iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္ျဖဴ အစိမ္းဟာ ေရာဂါအမ်ိဳးမ်ိဳး ကုသဖို႔အတြက္ ရိုးရာ ေဆးအျဖစ္ အသံုးျပဳခဲ့ၾကတာပါ။

ေသြးတိုးတာ၊ ႏွလံုးေရာဂါ၊ ကိုလက္စထေရာ နဲ႔ ေသြးေၾကာက်ဥ္းတာ ၊ ႏွလံုးေရာဂါေတြေၾကာင့္ ေသြးစီးဆင္းမႈ ေလွ်ာ့နည္းတာေတြအတြက္ အသံုးျပဳခဲ့ၾကတာပါ။ ၾကက္သြန္ျဖဴဟာ အက်ိဳးေက်းဇဴးအမ်ားဆံုး အစားအစာတစ္မ်ိဳးျဖစ္ေပမဲ့လည္း က်န္းမာေရးနဲ႔ ညီညႊတ္ဆံုး အစားအစာျဖစ္တယ္လို႔ေတာ့ မဆုိႏိုင္ပါဘူး။

ၾကက္သြန္ျဖဴကို စားရင္ဘယ္သူမဆို ဘယ္လိုအေျခအေနမ်ိဳးမွာမဆို စားသံုးလို႔ရသလားဆိုေတာ့ အခုေဖာ္ျပမဲ့ အေျခအေနမ်ိဳးဆိုရင္ေတာ့ မစားသင့္ပါဘူး။ ၾကက္သြန္ျဖဴကို လံုး၀စားလို႔မရဘူးလားဆိုတာေတာ့မဟုတ္ပါဘူး။ ေဆးျဖစ္၀ါးျဖစ္ မီးဖုတ္ၿပီး စားတာတို႔ အစိမ္းလိုက္ ၀ါးစားတာတို႔ကို ေရွာင္က်ဥ္ပါ။ ဟင္းခ်က္တဲ့ေနရာမွာေတာ့ ထည့္ခ်က္လို႔ရပါတယ္။

ေသြးဖိအားနည္းျခင္း

ၾကက္သြန္ျဖဴကို အစိမ္းလိုက္စားတာဟာ ေသြးတိုးက်ေစလို႔ ေသြးဖိအားနည္းတတ္သူေတြအတြက္ ၾကက္သြန္ျဖဴကို အစိမ္းလိုက္မစားသင့္ပါဘူး။

ေဆး၀ါး အမ်ိဳးမ်ိဳး မွီ၀ဲေနရရင္

သင္ဟာ ေ၀ဒနာတစ္ခုခုေၾကာင့္ ေဆး၀ါးတစ္မ်ိဳးမ်ိဳး မွီ၀ဲေနရသူျဖစ္ရင္ ၾကက္သြန္ျဖဴကို မစားခင္ ဆရာ၀န္နဲ႔ တိုင္ပင္သင့္ပါတယ္။ ၾကက္သြန္ျဖဴဟာ ေဆး၀ါးတစ္မ်ိဳးမ်ိဳးရဲ့ အာနိသင္ကို ျမင့္တင္ႏိုင္စြမ္းရွိတာပါတယ္။ ဒါဟာ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကို ပိုျဖစ္ေစပါတယ္။

အသည္းနဲ႔ ဆိုင္တဲ့ ျပႆနာရွိရင္

ေဆးပညာရပ္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြရဲ့ အဆိုအရ အသည္းနဲ႔ဆိုင္ရာ ေရာဂါတစ္ခုခုရွိေနသူဆိုရင္ ၾကက္သြန္ျဖဴ မစားသင့္ပါဘူး။ ေဆး၀ါးေတြရဲ့ အာနသင္ကိုေလွ်ာ့နည္းေစပါတယ္။

အစာအိမ္နဲ႔ဆိုင္တဲ့ ျပႆနာတစ္ခုခုရွိရင္

ကိုယ့္အစာအိမ္က ထိခိုက္မခံဘူး။ တစ္ခုခုစားရင္ အစာ အိမ္ နာတာတို႔ ၊ အစာမေက်တာတို႔ ျဖစ္တတ္ရင္ ၾကက္သြန္ျဖဴ အစိမ္းကို အမ်ားႀကီးမစားသင့္ပါဘူး။

ကိုယ္၀န္ေဆာင္စဥ္

ကိုယ္၀န္ေဆာင္စဥ္မွာ ၾကက္သြန္ျဖဴ အစိမ္းလိုက္ စားသံုးတာကို ေရွာင္က်ဥ္ၾကပါတယ္။ ၾကက္သြန္ျဖဴကို အမ်ားႀကီးမဟုတ္ဘဲ အနေတာ္စားသံုးတာဟာ ႏို႔တိုက္ေကၽြးခ်ိန္နဲ႔ ကိုယ္၀န္ေဆာင္စဥ္မွာ လံုၿခံဳစိတ္ခ်ရတယ္လို႔ ေျပာဆိုၾကေပမဲ့ အဲဒီအခ်ိန္မွာ ၾကက္သြန္ျဖဴကို စားသံုးဖို႔ ေဆးပညာရပ္ဆိုင္ရာ ကၽြမ္းက်င္သူေတြက ေထာက္ခံမေပးၾကပါဘူး။

Credit : Myfoodmyanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါအမျိုးမျိုး ကုသဖို့အတွက် ရိုးရာ ဆေးအဖြစ် အသုံးပြုခဲ့ကြတာပါ။

သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေးစီးဆင်းမှု လျှော့နည်းတာတွေအတွက် အသုံးပြုခဲ့ကြတာပါ။ ကြက်သွန်ဖြူဟာ အကျိုးကျေးဇူးအများဆုံး အစားအစာတစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစာဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။

ကြက်သွန်ဖြူကို စားရင်ဘယ်သူမဆို ဘယ်လိုအခြေအနေမျိုးမှာမဆို စားသုံးလို့ရသလားဆိုတော့ အခုဖော်ပြမဲ့ အခြေအနေမျိုးဆိုရင်တော့ မစားသင့်ပါဘူး။ ကြက်သွန်ဖြူကို လုံးဝစားလို့မရဘူးလားဆိုတာတော့မဟုတ်ပါဘူး။ ဆေးဖြစ်ဝါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ဝါးစားတာတို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့နေရာမှာတော့ ထည့်ချက်လို့ရပါတယ်။

သွေးဖိအားနည်းခြင်း

ကြက်သွန်ဖြူကို အစိမ်းလိုက်စားတာဟာ သွေးတိုးကျစေလို့ သွေးဖိအားနည်းတတ်သူတွေအတွက် ကြက်သွန်ဖြူကို အစိမ်းလိုက်မစားသင့်ပါဘူး။

ဆေးဝါး အမျိုးမျိုး မှီဝဲနေရရင်

သင်ဟာ ဝေဒနာတစ်ခုခုကြောင့် ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူကို မစားခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဝါးတစ်မျိုးမျိုးရဲ့ အာနိသင်ကို မြင့်တင်နိုင်စွမ်းရှိတာပါတယ်။ ဒါဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

အသည်းနဲ့ ဆိုင်တဲ့ ပြဿနာရှိရင်

ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အသည်းနဲ့ဆိုင်ရာ ရောဂါတစ်ခုခုရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ ဆေးဝါးတွေရဲ့ အာနသင်ကိုလျှော့နည်းစေပါတယ်။

အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုရှိရင်

ကိုယ့်အစာအိမ်က ထိခိုက်မခံဘူး။ တစ်ခုခုစားရင် အစာအိမ်နာတာတို့ ၊ အစာမကျေတာတို့ ဖြစ်တတ်ရင် ကြက်သွန်ဖြူ အစိမ်းကို အများကြီးမစားသင့်ပါဘူး။

ကိုယ်ဝန်ဆောင်စဉ်

ကိုယ်ဝန်ဆောင်စဉ်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် စားသုံးတာကို ရှောင်ကျဉ်ကြပါတယ်။ ကြက်သွန်ဖြူကို အများကြီးမဟုတ်ဘဲ အနတော်စားသုံးတာဟာ နို့တိုက်ကျွေးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုကြပေမဲ့ အဲဒီအချိန်မှာ ကြက်သွန်ဖြူကို စားသုံးဖို့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံမပေးကြပါဘူး။

Credit : Myfoodmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top