iMyanmarHouse.com - Best Property Website for Myanmar
×
၂။ယောဂကျင့်ပါ။
၃။ရာသီစာတွေ စားပေးပါ။ အသီးဖျော်ရည် သောက်ပေးပါ။
၅။ပီကေ မ၀ါးပါနဲ့။
၆။ရေများများသောက်ပါ။
၁၀။အချိန်မှန် အိပ်ပါ။
Ref:fitsugar.com
Credit : ygnnews
ခန္ဓာကိုယ်က အချိုးအစား မကျတော့တဲ့အပြင် စားချင်တာတွေစား၊ အိပ်ချင်တဲ့အချိန်မှ အိပ်ဖြစ်နေတာမို့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်ဖို့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေ ပြင်ဆင်ရတော့မှာပေါ့။ ဒါ့ကြောင့် လူကိုလည်း အဆီမတက်ပဲ ပိန်သွယ်ပြီး ကြည့်ကောင်းစေမယ့်အပြင် နေ့တစ်နေ့ရဲ့အဆုံးထိ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။မနက်နိုးနိုးချင်း သံပုရာရည်အပူကို သောက်ပေးပါ။
အိပ်ယာနိုးတာနဲ့ ရေနွေးနဲ့ဖျော်ထားတဲ့ သံပုရာရည်အပူကို သောက်ပေးပါ။ ဒါဟာ အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးနိုင်တာကြောင့်ပါ။ သံပုရာရည်အပူကို မကြိုက်ဘူးဆိုရင်တော့ Green Tea ကို သံပုရာသီးညှစ်ပြီး သောက်ပေးနိုင်ပါတယ်။
၂။ယောဂကျင့်ပါ။
အချိန်ပေးနိုင်တယ်ဆိုရင်တော့ ယောဂကျင့်တာဟာ လူတစ်ယောက်ရဲ့ စိတ်အတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ တကယ်ကို သင့်တော်ပါတယ်။
၃။ရာသီစာတွေ စားပေးပါ။ အသီးဖျော်ရည် သောက်ေပေးပါ။
ဖရဲသီးပေါ်ချိန် ဖရဲသီး၊ သရက်သီးပေါ်ချိန် သရက်သီး စသဖြင့် စားပေးလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ အသီးအနှံတွေ အများဆုံး စားပေးပါ။ အသီးဖျော်ရည်တွေကိုလည်း သောက်ပေးဖို့ လိုပါတယ်။
၄။အစားအသောက် စားတဲ့အခါ အစာကို ကျေညက်အောင်ဝါးပါ။
အစားအသောက်ကို မြန်မြန်စားပြီး မြိုချခြင်းဟာ လေခိုတာမျိုးတွေဖြစ်နိုင်တာမို့ အစာမကြေတာ၊ ဂျို့ထိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၅။ပီကေ မဝါးပါနဲ့။
ပီကေဝါးတာနဲ့ လေတွေ ပါးစပ်ထဲပိုရောက်သွားတယ်ဆိုတာ သိပါရဲ့လား။ ဒါကလည်း ကျန်းမာရေးအတွက် မကောင်းတဲ့အရာပါ။
၆။ရေများများသောက်ပါ။
ရေကို တတ်နိုင်သလောက် များများသောက်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အပြင်သွားတဲ့အခါတွေတောင်မှ ရေဗူးလေးအမြဲဆောင်ထားပြီး သောက်ဖို့လိုပါတယ်။
၇။အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားပါ။
ထောပတ်သီး၊ ဇီးသီး စတဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ အစားအစာတွေ စားပေးပါ။
၈။ညနေပိုင်း သောက်စားတာမျိုးတွေ ရှောင်ပါ။
ရုံးဆင်းချိန်မို့ သူငယ်ချင်းတွေနဲ့ အတူ ဝိုင်တစ်ခွက်လောက် သောက်လိုက်မယ် ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ဆိုင်တစ်ဆိုင်သွားပြီး သောက်စားကြမယ်ဆိုတာမျိုးတွေလည်း ရှောင်နိုင်သလောက် ရှောင်ပါ။
၉။ညဘက် အချိုပွဲစားခြင်း ရှောင်ပါ။
ညစာ စားပြီးသွားဆိုတာနဲ့ အချိုပွဲလေးတော့ စားဦးမှပါ ဆိုတာမျိုး မလုပ်ပါနဲ့။
၁၀။အချိန်မှန် အိပ်ပါ။
အိပ်ယာဝင်နေကျ အချိန်ကို မှတ်ထားပါ။ အရမ်းနောက်တာတဲ့ အချိန်မျိုးမှ အိပ်ယာဝင်တာမျိုးရှောင်ပြီး  ၉နာရီနဲ့ ၁၀နာရီကြား အိပ်ဖြစ်အောင် ကြိုးစားပါ။
Ref:fitsugar.com
Credit : ygnnews
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top