iMyanmarHouse.com - Best Property Website for Myanmar
×

ဖရဲသီးဟာ အလြယ္တကူ ၀ယ္ယူႏုိင္တာရယ္ က်န္းမာေရးနဲ႔ ညီညႊတ္တာေတြရယ္ေၾကာင့္တင္ စားသင့္ေနပါၿပီ။ ဒါေပမယ့္ အျခား အေၾကာင္းျပခ်က္ေတြလည္း ရွိပါေသးတယ္။ ေရဓာတ္မ်ားၿပီး အရသာ ရွိလွတဲ့ ဖရဲသီးကို ျမန္မာႏုိင္ငံမွာေတာ့ ေနရာေဒသ အေတာ္မ်ားမ်ားမွာ ေတြ႔ရပါတယ္။ ေႏြရာသီမွာ ပိုၿပီး မ်ားမ်ားစားစား ေတြ႔ရပါတယ္။ အခုလို အခ်ိန္ေတြမွာေတာ့ ျပည္ပကေန ျပန္၀င္လာတဲ့ ဖရဲသီးေတြပဲ ရွိပါတယ္။

အရည္ရႊမ္းတဲ့ အသီး

အရည္ရႊမ္းၿပီး အသည္း၊ ေက်ာက္ကပ္နဲ႔ အဆုတ္ေတြကို ေကာင္းမြန္ေစႏုိင္ပါတယ္။ ေရဓာတ္ျပန္လည္ ျဖည့္ဆည္းဖို႔ အေကာင္းဆံုး အသီးျဖစ္ပါတယ္။ ဗိုက္ျပည့္ေစလြယ္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ခ်င္သူေတြ အတြက္ အေကာင္းဆံုး အသီးပါ။

မ်က္လံုးကို ေကာင္းမြန္ေစႏုိင္

ဖရဲသီးမွာ ဗီတာမင္ေအ ပါ၀င္ၿပီး ဗီတာမင္ေအဟာ မ်က္လံုးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြကို ကာကြယ္ႏိုင္ပါတယ္။ တိမ္ျဖစ္ျခင္းနဲ႔ ညဖက္ အျမင္အာရံု ေလ်ာ့နည္းျခင္းတို႔ကို ေကာင္းမြန္ေစႏုိင္ပါတယ္။

ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစနိုင္

ဖရဲသီးဟာ ေဆးမဆိုးထားဘူးဆိုရင္ေတာ့ က်န္းမာေရးအတြက္ အေတာ္ေကာင္းမြန္ေစတဲ့ အသီးလို႔ ေျပာလို႔ရပါတယ္။ ႏွလံုးရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစႏုိင္ၿပီး အသက္အရြယ္ ႀကီးလာတဲ့ ႏွလံုးနဲ႔ ဆုိင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးပါတယ္။

အပူႀကီးျခင္းကို သက္သာေစႏုိင္

ဖရဲသီးဟာ အေအးဓာတ္ ရွိတဲ့ သေဘာ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္တြင္း အပူမ်ားေနတယ္ဆိုရင္ေတာ့ ဖရဲသီးကို ေဖ်ာ္ရည္လုပ္ေသာက္ေပးရင္ ကိုယ္တြင္းအပူက်ေစပါတယ္။ ေသြးဖိအားကိုလည္း ပံုမွန္ျဖစ္ေစၿပီး အပူရွပ္တာမျဖစ္ေစႏုိင္ပါဘူး။

အေရျပားေရာဂါေတြကို သက္သာေစႏုိင္

အမိုင္ႏိုအက္ဆစ္ဓာတ္ပါ၀င္တဲ့ ဖရဲသီးဟာ ေသြးျဖဴဥေတြကို ျမန္ျမန္ ေရာက္ေအာင္ ကူညီေပးႏုိင္ပါတယ္။ ဆဲလ္အေသေတြ ေနရာမွာ ဆဲလ္အသစ္ေတြ အစားထိုးဖို႔ ျမန္တဲ့အတြက္ အေရျပားနဲ႔ ဆုိင္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးႏုိင္ပါတယ္။

 Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဖရဲသီးဟာ အလွယ်တကူ ဝယ်ယူနိုင်တာရယ် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေရယ်ကြောင့်တင် စားသင့်နေပါပြီ။ ဒါပေမယ့် အခြား အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။ ရေဓာတ်များပြီး အရသာ ရှိလှတဲ့ ဖရဲသီးကို မြန်မာနိုင်ငံမှာတော့ နေရာဒေသ အတော်များများမှာ တွေ့ရပါတယ်။ နွေရာသီမှာ ပိုပြီး များများစားစား တွေ့ရပါတယ်။ အခုလို အချိန်တွေမှာတော့ ပြည်ပကနေ ပြန်ဝင်လာတဲ့ ဖရဲသီးတွေပဲ ရှိပါတယ်။

အရည်ရွှမ်းတဲ့ အသီး

အရည်ရွှမ်းပြီး အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။ ရေဓာတ်ပြန်လည် ဖြည့်ဆည်းဖို့ အကောင်းဆုံး အသီးဖြစ်ပါတယ်။ ဗိုက်ပြည့်စေလွယ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက် အကောင်းဆုံး အသီးပါ။

မျက်လုံးကို ကောင်းမွန်စေနိုင်

ဖရဲသီးမှာ ဗီတာမင်အေ ပါဝင်ပြီး ဗီတာမင်အေဟာ မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ တိမ်ဖြစ်ခြင်းနဲ့ ညဖက် အမြင်အာရုံ လျော့နည်းခြင်းတို့ကို ကောင်းမွန်စေနိုင်ပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်

ဖရဲသီးဟာ ဆေးမဆိုးထားဘူးဆိုရင်တော့ ကျန်းမာရေးအတွက် အတော်ကောင်းမွန်စေတဲ့ အသီးလို့ ပြောလို့ရပါတယ်။ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေနိုင်ပြီး အသက်အရွယ် ကြီးလာတဲ့ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

အပူကြီးခြင်းကို သက်သာစေနိုင်

ဖရဲသီးဟာ အအေးဓာတ် ရှိတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် ကိုယ်တွင်း အပူများနေတယ်ဆိုရင်တော့ ဖရဲသီးကို ဖျော်ရည်လုပ်သောက်ပေးရင် ကိုယ်တွင်းအပူကျစေပါတယ်။ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေပြီး အပူရှပ်တာမဖြစ်စေနိုင်ပါဘူး။

အရေပြားရောဂါတွေကို သက်သာစေနိုင်

အမိုင်နိုအက်ဆစ်ဓာတ်ပါဝင်တဲ့ ဖရဲသီးဟာ သွေးဖြူဥတွေကို မြန်မြန် ရောက်အောင် ကူညီပေးနိုင်ပါတယ်။ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေ အစားထိုးဖို့ မြန်တဲ့အတွက် အရေပြားနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

 Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top