iMyanmarHouse.com - Best Property Website for Myanmar
×





၎- ဘယ်ကုမ္ပဏီမှာ၊ ဘယ်ရာထူး၊ လစာဘယ်လောက်ဆိုတာတွေ မလိမ်ထားသင့်ဘူး။










Credit : Duwun

"သင့်ရည်းစားကို မလိမ်သင့်တဲ့ အချက် (၁၃) ချက်"

၁- သင်တွဲဖူးတဲ့ ကောင်လေးတွေအကြောင်း မလိမ်သင့်ဘူး။ အစကတည်းက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားသင့်တယ်။

၂- ဘယ်သူနဲ့ အတူရှိနေတယ်ဆိုတာ မလိမ်သင့်ဘူး။

၃- ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မလိမ်သင့်ဘူး။ (သူဘာသူ သိသွားရင် ပိုဆိုးမယ်)

၄- ဘယ်ကုမ္ပဏီမှာ၊ ဘယ်ရာထူး၊ လစာဘယ်လောက်ဆိုတာတွေ မလိမ်ထားသင့်ဘူး။

၅- သူ့ကိုချစ်တယ်ဆိုရင် ချစ်တယ်ပေါ့။ ဟန်ဆောင်တဲ့ကိစ္စတွေ မလုပ်သင့်ဘူး။

၆- သူမရှိတဲ့အချိန်လည်း အေးဆေးပဲလို့ သူ့ရှေ့မှာ ဟန်မဆောင်နဲ့။

၇- သင့်အသက်ကို မလိမ်သင့်ဘူး။ (တကယ်ချစ်ပြီဆိုမှတော့ သင့်အသက်ကို သူက ဂရုစိုက်မှာမဟုတ်ဘူး)

၈- ကလေးဘဝအကြောင်း ပြောဖို့ မရှက်နဲ့။

၉- သင့်ရင်ထဲမှာရှိတဲ့ ဘဝရည်မှန်းချက်ကို မလိမ်နဲ့။

၁၀- သင့်မှာရှိတဲ့ ကျန်းမာရေးပြဿနာတွေကို မလိမ်နဲ့။

၁၁- သင့်အိမ်အခြေအနေ၊ သင့်ငွေရေးကြေးရေးအခြေအနေကို မလိမ်နဲ့။

၁၂- သင့်ဝါသနာတွေကို မဖုံးကွယ်နဲ့။

၁၃- သူ့သူငယ်ချင်းတွေထဲက သင်မကြိုက်တဲ့လူရှိရင် သူသိအောင်သာပြောထား။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top