအာဏာ က်ဆုံးသည့္ (၂၃၃) ႏွစ္ေျမာက္ အထိမ္းအမွတ္ပြဲ ျပဳလုပ္ရန္ ကိစၥႏွင့္ ပတ္ သက္ၿပီး တားျမစ္မႈအေပၚ မေက်နပ္သျဖင့္ ဇန္န၀ါရီ ၁၆ ရက္ ည ၇ နာရီခန္႕တြင္ လူစုလူေဝး ျဖစ္ေပၚခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားသည္။

ထိုသို႔ လူစုလူေဝးျဖစ္ေပၚၿပီး ေျမာက္ဦးၿမိဳ႕အတြင္း ေၾကြးေၾကာ္သံမ်ားျဖင့္ လွည့္လည္စဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ရာ ရဲတပ္ဖြဲ႔မွ ရဲလုပ္ငန္းႏွင့္အညီ အဆင့္ဆင့္တားျမစ္ခဲ့ေသာ္လည္း အေျခအေန ပိုမို ဆိုးရြားလာသျဖင့္ ေသနတ္ျဖင့္ သတိေပးေျခာက္လွန္႔ပစ္ခတ္ျခင္း၊ လူစုကြဲေစရန္ ပစ္ခတ္ျခင္းမ်ား ျပဳလုပ္ခဲ့ျခင္း ေၾကာင့္ အမ်ဳိးသား ၇ ဦးေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႔ ရဲမွဴးႀကီးေအာင္ျမတ္မိုးက ယေန႔ ဇန္နဝါရီလ ၁၇ ရက္၊ နံနက္ ၁၁နာရီတြင္ မဇၥ်ိမသို႔ ယခုကဲ့သို႔ ေျပာသည္။

“ ရခိုင္ဘုရင့္ႏိုင္ငံေတာ္ က်ဆုံးေန႔အထိမ္းအမွတ္အခမ္းအနားကို တားျမစ္တဲ့အတြက္ အဲ့ဒါေတြရယ္၊ ေနာက္ပြဲ လမ္းသဘင္ ေတြရွိေတာ့ လာရင္းနဲ႔ သူတို႔ ပြဲမၾကည့္ရတာနဲ႔ မေက်နပ္တာပါတယ္ေပါ့။ မူး႐ူးၿပီးေတာ့ ျဖစ္ၾက တာ။ တို႔အေရးလို႔ ေအာ္တာကတစ္ပိုင္းေပါ့ဗ်ာ။ ေအာ္ရင္းနဲ႔မွ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးရုံးတို႔ အိမ္တို႔ကို ဖ်က္စီး တယ္။ အလံေတြ ျဖဳတ္ခ်တယ္။ ၿပီးေတာ့ ရဲတပ္ဖြဲ႔ေတြဆီက   ေသနတ္ေတြလုတယ္။ ဝင္လံုးတယ္ေပါ့။ အဲ့ဒါ ေတြျဖစ္တယ္။ ျဖစ္ေတာ့ ဒီျပႆနာျဖစ္တာေပါ့”ဟု ျပည္နယ္ရဲမွဴးႀကီးေအာင္ျမတ္မိုးကေျပာသည္။

လူစုလူေဝးမွ ေက်ာက္ခဲမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၂ဝ ခန္႕ ထိခုိက္ဒဏ္ရာမ်ားရရွိၿပီး ခရုိင္အေထြ ေထြအုပ္ခ်ဳပ္ေရးမွဴးရုံးဝင္းအတြင္း ဝန္ထမ္း ဆိုင္ကယ္အခ်ဳိ႕ပ်က္စီးျခင္း၊ ဌာနပုိင္ ေမာ္ေတာ္ယာဥ္ အခ်ဳိ႕ပ်က္စီး ျခင္း၊ ရုံးခန္းႏွင့္ မွန္တံခါးမ်ားပ်က္စီးခဲ့ေၾကာင္း၊ လက္ရွိတြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တာဝန္ ရွိသူမ်ားက ဆက္လက္ေဆာင္ရြက္ေနေၾကာင္း  ျပန္ၾကားေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိ သည္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး စစ္ေတြေဒသခံလူငယ္ ဒါဇင္၀က္ခန္႔က အျပင္းအထန္ကန္႔ကြက္ေၾကာင္းႏွင့္ သက္ဆိုင္သူမ်ားကို အျမန္ဆံုး ျပင္းထန္စြာအေရးယူေပးရန္
ရခုိင္ျပည္နယ္အစိုးရရံုးေရွ႕တြင္ ယေန႔ မြန္းလႊဲပိုင္းက ဆႏၵျပေတာင္းဆိုခဲ့ၾကသည္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဒေသခံရုပ်အလောင်း ၇ လောင်းကို လာမည့် ဇန်နဝါရီလ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် သဂြိုလ်သွား မည်ဖြစ်ကြောင်း  မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တေ်ာကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္ဈိမသို့ ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ပြောသည်။

ယနေ့တွင် မြောက်ဦးဆေးရုံတွင် အလောင်းများကိုထားရှိထားပြီး လုံခြံရေးအင်အား ၁၀၀ကျော်ခန့် ချထားကြောင်းဒေသခံများကပြောသည်။

“ ကျွန်တော်ဖုန်းဆက်ကြည့်တော့  အဲ့ဒီလောက်ထိ တင်းမာမှုမရှိပါဘူးတဲ့။ မနက်ဖြန် ၁ နာရီလောက်မှာ အဲ့ဒီ အလောင်း ၇ လောင်းကို သဂြိုလ်မယ်ပေါ့နော်။ သူတို့ကို အကောင်လိုက်ပေါ့။ သူတို့ကို ဂူသွင်းမယ့် ခေါင်းတိုက် ကို လုပ်လို့မပြီးသေးဘူး။ ဒီနေ့တော့ ပြီးလောက်ပါတယ်။ ဒီနေ့ပြီးရင် မနက်ဖြန် ၁ နာရီလောက်မှာ သဂြိုလ် မယ်။ အဲ့ဒီ အုတ်ဂူအတွက်လည်းပဲ အရေးပေါ်ကူညီကယ်ဆယ်ရေး မြောက်ဦးရဲ့ လူမှုအသင်းအဖွဲ့က လှူထား တယ်လို့လည်း ပြောပါတယ်။ အခုက အေးဆေးပါပဲတဲ့။ ဒါပေမယ့် ဝိုင်းပြီးတော့ ထိန်းဖို့အတွက်လည်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဌကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဲ့ဒီမှာ ရှိနေပါတယ်။ နောက်ပြီး ရဟန်း သံဃာတွေပါ အကုန်လုံးရှိနေပါတယ်”ဟု ပြည်နယ်လွှတ်တေ်ာကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်းတွင် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ် အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ကိစ္စနှင့် ပတ် သက်ပြီး တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့ လူစုလူဝေးဖြစ်ပေါ်ပြီး မြောက်ဦးမြို့အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ ရဲလုပ်ငန်းနှင့်အညီ အဆင့်ဆင့်တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမို ဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်မြတ်မိုးက ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၁၁နာရီတွင် မဇ္ဈိမသို့ ယခုကဲ့သို့ ပြောသည်။

“ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့အထိမ်းအမှတ်အခမ်းအနားကို တားမြစ်တဲ့အတွက် အဲ့ဒါတွေရယ်၊ နောက်ပွဲ လမ်းသဘင် တွေရှိတော့ လာရင်းနဲ့ သူတို့ ပွဲမကြည့်ရတာနဲ့ မကျေနပ်တာပါတယ်ပေါ့။ မူးရူးပြီးတော့ ဖြစ်ကြ တာ။ တို့အရေးလို့ အော်တာကတစ်ပိုင်းပေါ့ဗျာ။ အော်ရင်းနဲ့မှ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတို့ အိမ်တို့ကို ဖျက်စီး တယ်။ အလံတွေ ဖြုတ်ချတယ်။ ပြီးတော့ ရဲတပ်ဖွဲ့တွေဆီက   သေနတ်တွေလုတယ်။ ဝင်လုံးတယ်ပေါ့။ အဲ့ဒါ တွေဖြစ်တယ်။ ဖြစ်တော့ ဒီပြဿနာဖြစ်တာပေါ့”ဟု ပြည်နယ်ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဝ ခန့် ထိခိုက်ဒဏ်ရာများရရှိပြီး ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဝန်ထမ်း ဆိုင်ကယ်အချို့ပျက်စီးခြင်း၊ ဌာနပိုင် မော်တော်ယာဉ် အချို့ပျက်စီး ခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန် ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေဒေသခံလူငယ် ဒါဇင်ဝက်ခန့်က အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် သက်ဆိုင်သူများကို အမြန်ဆုံး ပြင်းထန်စွာအရေးယူပေးရန်
ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ယနေ့ မွန်းလွှဲပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top