iMyanmarHouse.com - Best Property Website for Myanmar
×

ရတနာဆီမီးထြန္း

သင့္နဖူးရဲ့ ဘယ္ဘက္မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ရွိေနမယ္ဆိုရင္ သင္ဟာ အလြန္ကံေကာင္းတဲ့ အမ်ိဳးသမီးျဖစ္တယ္။ ဒီမွဲ႔ကို ရတနာဆီမီးထြန္းလို႔ေခၚတယ္။ ဒီမွဲ႔ရွိတဲ့ အမ်ိဳးသမီးေတြက အိမ္  ေထာင္ေရးကံအလြန္ေကာင္းတဲ့အျပင္ သားလိမၼာ သမီးလိမၼာေတြ ထြန္းကားၾကတယ္။ ဘာသာေရးလိုက္စားၿပီး ဘုရားတရားလုပ္တယ္။ တရားထူး တရားျမတ္ ရတတ္ပါတယ္။

ရတနာေရႊအိုး

သင့္ရင္ဘတ္အလယ္တည့္တည့္မွာ ထင္ထင္ရွားရွား မွဲ႔ တစ္လံုးတည္း ရွိေနမယ္ဆိုရင္ေတာ့ သင္ဟာ ခ်မ္းသာၾကြယ္ဝသူတစ္ဦးျဖစ္လာပါလိမ့္မယ္။ ဒီမွဲ႔ကို ရတနာေရႊအိုးမွဲ႔လို႔ ေခၚၿပီး ဒီမွဲ႔တစ္လံုးတည္း ရွိတဲ့သူေတြဟာ အရမ္းကို ခ်မ္းသာၾကြယ္ဝၾကတယ္။ သင္ဟာ နာမည္ႀကီးၿပီးထင္ေပၚေက်ာ္ၾကားတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္။ ဆင္းရဲတဲ့ဒဏ္ကို ခံရလည္း တစ္ခဏပဲ။ ျပန္ၿပီး ခ်မ္းသာၾကြယ္ဝတဲ့ ကံရွိပါတယ္။

ႏႈတ္တဆိတ္

ဒီမွဲ႔ ပိုင္ရွင္ေတြဟာ မူယာမာယာ မ်ားတယ္၊ စကားအရမ္းတတ္တယ္၊ စကားေျပာ ပရိယာယ္ ၾကြယ္ဝသူမ်ားျဖစ္ၾကတယ္။ ေယာက်္ားမ်ားကို လွည့္ျဖားတတ္တဲ့သူေတြျဖစ္တယ္။ ဘယ္ဘက္ပါးျပင္ ပါးစပ္နားမွာ ထင္ထင္ရွားရွားရွိေနမယ့္ တစ္လံုးတည္းေသာမွဲ႔ျဖစ္ပါတယ္။

ေရႊပိတုန္းစုပ္

ညာဘက္ပါးျပင္ ပါးစပ္နားတြင္ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနမယ့္ ေရႊပိတုန္းစုပ္မွဲ႔ပိုင္ရွင္ေတြက အလြန္စန္းပြင့္ၿပီး ခ်စ္သူမ်ားတယ္။ မာယာပရိယာယ္ ၾကြယ္၀ၿပီးေတာ့ လူခ်စ္လူခင္ အလြန္ေပါမ်ားတယ္။အိမ္ေထာင္ေရးအလြန္ေကာင္းၿပီး  ေယာက်္ားခ်စ္တာခံရတယ္။

စံပယ္တင္မွဲ႔

အခ်စ္ေရးေတြမွာေတာ့ အၿမဲတမ္းဆိုသလို ႏွစ္မ်ိဳးႏွစ္ခြ ႏွစ္ေယာက္ၾကံဳရတတ္တဲ့သူေတြမွာ ရွိတတ္တယ္။ ဘယ္ဘက္ ပါးျပင္မို႔မို႔မွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတဲ့ မွဲ႔ကို စံပယ္တင္မွဲ႔လို႔ ေခၚတယ္။ ထင္ရွားေက်ာ္ၾကားမႈရွိၿပီး အလြယ္တကူ ခ်စ္ႀကိဳက္လြယ္တယ္။  အိမ္ေထာင္ဘက္က ခ်စ္ခင္ေအာင္ စြဲလန္းေအာင္ အမ်ိဳးမ်ိဳး ေဆာင္ရြက္ေလ့ရွိတတ္ၾကတယ္။

မ်က္ရည္ခံမွဲ႔

မ်က္ရည္ခံမွဲ႔ဆိုတာကေတာ့ ဘယ္ဘက္မ်က္ခမ္းနဲ႔ အေပၚႏႈတ္ခမ္းၾကားမွာ ရွိေနတဲ့ မွဲ႔ထင္းထင္းႀကီးကို ေခၚတာပါ။ ဒီမွဲ႕ ရွိေနတယ္္ဆိုရင္ေတာ့ အိမ္ေထာင္ဆက္လဲ မ်ားတတ္တယ္။ ကေလးဘဝမွာ ပင္ပန္းဆင္းရဲတဲ့ ဒဏ္ကို အလြန္ခံလို႔ စိတ္ဆင္းရဲရတတ္တယ္။ ေသာကမ်ားမယ္။ အနက္ေရာင္နဲ႔ ေက်ာက္စိမ္းကို လံုးဝမ၀တ္သင့္ဘူးလို႔ ဆိုပါတယ္။ စိန္၊ ဥႆဖယား ၊ ပုလဲစတဲ့ ရတနာတစ္ခုခုကို ကိုယ္နဲ႔မကြာ ၀တ္ထားသင့္တယ္။

မ်က္ရည္ခံမွဲ႔ႀကီး

ဒီမွဲ႔ကုိက်ေတာ့ ညာဘက္ေအာက္မ်က္ခမ္းနဲ႔ အေပၚႏႈတ္ခမ္းၾကားမွာ ထင္ထင္ရွားရွား မွဲ႔တစ္လံုးတည္း ထင္းထင္းႀကီး ရွိေနတယ္္ဆိုရင္ မ်က္ရည္ခံမွဲ႔ႀကီး လို႔ ေခၚတယ္။ သူတို႔ရဲ့ ဘ၀တစ္ေလွ်ာက္ ဆံုး႐ႈံးမႈ႔ႀကီး မ်ားစြာနဲ႔ ႀကံဳေတြ႕ရတတ္ၿပီး အသက္ႀကီးတဲ့အခ်ိန္မွာ ဆင္းရဲဒုကၡေရာက္ရတတ္တယ္။ မေမွ်ာ္လင့္ပဲ ခင္ပြန္းသည္ ေသဆံုးတတ္ၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ မုဆိုးမျဖစ္တတ္တယ္။ အဲဒီမ်က္ရည္ခံမွဲ႔ႀကီး ရွိတဲ့ အမ်ိဳးသမီးေတြဟာ ဘာသာတရားကို အထူးလိုက္စားၿပီး ကိုယ္က်င့္တရား အထူးေကာင္းမြန္ေအာင္ ေနထိုင္ရမယ္။ ကုသိုလ္ေကာင္းမႈ႔ တရစပ္ျပဳလုပ္ ေဆာင္ရြက္ရမယ္။ ေမြးေန႔တိုင္း ပန္းဆီမီး ေရခ်မ္း ကပ္လွဴပူေဇာ္သင့္တယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရတနာဆီမီးထွန်း

သင့်နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ရှိနေမယ်ဆိုရင် သင်ဟာ အလွန်ကံကောင်းတဲ့ အမျိုးသမီးဖြစ်တယ်။ ဒီမှဲ့ကို ရတနာဆီမီးထွန်းလို့ခေါ်တယ်။ ဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေက အိမ်  ထောင်ရေးကံအလွန်ကောင်းတဲ့အပြင် သားလိမ္မာ သမီးလိမ္မာတွေ ထွန်းကားကြတယ်။ ဘာသာရေးလိုက်စားပြီး ဘုရားတရားလုပ်တယ်။ တရားထူး တရားမြတ် ရတတ်ပါတယ်။

ရတနာရွှေအိုး

သင့်ရင်ဘတ်အလယ်တည့်တည့်မှာ ထင်ထင်ရှားရှား မှဲ့ တစ်လုံးတည်း ရှိနေမယ်ဆိုရင်တော့ သင်ဟာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒီမှဲ့ကို ရတနာရွှေအိုးမှဲ့လို့ ခေါ်ပြီး ဒီမှဲ့တစ်လုံးတည်း ရှိတဲ့သူတွေဟာ အရမ်းကို ချမ်းသာကြွယ်ဝကြတယ်။ သင်ဟာ နာမည်ကြီးပြီးထင်ပေါ်ကျော်ကြားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။ ဆင်းရဲတဲ့ဒဏ်ကို ခံရလည်း တစ်ခဏပဲ။ ပြန်ပြီး ချမ်းသာကြွယ်ဝတဲ့ ကံရှိပါတယ်။

နှုတ်တဆိတ်

ဒီမှဲ့ ပိုင်ရှင်တွေဟာ မူယာမာယာ များတယ်၊ စကားအရမ်းတတ်တယ်၊ စကားပြော ပရိယာယ် ကြွယ်ဝသူများဖြစ်ကြတယ်။ ယောကျ်ားများကို လှည့်ဖြားတတ်တဲ့သူတွေဖြစ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှားရှိနေမယ့် တစ်လုံးတည်းသောမှဲ့ဖြစ်ပါတယ်။

ရွှေပိတုန်းစုပ်

ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေမယ့် ရွှေပိတုန်းစုပ်မှဲ့ပိုင်ရှင်တွေက အလွန်စန်းပွင့်ပြီး ချစ်သူများတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အလွန်ပေါများတယ်။အိမ်ထောင်ရေးအလွန်ကောင်းပြီး  ယောကျ်ားချစ်တာခံရတယ်။

စံပယ်တင်မှဲ့

အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ နှစ်ယောက်ကြုံရတတ်တဲ့သူတွေမှာ ရှိတတ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ထင်ရှားကျော်ကြားမှုရှိပြီး အလွယ်တကူ ချစ်ကြိုက်လွယ်တယ်။  အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတတ်ကြတယ်။

မျက်ရည်ခံမှဲ့

မျက်ရည်ခံမှဲ့ဆိုတာကတော့ ဘယ်ဘက်မျက်ခမ်းနဲ့ အပေါ်နှုတ်ခမ်းကြားမှာ ရှိနေတဲ့ မှဲ့ထင်းထင်းကြီးကို ခေါ်တာပါ။ ဒီမှဲ့ ရှိနေတယ်ဆိုရင်တော့ အိမ်ထောင်ဆက်လဲ များတတ်တယ်။ ကလေးဘဝမှာ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကို အလွန်ခံလို့ စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ အနက်ရောင်နဲ့ ကျောက်စိမ်းကို လုံးဝမဝတ်သင့်ဘူးလို့ ဆိုပါတယ်။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

မျက်ရည်ခံမှဲ့ကြီး

ဒီမှဲ့ကိုကျတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အပေါ်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံမှဲ့ကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top