Credit : MyStyle
မင်္ဂလာပါနော်။ သဘာဝနည်းလမ်းဆိုတာ ဓာတုပစ္စည်းတွေမပါလို့ ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး နည်းလမ်းတစ်ခုပါပဲ။ သင့်ရဲ့ နေ့စဉ်ဘဝအတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ခြေထောက်အက်ကွဲတာတွေအတွက် မုန့်ဖုတ်ဆိုဒါ
သင့်ရဲ့ ခြေထောက် ခြောက်သွေ့အက်ကွဲနေရင် ဇလုံးထဲမှာ ရေနွေးနည်းနည်းနဲ့ ရေနဲ့ ရောထည့်လိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပြီး သေချာမွှေလိုက်ပါ။ အဲဒီနောက် ခြေထောက်ကို ၁၅ မိနစ်လောက် ထည့်စိမ်ထားပါ။ ပြီးရင် Brush နဲ့ တိုက်ချပေးလိုက်ပါ။
၂။ ခြေထောက်မှာ မှိုဖြစ်တာ သက်သာဖို့
ခြေထောက်တွေ၊ ခြေသည်းတွေမှာ မှိုဖြစ်တာ သက်သာစေဖို့အတွက် ဇလုံးထဲကို ရေနဲ့ ရေနွေးရောပြီး နည်းနည်း ထည့်လိုက်ပါ။ ပြီးသွားရင်တော့ ခံတွင်းဆေးရည်ကို လိုအပ်သလောက်ထည့်လိုက်ပါ။ ခံတွင်းဆေးရည်က ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ပြီးသွားရင် ခြေထောက်ကို ထည့်စိမ်ပေးပြီး ၁၅ မိနစ်လော်ကထားလိုက်ပါ။
၃။ နေလောင်တာ သက်သာစေဖို့
နေလောင်တာ သက်သာစေဖို့အတွက်လက်ဖက်ခြောက် (သို့) လက်ဖက်အိတ်ကို ရေနွေးနဲ့ စိမ်လိုက်ပါ။ အဲဒီနောက် လက်ဖက်ကို ဆယ်ပြီး ရေခဲကပ်လိုက်ကာ အေးအောင်ထားပါ။ ပြီးရင် နေလောင်ထားတဲ့ နေရာမှာ ကပ်ပေးပါ။
၄။ လည်ချောင်းနာတာအတွက် ပန်းသီးရှလကာရည်
ရေနွေးတစ်ခွက်ကို ယူပါ။ ပြီးရင် ပန်းသီးရှလကာရည် နည်းနည်းထည့်လိုက်ပါ။အဲဒီနောက် ညအိပ်ယာမဝင်ခင် ပလုတ်ကျင်းပေးလိုက်ပါ။
၅။ ထိခိုက်ရှနာသက်သာစေဖို့ ပျားရည်
နေ့စဉ်ဘဝအတွက် အသုံးဝင်ပြီး ၊သိထားသင့်တဲ့ နည်းလမ်းကောင်းများ
ထိခိုက်ရှနာတာ၊ ပွန်းမိခိုက်မိတာတွေအတွက် ပျားရည်ကို သုံးလို့ရပါတယ်။ ပျားရည်ကို ဒဏ်ရာပေါ်မှာ တင်ပြီးလိမ်းပေးလိုက်ပါ။ အနာသက်သာသွားပြီး အမာရွတ်တောင် မကျန်ပါဘူး။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...