iMyanmarHouse.com - Best Property Website for Myanmar
×

သုေတသီေတြရဲ႕ ေလ့လာမႈအရ အလုပ္နဲ႔ပတ္သက္တဲ့ စိတ္ဖိစီးမႈမ်ားသူဟာ သုက္ပုိး ပ်က္စီးမႈ ပုိမုိျဖစ္တတ္ေၾကာင္း သိရပါတယ္။

ေန႔စဥ္ လူေနမႈဘဝနဲ႔ ဆက္ႏြယ္တဲ့ စိတ္ဖိစီးမႈေတြက အမ်ဳိးသားေတြရဲ႕ သုက္ပိုး မေအာင္ျမင္မႈအေပၚ ႀကီးမားတဲ့သက္ေရာက္မႈ ႐ွိေၾကာင္း သုေတသနတစ္ခုက ဆုိပါတယ္။ အဝလြန္မႈ၊ စိတ္ဖိစီးမႈနဲ႔ ဆဲလ္ဖုန္း အသုံးျပဳမႈေတြက အမ်ဳိးသားမ်ား သုက္ပုိး ပ်က္စီးေစၿပီး ကေလးမရႏုိင္တဲ့ျပႆနာ ႀကံဳရႏုိင္တဲ့ အေၾကာင္းရင္းေတြလုိ႔ သုေတသီေတြက ေျပာပါတယ္။

သုေတသီေတြက ကေလးမရႏုိင္တဲ့ အသက္ ၄၅ ႏွစ္ေအာက္ အမ်ဳိးသား ၂၈၆ ဦးကုိ ေလ့လာခဲ့တာ ျဖစ္ပါတယ္။ သုေတသီေတြ ေလ့လာခဲ့ၾကတဲ့ အမ်ဳိးသားအမ်ားစုမွာ အဝလြန္သူေတြ၊ ေဆးလိပ္မေသာက္သူေတြ၊ လုပ္ငန္းခြင္ စိတ္ဖိစီးမႈ၊ လူမႈဘဝ စိတ္ဖိစီးမႈ အတန္အသင့္႐ွိသူေတြလို႔ ဆုိပါတယ္။

အဆုိပါ အမ်ဳိးသား ထက္ဝက္ဟာ ဆဲလ္ဖုန္းကုိ ၆ ႏွစ္မွ ၁၀ ႏွစ္ၾကာ သုံးခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ သုေတသီေတြရဲ႕ ေလ့လာမႈအရ အလုပ္နဲ႔ပတ္သက္တဲ့ စိတ္ဖိစီးမႈမ်ားသူဟာ သုက္ပုိးပ်က္စီးမႈ ပုိမုိျဖစ္တတ္ေၾကာင္း သိရပါတယ္။

ဒါ့ျပင္ အဝလြန္တဲ့ အမ်ဳိးသားေတြ သုိ႔မဟုတ္ ဆဲလ္ဖုန္းကုိ ၁၀ ႏွစ္ေက်ာ္ၾကာ သုံးခဲ့တဲ့ အမ်ဳိးသားေတြဟာလည္း သုက္ပုိး မေအာင္ျမင္မႈ ျဖစ္ႏုိင္ေျခ ပုိမ်ားတယ္လုိ႔ ဆုိပါတယ္။ ေကာ္ဖီ၊ အရက္၊ ေဆးလိပ္နဲ႔ ကိုယ္လက္လႈပ္႐ွားမႈ အေျခအေနေတြကေတာ့ သုက္ပုိး ပ်က္စီးမႈနဲ႔ ဆက္ႏြယ္မႈမ႐ွိေၾကာင္း သုေတသီေတြက ေျပာပါတယ္။

Source & Photo: CNA, Reuters

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သုတေသီတွေရဲ့ လေ့လာမှုအရ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုများသူဟာ သုက်ပိုး ပျက်စီးမှု ပိုမိုဖြစ်တတ်ကြောင်း သိရပါတယ်။

နေ့စဉ် လူနေမှုဘဝနဲ့ ဆက်နွယ်တဲ့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ပိုး မအောင်မြင်မှုအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိကြောင်း သုတေသနတစ်ခုက ဆိုပါတယ်။ အဝလွန်မှု၊ စိတ်ဖိစီးမှုနဲ့ ဆဲလ်ဖုန်း အသုံးပြုမှုတွေက အမျိုးသားများ သုက်ပိုး ပျက်စီးစေပြီး ကလေးမရနိုင်တဲ့ပြဿနာ ကြုံရနိုင်တဲ့ အကြောင်းရင်းတွေလို့ သုတေသီတွေက ပြောပါတယ်။

သုတေသီတွေက ကလေးမရနိုင်တဲ့ အသက် ၄၅ နှစ်အောက် အမျိုးသား ၂၈၆ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေ လေ့လာခဲ့ကြတဲ့ အမျိုးသားအများစုမှာ အဝလွန်သူတွေ၊ ဆေးလိပ်မသောက်သူတွေ၊ လုပ်ငန်းခွင် စိတ်ဖိစီးမှု၊ လူမှုဘဝ စိတ်ဖိစီးမှု အတန်အသင့်ရှိသူတွေလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသား ထက်ဝက်ဟာ ဆဲလ်ဖုန်းကို ၆ နှစ်မှ ၁၀ နှစ်ကြာ သုံးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုများသူဟာ သုက်ပိုးပျက်စီးမှု ပိုမိုဖြစ်တတ်ကြောင်း သိရပါတယ်။

ဒါ့ပြင် အဝလွန်တဲ့ အမျိုးသားတွေ သို့မဟုတ် ဆဲလ်ဖုန်းကို ၁၀ နှစ်ကျော်ကြာ သုံးခဲ့တဲ့ အမျိုးသားတွေဟာလည်း သုက်ပိုး မအောင်မြင်မှု ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ကော်ဖီ၊ အရက်၊ ဆေးလိပ်နဲ့ ကိုယ်လက်လှုပ်ရှားမှု အခြေအနေတွေကတော့ သုက်ပိုး ပျက်စီးမှုနဲ့ ဆက်နွယ်မှုမရှိကြောင်း သုတေသီတွေက ပြောပါတယ်။

Source & Photo: CNA, Reuters

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top