iMyanmarHouse.com - Best Property Website for Myanmar
×

လူမႈကြန္ရက္ စာမ်က္ႏွာျဖစ္တဲ့ ေဖ့စ္ဘြတ္ (Facebook)မွာ ဗြီဒီယုိ ကုိယ့္ဆီပုိ႔လာတယ္ဆုိရင္ သတိထားဖုိ႔လုိပါတယ္။အခုတစ္ေလာ ျမန္မာႏုိင္ငံ မွာအသုံးမ်ားတဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ကုိယ္နဲ႔ လူမႈကြန္ယက္ မွာ အဆက္အသြယ္ရွိတဲ့ သူငယ္ခ်င္းေတြဆီကေန ဗြီဒီယုိ လုိ႔ထင္ရတဲ့ ဟာေတြ ေပးပုိ႔လာတာကုိ ဖြင့္လုိက္ၿပီးတဲ့ေနာက္မွာ ဗြီဒီယုိမဟုတ္တာ ေတြ႕ရသလုိ အဲဒီဗြီဒီယုိလုိမ်ဳိး ဗြီဒီယုိ ေတြဟာ ကုိယ့္ရဲ႕ သူငယ္ခ်င္း ေတြဆီကုိ ကုိယ္မပုိ႔ပဲ ထပ္မံေရာက္ရွိ သြားတာမ်ဳိးေတြ ျဖစ္ေနပါတယ္။

ေဖ့စ္ဘြတ္မွာ ကုိယ့္အခ်က္အလက္နဲ႔ ကုိယ့္ရဲ႕ စာမ်က္ႏွာ ကုိ ခုိးယူဖုိ႔အတြက္ ဗုိင္းရပ္စ္ တစ္မ်ဳိးပ်ံ႕ႏွံ႔လာေနပါတယ္။ ဆုိေတာ့ သူငယ္ခ်င္းတစ္ေယာက္ဆီက ဗြီဒီယုိ ပုိ႔လုိက္တာမ်ဳိးေတြ႔တယ္ဆုိရင္ အေလာတႀကီးမဖြင့္မိဖုိ႔ သတိထားဖုိ႔ လုိပါတယ္။

အဲဒီ ဗုိင္းရပ္စ္ အမ်ဳိးအစားဟာ ဗြီဒီယုိ ပုံသ႑ာန္ မက္ေဆ့ခ်္ ေတြကုိ ကုိယ့္ရဲ႕ သူငယ္ခ်င္းက ပုိ႔သေယာင္ လုပ္ထားၿပီး တကယ္လုိ႔ ႏွိပ္လုိက္မယ္ဆုိရင္ ဗြီဒီယုိတစ္ခုအျဖစ္ ပြင့္မလာဘဲ ဝက္ဆုိဒ္ တစ္ခုကုိေရာက္ သြားသလုိမ်ဳိးျဖစ္သြားပါတယ္။ ၿပီးေတာ့ ကုိယ္ျမင္ေနၾက ဖုိင္ အမ်ဳိးအစားမဟုတ္တဲ့ ဖုိင္ တစ္ခုအျဖစ္ ေဒါင္းလုတ္လုပ္လုိက္ပါတယ္။

အဲဒီဟာကုိ ကုိယ့္ရဲ႕ ကြန္ပ်ဴတာ မွာ တပ္ဆင္လုိက္မိမယ္(install) ဆုိရင္ ကုိယ္ရဲ႕ ကုိယ္ပုိင္အခ်က္အလက္ေတြနဲ႔ လ်ဳိ႕ဝွက္ခ်က္ေတြကုိ hacker(အင္တာနက္က ခုိးယူသူ)ေတြ လက္ထဲေရာက္ရွိသြားမွာျဖစ္ပါတယ္။ ဒီကုိယ္ပုိင္အခ်က္အလက္ေတြကုိ ဘာအတြက္ သုံးမယ္ဆုိတာေတာ့ ဘယ္သူမွ မသိႏုိင္သလုိ သင့္ရဲ႕ ေဖ့စ္ဘြတ္ အေကာင့္လည္း ဆုံး႐ႈံးသြားႏုိင္ပါတယ္။

ျမင္သာတာတစ္ခုကေတာ့ သင့္အေနနဲ႔ အဲဒီ ဗုိင္းရပ္စ္ ပါတဲ့ ဗြီဒီယုိ ကုိ ႏွိပ္မိမယ္ဆုိရင္ အဲဒီ ဗြီဒီယုိ ဟာ သင့္ရဲ႕ အဆက္အသြယ္ေတြနဲ႔ ေဖ့စ္ဘြတ္ က မိတ္ေဆြေတြဆီကုိ ပုိ႔ၿပီးသားျဖစ္သြားမွာျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း ကုိယ္မပုိ႔ပဲ သူမ်ားေတြဆီကုိ ပုိ႔လုိက္သလုိျဖစ္သြားတဲ့အတြက္ အေႏွာင့္အယွက္ျဖစ္ရမွာျဖစ္ပါတယ္။

တစ္ခ်ဳိ႕ေသာ ဗုိင္းရပ္စ္ ပါတဲ့ ဗြီဒီယုိေတြဟာ ကုိယ္နံံမည္နဲ႔ ဗြီဒီယုိပုံစံျဖစ္ေနတာလည္းျဖစ္တတ္ပါတယ္။

ဒီေဖ့စ္ဘြတ္သုံးစြဲသူေတြကုိ တုိက္ခုိက္မႈက ၂၀၁၃ ခုႏွစ္ကတည္းက စခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္က timelineမွာ ေပၚလာတဲ့ လိင္မႈကိစၥနဲ႔ ပတ္သက္တဲ့ ဗြီဒီယုိတစ္ခုကုိ ႏွိပ္လုိက္မိမယ္ဆုိရင္ အျခားေသာ သူငယ္ခ်င္းေတြရဲ႕ timeline ကုိ ကုိယ့္ကသြားၿပီးေတာ့ ပုိ႔စ္တင္လုိက္သလုိျဖစ္သြားတာျဖစ္ပါတယ္။

အခုဟာ အဲဒီတုိက္ခုိက္မႈ ပ႐ုိဂရမ္ပုံစံကုိ ထပ္မံ အဆင့္ျမွင့္တင္ထားတာျဖစ္တယ္လုိ႔ သိရပါတယ္။

တုိက္ခုိက္မႈပုံစံေပၚမူတည္ၿပီးေတာ့ ေျဖရွင္းနည္းကြဲျပားေပမဲ့ ေအာက္က အခ်က္ႏွစ္ခ်က္ကုိ လုိက္နာသင့္တယ္လုိ႔ ကၽြမ္းက်င္သူေတြက အႀကံျပဳၾကပါတယ္။

၁။ ဗြီဒီယုိ တစ္ခု ကုိယ့္ရဲ႕ မက္ဆင္ဂ်ာ ထဲကုိ ပုိ႔လာမယ္ဆုိရင္ သတိထားပါ။ သံသယရွိတဲ့ ဗြီဒီယုိကုိ မဖြင့္ပါနဲ႔။

၂။ တကယ္လုိ႔ အဲလုိႏွိပ္ခဲ့လုိက္မိမယ္ဆုိရင္ေတာ့ အလြယ္ဆုံးနည္းကေတာ့ ေဖ့စ္ဘြတ္ ကုိ ကုိယ့္အေကာင့္ hack ခံရတာကုိ report လုပ္ဖုိ႔ျဖစ္ပါတယ္။ ေဖ့စ္ဘြတ္ကုိ အသိေပးဖုိ႔အတြက္ ဒီေန႔မွာဝင္ေရာက္ႏုိင္ပါတယ္။

Credit : Myanmar Patform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ ဖေ့စ်ဘွတ် (Facebook)မှာ ဗွီဒီယို ကိုယ့်ဆီပို့လာတယ်ဆိုရင် သတိထားဖို့လိုပါတယ်။အခုတစ်လော မြန်မာနိုင်ငံ မှာအသုံးများတဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ကိုယ်နဲ့ လူမှုကွန်ယက် မှာ အဆက်အသွယ်ရှိတဲ့ သူငယ်ချင်းတွေဆီကနေ ဗွီဒီယို လို့ထင်ရတဲ့ ဟာတွေ ပေးပို့လာတာကို ဖွင့်လိုက်ပြီးတဲ့နောက်မှာ ဗွီဒီယိုမဟုတ်တာ တွေ့ရသလို အဲဒီဗွီဒီယိုလိုမျိုး ဗွီဒီယို တွေဟာ ကိုယ့်ရဲ့ သူငယ်ချင်း တွေဆီကို ကိုယ်မပို့ပဲ ထပ်မံရောက်ရှိ သွားတာမျိုးတွေ ဖြစ်နေပါတယ်။

ဖေ့စ်ဘွတ်မှာ ကိုယ့်အချက်အလက်နဲ့ ကိုယ့်ရဲ့ စာမျက်နှာ ကို ခိုးယူဖို့အတွက် ဗိုင်းရပ်စ် တစ်မျိုးပျံ့နှံ့လာနေပါတယ်။ ဆိုတော့ သူငယ်ချင်းတစ်ယောက်ဆီက ဗွီဒီယို ပို့လိုက်တာမျိုးတွေ့တယ်ဆိုရင် အလောတကြီးမဖွင့်မိဖို့ သတိထားဖို့ လိုပါတယ်။

အဲဒီ ဗိုင်းရပ်စ် အမျိုးအစားဟာ ဗွီဒီယို ပုံသဏ္ဍာန် မက်ဆေ့ချ် တွေကို ကိုယ့်ရဲ့ သူငယ်ချင်းက ပို့သယောင် လုပ်ထားပြီး တကယ်လို့ နှိပ်လိုက်မယ်ဆိုရင် ဗွီဒီယိုတစ်ခုအဖြစ် ပွင့်မလာဘဲ ဝက်ဆိုဒ် တစ်ခုကိုရောက် သွားသလိုမျိုးဖြစ်သွားပါတယ်။ ပြီးတော့ ကိုယ်မြင်နေကြ ဖိုင် အမျိုးအစားမဟုတ်တဲ့ ဖိုင် တစ်ခုအဖြစ် ဒေါင်းလုတ်လုပ်လိုက်ပါတယ်။

အဲဒီဟာကို ကိုယ့်ရဲ့ ကွန်ပျူတာ မှာ တပ်ဆင်လိုက်မိမယ်(install) ဆိုရင် ကိုယ်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေနဲ့ လျို့ဝှက်ချက်တွေကို hacker(အင်တာနက်က ခိုးယူသူ)တွေ လက်ထဲရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီကိုယ်ပိုင်အချက်အလက်တွေကို ဘာအတွက် သုံးမယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်သလို သင့်ရဲ့ ဖေ့စ်ဘွတ် အကောင့်လည်း ဆုံးရှုံးသွားနိုင်ပါတယ်။

မြင်သာတာတစ်ခုကတော့ သင့်အနေနဲ့ အဲဒီ ဗိုင်းရပ်စ် ပါတဲ့ ဗွီဒီယို ကို နှိပ်မိမယ်ဆိုရင် အဲဒီ ဗွီဒီယို ဟာ သင့်ရဲ့ အဆက်အသွယ်တွေနဲ့ ဖေ့စ်ဘွတ် က မိတ်ဆွေတွေဆီကို ပို့ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ကိုယ်မပို့ပဲ သူများတွေဆီကို ပို့လိုက်သလိုဖြစ်သွားတဲ့အတွက် အနှောင့်အယှက်ဖြစ်ရမှာဖြစ်ပါတယ်။

တစ်ချို့သော ဗိုင်းရပ်စ် ပါတဲ့ ဗွီဒီယိုတွေဟာ ကိုယ်နံံမည်နဲ့ ဗွီဒီယိုပုံစံဖြစ်နေတာလည်းဖြစ်တတ်ပါတယ်။

ဒီဖေ့စ်ဘွတ်သုံးစွဲသူတွေကို တိုက်ခိုက်မှုက ၂၀၁၃ ခုနှစ်ကတည်းက စခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က timelineမှာ ပေါ်လာတဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတစ်ခုကို နှိပ်လိုက်မိမယ်ဆိုရင် အခြားသော သူငယ်ချင်းတွေရဲ့ timeline ကို ကိုယ့်ကသွားပြီးတော့ ပို့စ်တင်လိုက်သလိုဖြစ်သွားတာဖြစ်ပါတယ်။

အခုဟာ အဲဒီတိုက်ခိုက်မှု ပရိုဂရမ်ပုံစံကို ထပ်မံ အဆင့်မြှင့်တင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုပုံစံပေါ်မူတည်ပြီးတော့ ဖြေရှင်းနည်းကွဲပြားပေမဲ့ အောက်က အချက်နှစ်ချက်ကို လိုက်နာသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။

၁။ ဗွီဒီယို တစ်ခု ကိုယ့်ရဲ့ မက်ဆင်ဂျာ ထဲကို ပို့လာမယ်ဆိုရင် သတိထားပါ။ သံသယရှိတဲ့ ဗွီဒီယိုကို မဖွင့်ပါနဲ့။

၂။ တကယ်လို့ အဲလိုနှိပ်ခဲ့လိုက်မိမယ်ဆိုရင်တော့ အလွယ်ဆုံးနည်းကတော့ ဖေ့စ်ဘွတ် ကို ကိုယ့်အကောင့် hack ခံရတာကို report လုပ်ဖို့ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ကို အသိပေးဖို့အတွက် ဒီနေ့မှာဝင်ရောက်နိုင်ပါတယ်။

Credit : Myanmar Patform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top