ေတာင္တန္း အခ်ိဳးအေကြ႕ ေတြကို ေက်ာ္လြန္ၿပီး ကားေလးဟာ ေနရာတစ္ခုမွာ ရပ္တန္႔ လိုက္တယ္။ လူငယ္ေလးေတြ ကားေပၚက ဆင္းလာၾကတယ္။
လိုအပ္တဲ့ ပစၥည္းေတြ သယ္ေနၾကတယ္။ အားလံုး ျပင္ဆင္ၿပီးခ်ိန္ မွာေတာ့ မတ္ေစာက္လွတဲ့ ေတာင္ကုန္း တစ္ခုကေန မိနစ္ ၂၀ ၾကာ လမ္းေလွ်ာက္ ျဖတ္သန္းၿပီး ေရတံခြန္ အေသးစားေလး တစ္ခုကို လွမ္းေတြ႕ လိုက္ရတယ္။
ရတံခြန္က ေရေတြဟာ မလွမ္းမကမ္းက ဂူႀကီးတစ္ခုဆီကို စီးဝင္သြားတယ္။ “သတိထားေနာ္ ေခ်ာ္က်မယ္˘ ဆိုတဲ့ သတိေပးသံ ထြက္ေပၚလာတယ္။
ေရညႇိေတြ ကပ္ေနတဲ့ ေက်ာက္တံုးေတြ ၾကားထဲမွာ ဝါးလံုးေလး ႏွစ္ေခ်ာင္းကို ေလွကား ပံုစံ ထိုးထားၿပီး ၁၈ ေပေလာက္ အျမင့္ကေန တြင္းႀကီးတစ္ခုထဲကို လူငယ္ေတြ ဆင္းသက္ေနၾကတယ္။
သူတို႔ အားလံုးဟာ ဖိနပ္ႀကိဳးေတြကို တင္းေနေအာင္ ခ်ည္ထားၾကၿပီး ေခါင္းပတ္ ဓာတ္မီးေတြနဲ႔ သြားလာေနၾကတယ္။
ေႏြခါင္ေခါင္မွာ ေအးစိမ့္တဲ့ အရသာကို ခံစားမိၿပီး ႏႈတ္ခမ္းဖ်ားဆီ ကေန အခိုးအေငြ႕ေတြ ထြက္လာတယ္။
ခရီးက အခုမွ စတင္မွာ ျဖစ္တယ္။ မိုင္မ်ားစြာ ရွည္လ်ားတဲ့ ဂူႀကီးထဲကို သြားၾကမွာ ျဖစ္ပါတယ္။
ၿပိဳက်ေနတဲ့ပံုစံ ေက်ာက္တံုးေတြရဲ႕ အေပၚကို ေက်ာ္ခြ တက္ၿပီး လမ္းတစ္ခုကို ရွာေဖြ ရပါေတာ့တယ္။ ေမွာင္ပိန္း ေနတဲ့ ဂူႀကီးထဲမွာ ေခါင္းမွာ စြပ္ထားတဲ့ ဓာတ္မီးေတြ ကိုသာ အားျပဳၿပီး သြားေနၾကရတယ္။
ေက်ာက္ခက္ ပန္းဆြဲေတြ၊ ျမင့္မားလွတဲ့ ေက်ာက္နံရံေတြ ၾကားထဲမွာ ေျမေအာက္ ေခ်ာင္းတစ္ခုကလည္း ျဖတ္သန္း စီးဆင္းေနတယ္။ ထူးျခားေနတာက ေျမေအာက္ေခ်ာင္းနဲ႔ ေျမေအာက္ဂူ ႏွစ္မ်ိဳးတြဲေနၿပီး ဂူလမ္းေၾကာင္း အတိုင္း ေခ်ာင္းငယ္က အေနာက္မွ အေရွ႕ကို စီးဆင္းေနတယ္။ ရွည္လ်ားလွတဲ့ ဂူျဖစ္ေပမဲ့ ေအာက္ဆီဂ်င္ ေကာင္းေကာင္း မြန္မြန္ ရရွိတယ္။
ဂူရဲ႕ အတြင္းပိုင္းဟာလည္း က်ယ္ျပန္႔တဲ့ အတြက္ အနံ႔အသက္ ဆိုးရြားမႈေတြ မရွိဘူး။ သဘာဝ အတိုင္း ျဖစ္တည္ၿပီး လူသူ အေရာက္အေပါက္ နည္းတဲ့အတြက္ သာယာ လွပေနတယ္။ ေက်ာက္ေဆာင္ေတြ အေပၚ တြယ္တက္ ၾကတယ္။ လက္ေတြ တြဲခ်ိတ္ၿပီး လမ္းေတြ ေလွ်ာက္ၾကတယ္။ တစ္ခါတစ္ရံ ေျခမ်က္စိ နားသာရွိတဲ့ ေရေတြ၊ တစ္ခါတစ္ရံ ဒူးေခါင္း ေလာက္ရွိတဲ့ ေရေတြ၊ တစ္ခါတစ္ရံ ေပါင္ရင္း နားေလာက္အထိ ျမဳပ္တဲ့ စမ္းေခ်ာင္း ေလးရဲ႕ ေရအတိမ္အနက္ကို ေက်ာ္ျဖတ္ ၾကတယ္။ တစ္ခါတစ္ရံ မွာေတာ့ စမ္းေခ်ာင္းေလးရဲ႕ ေရအနက္ဟာ ရင္ဘတ္ အထိကို ေရာက္ရွိလာတယ္။
အေရွ႕ေတာင္ အာရွရဲ႕ အရွည္ဆံုးဂူလို႔ စာရင္း ဝင္ထားတဲ့ ထီပ႐ူႏူး ဂူထဲကို သူတို႔ေတြ သြားေနၾကတာ ျဖစ္ပါတယ္။
ဘယ္လိုဂူလဲ
ေျမေအာက္ဂူ တစ္ခုျဖစ္ၿပီး အရွည္အားျဖင့္ ၁၃ မိုင္ကေန ၁၅ မိုင္ၾကား ရွိတယ္။
ေဒသခံေတြရဲ႕ အဆိုအရ အဲသည္ ေျမေအာက္ဂူႀကီးဟာ ဟိုရာေဒသက ေနၿပီး အနည္းဆံုး ၁၁ မိုင္ ကြာေဝးတဲ့ ဒီေမာ့ဆိုးၿမိဳ႕ ေငြေတာင္ဆည္ အနီး ကြီင္ငံ ေရထြက္ေပါက္ အထိ ရွည္လ်ားပါတယ္။
ႏွစ္ဖက္ပြင့္ ဂူအမ်ိဳးအစား ျဖစ္ၿပီး ေရေအာက္ ျမစ္တစ္ခု ျဖတ္သန္း စီးဆင္းေနတဲ့ သီးျခားကမၻာ တစ္ခုပါ။
ႏိုင္ငံျခားသား ေလ့လာသူ တခ်ိဳ႕လည္း လာေရာက္ လည္ပတ္ ဖူးၿပီး ဂူအစအဆံုး အထိေတာ့ မေရာက္ရွိခဲ့ပါဘူး။
ေဒသခံေတြထဲလည္း တစ္ဦးတစ္ေယာက္ ကမွ ဂူအဆံုး အထိ မသြားဖူးၾကပါဘူး။
စြန္႔စြန္႔စားစား ခရီးသြားလိုတဲ့ လူငယ္ေတြ အတြက္ စိတ္လႈပ္ရွား ရင္ခုန္ဖြယ္ အေတြ႕အႀကံဳေတြကို ေပးတယ္ ဆိုတာ သံသယ ျဖစ္စရာမလိုပါ။
အေရွ႕ေတာင္ အာရွရဲ႕ အရွည္ဆံုး ဂူလို႔ စာရင္ဝင္ ထားတဲ့ ထီပ႐ူႏူးဂူ ဟာ ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕ရဲ႕ အေနာက္ဘက္ ၁၀ မိုင္ အေက်ာ္ ဟိုယာေဒသမွာ တည္ရွိ ပါတယ္။ တိတိက်က် ေျပာမယ္ဆိုရင္ အဲသည္ဂူဟာ ေမာ္သီဒို လို႔ အမည္ရတဲ့ ေက်းရြာအနားမွာ ရွိပါတယ္။
တစ္ႏွစ္တာ ပတ္လံုး ေတာင္တန္းေတြနဲ႔ စိမ္းစိုေနတဲ့ ဖ႐ူဆိုၿမိဳ႕နယ္ဟာ ေဒသခံ ၃၀,ဝ၀ဝ ေက်ာ္ခန္႔သာ ရွိၿပီး ခရစ္ယာန္ဘာသာကို အဓိ ကထား ကိုးကြယ္ၾကပါတယ္။ ဟိုယာေဒသမွာေတာ့ ကေယာ (ကယားလူမ်ိဳးေတြထဲက လူမ်ိဳး စုတစ္မ်ိဳးျဖစ္တဲ့) လူမ်ိဳးစုေတြ ေနထိုင္ၾကပါ တယ္။
စိတ္လႈပ္ရွားဖြယ္
ထီပ႐ူႏူး ေျမေအာက္ဂူႀကီးရဲ႕ ၾကမ္းျပင္မွာ အစိမ္းေရာင္ သန္းၿပီး ၾကည္လင္ေနတဲ့ ေျမေအာက္ေခ်ာင္းက အဆက္မျပတ္ တသြင္သြင္ စီးဆင္းေနတယ္။
အၿမဲစိမ္းေတာ တည္ေနရာထဲမွာ ပါဝင္ၿပီး ေဘးမဲ့ေတာ ေဒသ တစ္ခုလည္း ျဖစ္ပါတယ္။
ဂူတစ္ခုလံုးဟာ အေမွာင္က်ေနၿပီး လူတစ္ေယာက္ အေနနဲ႔ ဓာတ္မီးရဲ႕ အကူမပါဘဲ သြားလို႔ မရႏိုင္ပါဘူး။
ဂူထဲကို ႏွစ္နာရီနီးပါး ခရီးဆက္ ၿပီးရင္ေတာ့ ဂူရဲ႕ တစ္ေနရာမွာ စိန္ေတြ စီထားတဲ့ ေက်ာက္ဖ်ာအလား ထင္မွတ္ မွားရေအာင္ အေရာင္ေတြ ေတာက္ပေနတဲ့ ေျမၾကမ္းျပင္ကို ေတြ႕ျမင္ႏိုင္ပါတယ္။
ေနာက္ ၁၅ မိနစ္ ေက်ာ္ေလာက္ လမ္းေလွ်ာက္ သြားရင္ေတာ့ ဂူရဲ႕ ေဘးတစ္ဖက္မွာ ေက်ာက္နံရံ သေဘာမ်ိဳး ျဖစ္ေနၿပီး ေရႊေရာင္လို အေရာင္ေတြ တလက္လက္ ေတာက္ပေနတယ္။
အတြင္းနက္နက္ အထိ အေရာင္ေတြ ေတာက္ပေနပါတယ္။
ဂူၾကမ္းျပင္မွာ စီးဆင္းေနတဲ့ ေခ်ာင္းရဲ႕ အတိမ္အနက္က ခန္႔မွန္းလို႔ မရႏိုင္ဘဲ တစ္ေနရာမွာ ဒူးေလာက္ပဲ ေရရွိ ေပမဲ့ ေဘးကို တစ္လွမ္း တိုးလိုက္မိရင္ေတာ့ လူတစ္ ကိုယ္လံုး ျမဳပ္သြားႏိုင္တဲ့ အထိ နက္႐ိႈင္းပါတယ္။
ေက်ာက္ခက္ ပန္းဆြဲ အမ်ားအျပား ရွိသလို ေရတံခြန္လို ျဖစ္ၿပီး ေရစီးသန္လွတဲ့ ေနရာေတြ၊ အတက္အဆင္း အျမင့္ေတြ၊ တစ္ေယာက္စာသာ သြားလို႔ရတဲ့ ေနရာေတြ၊ ၁၀ ေပ အထက္ ျမင့္တဲ့ ကန္ႀကီးေတြနဲ႔ ဂူႀကီးဟာ သဘာဝ အတိုင္း တည္ရွိေနပါတယ္။
လင္းႏို႔ အမ်ားအျပားကို ေတြ႕ျမင္ႏိုင္ၿပီး တစ္ခါတစ္ရံ မွာေတာ့ ကြ်တ္အႀကီးစားေတြ ေတြ႕ရႏိုင္ပါတယ္။ လူသံုးေလး ေယာက္နဲ႔သာ သြားရင္ေတာ့ အလြန္ ေခ်ာက္ခ်ားဖြယ္ ေနရာတစ္ခု ျဖစ္မွာပါ။
ဘာေတြယူသြားရမလဲ
မိုင္မ်ားစြာ ရွည္လ်ားတဲ့ ဂူကိုသာ အစအဆံုး ဝင္ဖို႔ ဆံုးျဖတ္ ခဲ့တယ္ ဆိုရင္ ပထမဆံုး စဥ္းစားရမွာ ဝတ္ဆင္မယ့္ အဝတ္အစား ပံုစံပါ။
ခညႇပ္ဖိနပ္ေတြ အစား ေတာစီး စစ္ဖိနပ္ပံုစံ အၾကမ္းေတြက ခရီးစဥ္ အတြက္ ပိုၿပီး အေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။ ၿပီးရင္ အစားအေသာက္ ကိစၥ ျဖစ္ပါတယ္။
ၿပီးေတာ့ မျဖစ္မေန လိုအပ္တာက ေခါင္းစြပ္ ဓာတ္မီးေတြ၊ ဓာတ္ခဲေတြ ျဖစ္ပါတယ္။ အခ်ိဳ႕ ေနရာေတြဟာ ေလးဖက္ ေထာက္ၿပီး ဝင္ရတဲ့ ေနရာေတြ၊ အျမင့္ႀကီးကေန ေလွ်ာဆင္း ရတာေတြ ရွိတာေၾကာင့္ က်န္းမာေရး ႀကံ့ခိုင္တဲ့ သူေတြသာ သြားသင့္ပါတယ္။
ဒါ့အျပင္ ခႏၶာကိုယ္ဝတဲ့ သူေတြအတြက္ တခ်ိဳ႕ ေနရာေတြဟာ ေရွ႕ဆက္သြားဖို႔ ခက္ခဲတာေတြ ျဖစ္ႏိုင္ပါတယ္။ ေနာက္လိုအပ္တာေတြ ကေတာ့ သက္ကယ္ႀကိဳး၊ လံုၿခံဳေရးနဲ႔ ပတ္ သက္တဲ့ ပစၥည္းေတြက အေရးႀကီး ပါတယ္။
ခရီးတိုေလးပဲ သြားမယ္ ဆိုရင္ေတာ့ ေခါင္းစြပ္ဓာတ္မီးနဲ႔ ေရေတာ့ ထည့္သြားဖို႔ လိုအပ္ပါတယ္။ အထဲက ေခ်ာင္းေရက ၾကည္လင္ေနေပမဲ့ လင္းႏို႔ အသိုက္ေတြ ရွိတဲ့ အတြက္ တခ်ိဳ႕ ေနရာက ေရေတြဟာ လင္းႏို႔ေခ်းေတြ ေရာယွက္ေနပါတယ္။ စြန္႔စားမႈေတြကို ဝါသနာပါတဲ့ ခရီးသြားေတြ အတြက္ကေတာ့ တကယ့္ကို စိတ္လႈပ္ရွားဖြယ္ရာ ခရီးတစ္ခု ျဖစ္မွာပါ။
က်ာက္ေတာင္ေတြ အျမင့္ေတြ အေပၚ ခက္ခက္ခဲခဲ တြယ္တက္ရမွာ ျဖစ္ၿပီး ေရကူး ကြ်မ္းက်င္ဖို႔လည္း လိုအပ္ပါတယ္။ ဂူထဲမွာ ေရစီးသန္တဲ့ ေနရာ တခ်ိဳ႕ ရွိေနသလို ဝါးတစ္ျပန္စာေလာက္ နက္တဲ့ ေရကန္ႀကီး ေတြလည္း တည္ရွိေနပါတယ္။
ဂူရဲ႕ ပတ္ဝန္းက်င္
ထီပ႐ူႏူးဂူရဲ႕ ပတ္ဝန္းက်င္မွာ ေတာ့ေထခို ေက်းရြာဆိုတာ ရွိပါတယ္။
ကယားလူမ်ိဳး ကိုးမ်ိဳးရွိတဲ့ အထဲက ေထခိုရြာက အမ်ိဳးသမီးေတြဟာ ကေယာလူမ်ိဳးေတြရဲ႕ အထိမ္းအမွတ္ ႐ိုးရာဝတ္စံုကိုသာ ဝတ္ဆင္ၾက ပါတယ္။
ကာလာ အေရာင္အေသြး စံုလွတဲ့ သူ တို႔ရဲ႕ အက်ႌေတြဟာ ႐ိုးရာ လက္ရက္ထည္ အမ်ိဳးအစားေတြ ျဖစ္ၿပီး အနီေရာင္ ခ်ည္ထည္ေတြ၊ ပန္းေရာင္ ခ်ည္ထည္ေတြ အေပၚ အျပာေရာင္ လိုင္းေတြ ၊ အဝါေရာင္လိုင္းေတြ ေဖာက္ၿပီး ခ်ဳပ္လုပ္ထားပါတယ္။
တခ်ိဳ႕အဝတ္အထည္ေတြကေတာ့ လည္ပင္းမွာ ဆင္ယင္ ထားတဲ့ ျခဴး ျပားပံုစံ ေ
ငြထည္ ပစၥည္းေတြဟာ မ်ားျပား လွၿပီး ေငြထည္ လက္ေကာက္ေတြကိုလည္း လက္ႏွစ္ဖက္ စလံုးမွာ ဝတ္ဆင္ထားပါတယ္။ ဒူးေခါင္းေတြနဲ႔ ေျခမ်က္စိေတြ မွာေတာ့ ကြင္းေတြ ဝတ္ဆင္ ထားၾကပါတယ္။
နားမွာ ပန္ဆင္ထားတဲ့ နားေတာင္းကြင္း အႀကီးႀကီး ေတြဟာ သူတို႔ ေဒသရဲ႕ အလွကို ပိုၿပီး ျပည့္စံုေစပါတယ္။ အိမ္တခ်ိဳ႕ မွာေတာ့ ႐ိုးရာ လက္ရက္ထည္ ေတြကို ခ်ဳပ္လုပ္ေနတဲ့ အမ်ိဳးသမီးေတြကို ေတြ႕ျမင္ရပါတယ္။
ကြမ္းေတြ ဝါးထားတဲ့ သူတို႔ရဲ႕ မ်က္ႏွာဟာ ခက္ထန္ သေယာင္ ထင္ရေပမဲ့ အနီး ကပ္ စကား ေျပာတဲ့ အခါ ေဖာ္ေရြစြာ ေျပာဆို ဆက္ဆံၾကပါတယ္။ ခရစ္ယာန္ ဘာသာဝင္ေတြ ျဖစ္တဲ့အတြက္ ရြာရဲ႕ အလယ္ေကာင္မွာ ဘုရားေက်ာင္း တစ္ခုကို တည္ေဆာက္ ထားပါတယ္။ ေတာင္ေပၚရြာေလး ျဖစ္ၿပီး ေျမနီလမ္း ကေလးသာ ရွိပါတယ္။
ေက်းလက္ မူလတန္း တစ္ေက်ာင္းနဲ႔ ေက်းလက္ ေဆးေပးခန္းေလး တစ္ခုကလည္း ရြာေလးထဲဟာ တည္ရွိပါတယ္။ ရြာရဲ႕ အိမ္အားလံုး နီးပါးဟာ ေျခတံရွည္ အိမ္ေလးေတြ ျဖစ္ၿပီး အိမ္ေအာက္မွာေတာ့ မိုးရာသီ အတြက္ ႀကိဳတင္ၿပီး ရွာေဖြထားတဲ့ ထင္းေတြကို စုေဆာင္း ထားၾကပါတယ္။
တိရစၦာန္ေမြးျမဴေရးနဲ႔ ေတာင္ယာ လုပ္ငန္းကို အမ်ားဆံုး လုပ္ကိုင္ၾကၿပီး ႐ိုးသားလွတဲ့ ေက်းလက္ေန ျပည္သူတို႔ရဲ႕ ဘဝကို ျမင္ေတြ႕ ရႏိုင္ပါတယ္။
အနားယူအပန္းေျဖ
လြဳိင္ေကာ္ၿမိဳ႕ကို ေရာက္ရွိ သြားရင္ေတာ့ ကယားျပည္နယ္ ရဲ႕ အထိမ္းအမွတ္လို႔ ဆိုႏိုင္တဲ့ ေတာင္ကြဲေစတီကို ဖူးေျမာ္ ႏိုင္ပါတယ္။
လြဳိင္ေကာ္ၿမိဳ႕ရဲ႕ ေတာင္ဘက္မွာရွိၿပီး ကယားျပည္နယ္ကို ေရာက္ရွိသူတိုင္း သြားေရာက္ ဖူးေျမာ္ၾကတဲ့ ေစတီ ျဖစ္ပါတယ္။ အဲဒါ အျပင္ က်တ္ဂူ၊ ထီးစဲခါး ေရတံခြန္ တို႔လည္း လြဳိင္ေကာ္ၿမိဳ႕ ပတ္ဝန္းက်င္မွာ ရွိေန ပါတယ္။
လြဳိင္ေကာ္ၿမိဳ႕မွာတင္ ဖူးေျမာ္စရာ ဘုရားေစတီ ငါးဆူေလာက္ ရွိပါတယ္။ ၿမိဳ႕ရဲ႕ အတြင္း ပိုင္းမွာေတာ့ ၿမိဳ႕နံေစတီနဲ႔ လြမ္းေစတီ၊ ၿမိဳ႕ရဲ႕ ေတာင္ဘက္ မွာေတာ့ ျမကလပ္ ေတာင္ေစတီကို ဖူးေျမာ္ႏိုင္ပါတယ္။ ၿမိဳ႕ရဲ႕ အေရွ႕ဘက္ ႏွစ္မိုင္ခန္႔ အကြာမွာေတာ့ ေတာင္သံုးလံုး ေစတီကို ဖူးေျမာ္ႏိုင္ပါတယ္။
တျခား ထင္ရွားတဲ့ ေနရာေတြကေတာ့ လြဳိင္ေကာ္ၿမိဳ႕ အေရွ႕ေတာင္ဘက္ ၁၅ မိုင္ အကြာက ဘီလူးေခ်ာင္းက ေလာပိတ ေရအားလွ်ပ္စစ္ စက္႐ံုကိုလည္း ေလ့လာႏိုင္ပါတယ္။
ေလာပိတ ေရအားလွ်ပ္စစ္ စက္႐ံုကေနၿပီး ျမန္မာ တစ္ႏိုင္ငံလံုးကို လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးေနတာ ျဖစ္ပါတယ္။
ၿပီးရင္ေတာ့ ထီပ႐ူႏူးဂူကို သြားရင္ လမ္းက ဒီေမာ့ဆိုးၿမိဳ႕နယ္ မွာ ေငြေတာင္ဆည္ တည္ရွိပါတယ္။ အဲဒါအျပင္ လြဳိင္ေကာ္ – ဒီေမာ့ဆိုး ကားလမ္းေဘး မွာေတာ့ ထီးပြင့္ကန္ တည္ရွိပါတယ္။
ဘယ္လို သြားမလဲ
ရန္ကုန္ကေန တိုက္႐ိုက္ေရာက္တဲ့ အေဝးေျပးယာဥ္လိုင္း မရွိသလို ဟိုယာဆိုတဲ့ ေဒသကို ေရာက္ဖို႔ကလည္း ကားႀကီး ေတြနဲ႔ သြားဖို႔ အဆင္မေျပပါဘူး။
ေတာင္တန္း အေကြ႕ အေကာက္ေတြ အင္မတန္ မ်ားျပားၿပီး ေတာင္တက္ ကားတခ်ိဳ႕ ဒါမွမဟုတ္ အၾကမ္းခံတဲ့ ကားေတြနဲ႔ သြားမွသာ အဆင္ေျပမွာ ျဖစ္ပါတယ္။
ရန္ကုန္ကေန လြဳိင္ေကာ္ အထိကို ကားလမ္းေၾကာင္း၊ ရထားလမ္းေၾကာင္း၊ ေလယာဥ္ လမ္းေၾကာင္း သံုးခုနဲ႔ သြားႏိုင္ပါတယ္။ ကားလမ္းေၾကာင္း ရန္ကုန္ကေန လြိဳင္ေကာ္ကို ကိုယ္ ပိုင္ကားေတြနဲ႔ သြားမယ္ ဆိုရင္ေတာ့ လမ္းေၾကာင္း ႏွစ္ခုကေန သြားႏိုင္ပါတယ္။
ပထမ လမ္းေၾကာင္း ကေတာ့ ပ်ဥ္းမနား -ပင္ေလာင္း လမ္းေၾကာင္းက ျဖစ္ၿပီး မိုင္ေပါင္း ၃၈၈ မိုင္ ရွည္လ်ားတယ္ လို႔ သိရ ပါတယ္။ ရန္ကုန္ – ပဲခူး လမ္းေၾကာင္း ကေန ေညာင္ေလးပင္၊ ျဖဴးၿမိဳ႕ေတြကို ျဖတ္ေက်ာ္ၿပီး ေတာင္ငူ ဘက္ကေန သြားတဲ့ လမ္းေၾကာင္း ျဖစ္ပါတယ္။
ခရီးအကြာအေဝး တိုေပမဲ့ ေတာင္ငူကေန စတင္ၿပီး ေတာင္ဆင္း ေတာင္တက္ အႏၱရာယ္ အေကြ႕အေကာက္ မ်ားျပားလွတဲ့ လမ္းေၾကာင္း ျဖစ္ပါတယ္။
အဲသည္ ကေန ပင္ေလာင္းလမ္း ေၾကာင္းအတိုင္း လြဳိင္ေကာ္ၿမိဳ႕ကို ေရာက္ရွိမွာ ျဖစ္ပါတယ္။
ဒုတိယ လမ္းေၾကာင္းကေတာ့ ေအာင္ပန္းၿမိဳ႕ကေန သြားတဲ့ လမ္းေၾကာင္း ျဖစ္ၿပီး မိုင္ေပါင္း ၄၈၃ မိုင္ ရွည္လ်ားပါတယ္။
ရန္ကုန္ – ေနျပည္ေတာ္ အျမန္လမ္းကေန ၿပီးေတာ့ ေပ်ာ္ဘြယ္ – ေအာင္ပန္း လမ္းေၾကာင္းအတိုင္း သြားရတာ ျဖစ္ပါတယ္။ အဲသည္ကေန ပင္ေလာင္းၿမိဳ႕၊ ဖယ္ခံုၿမိဳ႕ ၊ မိုးၿဗဲ ၿမိဳ႕ တို႔ကို ျဖတ္ေက်ာ္ၿပီး လြဳိင္ေကာ္ၿမိဳ႕ကို ေရာက္ရွိမွာ ျဖစ္ပါတယ္။
အာင္မဂၤလာ အေဝးေျပး ကားဝင္းက ေန ကားေတြ စီးသြားမယ္ ဆိုရင္ေတာ့ ေရႊကယား၊ ေရႊရာဇာ၊ ေရႊကိႏၶရီ ယာဥ္လိုင္းတို႔ နဲ႔ လြဳိင္ေကာ္ၿမိဳ႕ အထိ ေရာက္ႏိုင္ပါတယ္။ ေန႔တိုင္း ညေန ၅းဝ၀ နာရီမွာ ကားေတြ ထြက္ခြာၿပီး ေနာက္ေန႔ မနက္ ၈းဝ၀ နာရီဝ န္းက်င္မွာ လြဳိင္ေကာ္ၿမိဳ႕ကို ေရာက္ရွိတယ္ လို႔ သိရပါတယ္။
လြဳိင္ေကာ္ၿမိဳ႕ကို ေရာက္ရွိ သြားရင္ေတာ့ အေနာက္ ေတာင္ဘက္ စြန္းစြန္း ၂၁ မိုင္မွာ ဖ႐ူဆိုၿမိဳ႕ေလး တည္ရွိပါတယ္။ ရပ္ကြက္ငါးခု၊ ေက်းရြာ အုပ္စု ၁၄ အုပ္စု နဲ႔ ေက်းရြာေပါင္း ၁၁၅ ရြာ ရွိတယ္လို႔ သိရပါတယ္။
ကုန္က်စရိတ္
ကုန္က်စရိတ္ဟာ ခန္႔မွန္းဖို႔ မလြယ္ကူဘဲ ေယဘုယ် အားျဖင့္ တြက္ခ်က္မယ္ဆိုရင္ ေအာင္မဂၤလာ အေဝးေျပးဝင္း ကေန လိုင္းကားေတြနဲ႔ သြားမယ္ ဆိုရင္ လြဳိင္ေကာ္ အထိကို ကားခ က်ပ္ ၁၂,၈၀ဝ သာ ကုန္က်မွာ ျဖစ္ပါတယ္။
ရထားနဲ႔ ဆိုရင္ေတာ့ ရန္ကုန္ ကေနသာ စည္အထိကို ႐ိုး႐ိုးတန္း က်ပ္ ၃၇၀ဝ၊ ပထမတန္း က်ပ္ ၄၆၀ဝ ၊ အထက္တန္း က်ပ္ ၇၃၅၀ နဲ႔ အိပ္ စင္ပါ ပါရင္ေတာ့ က်ပ္ ၁၀,ဝ၀ဝ ကုန္က်မွာ ျဖစ္ပါတယ္။
အဲသည္ ကေန ၿပီးေတာ့ သာစည္ ဘူတာကေန လြဳိင္ေကာ္ အထိကို ႐ိုး႐ိုးတန္း က်ပ္ ၂၃၀ဝ နဲ႔ ပထမတန္း ဆိုရင္ေတာ့ က်ပ္ ၃၁၀ဝ သာ က်မယ္လို႔ သိရပါတယ္။ ေလယာဥ္နဲ႔ သြားမယ္ဆိုရင္ေတာ့ အနိမ့္ဆံုး က်ပ္ ၅၀,ဝ၀ဝ ကေန စတင္တယ္လို႔ သိရပါ တယ္။
တည္းခိုစရိတ္ေတြကေတာ့ က်ပ္ ၁၀,ဝ၀ဝ ကေန က်ပ္ ၁၀ဝ,ဝ၀ဝ ေက်ာ္တဲ့ အထိ အစား စား ရွိပါ တယ္။ အဲသည္ မွာ ထပ္ၿပီးေပါင္းထည့္ ရမွာက လြဳိင္ေကာ္ကေန ထီပ႐ူႏူးဂူ ကို သြားတဲ့အခါ ငွားရမယ့္ ကားခစရိတ္ပါ ထပ္ေပါင္း ထည့္ရမွာ ျဖစ္ပါတယ္။
လူတစ္ဦးခ်င္းစီ အတြက္ အနိမ့္ဆံုး က်ပ္ ၁၀ဝ, ဝ၀ဝ ကေန ၁၅၀,ဝ၀ဝ ဝန္းက်င္ ကုန္က်ႏိုင္ၿပီး စြန္႔စြန္႔စားစားနဲ႔ သြားေရာက္ရမယ့္ ခရီးတစ္ခု ျဖစ္ပါတယ္။
တည္းခိုဖို႔ ေနရာ
ဂူရဲ႕ အနီး ပတ္ဝန္းက်င္ ဖ႐ူဆို ေဒသမွာေတာ့ တည္းခိုခန္းေတြ ဟိုတယ္ေတြမရွိဘဲ ရြာထဲက ရြာခံေတြရဲ႕ အိမ္ေတြမွာသာ တည္းခိုလို႔ ရႏိုင္မွာ ျဖစ္ပါတယ္။
လြိဳင္ေကာ္ၿမိဳ႕မွာေတာ့ တည္းခိုခန္းေတြနဲ႔ ဟိုတယ္ ႏွစ္ခု ရွိတယ္လို႔ သိရပါ တယ္။ ဟိဏ္းဓန ၊ ကႏၱရဝတီ၊ ကယား ေမတၱာ၊ မင္းမေဟာ္၊ စံျပ၊ မိန္ဂ်ိဳင္း၊ ျမတ္ေတာ္ဝင္၊ ပုလဲဆိုတဲ့ တည္းခိုခန္းေတြ ရွိပါတယ္။ ဟိုတယ္ လြဳိင္ေကာ္နဲ႔ နဝေဒး ဆိုတဲ့ ဟိုတယ္ႏွစ္လံုး ရွိပါတယ္။
လူသိမ်ားလာ
ပထမက အဆိုပါ ေဒသတစ္ဝိုက္ဟာ တိုင္းရင္းသား လက္နက္ကိုင္ေတြ အုပ္ခ်ဳပ္တဲ့ ေနရာတစ္ခုပါ ။ ဂူရဲ႕ အနီးတစ္ဝိုက္ဟာ အၿမဲစိမ္းေတာ ဧရိယာျဖစ္ၿပီး လူသူ အေရာက္ အေပါက္ နည္း ၾကပါတယ္။
ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ညႇိႏိႈင္းၿပီးတဲ့ အခါမွာေတာ့ အဆိုပါ ေဒသကို ဝင္ထြက္ သြားလာလို႔ ရေနပါၿပီ။
ေခတ္ရဲ႕ ေရစီးေၾကာင္းအရလည္း သဘာဝ အတိုင္း တည္ရွိေနတဲ့ ေနရာေဒသေတြကို ခရီးထြက္ခြာတာေတြ မ်ားျပားလာပါတယ္။
ႏိုင္ငံျခားသားမ်ားဝင္ေရာက္ခြင့္ ပိတ္ပင္ထားေသာ ေဒသတစ္ခုျဖစ္ပါသည္။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တောင်တန်း အချိုးအကွေ့ တွေကို ကျော်လွန်ပြီး ကားလေးဟာ နေရာတစ်ခုမှာ ရပ်တန့် လိုက်တယ်။ လူငယ်လေးတွေ ကားပေါ်က ဆင်းလာကြတယ်။
လိုအပ်တဲ့ ပစ္စည်းတွေ သယ်နေကြတယ်။ အားလုံး ပြင်ဆင်ပြီးချိန် မှာတော့ မတ်စောက်လှတဲ့ တောင်ကုန်း တစ်ခုကနေ မိနစ် ၂၀ ကြာ လမ်းလျှောက် ဖြတ်သန်းပြီး ရေတံခွန် အသေးစားလေး တစ်ခုကို လှမ်းတွေ့ လိုက်ရတယ်။
ရတံခွန်က ရေတွေဟာ မလှမ်းမကမ်းက ဂူကြီးတစ်ခုဆီကို စီးဝင်သွားတယ်။ “သတိထားနော် ချော်ကျမယ်˘ ဆိုတဲ့ သတိပေးသံ ထွက်ပေါ်လာတယ်။
ရေညှိတွေ ကပ်နေတဲ့ ကျောက်တုံးတွေ ကြားထဲမှာ ဝါးလုံးလေး နှစ်ချောင်းကို လှေကား ပုံစံ ထိုးထားပြီး ၁၈ ပေလောက် အမြင့်ကနေ တွင်းကြီးတစ်ခုထဲကို လူငယ်တွေ ဆင်းသက်နေကြတယ်။
သူတို့ အားလုံးဟာ ဖိနပ်ကြိုးတွေကို တင်းနေအောင် ချည်ထားကြပြီး ခေါင်းပတ် ဓာတ်မီးတွေနဲ့ သွားလာနေကြတယ်။
နွေခါင်ခေါင်မှာ အေးစိမ့်တဲ့ အရသာကို ခံစားမိပြီး နှုတ်ခမ်းဖျားဆီ ကနေ အခိုးအငွေ့တွေ ထွက်လာတယ်။
ခရီးက အခုမှ စတင်မှာ ဖြစ်တယ်။ မိုင်များစွာ ရှည်လျားတဲ့ ဂူကြီးထဲကို သွားကြမှာ ဖြစ်ပါတယ်။
ပြိုကျနေတဲ့ပုံစံ ကျောက်တုံးတွေရဲ့ အပေါ်ကို ကျော်ခွ တက်ပြီး လမ်းတစ်ခုကို ရှာဖွေ ရပါတော့တယ်။ မှောင်ပိန်း နေတဲ့ ဂူကြီးထဲမှာ ခေါင်းမှာ စွပ်ထားတဲ့ ဓာတ်မီးတွေ ကိုသာ အားပြုပြီး သွားနေကြရတယ်။
ကျောက်ခက် ပန်းဆွဲတွေ၊ မြင့်မားလှတဲ့ ကျောက်နံရံတွေ ကြားထဲမှာ မြေအောက် ချောင်းတစ်ခုကလည်း ဖြတ်သန်း စီးဆင်းနေတယ်။ ထူးခြားနေတာက မြေအောက်ချောင်းနဲ့ မြေအောက်ဂူ နှစ်မျိုးတွဲနေပြီး ဂူလမ်းကြောင်း အတိုင်း ချောင်းငယ်က အနောက်မှ အရှေ့ကို စီးဆင်းနေတယ်။ ရှည်လျားလှတဲ့ ဂူဖြစ်ပေမဲ့ အောက်ဆီဂျင် ကောင်းကောင်း မွန်မွန် ရရှိတယ်။
ဂူရဲ့ အတွင်းပိုင်းဟာလည်း ကျယ်ပြန့်တဲ့ အတွက် အနံ့အသက် ဆိုးရွားမှုတွေ မရှိဘူး။ သဘာဝ အတိုင်း ဖြစ်တည်ပြီး လူသူ အရောက်အပေါက် နည်းတဲ့အတွက် သာယာ လှပနေတယ်။ ကျောက်ဆောင်တွေ အပေါ် တွယ်တက် ကြတယ်။ လက်တွေ တွဲချိတ်ပြီး လမ်းတွေ လျှောက်ကြတယ်။ တစ်ခါတစ်ရံ ခြေမျက်စိ နားသာရှိတဲ့ ရေတွေ၊ တစ်ခါတစ်ရံ ဒူးခေါင်း လောက်ရှိတဲ့ ရေတွေ၊ တစ်ခါတစ်ရံ ပေါင်ရင်း နားလောက်အထိ မြုပ်တဲ့ စမ်းချောင်း လေးရဲ့ ရေအတိမ်အနက်ကို ကျော်ဖြတ် ကြတယ်။ တစ်ခါတစ်ရံ မှာတော့ စမ်းချောင်းလေးရဲ့ ရေအနက်ဟာ ရင်ဘတ် အထိကို ရောက်ရှိလာတယ်။
အရှေ့တောင် အာရှရဲ့ အရှည်ဆုံးဂူလို့ စာရင်း ဝင်ထားတဲ့ ထီပရူနူး ဂူထဲကို သူတို့တွေ သွားနေကြတာ ဖြစ်ပါတယ်။
ဘယ်လိုဂူလဲ
မြေအောက်ဂူ တစ်ခုဖြစ်ပြီး အရှည်အားဖြင့် ၁၃ မိုင်ကနေ ၁၅ မိုင်ကြား ရှိတယ်။
ဒေသခံတွေရဲ့ အဆိုအရ အဲသည် မြေအောက်ဂူကြီးဟာ ဟိုရာဒေသက နေပြီး အနည်းဆုံး ၁၁ မိုင် ကွာဝေးတဲ့ ဒီမော့ဆိုးမြို့ ငွေတောင်ဆည် အနီး ကွီင်ငံ ရေထွက်ပေါက် အထိ ရှည်လျားပါတယ်။
နှစ်ဖက်ပွင့် ဂူအမျိုးအစား ဖြစ်ပြီး ရေအောက် မြစ်တစ်ခု ဖြတ်သန်း စီးဆင်းနေတဲ့ သီးခြားကမ္ဘာ တစ်ခုပါ။
နိုင်ငံခြားသား လေ့လာသူ တချို့လည်း လာရောက် လည်ပတ် ဖူးပြီး ဂူအစအဆုံး အထိတော့ မရောက်ရှိခဲ့ပါဘူး။
ဒေသခံတွေထဲလည်း တစ်ဦးတစ်ယောက် ကမှ ဂူအဆုံး အထိ မသွားဖူးကြပါဘူး။
စွန့်စွန့်စားစား ခရီးသွားလိုတဲ့ လူငယ်တွေ အတွက် စိတ်လှုပ်ရှား ရင်ခုန်ဖွယ် အတွေ့အကြုံတွေကို ပေးတယ် ဆိုတာ သံသယ ဖြစ်စရာမလိုပါ။
အရှေ့တောင် အာရှရဲ့ အရှည်ဆုံး ဂူလို့ စာရင်ဝင် ထားတဲ့ ထီပရူနူးဂူ ဟာ ကယားပြည်နယ် ဖရူဆိုမြို့ရဲ့ အနောက်ဘက် ၁၀ မိုင် အကျော် ဟိုယာဒေသမှာ တည်ရှိ ပါတယ်။ တိတိကျကျ ပြောမယ်ဆိုရင် အဲသည်ဂူဟာ မော်သီဒို လို့ အမည်ရတဲ့ ကျေးရွာအနားမှာ ရှိပါတယ်။
တစ်နှစ်တာ ပတ်လုံး တောင်တန်းတွေနဲ့ စိမ်းစိုနေတဲ့ ဖရူဆိုမြို့နယ်ဟာ ဒေသခံ ၃၀,ဝဝဝ ကျော်ခန့်သာ ရှိပြီး ခရစ်ယာန်ဘာသာကို အဓိ ကထား ကိုးကွယ်ကြပါတယ်။ ဟိုယာဒေသမှာတော့ ကယော (ကယားလူမျိုးတွေထဲက လူမျိုး စုတစ်မျိုးဖြစ်တဲ့) လူမျိုးစုတွေ နေထိုင်ကြပါ တယ်။
စိတ်လှုပ်ရှားဖွယ်
ထီပရူနူး မြေအောက်ဂူကြီးရဲ့ ကြမ်းပြင်မှာ အစိမ်းရောင် သန်းပြီး ကြည်လင်နေတဲ့ မြေအောက်ချောင်းက အဆက်မပြတ် တသွင်သွင် စီးဆင်းနေတယ်။
အမြဲစိမ်းတော တည်နေရာထဲမှာ ပါဝင်ပြီး ဘေးမဲ့တော ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။
ဂူတစ်ခုလုံးဟာ အမှောင်ကျနေပြီး လူတစ်ယောက် အနေနဲ့ ဓာတ်မီးရဲ့ အကူမပါဘဲ သွားလို့ မရနိုင်ပါဘူး။
ဂူထဲကို နှစ်နာရီနီးပါး ခရီးဆက် ပြီးရင်တော့ ဂူရဲ့ တစ်နေရာမှာ စိန်တွေ စီထားတဲ့ ကျောက်ဖျာအလား ထင်မှတ် မှားရအောင် အရောင်တွေ တောက်ပနေတဲ့ မြေကြမ်းပြင်ကို တွေ့မြင်နိုင်ပါတယ်။
နောက် ၁၅ မိနစ် ကျော်လောက် လမ်းလျှောက် သွားရင်တော့ ဂူရဲ့ ဘေးတစ်ဖက်မှာ ကျောက်နံရံ သဘောမျိုး ဖြစ်နေပြီး ရွှေရောင်လို အရောင်တွေ တလက်လက် တောက်ပနေတယ်။
အတွင်းနက်နက် အထိ အရောင်တွေ တောက်ပနေပါတယ်။
ဂူကြမ်းပြင်မှာ စီးဆင်းနေတဲ့ ချောင်းရဲ့ အတိမ်အနက်က ခန့်မှန်းလို့ မရနိုင်ဘဲ တစ်နေရာမှာ ဒူးလောက်ပဲ ရေရှိ ပေမဲ့ ဘေးကို တစ်လှမ်း တိုးလိုက်မိရင်တော့ လူတစ် ကိုယ်လုံး မြုပ်သွားနိုင်တဲ့ အထိ နက်ရှိုင်းပါတယ်။
ကျောက်ခက် ပန်းဆွဲ အများအပြား ရှိသလို ရေတံခွန်လို ဖြစ်ပြီး ရေစီးသန်လှတဲ့ နေရာတွေ၊ အတက်အဆင်း အမြင့်တွေ၊ တစ်ယောက်စာသာ သွားလို့ရတဲ့ နေရာတွေ၊ ၁၀ ပေ အထက် မြင့်တဲ့ ကန်ကြီးတွေနဲ့ ဂူကြီးဟာ သဘာဝ အတိုင်း တည်ရှိနေပါတယ်။
လင်းနို့ အများအပြားကို တွေ့မြင်နိုင်ပြီး တစ်ခါတစ်ရံ မှာတော့ ကျွတ်အကြီးစားတွေ တွေ့ရနိုင်ပါတယ်။ လူသုံးလေး ယောက်နဲ့သာ သွားရင်တော့ အလွန် ချောက်ချားဖွယ် နေရာတစ်ခု ဖြစ်မှာပါ။
ဘာတွေယူသွားရမလဲ
မိုင်များစွာ ရှည်လျားတဲ့ ဂူကိုသာ အစအဆုံး ဝင်ဖို့ ဆုံးဖြတ် ခဲ့တယ် ဆိုရင် ပထမဆုံး စဉ်းစားရမှာ ဝတ်ဆင်မယ့် အဝတ်အစား ပုံစံပါ။
ခညှပ်ဖိနပ်တွေ အစား တောစီး စစ်ဖိနပ်ပုံစံ အကြမ်းတွေက ခရီးစဉ် အတွက် ပိုပြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ပြီးရင် အစားအသောက် ကိစ္စ ဖြစ်ပါတယ်။
ပြီးတော့ မဖြစ်မနေ လိုအပ်တာက ခေါင်းစွပ် ဓာတ်မီးတွေ၊ ဓာတ်ခဲတွေ ဖြစ်ပါတယ်။ အချို့ နေရာတွေဟာ လေးဖက် ထောက်ပြီး ဝင်ရတဲ့ နေရာတွေ၊ အမြင့်ကြီးကနေ လျှောဆင်း ရတာတွေ ရှိတာကြောင့် ကျန်းမာရေး ကြံ့ခိုင်တဲ့ သူတွေသာ သွားသင့်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ဝတဲ့ သူတွေအတွက် တချို့ နေရာတွေဟာ ရှေ့ဆက်သွားဖို့ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ နောက်လိုအပ်တာတွေ ကတော့ သက်ကယ်ကြိုး၊ လုံခြုံရေးနဲ့ ပတ် သက်တဲ့ ပစ္စည်းတွေက အရေးကြီး ပါတယ်။
ခရီးတိုလေးပဲ သွားမယ် ဆိုရင်တော့ ခေါင်းစွပ်ဓာတ်မီးနဲ့ ရေတော့ ထည့်သွားဖို့ လိုအပ်ပါတယ်။ အထဲက ချောင်းရေက ကြည်လင်နေပေမဲ့ လင်းနို့ အသိုက်တွေ ရှိတဲ့ အတွက် တချို့ နေရာက ရေတွေဟာ လင်းနို့ချေးတွေ ရောယှက်နေပါတယ်။ စွန့်စားမှုတွေကို ဝါသနာပါတဲ့ ခရီးသွားတွေ အတွက်ကတော့ တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ခရီးတစ်ခု ဖြစ်မှာပါ။
ကျာက်တောင်တွေ အမြင့်တွေ အပေါ် ခက်ခက်ခဲခဲ တွယ်တက်ရမှာ ဖြစ်ပြီး ရေကူး ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်။ ဂူထဲမှာ ရေစီးသန်တဲ့ နေရာ တချို့ ရှိနေသလို ဝါးတစ်ပြန်စာလောက် နက်တဲ့ ရေကန်ကြီး တွေလည်း တည်ရှိနေပါတယ်။
ဂူရဲ့ ပတ်ဝန်းကျင်
ထီပရူနူးဂူရဲ့ ပတ်ဝန်းကျင်မှာ တော့ထေခို ကျေးရွာဆိုတာ ရှိပါတယ်။
ကယားလူမျိုး ကိုးမျိုးရှိတဲ့ အထဲက ထေခိုရွာက အမျိုးသမီးတွေဟာ ကယောလူမျိုးတွေရဲ့ အထိမ်းအမှတ် ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြ ပါတယ်။
ကာလာ အရောင်အသွေး စုံလှတဲ့ သူ တို့ရဲ့ အကျႌတွေဟာ ရိုးရာ လက်ရက်ထည် အမျိုးအစားတွေ ဖြစ်ပြီး အနီရောင် ချည်ထည်တွေ၊ ပန်းရောင် ချည်ထည်တွေ အပေါ် အပြာရောင် လိုင်းတွေ ၊ အဝါရောင်လိုင်းတွေ ဖောက်ပြီး ချုပ်လုပ်ထားပါတယ်။
တချို့အဝတ်အထည်တွေကတော့ လည်ပင်းမှာ ဆင်ယင် ထားတဲ့ ခြူး ပြားပုံစံ ေ
ငွထည် ပစ္စည်းတွေဟာ များပြား လှပြီး ငွေထည် လက်ကောက်တွေကိုလည်း လက်နှစ်ဖက် စလုံးမှာ ဝတ်ဆင်ထားပါတယ်။ ဒူးခေါင်းတွေနဲ့ ခြေမျက်စိတွေ မှာတော့ ကွင်းတွေ ဝတ်ဆင် ထားကြပါတယ်။
နားမှာ ပန်ဆင်ထားတဲ့ နားတောင်းကွင်း အကြီးကြီး တွေဟာ သူတို့ ဒေသရဲ့ အလှကို ပိုပြီး ပြည့်စုံစေပါတယ်။ အိမ်တချို့ မှာတော့ ရိုးရာ လက်ရက်ထည် တွေကို ချုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို တွေ့မြင်ရပါတယ်။
ကွမ်းတွေ ဝါးထားတဲ့ သူတို့ရဲ့ မျက်နှာဟာ ခက်ထန် သယောင် ထင်ရပေမဲ့ အနီး ကပ် စကား ပြောတဲ့ အခါ ဖော်ရွေစွာ ပြောဆို ဆက်ဆံကြပါတယ်။ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တဲ့အတွက် ရွာရဲ့ အလယ်ကောင်မှာ ဘုရားကျောင်း တစ်ခုကို တည်ဆောက် ထားပါတယ်။ တောင်ပေါ်ရွာလေး ဖြစ်ပြီး မြေနီလမ်း ကလေးသာ ရှိပါတယ်။
ကျေးလက် မူလတန်း တစ်ကျောင်းနဲ့ ကျေးလက် ဆေးပေးခန်းလေး တစ်ခုကလည်း ရွာလေးထဲဟာ တည်ရှိပါတယ်။ ရွာရဲ့ အိမ်အားလုံး နီးပါးဟာ ခြေတံရှည် အိမ်လေးတွေ ဖြစ်ပြီး အိမ်အောက်မှာတော့ မိုးရာသီ အတွက် ကြိုတင်ပြီး ရှာဖွေထားတဲ့ ထင်းတွေကို စုဆောင်း ထားကြပါတယ်။
တိရစ္ဆာန်မွေးမြူရေးနဲ့ တောင်ယာ လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြပြီး ရိုးသားလှတဲ့ ကျေးလက်နေ ပြည်သူတို့ရဲ့ ဘဝကို မြင်တွေ့ ရနိုင်ပါတယ်။
အနားယူအပန်းဖြေ
လွိုင်ကော်မြို့ကို ရောက်ရှိ သွားရင်တော့ ကယားပြည်နယ် ရဲ့ အထိမ်းအမှတ်လို့ ဆိုနိုင်တဲ့ တောင်ကွဲစေတီကို ဖူးမြော် နိုင်ပါတယ်။
လွိုင်ကော်မြို့ရဲ့ တောင်ဘက်မှာရှိပြီး ကယားပြည်နယ်ကို ရောက်ရှိသူတိုင်း သွားရောက် ဖူးမြော်ကြတဲ့ စေတီ ဖြစ်ပါတယ်။ အဲဒါ အပြင် ကျတ်ဂူ၊ ထီးစဲခါး ရေတံခွန် တို့လည်း လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ ရှိနေ ပါတယ်။
လွိုင်ကော်မြို့မှာတင် ဖူးမြော်စရာ ဘုရားစေတီ ငါးဆူလောက် ရှိပါတယ်။ မြို့ရဲ့ အတွင်း ပိုင်းမှာတော့ မြို့နံစေတီနဲ့ လွမ်းစေတီ၊ မြို့ရဲ့ တောင်ဘက် မှာတော့ မြကလပ် တောင်စေတီကို ဖူးမြော်နိုင်ပါတယ်။ မြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ခန့် အကွာမှာတော့ တောင်သုံးလုံး စေတီကို ဖူးမြော်နိုင်ပါတယ်။
တခြား ထင်ရှားတဲ့ နေရာတွေကတော့ လွိုင်ကော်မြို့ အရှေ့တောင်ဘက် ၁၅ မိုင် အကွာက ဘီလူးချောင်းက လောပိတ ရေအားလျှပ်စစ် စက်ရုံကိုလည်း လေ့လာနိုင်ပါတယ်။
လောပိတ ရေအားလျှပ်စစ် စက်ရုံကနေပြီး မြန်မာ တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
ပြီးရင်တော့ ထီပရူနူးဂူကို သွားရင် လမ်းက ဒီမော့ဆိုးမြို့နယ် မှာ ငွေတောင်ဆည် တည်ရှိပါတယ်။ အဲဒါအပြင် လွိုင်ကော် – ဒီမော့ဆိုး ကားလမ်းဘေး မှာတော့ ထီးပွင့်ကန် တည်ရှိပါတယ်။
ဘယ်လို သွားမလဲ
ရန်ကုန်ကနေ တိုက်ရိုက်ရောက်တဲ့ အဝေးပြေးယာဉ်လိုင်း မရှိသလို ဟိုယာဆိုတဲ့ ဒေသကို ရောက်ဖို့ကလည်း ကားကြီး တွေနဲ့ သွားဖို့ အဆင်မပြေပါဘူး။
တောင်တန်း အကွေ့ အကောက်တွေ အင်မတန် များပြားပြီး တောင်တက် ကားတချို့ ဒါမှမဟုတ် အကြမ်းခံတဲ့ ကားတွေနဲ့ သွားမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။
ရန်ကုန်ကနေ လွိုင်ကော် အထိကို ကားလမ်းကြောင်း၊ ရထားလမ်းကြောင်း၊ လေယာဉ် လမ်းကြောင်း သုံးခုနဲ့ သွားနိုင်ပါတယ်။ ကားလမ်းကြောင်း ရန်ကုန်ကနေ လွိုင်ကော်ကို ကိုယ် ပိုင်ကားတွေနဲ့ သွားမယ် ဆိုရင်တော့ လမ်းကြောင်း နှစ်ခုကနေ သွားနိုင်ပါတယ်။
ပထမ လမ်းကြောင်း ကတော့ ပျဉ်းမနား -ပင်လောင်း လမ်းကြောင်းက ဖြစ်ပြီး မိုင်ပေါင်း ၃၈၈ မိုင် ရှည်လျားတယ် လို့ သိရ ပါတယ်။ ရန်ကုန် – ပဲခူး လမ်းကြောင်း ကနေ ညောင်လေးပင်၊ ဖြူးမြို့တွေကို ဖြတ်ကျော်ပြီး တောင်ငူ ဘက်ကနေ သွားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ခရီးအကွာအဝေး တိုပေမဲ့ တောင်ငူကနေ စတင်ပြီး တောင်ဆင်း တောင်တက် အန္တရာယ် အကွေ့အကောက် များပြားလှတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
အဲသည် ကနေ ပင်လောင်းလမ်း ကြောင်းအတိုင်း လွိုင်ကော်မြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒုတိယ လမ်းကြောင်းကတော့ အောင်ပန်းမြို့ကနေ သွားတဲ့ လမ်းကြောင်း ဖြစ်ပြီး မိုင်ပေါင်း ၄၈၃ မိုင် ရှည်လျားပါတယ်။
ရန်ကုန် – နေပြည်တော် အမြန်လမ်းကနေ ပြီးတော့ ပျော်ဘွယ် – အောင်ပန်း လမ်းကြောင်းအတိုင်း သွားရတာ ဖြစ်ပါတယ်။ အဲသည်ကနေ ပင်လောင်းမြို့၊ ဖယ်ခုံမြို့ ၊ မိုးဗြဲ မြို့ တို့ကို ဖြတ်ကျော်ပြီး လွိုင်ကော်မြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
အာင်မင်္ဂလာ အဝေးပြေး ကားဝင်းက နေ ကားတွေ စီးသွားမယ် ဆိုရင်တော့ ရွှေကယား၊ ရွှေရာဇာ၊ ရွှေကိန္ဓရီ ယာဉ်လိုင်းတို့ နဲ့ လွိုင်ကော်မြို့ အထိ ရောက်နိုင်ပါတယ်။ နေ့တိုင်း ညနေ ၅းဝ၀ နာရီမှာ ကားတွေ ထွက်ခွာပြီး နောက်နေ့ မနက် ၈းဝ၀ နာရီဝ န်းကျင်မှာ လွိုင်ကော်မြို့ကို ရောက်ရှိတယ် လို့ သိရပါတယ်။
လွိုင်ကော်မြို့ကို ရောက်ရှိ သွားရင်တော့ အနောက် တောင်ဘက် စွန်းစွန်း ၂၁ မိုင်မှာ ဖရူဆိုမြို့လေး တည်ရှိပါတယ်။ ရပ်ကွက်ငါးခု၊ ကျေးရွာ အုပ်စု ၁၄ အုပ်စု နဲ့ ကျေးရွာပေါင်း ၁၁၅ ရွာ ရှိတယ်လို့ သိရပါတယ်။
ကုန်ကျစရိတ်
ကုန်ကျစရိတ်ဟာ ခန့်မှန်းဖို့ မလွယ်ကူဘဲ ယေဘုယျ အားဖြင့် တွက်ချက်မယ်ဆိုရင် အောင်မင်္ဂလာ အဝေးပြေးဝင်း ကနေ လိုင်းကားတွေနဲ့ သွားမယ် ဆိုရင် လွိုင်ကော် အထိကို ကားခ ကျပ် ၁၂,၈၀ဝ သာ ကုန်ကျမှာ ဖြစ်ပါတယ်။
ရထားနဲ့ ဆိုရင်တော့ ရန်ကုန် ကနေသာ စည်အထိကို ရိုးရိုးတန်း ကျပ် ၃၇၀ဝ၊ ပထမတန်း ကျပ် ၄၆၀ဝ ၊ အထက်တန်း ကျပ် ၇၃၅၀ နဲ့ အိပ် စင်ပါ ပါရင်တော့ ကျပ် ၁၀,ဝဝဝ ကုန်ကျမှာ ဖြစ်ပါတယ်။
အဲသည် ကနေ ပြီးတော့ သာစည် ဘူတာကနေ လွိုင်ကော် အထိကို ရိုးရိုးတန်း ကျပ် ၂၃၀ဝ နဲ့ ပထမတန်း ဆိုရင်တော့ ကျပ် ၃၁၀ဝ သာ ကျမယ်လို့ သိရပါတယ်။ လေယာဉ်နဲ့ သွားမယ်ဆိုရင်တော့ အနိမ့်ဆုံး ကျပ် ၅၀,ဝဝဝ ကနေ စတင်တယ်လို့ သိရပါ တယ်။
တည်းခိုစရိတ်တွေကတော့ ကျပ် ၁၀,ဝဝဝ ကနေ ကျပ် ၁၀ဝ,ဝဝဝ ကျော်တဲ့ အထိ အစား စား ရှိပါ တယ်။ အဲသည် မှာ ထပ်ပြီးပေါင်းထည့် ရမှာက လွိုင်ကော်ကနေ ထီပရူနူးဂူ ကို သွားတဲ့အခါ ငှားရမယ့် ကားခစရိတ်ပါ ထပ်ပေါင်း ထည့်ရမှာ ဖြစ်ပါတယ်။
လူတစ်ဦးချင်းစီ အတွက် အနိမ့်ဆုံး ကျပ် ၁၀ဝ, ဝဝဝ ကနေ ၁၅၀,ဝဝဝ ဝန်းကျင် ကုန်ကျနိုင်ပြီး စွန့်စွန့်စားစားနဲ့ သွားရောက်ရမယ့် ခရီးတစ်ခု ဖြစ်ပါတယ်။
တည်းခိုဖို့ နေရာ
ဂူရဲ့ အနီး ပတ်ဝန်းကျင် ဖရူဆို ဒေသမှာတော့ တည်းခိုခန်းတွေ ဟိုတယ်တွေမရှိဘဲ ရွာထဲက ရွာခံတွေရဲ့ အိမ်တွေမှာသာ တည်းခိုလို့ ရနိုင်မှာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့မှာတော့ တည်းခိုခန်းတွေနဲ့ ဟိုတယ် နှစ်ခု ရှိတယ်လို့ သိရပါ တယ်။ ဟိဏ်းဓန ၊ ကန္တရဝတီ၊ ကယား မေတ္တာ၊ မင်းမဟော်၊ စံပြ၊ မိန်ဂျိုင်း၊ မြတ်တော်ဝင်၊ ပုလဲဆိုတဲ့ တည်းခိုခန်းတွေ ရှိပါတယ်။ ဟိုတယ် လွိုင်ကော်နဲ့ နဝဒေး ဆိုတဲ့ ဟိုတယ်နှစ်လုံး ရှိပါတယ်။
လူသိများလာ
ပထမက အဆိုပါ ဒေသတစ်ဝိုက်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ အုပ်ချုပ်တဲ့ နေရာတစ်ခုပါ ။ ဂူရဲ့ အနီးတစ်ဝိုက်ဟာ အမြဲစိမ်းတော ဧရိယာဖြစ်ပြီး လူသူ အရောက် အပေါက် နည်း ကြပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ညှိနှိုင်းပြီးတဲ့ အခါမှာတော့ အဆိုပါ ဒေသကို ဝင်ထွက် သွားလာလို့ ရနေပါပြီ။
ခေတ်ရဲ့ ရေစီးကြောင်းအရလည်း သဘာဝ အတိုင်း တည်ရှိနေတဲ့ နေရာဒေသတွေကို ခရီးထွက်ခွာတာတွေ များပြားလာပါတယ်။
နိုင်ငံခြားသားများဝင်ရောက်ခွင့် ပိတ်ပင်ထားသော ဒေသတစ်ခုဖြစ်ပါသည်။
Credit : Lwinpyin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ကယားျပည္နယ္ က စိတ္လႈပ္ရွားစရာ ေျမေအာက္ကမၻာ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။