iMyanmarHouse.com - Best Property Website for Myanmar
×

အသံုး၀င္ေစမယ့္ နည္းလမ္းေကာင္းမ်ားျဖစ္တာေၾကာင့္ မဂၤလာေဆာင္ေတာ့မယ့္ ပ်ိဳေမတို႔အေနနဲ႔လည္း ၀ေနတယ္လို႔ ခံစားေနရရင္ ဒီနည္းလမ္းေတြကို အသံုးျပဳၾကည့္ပါဦးေနာ္။

ေလ့က်င့္ခန္း

HIIT (အျပင္းအထန္ေလ့က်င့္မႈ) လို႔ေခၚတဲ့ ေလ့က်င့္နည္းက စြမ္းအင္အားလံုးနီးပါးကို ထုတ္သံုးျခင္းနဲ႔ ပင္ပန္းမႈနည္းပါးျခင္း ကာလေတြကို တစ္လွည့္စီ လုပ္ေဆာင္ရတာပါ။ ႀကိဳးခုန္ျခင္း၊ ဖြဖြေျပးျခင္း ဒါမွမဟုတ္ စက္ဘီးစီးျခင္းစတဲ့ သာမန္ေလ့က်င့္ခန္းေတြသာ လုပ္႐ုံပါပဲ။ ဒါေပမဲ့ HIIT နည္းလမ္းကို တစ္ပတ္ ၃ ရက္မွ ၅ ရက္အထိ တစ္ရက္ မိနစ္ ၂၀ လုပ္႐ံုနဲ႔ တစ္ကီလိုဂရမ္ကေန ႏွစ္ကီလိုဂရမ္ၾကား ဝိတ္က်ႏုိင္ပါတယ္။ HIIT နည္းလမ္းကို သံုးတဲ့အခါ ႏွလံုးခုန္ႏႈန္း ပိုျမန္တဲ့အတြက္ စြမ္းအင္စားသံုးမႈကလည္း ျမင့္မားပါတယ္။ ယင္းေလ့က်င့္ခန္းက ခႏၶာကိုယ္က ပိုေနတဲ့ ကယ္လိုရီေတြကို အလ်င္အျမန္ဖယ္ရွားေပးၿပီး ၾကြက္သားေတြ သန္မာလာေစပါလိမ့္မယ္။

ဂရိတ္ဖ႐ုသီးကို ေန႔တုိင္းစားပါ
ဂရိတ္ဖ႐ုသီးက အမွ်င္ဓာတ္မ်ားၿပီး ကယ္လုိရီအရမ္းနည္းတဲ့ အစားအစာေတြထဲက တစ္ခုျဖစ္ပါတယ္။ တစ္ေန႔ကို ဂရိတ္ဖ႐ုသီး တစ္ျခမ္းစား႐ံုနဲ႔ လူႀကီးတစ္ေယာက္ရဲ႔ ဗိုက္တာမင္စီ လိုအပ္ခ်က္ကို ျပည့္မီႏုိင္ပါတယ္။ ဗိုက္တာမင္စီဓာတ္က ခႏၶကိုယ္ကေန အဆီမ်ားစြာကို စုတ္ယူျခင္းမရွိေအာင္ ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ အစာစားၿပီးတုိင္း ဂရိတ္ဖ႐ုသီး ဒါမွမဟုတ္ ဂရိတ္ဖ႐ုေဖ်ာ္ရည္ကို သံုးေဆာင္တာက ဝိတ္က်ဖုိ႔ အေကာင္းဆံုး နည္းလမ္းျဖစ္ပါတယ္။

ကစီဓာတ္ပါတာေတြေလွ်ာ့ၿပီး အမွ်င္ဓာတ္ပါတာေတြ ပိုစားပါ
သၾကားနဲ႔ အျခားကစီဓာတ္ပါတဲ့ အစားအစာေတြဟာ ခႏၶာကိုယ္ကို စြမ္းအင္အတြက္ ဂလူးကို႔စ္အစား အဆီေတြကိုသာ သိမ္းဖုိ႔ တြန္းအားေပးပါတယ္။ သိမ္းစည္းထားတဲ့ အဆီေတြကို ေလာင္စာအျဖစ္ ခႏၶာကိုယ္က သံုးရမွ ဝိတ္ကက်တာပါ။ ဒါေၾကာင့္ ကိတ္တစ္ခ်ပ္စားမယ့္အစား ပန္းသီး ဒါမွမဟုတ္ အမွ်င္ဓာတ္မ်ားတဲ့ အရာတစ္ခုုခုကို စားပါ။ ဗုိက္ျပည့္သြားၿပီဆုိရင္ အစာေျခဖို႔လည္း အခ်ိန္ပိုၾကာပါတယ္။ အဲဒီေတာ့ ကယ္လုိရီနည္းနည္းနဲ႔ ဗုိက္ၾကာၾကာျပည့္ႏုိင္တာေပါ့။ ဒါေၾကာင့္ ႏွံစား၊ အသီးအႏွံ၊ အသီးအရြက္၊ ပဲအမ်ဳိးမ်ဳိးတုိ႔ကို ေန႔စဥ္စားသံုးတဲ့အစားအစာေတြအျဖစ္ ေရြးခ်ယ္ေပးပါေနာ္။

အစာမစားမီ ေရမ်ားမ်ားေသာက္ပါ
ေရဟာ အဆိပ္အေတာက္ကို ဖယ္ရွားေပးတဲ့အျပင္ ခဏခဏေရေသာက္ျဖစ္ရင္ သြားေရစာ အမ်ားႀကီးမစားျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ေရတစ္ဗူးကို ကိုယ္နဲ႔မကြာ အျမဲေဆာင္ထားၿပီး သတိရတုိင္းေသာက္ေနပါ။ အနံ႔ေလးနဲ႔မွ ေသာက္ခ်င္တယ္ဆုိရင္ သံပရာ ဒါမွမဟုတ္ သံပယိုသီးေလး ညႇစ္ထည့္ႏုိင္သလို ခရမ္းခ်ဥ္သီးေဖ်ာ္ရည္၊ မုန္လာဥနီေဖ်ာ္ရည္စတဲ့ ေဖ်ာ္ရည္ေတြလည္း ေသာက္ႏုိင္ပါတယ္။

ဘလက္ေကာ္ဖီေသာက္ပါ

ကက္ဖိန္းဓာတ္ဟာ ဝိတ္က်ေအာင္ကူညီေပးတဲ့ ကယ္လုိရီေလာင္ကၽြမ္းမႈေတြကိုလည္း လုပ္ေပးႏုိင္ပါတယ္။ ဒါေပမဲ့ ေကာ္ဖီေသာက္တဲ့အခါ ဝိတ္က်ဖုိ႔ဆုိရင္ ဘလက္ကို ေသာက္တာ အေကာင္းဆံုးပါပဲ။ ဘလက္ေကာ္ဖီမွာ ကယ္လုိရီလံုးဝမပါပါဘူး။ ခရင္မ္နဲ႔ သၾကားေတြ ထည့္လုိက္ရင္ေတာ့ ၀ိတ္တက္လာႏုိင္ပါတယ္။ ထမင္းစားၿပီးခ်ိန္က ေကာ္ဖီေသာက္ဖို႔ အေကာင္းဆံုးအခ်ိန္ပါပဲ။ ကယ္လိုရီနဲ႔ အဆီပိုေတြကို ပိုၿပီးေလာင္ကၽြမ္းေအာင္ ကူညီေပးပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသုံးဝင်စေမယ့် နည်းလမ်းကောင်းများဖြစ်တာကြောင့် မင်္ဂလာဆောင်တော့မယ့် ပျိုမေတို့အနေနဲ့လည်း ဝနေတယ်လို့ ခံစားနေရရင် ဒီနည်းလမ်းတွေကို အသုံးပြုကြည့်ပါဦးနော်။

လေ့ကျင့်ခန်း

HIIT (အပြင်းအထန်လေ့ကျင့်မှု) လို့ခေါ်တဲ့ လေ့ကျင့်နည်းက စွမ်းအင်အားလုံးနီးပါးကို ထုတ်သုံးခြင်းနဲ့ ပင်ပန်းမှုနည်းပါးခြင်း ကာလတွေကို တစ်လှည့်စီ လုပ်ဆောင်ရတာပါ။ ကြိုးခုန်ခြင်း၊ ဖွဖွပြေးခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်းစတဲ့ သာမန်လေ့ကျင့်ခန်းတွေသာ လုပ်ရုံပါပဲ။ ဒါပေမဲ့ HIIT နည်းလမ်းကို တစ်ပတ် ၃ ရက်မှ ၅ ရက်အထိ တစ်ရက် မိနစ် ၂၀ လုပ်ရုံနဲ့ တစ်ကီလိုဂရမ်ကနေ နှစ်ကီလိုဂရမ်ကြား ဝိတ်ကျနိုင်ပါတယ်။ HIIT နည်းလမ်းကို သုံးတဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်တဲ့အတွက် စွမ်းအင်စားသုံးမှုကလည်း မြင့်မားပါတယ်။ ယင်းလေ့ကျင့်ခန်းက ခန္ဓာကိုယ်က ပိုနေတဲ့ ကယ်လိုရီတွေကို အလျင်အမြန်ဖယ်ရှားပေးပြီး ကြွက်သားတွေ သန်မာလာစေပါလိမ့်မယ်။

ဂရိတ်ဖရုသီးကို နေ့တိုင်းစားပါ
ဂရိတ်ဖရုသီးက အမျှင်ဓာတ်များပြီး ကယ်လိုရီအရမ်းနည်းတဲ့ အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို ဂရိတ်ဖရုသီး တစ်ခြမ်းစားရုံနဲ့ လူကြီးတစ်ယောက်ရဲ့ ဗိုက်တာမင်စီ လိုအပ်ချက်ကို ပြည့်မီနိုင်ပါတယ်။ ဗိုက်တာမင်စီဓာတ်က ခန္ဓကိုယ်ကနေ အဆီများစွာကို စုတ်ယူခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း ဂရိတ်ဖရုသီး ဒါမှမဟုတ် ဂရိတ်ဖရုဖျော်ရည်ကို သုံးဆောင်တာက ဝိတ်ကျဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

ကစီဓာတ်ပါတာတွေလျှော့ပြီး အမျှင်ဓာတ်ပါတာတွေ ပိုစားပါ
သကြားနဲ့ အခြားကစီဓာတ်ပါတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ကို စွမ်းအင်အတွက် ဂလူးကို့စ်အစား အဆီတွေကိုသာ သိမ်းဖို့ တွန်းအားပေးပါတယ်။ သိမ်းစည်းထားတဲ့ အဆီတွေကို လောင်စာအဖြစ် ခန္ဓာကိုယ်က သုံးရမှ ဝိတ်ကကျတာပါ။ ဒါကြောင့် ကိတ်တစ်ချပ်စားမယ့်အစား ပန်းသီး ဒါမှမဟုတ် အမျှင်ဓာတ်များတဲ့ အရာတစ်ခုုခုကို စားပါ။ ဗိုက်ပြည့်သွားပြီဆိုရင် အစာခြေဖို့လည်း အချိန်ပိုကြာပါတယ်။ အဲဒီတော့ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ကြာကြာပြည့်နိုင်တာပေါ့။ ဒါကြောင့် နှံစား၊ အသီးအနှံ၊ အသီးအရွက်၊ ပဲအမျိုးမျိုးတို့ကို နေ့စဉ်စားသုံးတဲ့အစားအစာတွေအဖြစ် ရွေးချယ်ပေးပါနော်။

အစာမစားမီ ရေများများသောက်ပါ
ရေဟာ အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့အပြင် ခဏခဏရေသောက်ဖြစ်ရင် သွားရေစာ အများကြီးမစားဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ရေတစ်ဗူးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားပြီး သတိရတိုင်းသောက်နေပါ။ အနံ့လေးနဲ့မှ သောက်ချင်တယ်ဆိုရင် သံပရာ ဒါမှမဟုတ် သံပယိုသီးလေး ညှစ်ထည့်နိုင်သလို ခရမ်းချဉ်သီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်စတဲ့ ဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။

ဘလက်ကော်ဖီသောက်ပါ

ကက်ဖိန်းဓာတ်ဟာ ဝိတ်ကျအောင်ကူညီပေးတဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေကိုလည်း လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီသောက်တဲ့အခါ ဝိတ်ကျဖို့ဆိုရင် ဘလက်ကို သောက်တာ အကောင်းဆုံးပါပဲ။ ဘလက်ကော်ဖီမှာ ကယ်လိုရီလုံးဝမပါပါဘူး။ ခရင်မ်နဲ့ သကြားတွေ ထည့်လိုက်ရင်တော့ ဝိတ်တက်လာနိုင်ပါတယ်။ ထမင်းစားပြီးချိန်က ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကယ်လိုရီနဲ့ အဆီပိုတွေကို ပိုပြီးလောင်ကျွမ်းအောင် ကူညီပေးပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top