ငိုေႂကြးျခင္းဟာ ေပ်ာ့ညံ့အားနည္းျခင္းရဲ့ လကၡဏာလို႕ လူအမ်ားစုက လက္ခံထားၾကပါတယ္။ဒါဟာ တကယ္ပဲလား။သုေတသနျပဳခ်က္ေတြအရ ငိုေႂကြးျခင္းဟာ ကြၽန္ေတာ္တို႕အတြက္ မထင္မွတ္ထားတဲ့ အက်ိဳးရလာဒ္ေတြကို ျဖစ္ေပၚေစတယ္ဆိုတာ ေတြ႕ရွိခဲ့ရပါတယ္။ငိုေႂကြးျခင္းဟာ မေကာင္းတဲ့ ခံစားခ်က္ေတြကို ရွင္းလင္းပစ္လိုက္သလို ျဖစ္တဲ့အျပင္ စိတ္က်န္းမာေရးအတြက္ အက်ိဳးထူးမ်ားစြာကိုလည္း ရရွိေစတယ္လို႕ ဆိုပါတယ္။
လူေတြ ဘာလို႕ငိုရတာလဲ။
ဝမ္းနည္းလို႕ပဲ ျဖစ္ျဖစ္ ဝမ္းသာလို႕ပဲ ျဖစ္ျဖစ္ လူေတြ ငိုေႂကြးၾကပါတယ္။ဒါကေတာ့ ကေလးေတာင္သိပါတယ္လို႕ သင္ေတြးေကာင္းေတြးေနပါလိမ့္မယ္။ဟုတ္ပါတယ္။ဒီ့ထက္ ပိုတဲ့အေၾကာင္းအရာေလးေတြလည္း ရွိေနပါေသးတယ္။ကြၽန္ေတာ္တို႕ တင္းထားသမွ်အားေတြခြၽတ္ျခံဳက်သြားျပီး လူေရာစိတ္ပါ ခ်ဳံးခ်ဳံးက်သြားတဲ့ အေျခအေနမ်ိဳးေတြ ရွိတတ္ပါတယ္။ဥပမာ ကြၽန္ေတာ္တို႕ဟာ ဝမ္းနည္းတာ၊နာက်င္ခံစားရတာေၾကာင့္ ငိုေႂကြးရေလ့ရွိေပမယ့္ တျခားလွပတဲ့ အေၾကာင္းရာေတြေၾကာင့္လည္း ငိုရတာမ်ိဳး ရွိတတ္ပါတယ္။ခံစားခ်က္ေတြ ပြင့္ထြက္သြားတဲ့အခါ၊မခ်င့္မရဲျဖစ္တဲ့အခါ ဒါမွမဟုတ္ အျခားတေယာက္ေယာက္ရဲ့ အာ႐ံုစိုက္တာ၊ဂ႐ုစိုက္တာကို အရမ္းလိုခ်င္ေနတဲ့ အခါမ်ိဳးမွာလည္း ငိုေႂကြးၾကျပန္ပါတယ္။တျခားသူေတြ သနားေအာင္၊ဇာတ္နာေအာင္ ငိုျပရတာမ်ိဳးေတြလည္း ရွိပါေသးတယ္။
ငိုေႂကြးတာကို အသုံးခ်လို႕ရတဲ့ ေနရာေတြ အစံုပါပဲ။ဟုတ္ျပီ၊ ဒါေတြထားေတာ့။ငိုရျခင္းရဲ့ အေၾကာင္းရင္းခံေတြ အမ်ားၾကီးရွိေပမယ့္ အခုကြၽန္ေတာ္တို႕ေျပာခ်င္တာက လူေတြရဲ့ စိတ္က်န္းမာေရးကို ပိုေကာင္းလာေစႏိုင္တဲ့ ငိုေႂကြးျခင္းအေၾကာင္းပဲ ျဖစ္ပါတယ္။
ငိုေႂကြးျခင္းနဲ႕ စိတ္က်န္းမာေရး
ငိုေႂကြးျခင္းဟာ ကြၽန္ေတာ္တို႕ရဲ့ ဦးေႏွာက္အေပၚ (စိတ္ပိုင္းဆိုင္ရာ အရ) အက်ိဳးသက္ေရာက္မႈေတြ အမ်ားၾကီး ရွိေစပါတယ္။သိပၸံနည္းက်စဥ္းစားမယ္ဆိုရင္ ကြၽန္ေတာ္တို႕တေတြဟာ စိတ္ဖိစီးမႈေတြေၾကာင့္ ဒါမွမဟုတ္ စိတ္ခံစားခ်က္ကို ထိခိုက္ေစတဲ့ အေၾကာင္းတစံုတရာေၾကာင့္ ငိုေႂကြးခဲ့မယ္ဆိုရင္ ထြက္လာတဲ့ မ်က္ရည္ေတြဟာ ေရခ်ည္းပဲ ဆိုတာထက္ အမ်ားၾကီး ပိုပါသတဲ့။ စိတ္ဖိစီးမႈေၾကာင့္ ငိုေႂကြးတဲ့အခါ ထြက္လာတဲ့ မ်က္ရည္ေတြထဲမွာ Stress hormones လို႕ေခၚတဲ့ စိတ္ဖိစီးခ်ိန္မွာ ထြက္လာတဲ့ေဟာ္မုန္းေတြ အျပင္ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္ေတြပါ ပါဝင္တယ္ဆိုတာ ေတြ႔ရွိခဲ့ရပါတယ္။ဒါ့အျပင္ ငိုေႂကြးတဲ့အခါ endorphins ေဟာ္မုန္းလည္း ထြက္ရွိလာပါေသးတယ္။ဒီေဟာ္မုန္းဟာ ကြၽန္ေတာ္တို႕ေတြကို ေနလို႕ထိုင္လို႕ ေကာင္းေစတဲ့ ေဟာ္မုန္းျဖစ္ျပီးသဘာဝအကိုက္အခဲေပ်ာက္ေဆးလည္း ျဖစ္ပါတယ္။ဒီေတာ့ ငိုေႂကြးျခင္းဟာ ကြၽန္ေတာ္တို႕ရဲ့ စိတ္အေျခအေနကို ေကာင္းလာေစပါတယ္။စိတ္က်ေရာဂါေပ်ာက္ေဆးေတြေသာက္တာထက္ ငိုေႂကြးလိုက္ရတာက ပိုျပီးေနလို႕ထိုင္လို႕ေကာင္းေစတယ္လို႕ ၂၀၀၈ ခုႏွစ္အတြင္းက ျပဳလုပ္ခဲ့တဲ့ ေတာင္ဖေလာ္ရီဒါ တကၠသိုလ္ရဲ့ ေလ့လာခ်က္တခုမွာ ပါဝင္ခဲ့ၾကသူေတြရဲ့ ၉၀ ရာခိုင္ႏွုန္းက အတည္ျပဳေျပာဆိုခဲ့ပါတယ္။
ေနာက္ထပ္စိတ္ဝင္စားစရာ အခ်က္တခုက ငိုေႂကြးျခင္းဟာ လူသားႏွစ္ဦးကို ပိုမိုနီးကပ္ ရင္းႏွီးေစတယ္လို႕ ဆိုပါတယ္။ငိုေႂကြးတယ္ဆိုတာဟာ လူတေယာက္ရဲ့ စိတ္ခံစားမႈအရ အားအငယ္ဆုံး အခ်ိန္ျဖစ္ပါတယ္။ဒီအခ်ိန္မွာ သင္ငိုေနတာကို တေယာက္ေယာက္က ေတြ႕ခဲ့တယ္ဆိုရင္ သင္ဘယ္လိုခံစားရမလဲ။တကယ္လို႕ ဒီလူကသာ သင့္ကို ဂ႐ုတစိုက္ေဖးမႏွစ္သိမ့္ခဲ့မယ္ဆိုရင္ ငိုေႂကြးျပီးတဲ့အခါ သင္တို႕ႏွစ္ဦးၾကားမွာရွိတဲ့ နားလည္ရင္းႏွီးမႈက ပိုတိုးလာမယ္ဆိုတာ အင္မတန္မွကို သိသာထင္ရွားလွပါတယ္။
ငိုေႂကြးျခင္းဟာ အေရးၾကီးပါသလား။
ဟုတ္ကဲ့၊ အရမ္းကို အေရးၾကီးပါတယ္။ငိုခ်င္တာကို ျမိဳသိပ္ေအာင့္အီးထားရတာဟာ သင့္ခံစားခ်က္ေတြကို ဖိသိပ္ခ်ိဳးႏွိမ္ထားရတာပဲ ျဖစ္ပါတယ္။သင့္အေနနဲ႕ အေၾကာင္းတခုခုေၾကာင့္ အရမ္းေဒါသေတြ ေပါက္ကြဲျပီး နံရံကို လက္သီးနဲ႕ ပိတ္ထိုးပစ္ခ်င္ေနေပမယ့္ တကယ္တမ္းက်ေတာ့လည္း သင္မလုပ္ႏိုင္ပါဘူး။ေဒါသစိတ္ေတြကို ဒီလိုျမိဳသိပ္ထားရတာေတြမ်ားလာတဲ့အခါ သင့္အေနနဲ႕ စိတ္တိုလြယ္၊ေဒါသထြက္လြယ္တဲ့ စိတ္ဆတ္သူ ကိုေဒါသအိုးၾကီး ျဖစ္လာပါေတာ့တယ္။ဒီအဓိပၸာယ္မ်ိဳးပါပဲ ၊ငိုခ်င္ေနတာကို က်ိတ္မွိတ္ျမိဳသိပ္ထားရတာေတြ သိပ္မ်ားလြန္းလာရင္ ခံစားခ်က္ေတြစုပံုျပီး စိတ္က်ေရာဂါဆီကို ဦးတည္လာပါေတာ့တယ္။မွန္ပါတယ္၊ စိတ္ဓာတ္က်တာကို သက္သာေစတဲ့ နည္းလမ္းေတြ အမ်ားၾကီးရွိပါတယ္။ဒါေပမယ့္ သင္ယံုၾကည္အားကိုးရတဲ့သူေရွ႕မွာ ရင္ဖြင့္ျပီး အားပါးတရ ငိုေႂကြးလိုက္ရတာမ်ိဳးဟာ သင့္စိတ္က်န္းမာေရးအတြက္ အက်ိဳးရွိတယ္ဆိုတာထက္ကို အမ်ားၾကီးပိုပါတယ္။ဒါေၾကာင့္ သင္စိတ္ဓာတ္က် အားငယ္တဲ့အခါ ငိုေႂကြးဖို႕ ရင္ခြင္တစံု ဒါမွမဟုတ္ ႏွစ္သိမ့္ေပးမယ့္ ပုခုံးတဖက္ေတာ့ လိုပါလိမ့္မယ္။ေနာက္ဆုံးေျပာခ်င္တဲ့အခ်က္ကေတာ့ ငိုေႂကြးျခင္းဆိုတာ အားငယ္တတ္သူ၊အားနည္းသူေတြရဲ့ အလုပ္ပဲဆိုတဲ့ မမွန္ကန္တဲ့ အေတြးအေခၚၾကီးကို ေျမျမႇဳပ္လိုက္ပါေတာ့။ငိုတယ္ဆိုတာ လူ႕သဘာဝျဖစ္ျပီး ကြၽန္ေတာ္တို႕ကို လူပီသေစတဲ့ အခ်က္တခ်က္ကို ဟင့္အင္းလို႕ ျငင္းပယ္ဖို႕ မလိုအပ္လို႕ပါပဲ။
Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ငိုကြွေးခြင်းဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ဒါဟာ တကယ်ပဲလား။သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ ကျွန်တော်တို့အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။
လူတွေ ဘာလို့ငိုရတာလဲ။
ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် ဝမ်းသာလို့ပဲ ဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ဟုတ်ပါတယ်။ဒီ့ထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ကျွန်တော်တို့ တင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ဥပမာ ကျွန်တော်တို့ဟာ ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ အခါမျိုးမှာလည်း ငိုကြွေးကြပြန်ပါတယ်။တခြားသူတွေ သနားအောင်၊ဇာတ်နာအောင် ငိုပြရတာမျိုးတွေလည်း ရှိပါသေးတယ်။
ငိုကြွေးတာကို အသုံးချလို့ရတဲ့ နေရာတွေ အစုံပါပဲ။ဟုတ်ပြီ၊ ဒါတွေထားတော့။ငိုရခြင်းရဲ့ အကြောင်းရင်းခံတွေ အများကြီးရှိပေမယ့် အခုကျွန်တော်တို့ပြောချင်တာက လူတွေရဲ့ စိတ်ကျန်းမာရေးကို ပိုကောင်းလာစေနိုင်တဲ့ ငိုကြွေးခြင်းအကြောင်းပဲ ဖြစ်ပါတယ်။
ငိုကြွေးခြင်းနဲ့ စိတ်ကျန်းမာရေး
ငိုကြွေးခြင်းဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အပေါ် (စိတ်ပိုင်းဆိုင်ရာ အရ) အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။သိပ္ပံနည်းကျစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့တတွေဟာ စိတ်ဖိစီးမှုတွေကြောင့် ဒါမှမဟုတ် စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ အကြောင်းတစုံတရာကြောင့် ငိုကြွေးခဲ့မယ်ဆိုရင် ထွက်လာတဲ့ မျက်ရည်တွေဟာ ရေချည်းပဲ ဆိုတာထက် အများကြီး ပိုပါသတဲ့။ စိတ်ဖိစီးမှုကြောင့် ငိုကြွေးတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ Stress hormones လို့ခေါ်တဲ့ စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေ အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပါ ပါဝင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ငိုကြွေးတဲ့အခါ endorphins ဟော်မုန်းလည်း ထွက်ရှိလာပါသေးတယ်။ဒီဟော်မုန်းဟာ ကျွန်တော်တို့တွေကို နေလို့ထိုင်လို့ ကောင်းစေတဲ့ ဟော်မုန်းဖြစ်ပြီးသဘာဝအကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။ဒီတော့ ငိုကြွေးခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ကောင်းလာစေပါတယ်။စိတ်ကျရောဂါပျောက်ဆေးတွေသောက်တာထက် ငိုကြွေးလိုက်ရတာက ပိုပြီးနေလို့ထိုင်လို့ကောင်းစေတယ်လို့ ၂၀၀၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တောင်ဖလော်ရီဒါ တက္ကသိုလ်ရဲ့ လေ့လာချက်တခုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အတည်ပြုပြောဆိုခဲ့ပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာ အချက်တခုက ငိုကြွေးခြင်းဟာ လူသားနှစ်ဦးကို ပိုမိုနီးကပ် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ငိုကြွေးတယ်ဆိုတာဟာ လူတယောက်ရဲ့ စိတ်ခံစားမှုအရ အားအငယ်ဆုံး အချိန်ဖြစ်ပါတယ်။ဒီအချိန်မှာ သင်ငိုနေတာကို တယောက်ယောက်က တွေ့ခဲ့တယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။တကယ်လို့ ဒီလူကသာ သင့်ကို ဂရုတစိုက်ဖေးမနှစ်သိမ့်ခဲ့မယ်ဆိုရင် ငိုကြွေးပြီးတဲ့အခါ သင်တို့နှစ်ဦးကြားမှာရှိတဲ့ နားလည်ရင်းနှီးမှုက ပိုတိုးလာမယ်ဆိုတာ အင်မတန်မှကို သိသာထင်ရှားလှပါတယ်။
ငိုကြွေးခြင်းဟာ အရေးကြီးပါသလား။
ဟုတ်ကဲ့၊ အရမ်းကို အရေးကြီးပါတယ်။ငိုချင်တာကို မြိုသိပ်အောင့်အီးထားရတာဟာ သင့်ခံစားချက်တွေကို ဖိသိပ်ချိုးနှိမ်ထားရတာပဲ ဖြစ်ပါတယ်။သင့်အနေနဲ့ အကြောင်းတခုခုကြောင့် အရမ်းဒေါသတွေ ပေါက်ကွဲပြီး နံရံကို လက်သီးနဲ့ ပိတ်ထိုးပစ်ချင်နေပေမယ့် တကယ်တမ်းကျတော့လည်း သင်မလုပ်နိုင်ပါဘူး။ဒေါသစိတ်တွေကို ဒီလိုမြိုသိပ်ထားရတာတွေများလာတဲ့အခါ သင့်အနေနဲ့ စိတ်တိုလွယ်၊ဒေါသထွက်လွယ်တဲ့ စိတ်ဆတ်သူ ကိုဒေါသအိုးကြီး ဖြစ်လာပါတော့တယ်။ဒီအဓိပ္ပာယ်မျိုးပါပဲ ၊ငိုချင်နေတာကို ကျိတ်မှိတ်မြိုသိပ်ထားရတာတွေ သိပ်များလွန်းလာရင် ခံစားချက်တွေစုပုံပြီး စိတ်ကျရောဂါဆီကို ဦးတည်လာပါတော့တယ်။မှန်ပါတယ်၊ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ဒါပေမယ့် သင်ယုံကြည်အားကိုးရတဲ့သူရှေ့မှာ ရင်ဖွင့်ပြီး အားပါးတရ ငိုကြွေးလိုက်ရတာမျိုးဟာ သင့်စိတ်ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ဒါကြောင့် သင်စိတ်ဓာတ်ကျ အားငယ်တဲ့အခါ ငိုကြွေးဖို့ ရင်ခွင်တစုံ ဒါမှမဟုတ် နှစ်သိမ့်ပေးမယ့် ပုခုံးတဖက်တော့ လိုပါလိမ့်မယ်။နောက်ဆုံးပြောချင်တဲ့အချက်ကတော့ ငိုကြွေးခြင်းဆိုတာ အားငယ်တတ်သူ၊အားနည်းသူတွေရဲ့ အလုပ်ပဲဆိုတဲ့ မမှန်ကန်တဲ့ အတွေးအခေါ်ကြီးကို မြေမြှုပ်လိုက်ပါတော့။ငိုတယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး ကျွန်တော်တို့ကို လူပီသစေတဲ့ အချက်တချက်ကို ဟင့်အင်းလို့ ငြင်းပယ်ဖို့ မလိုအပ်လို့ပါပဲ။
Credit : Hellosayarwon
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ငိုေႂကြးျခင္း နဲ႕ သင့္စိတ္က်န္းမာေရး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။