iMyanmarHouse.com - Best Property Website for Myanmar
×

နယူးယောက် သတင်းစား၏ အဆိုအရ အကောင်းဆုံး အလှပြင်နည်းများထဲတွင် အိပ်ရေးဝအောင် အိပ်ခြင်းဟာလည်း တစ်ခုအပါအ၀င်ဖြစ်တယ်လို့ သိရပါတယ်။



စိတ်ဓါတ်ကျလွယ်ခြင်းမှ ရုပ်ရည်ကျခြင်းပါ ဆက်စပ်လာပြီး အိုမင်းရင့်ရော်ခြင်းကို လျှင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် အိပ်ရေးကို ၀အောင် အိပ်စက်သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားကြပါတယ်။


Credit : Lwinpyin

နယူးယောက် သတင်းစား၏ အဆိုအရ အကောင်းဆံုံး အလှပြင်နည်းများထဲတွင် အိပ်ရေးဝအောင် အိပ်ခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ ညဖက်မှာ လုံလောက်စွာ မအိပ်စက်ရသူများဟာ အခြားသူများထက် ရုပ်ရည်အရွယ်အားဖြင့် အိုမင်းရင့်ရော်ပုံကိုဖြစ်စေကြောင်း ဖော်ပြထားပါတယ်။

ရေရှည်အိပ်ရေးပျက်ဆက်နေသူတွေဟာ မျက်ခွံမို့ဖောင်းခြင်း၊ ပါးရေနားရည်တွန့်ခြင်း၊ နဖူးရေ ပိုမိုတွန့်ခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့အပြင် အခြားသူများထက် ပိုမိုဝမ်းနည်းကြေကွဲတတ်ကြပြီး စိတ်ဓါတ်ကျလွယ်ကြပါတယ်။

စိတ်ဓါတ်ကျလွယ်ခြင်းမှ ရုုပ်ရည်ကျခြင်းပါ ဆက်စပ်လာပြီး အိုမင်းရင့်ရော်ခြင်းကို လျှင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် အိပ်ရေးကို ဝအောင် အိပ်စက်သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားကြပါတယ်။

ယခုခေတ်မှာ လက်ကိုင်ဖုန်းကြောင့် အိပ်ချိန်နောက်ကျလေ့ရှိတဲ့ လူငယ်များနှင့် ကျောင်းသူကျောင်းသားများ သတိပြုနိုင်ပါစေကြောင်း မျှဝေပေးလိုက်ပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top