iMyanmarHouse.com - Best Property Website for Myanmar
×

ေဗာက္ထတာဟာ မႈိေရာဂါတစ္မ်ိဳးပါ။ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ ေၾကာ္ျငာတာ မဟုတ္ပါဘူး။ ေဗာက္ေတြ ျဖစ္မလာေအာင္ ေဗာက္ေပ်ာက္ကင္းေအာင္ လုပ္ေပးႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေ၀မွ်ေပးမလို႔ပါ။

၁။ ေန႔တိုင္း ရွမ္ပူေတြနဲ႔ ေခါင္းမေလွ်ာ္ပါနဲ႔။

ရွမ္ပူေတြ၊ ေခါင္းေလွ်ာ္ရည္ေတြနဲ႔ ေန႔တိုင္း ေခါင္းေလွ်ာ္မယ္ဆိုရင္ သင့္ဦးေရျပားရဲ႕ သဘာ၀ကို ပ်က္စီးေစၿပီး လိုအပ္တဲ့အဆီေတြကို ခမ္းေျခာက္သြားေစပါတယ္။ ေန႔တိုင္း ေခါင္းေလွ်ာ္တာကလည္း ေဗာက္ထျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုပါပဲ။ ပံုမွန္အားျဖင့္ တစ္ပတ္ကို သံုးေလးႀကိမ္ေလာက္ ေခါင္းေလွ်ာ္ရင္ ရပါၿပီ။ ေခါင္းေလွ်ာက္ၿပီး အစိုဓာတ္အားျဖည့္ရည္တစ္ခုခု သံုးေပးသင့္ပါတယ္။

၂။ ေတြ႕ကရာပစၥည္းမသံုးပါနဲ႔။ ေသခ်ာစဥ္းစာၿပီး ေရရည္စြဲသံုးပါ။

သဘာ၀ကုန္ၾကမ္းပစၥည္းေတြနဲ႔ အေျခခံထုတ္လုပ္ထားတဲ့ ရွမ္ပူေတြကပဲ သင့္ဆံပင္နဲ႔ ဦးေရျပာအတြက္ အက်ိဳးရွိေစမွာပါ။ ဒီရွမ္ပူေတြမွာလည္း ေဗာက္ေပ်ာက္ကင္းေစတဲ့ သဘာ၀ပစၥည္းျဖစ္ဖို႔လိုပါတယ္။ ဓာတုပစၥည္းနဲ႔ ထုတ္လုပ္ထားတဲ့ ရွမ္ပူေတြကေတာ့ ေဗာက္ထေစတဲ့ မႈိေတြကို ခဏတာပဲ ရွင္းေပးႏိုင္တာျဖစ္ၿပီး ဦးေရျပားကို ထိခိုက္ေစပါတယ္။ ေရရွည္မွာလည္း ေဗာက္ဆြဲျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

၃။ ေပ်ာ့ေဆးေတြကိုလည္း ေသခ်ာေရြးပါ။

ခုနက ေျပာခဲ့သလိုပါပဲ။ သဘာ၀ပစၥည္းေတြ ျဖစ္ဖို႔ လိုပါတယ္။ ဆံပင္ေပ်ာ့ေဆးသံုးမယ္ဆိုရင္ သွ်ားေစာင္းလက္ပတ္နဲ႔ ဗီတာမင္ အီးတို႔ကို မျဖစ္မေနပါ၀င္သင့္တဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။

၄။ က်န္းမားနဲ႔ညီညြတ္တာကို စားပါ။ အိုမီဂါ သရီး အက္ဆစ္ဓာတ္ ပါေအာင္စားပါ။

အဟာရျပည့္၀တဲ့ စားေသာက္မႈမရွိျခင္းကလည္း ေဗာက္ေတြကို ျဖစ္စပါတယ္။ အထူးသျဖင့္ အိုမီဂါသရီး အဆီအက္ဆစ္ဓာတ္နည္းပါးရင္း ပိုျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ငါးနဲ႔ ငါးအေျချပဳ စားေသာက္ကုန္ေတြ မ်ားမ်ားစားေပးပါ။ ငါးမစားဘူးဆိုရင္လည္း အိုမီဂါသရီးအဆီအက္ဆစ္ ျဖည့္စြက္ေဆး၀ါးေတြ မွီ၀ဲပါ။

၅။ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ပါ။

စိတ္ဖိစီးမႈေၾကာင့္ ကိုယ္ခံအားစနစ္ေျပာင္းလဲၿပီး ေဗာက္ထေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ကို ေအးခ်မ္းေနပါေစ၊ မလိုအပ္ၿပီး စိတ္ဖိစီးမႈမမ်ားေအာင္ သတိနဲ႔ ဆင္ျခင္ပါ။

Credit : Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဗောက်ထတာဟာ မှိုရောဂါတစ်မျိုးပါ။ ဗောက်ပျောက်ခေါင်းလျှော်ရည် ကြော်ငြာတာ မဟုတ်ပါဘူး။ ဗောက်တွေ ဖြစ်မလာအောင် ဗောက်ပျောက်ကင်းအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ချို့ကို ဝေမျှပေးမလို့ပါ။

၁။ နေ့တိုင်း ရှမ်ပူတွေနဲ့ ခေါင်းမလျှော်ပါနဲ့။

ရှမ်ပူတွေ၊ ခေါင်းလျှော်ရည်တွေနဲ့ နေ့တိုင်း ခေါင်းလျှော်မယ်ဆိုရင် သင့်ဦးရေပြားရဲ့ သဘာဝကို ပျက်စီးစေပြီး လိုအပ်တဲ့အဆီတွေကို ခမ်းခြောက်သွားစေပါတယ်။ နေ့တိုင်း ခေါင်းလျှော်တာကလည်း ဗောက်ထခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ပုံမှန်အားဖြင့် တစ်ပတ်ကို သုံးလေးကြိမ်လောက် ခေါင်းလျှော်ရင် ရပါပြီ။ ခေါင်းလျှောက်ပြီး အစိုဓာတ်အားဖြည့်ရည်တစ်ခုခု သုံးပေးသင့်ပါတယ်။

၂။ တွေ့ကရာပစ္စည်းမသုံးပါနဲ့။ သေချာစဉ်းစာပြီး ရေရည်စွဲသုံးပါ။

သဘာဝကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံထုတ်လုပ်ထားတဲ့ ရှမ်ပူတွေကပဲ သင့်ဆံပင်နဲ့ ဦးရေပြာအတွက် အကျိုးရှိစေမှာပါ။ ဒီရှမ်ပူတွေမှာလည်း ဗောက်ပျောက်ကင်းစေတဲ့ သဘာဝပစ္စည်းဖြစ်ဖို့လိုပါတယ်။ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်ထားတဲ့ ရှမ်ပူတွေကတော့ ဗောက်ထစေတဲ့ မှိုတွေကို ခဏတာပဲ ရှင်းပေးနိုင်တာဖြစ်ပြီး ဦးရေပြားကို ထိခိုက်စေပါတယ်။ ရေရှည်မှာလည်း ဗောက်ဆွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

၃။ ပျော့ဆေးတွေကိုလည်း သေချာရွေးပါ။

ခုနက ပြောခဲ့သလိုပါပဲ။ သဘာဝပစ္စည်းတွေ ဖြစ်ဖို့ လိုပါတယ်။ ဆံပင်ပျော့ဆေးသုံးမယ်ဆိုရင် သျှားစောင်းလက်ပတ်နဲ့ ဗီတာမင် အီးတို့ကို မဖြစ်မနေပါဝင်သင့်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

၄။ ကျန်းမားနဲ့ညီညွတ်တာကို စားပါ။ အိုမီဂါ သရီး အက်ဆစ်ဓာတ် ပါအောင်စားပါ။

အဟာရပြည့်ဝတဲ့ စားသောက်မှုမရှိခြင်းကလည်း ဗောက်တွေကို ဖြစ်စပါတယ်။ အထူးသဖြင့် အိုမီဂါသရီး အဆီအက်ဆစ်ဓာတ်နည်းပါးရင်း ပိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ငါးနဲ့ ငါးအခြေပြု စားသောက်ကုန်တွေ များများစားပေးပါ။ ငါးမစားဘူးဆိုရင်လည်း အိုမီဂါသရီးအဆီအက်ဆစ် ဖြည့်စွက်ဆေးဝါးတွေ မှီဝဲပါ။

၅။ စိတ်ဖိစီးမှု လျှော့ချပါ။

စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားစနစ်ပြောင်းလဲပြီး ဗောက်ထစေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ကို အေးချမ်းနေပါစေ၊ မလိုအပ်ပြီး စိတ်ဖိစီးမှုမများအောင် သတိနဲ့ ဆင်ခြင်ပါ။

Credit : Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top