iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဟင္းခါးသီးဟာ ခါးသက္တဲ့အရသာေၾကာင့္ ထင္႐ွားၿပီး ပုစြန္ေျခာက္ေလးေရာၿပီး ေၾကာ္စားလိုက္မယ္ဆိုရင္ ဆိမ့္တိမ့္တိမ့္နဲ႔ စားလို႔ေကာင္းပါတယ္။ တခ်ိဳ႕ေတြက ၾကက္ဟင္းခါးသီးရဲ႕ ခါးသက္တဲ့ အရသာကို မႏွစ္သက္ၾကသလို တခ်ိဳ႕ကေတာ့ ခါးသက္တဲ့အရသာေၾကာင့္ပဲ အလြန္ႏွစ္သက္ၾကပါတယ္။

ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ ၾကက္ဟင္းခါးသီးဟာ ေန႔စဥ္အစားအေသာက္ထဲမွာ မျဖစ္မေန ထည့္သြင္းသင့္တဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးပါ။ အထူးသျဖင့္ ဗိုက္ထဲမွာ ရင္ေသြးေလးေတြကို လြယ္ထားရတဲ့ မိခင္ေလာင္းေတြအေနနဲ႔ ၾကက္ဟင္းခါးသီးကို ပိုစားေပးသင့္ပါတယ္။

၁။ ဖိုလိတ္ထ္ဓာတ္ ၾကြယ္ဝတယ္

ဖိုလိတ္ထ္ဓာတ္ဟာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအတြက္ မ႐ွိမျဖစ္လိုအပ္ခ်က္ တစ္မ်ိဳးျဖစ္ပါတယ္။ ဒီသတၳဳဓာတ္ဟာ မိခင္ေလာင္းေတြရဲ႕ ဗိုက္ထဲကရင္ေသြးေလးေတြကို neural tube defect လို႔ေခၚတဲ့ အာ႐ံုေၾကာခ်ိဳ႕ယြင္းမႈ ေဝဒနာေဘးမွ ကာကြယ္ေပးႏိုင္ပါတယ္။

အဲဒီေဝဒနာဟာ မိခင္ေလာင္းေတြ ကိုယ္ဝန္လြယ္ထားရၿပီး (၁) လမွ (၃) လအတြင္းမွာ ေတြ႕ရတတ္ၿပီး ကေလးရဲ႕ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာ၊ ခါး႐ိုးနဲ႔ ခါး႐ိုးနာ့ဗ္ေၾကာမႀကီးတို႔ကို သားအိမ္ထဲမွာ ႐ွိေနခ်ိန္ကတည္းက ထိခိုက္ေစႏိုင္တဲ့ ေရာဂါေဝဒနာ တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ၾကက္ဟင္းခါးသီးထဲမွာေတာ့ ဖိုလိတ္ထ္ပမာဏ ျမင့္မားစြာ ပါဝင္ၿပီး ကိုယ္ဝန္ေဆာင္မိခင္ေတြ ေန႔စဥ္လိုအပ္တဲ့ အာဟာရဓာတ္ (၄) ပံု (၁) ပံုကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။

၂။ အမွ်င္ဓာတ္ၾကြယ္ဝတယ္

ၾကက္ဟင္းခါးသီးထဲမွာ အမွ်င္ဓာတ္ ၾကြယ္ဝစြာပါဝင္ၿပီး စိတ္ေက်နပ္မႈကိုလည္း ေပးစြမ္းႏိုင္ပါတယ္။ ၾကက္ဟင္းခါးသီးနဲ႔ ထမင္းစားထားရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခ်င္ျခင္းတက္တတ္တဲ့ အဆီမ်ားတဲ့ အစားအစာေတြ၊ ကယ္လိုရီမ်ားျပားတဲ့ အစားအစာေတြနဲ႔ အျမန္ရအစားအစာေတြကို တပ္မက္စိတ္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ေနာက္ပိုင္းေတာ့ မိန္းကေလးအမ်ားစု လိုလားၾကတဲ့ ကိုယ္ဝန္ေဆာင္ေနခ်ိန္ အဆီပိုေတြနဲ႔ ပံုပ်က္ပန္းပ်က္ႏိုင္မႈကို ေလွ်ာ့ခ်ေပးၿပီး သြယ္လ်လွပေစပါတယ္။

၃။ အစာေျခလမ္းေၾကာင္းကို ႐ွင္းလင္းေပးတယ္

ကမၻာတဝွမ္းလံုးက ကိုယ္ဝန္ေဆာင္မိခင္ေတြ အမ်ားဆံုးၾကံဳေတြ႕ရတဲ့ ျပႆနာတစ္ခုကေတာ့ ဝမ္းခ်ဳပ္ေရာဂါနဲ႔ စအုိနဲ႔ တင္ပါးတဝိုက္မွာ ယားယံေရာင္ရမ္းမႈ ေဝဒနာ (haemorrhoids) တို႔ပဲ ျဖစ္ပါတယ္။ ၾကက္သီးခါးသီးထဲမွာ ပါဝင္တဲ့ အမွ်င္ဓာတ္က ဒီျပႆနာေတြကို နည္းသည္ထက္နည္းပါးေအာင္ ကူညီေပးပါလိမ့္မယ္။

၄။ ဆီးခ်ိဳကာကြယ္ေပးတယ္

ၾကက္ဟင္းခါးသီးရဲ႕ အရသာကိုက အခါးဓာတ္နဲ႔ အဆိမ့္ဓာတ္ကဲတဲ့အတြက္ ေသြးတြင္းအခ်ိဳဓာတ္ ျမင့္မားမႈကို ကာကြယ္ေပးႏိုင္ၿပီး ဆီးခ်ိဳေရာဂါကို သဘာဝအေလ်ာက္ ကာကြယ္ၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳေရာဂါကို ကာကြယ္ခ်င္ရင္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ၾကက္ဟင္းခါးသီးကို ေန႔စဥ္စားေပးသင့္ပါတယ္။ ၾကက္ဟင္းခါးသီးထဲမွာ ပါဝင္တဲ့ charantin နဲ႔ polypeptide-P တို႔ကလည္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္တတ္္တဲ့ ဆီးခ်ိဳအႏၱရာယ္ကို ကာကြယ္ႏိုင္ပါတယ္။

၅။ antioxidant ၾကြယ္ဝတယ္

ၾကက္ဟင္းခါးသီးထဲမွာ ပါဝင္တဲ့ ဗိုက္တာမင္စီဟာ antioxidant တစ္မ်ိဳးျဖစ္ၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြကို အႏၱရာယ္႐ွိတဲ့ ဘက္တီးရီးယားေတြရဲ႕ အႏၱရာယ္မွ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ မိခင္ေလာင္းေတြရဲ႕ ခႏၶာကုိယ္မွာ ကိုယ္ခံအားျမင့္တက္လာေစဖို႔အတြက္လည္း ကူညီေပးႏိုင္ပါတယ္။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်ဟင်းခါးသီးဟာ ခါးသက်တဲ့အရသာကြောင့် ထင်ရှားပြီး ပုစွန်ခြောက်လေးရောပြီး ကြော်စားလိုက်မယ်ဆိုရင် ဆိမ့်တိမ့်တိမ့်နဲ့ စားလို့ကောင်းပါတယ်။ တချို့တွေက ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့ အရသာကို မနှစ်သက်ကြသလို တချို့ကတော့ ခါးသက်တဲ့အရသာကြောင့်ပဲ အလွန်နှစ်သက်ကြပါတယ်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကြက်ဟင်းခါးသီးဟာ နေ့စဉ်အစားအသောက်ထဲမှာ မဖြစ်မနေ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အထူးသဖြင့် ဗိုက်ထဲမှာ ရင်သွေးလေးတွေကို လွယ်ထားရတဲ့ မိခင်လောင်းတွေအနေနဲ့ ကြက်ဟင်းခါးသီးကို ပိုစားပေးသင့်ပါတယ်။

၁။ ဖိုလိတ်ထ်ဓာတ် ကြွယ်ဝတယ်

ဖိုလိတ်ထ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်ချက် တစ်မျိုးဖြစ်ပါတယ်။ ဒီသတ္ထုဓာတ်ဟာ မိခင်လောင်းတွေရဲ့ ဗိုက်ထဲကရင်သွေးလေးတွေကို neural tube defect လို့ခေါ်တဲ့ အာရုံကြောချို့ယွင်းမှု ဝေဒနာဘေးမှ ကာကွယ်ပေးနိုင်ပါတယ်။

အဲဒီဝေဒနာဟာ မိခင်လောင်းတွေ ကိုယ်ဝန်လွယ်ထားရပြီး (၁) လမှ (၃) လအတွင်းမှာ တွေ့ရတတ်ပြီး ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော၊ ခါးရိုးနဲ့ ခါးရိုးနာ့ဗ်ကြောမကြီးတို့ကို သားအိမ်ထဲမှာ ရှိနေချိန်ကတည်းက ထိခိုက်စေနိုင်တဲ့ ရောဂါဝေဒနာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးထဲမှာတော့ ဖိုလိတ်ထ်ပမာဏ မြင့်မားစွာ ပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် (၄) ပုံ (၁) ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတယ်

ကြက်ဟင်းခါးသီးထဲမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး စိတ်ကျေနပ်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကြက်ဟင်းခါးသီးနဲ့ ထမင်းစားထားရင် ကိုယ်ဝန်ဆောင်ချိန်မှာ ချင်ခြင်းတက်တတ်တဲ့ အဆီများတဲ့ အစားအစာတွေ၊ ကယ်လိုရီများပြားတဲ့ အစားအစာတွေနဲ့ အမြန်ရအစားအစာတွေကို တပ်မက်စိတ်ကို လျှော့ချနိုင်ပါတယ်။ နောက်ပိုင်းတော့ မိန်းကလေးအများစု လိုလားကြတဲ့ ကိုယ်ဝန်ဆောင်နေချိန် အဆီပိုတွေနဲ့ ပုံပျက်ပန်းပျက်နိုင်မှုကို လျှော့ချပေးပြီး သွယ်လျလှပစေပါတယ်။

၃။ အစာခြေလမ်းကြောင်းကို ရှင်းလင်းပေးတယ်

ကမ္ဘာတဝှမ်းလုံးက ကိုယ်ဝန်ဆောင်မိခင်တွေ အများဆုံးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ ဝမ်းချုပ်ရောဂါနဲ့ စအိုနဲ့ တင်ပါးတဝိုက်မှာ ယားယံရောင်ရမ်းမှု ဝေဒနာ (haemorrhoids) တို့ပဲ ဖြစ်ပါတယ်။ ကြက်သီးခါးသီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဒီပြဿနာတွေကို နည်းသည်ထက်နည်းပါးအောင် ကူညီပေးပါလိမ့်မယ်။

၄။ ဆီးချိုကာကွယ်ပေးတယ်

ကြက်ဟင်းခါးသီးရဲ့ အရသာကိုက အခါးဓာတ်နဲ့ အဆိမ့်ဓာတ်ကဲတဲ့အတွက် သွေးတွင်းအချိုဓာတ် မြင့်မားမှုကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုရောဂါကို သဘာဝအလျောက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကာကွယ်ချင်ရင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို နေ့စဉ်စားပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးထဲမှာ ပါဝင်တဲ့ charantin နဲ့ polypeptide-P တို့ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချိုအန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

၅။ antioxidant ကြွယ်ဝတယ်

ကြက်ဟင်းခါးသီးထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်စီဟာ antioxidant တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိခင်လောင်းတွေရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားမြင့်တက်လာစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

Source: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top