iMyanmarHouse.com - Best Property Website for Myanmar
×

သူ႔ရဲ႕ ေကာင္းတာေတြကိုခ်ည္းပဲ ေမွ်ာ္လင့္ထားလို႔မရဘူး။

ဒီေန႔ေခတ္လူငယ္ေတြဟာ အရင္ေခတ္တုန္းကေလာက္ ေစာေစာစီးစီး အိမ္ေထာင္ျပဳဖုိ႔ သိပ္ၿပီး စိတ္ကူးမ႐ွိၾကေတာ့ဘူး။ စားဝတ္ေနေရးကို ထည့္တြက္ရတဲ့အျပင္ မၾကံဳခ်င္တဲ့ အိမ္ေထာင္ေရး ျပႆနာေတြကိုလည္း ေၾကာက္လန္႔ေနတဲ့အခါ အပ်ိဳႀကီးလို႔ အေျပာခံရတာကိုပဲ ေက်နပ္ေနလိုက္ေတာ့တယ္ေလ။ အိမ္ေထာင္ျပဳတယ္ဆုိတာ ႏွစ္ဦးႏွစ္ဖက္ သေဘာထားခ်င္း တိုက္ဆုိင္မွ လက္ထပ္လို႔ရတာ ဆုိေပမဲ့ မိန္းကေလးေတြကေတာ့ ပိုပိုသာသာေလး ႀကိဳေတြးထားရမယ့္အရာေတြ ႐ွိေနျပန္တယ္။

၁။ လြတ္လပ္ခြင့္

ေယာက္်ားေလးေတြ ေျပာသလိုမ်ိဳး အိမ္ေထာင္က်ၿပီးမွ လြတ္လပ္ခြင့္ ဆံုး႐ႈံးသြားတာ မိန္းကေလးေတြမွာလည္း အတူတူပဲ။ အရင္လို အလည္အပတ္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္အပါးေတြကို သိသိသာသာႀကီး ေလွ်ာ့ခ်လိုက္ရေတာ့မယ္။ အေၾကာင္းကေတာ့ ကိုယ္ဟာ လြတ္လပ္သူမဟုတ္ေတာ့ဘဲ အိမ္ေထာင္႐ွိသြားသူ မို႔လို႔။

၂။ သမီးရည္းစားတုန္းကလို မဟုတ္ေတာ့ဘူး

ခ်စ္သူရည္းစားဘဝမွာ ဖူးဖူးမႈတ္ အလိုလုိက္ခံရလို႔ အိမ္ေထာင္ျပဳလုိက္မယ္ဆုိၿပီး စဥ္းစားေနတာလား။ ဒါေတြဟာ ေနေရာင္ေအာက္မွာ ေပ်ာက္သြားမယ့္ ႏွင္းေတြလို ျဖစ္သြားႏိုင္တာ မေမ့ပါနဲ႔။ ခ်စ္သူဘဝတုန္းက ေန႔တုိင္း အခ်ိန္တုိင္း ေတြ႔ေနရတာမဟုတ္ေတာ့ ေတာ္႐ံုဆို သည္းခံအေလွ်ာ့ေပးလိုက္ေပမဲ့ ေန႔တုိင္း အခ်ိန္တိုင္း ေတြ႔ေနရမယ့္ အိမ္ေထာင္သည္ဘဝမွာ အၿမဲတမ္း အလိုလိုက္ အေလွ်ာ့ေပးဖုိ႔ဆုိတာ ရာခိုင္ႏႈန္းနည္းပါးလြန္းပါတယ္။ ကိုယ္ အရင္လုိ ဆိုးလို႔ ေကာက္လို႔ ရေတာ့မွာမဟုတ္ဘူး။

၃။ အေျပာင္းအလဲ

အိမ္ေထာင္သည္ဘဝမွာ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ေပၚလာလိမ့္မယ္။ သေႏၶတားေဆးေၾကာင့္ ခႏၶာကိုယ္ ဝၿဖိဳးလာတာကလည္း အေျပာင္းအလဲတစ္ခုပါ။ ေနာက္ၿပီးေတာ့ သူ႔ဘက္မွာေရာ ကိုယ့္ဘက္မွာပါ အရင္တုန္းကလို သည္းသည္းလႈပ္ ခ်စ္ျပခဲ့တာေတြဟာ အလုပ္ပင္ပန္း၊ စိတ္ပင္ပန္းမႈေတြေၾကာင့္ ခက္ခဲလာေတာ့တယ္။ ကိုယ့္ဘက္က သူ႔ရဲ႕ ေကာင္းတာေတြကိုခ်ည္းပဲ ေမွ်ာ္လင့္ထားလို႔မရဘူး။ သူ႔ရဲ႕ဆုိးကြက္ေတြကိုပါ သည္းခံႏိုင္ဖုိ႔ ႀကိဳတင္ျပင္ဆင္ထားေစခ်င္တယ္။

၄။ ေဖာက္ျပန္မႈေတြ

ဒီစကား ၾကားရတာ နားခါးတာေတာ့အမွန္ပဲ။ ကိုယ့္လူက ဘယ္ေလာက္ပဲ တည္ၿငိမ္ေစဦးေတာ့ အတင္းဝင္ကပ္ၿပီး ျမႇဴဆြယ္သူေတြ ႐ွိႏိုင္တယ္။ ကိုယ့္လူကေရာ အသစ္ေတြကို အၿမဲတမ္း ေတာင့္တေနသူလား။ ျဖားေယာင္းမႈေတြဟာ ႏွစ္ဦးႏွစ္ဖက္လံုးမွာ ၾကံဳလာရႏိုင္ပါတယ္။ ဒါကို တြန္းလွန္ႏိုင္စြမ္း ႐ွိရဲ႕လား။ ဒါမွမဟုတ္ လက္ခံေျဖရွင္းႏိုင္ဖုိ႔ေရာ တတ္ႏိုင္ပါ့မလား။ ေဖာက္ျပန္မႈေတြကို ေန႔စဥ္ ျမင္ေန ၾကားေနရတဲ့ ေလာကႀကီးမွာ ကိုယ္ေရာ မၾကံဳရဘူးလို႔ မထင္ပါနဲ႔။ ႀကိဳတင္မျမင္ႏိုင္တဲ့ ကံတရားဟာ အမ်ိဳးမ်ိဳး လွည့္စားတတ္ပါတယ္။

ဘဝကို တစ္ေယာက္တည္း ေလွ်ာက္ရတာထက္ တစ္စံုတစ္ေယာက္ရဲ႕လက္ကိုတြဲၿပီး ေလွ်ာက္ရတာ ပိုေကာင္းပါတယ္။ အထီးက်န္ရတဲ့ ေန႔ရက္ေတြထက္ ႏွစ္ေယာက္အတူ ႐ုန္းကန္ရတဲ့ ဘဝက ပိုၿပီးေတာ့ ခြန္အားေတြ ရေနတတ္တာမ်ိဳးေလ။ ဒါေပမဲ့ တစ္ဘဝလံုးစာ လက္တြဲမယ့္လူကိုေတာ့ ႏွလံုးသားနဲ႔ေရာ ဦးေႏွာက္နဲ႔ပါ ခ်င့္ခ်ိန္ၿပီးမွ ေရြးခ်ယ္ပါလို႔ မဒီက အၾကံေပးခ်င္ပါတယ္။ ၿပီးေတာ့ အေပၚမွာ ေရးျပခဲ့တဲ့ အရာေတြ ၾကံဳလာတဲ့အခါ တည္တည္ၿငိမ္ၿငိမ္နဲ႔ အေကာင္းဆံုးရင္ဆိုင္ႏိုင္ဖုိ႔ သတၱိ႐ွိၿပီလားလို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးပါ။ အေျဖက ရၿပီလို႔ ထြက္တဲ့အခါ ပ်ိဳေမေလးတုိ႔ ဘဝခရီးလမ္း သာယာဖုိ႔ မဒီက ဆႏၵျပဳလိုက္ပါတယ္ေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သူ့ရဲ့ ကောင်းတာတွေကိုချည်းပဲ မျှော်လင့်ထားလို့မရဘူး။

ဒီနေ့ခေတ်လူငယ်တွေဟာ အရင်ခေတ်တုန်းကလောက် စောစောစီးစီး အိမ်ထောင်ပြုဖို့ သိပ်ပြီး စိတ်ကူးမရှိကြတော့ဘူး။ စားဝတ်နေရေးကို ထည့်တွက်ရတဲ့အပြင် မကြုံချင်တဲ့ အိမ်ထောင်ရေး ပြဿနာတွေကိုလည်း ကြောက်လန့်နေတဲ့အခါ အပျိုကြီးလို့ အပြောခံရတာကိုပဲ ကျေနပ်နေလိုက်တော့တယ်လေ။ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောထားချင်း တိုက်ဆိုင်မှ လက်ထပ်လို့ရတာ ဆိုပေမဲ့ မိန်းကလေးတွေကတော့ ပိုပိုသာသာလေး ကြိုတွေးထားရမယ့်အရာတွေ ရှိနေပြန်တယ်။

၁။ လွတ်လပ်ခွင့်

ယောက်ျားလေးတွေ ပြောသလိုမျိုး အိမ်ထောင်ကျပြီးမှ လွတ်လပ်ခွင့် ဆုံးရှုံးသွားတာ မိန်းကလေးတွေမှာလည်း အတူတူပဲ။ အရင်လို အလည်အပတ်တွေ၊ သူငယ်ချင်းတွေနဲ့ အပျော်အပါးတွေကို သိသိသာသာကြီး လျှော့ချလိုက်ရတော့မယ်။ အကြောင်းကတော့ ကိုယ်ဟာ လွတ်လပ်သူမဟုတ်တော့ဘဲ အိမ်ထောင်ရှိသွားသူ မို့လို့။

၂။ သမီးရည်းစားတုန်းကလို မဟုတ်တော့ဘူး

ချစ်သူရည်းစားဘဝမှာ ဖူးဖူးမှုတ် အလိုလိုက်ခံရလို့ အိမ်ထောင်ပြုလိုက်မယ်ဆိုပြီး စဉ်းစားနေတာလား။ ဒါတွေဟာ နေရောင်အောက်မှာ ပျောက်သွားမယ့် နှင်းတွေလို ဖြစ်သွားနိုင်တာ မမေ့ပါနဲ့။ ချစ်သူဘဝတုန်းက နေ့တိုင်း အချိန်တိုင်း တွေ့နေရတာမဟုတ်တော့ တော်ရုံဆို သည်းခံအလျှော့ပေးလိုက်ပေမဲ့ နေ့တိုင်း အချိန်တိုင်း တွေ့နေရမယ့် အိမ်ထောင်သည်ဘဝမှာ အမြဲတမ်း အလိုလိုက် အလျှော့ပေးဖို့ဆိုတာ ရာခိုင်နှုန်းနည်းပါးလွန်းပါတယ်။ ကိုယ် အရင်လို ဆိုးလို့ ကောက်လို့ ရတော့မှာမဟုတ်ဘူး။

၃။ အပြောင်းအလဲ

အိမ်ထောင်သည်ဘဝမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာလိမ့်မယ်။ သန္ဓေတားဆေးကြောင့် ခန္ဓာကိုယ် ဝဖြိုးလာတာကလည်း အပြောင်းအလဲတစ်ခုပါ။ နောက်ပြီးတော့ သူ့ဘက်မှာရော ကိုယ့်ဘက်မှာပါ အရင်တုန်းကလို သည်းသည်းလှုပ် ချစ်ပြခဲ့တာတွေဟာ အလုပ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေကြောင့် ခက်ခဲလာတော့တယ်။ ကိုယ့်ဘက်က သူ့ရဲ့ ကောင်းတာတွေကိုချည်းပဲ မျှော်လင့်ထားလို့မရဘူး။ သူ့ရဲ့ဆိုးကွက်တွေကိုပါ သည်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားစေချင်တယ်။

၄။ ဖောက်ပြန်မှုတွေ

ဒီစကား ကြားရတာ နားခါးတာတော့အမှန်ပဲ။ ကိုယ့်လူက ဘယ်လောက်ပဲ တည်ငြိမ်စေဦးတော့ အတင်းဝင်ကပ်ပြီး မြှူဆွယ်သူတွေ ရှိနိုင်တယ်။ ကိုယ့်လူကရော အသစ်တွေကို အမြဲတမ်း တောင့်တနေသူလား။ ဖြားယောင်းမှုတွေဟာ နှစ်ဦးနှစ်ဖက်လုံးမှာ ကြုံလာရနိုင်ပါတယ်။ ဒါကို တွန်းလှန်နိုင်စွမ်း ရှိရဲ့လား။ ဒါမှမဟုတ် လက်ခံဖြေရှင်းနိုင်ဖို့ရော တတ်နိုင်ပါ့မလား။ ဖောက်ပြန်မှုတွေကို နေ့စဉ် မြင်နေ ကြားနေရတဲ့ လောကကြီးမှာ ကိုယ်ရော မကြုံရဘူးလို့ မထင်ပါနဲ့။ ကြိုတင်မမြင်နိုင်တဲ့ ကံတရားဟာ အမျိုးမျိုး လှည့်စားတတ်ပါတယ်။

ဘဝကို တစ်ယောက်တည်း လျှောက်ရတာထက် တစ်စုံတစ်ယောက်ရဲ့လက်ကိုတွဲပြီး လျှောက်ရတာ ပိုကောင်းပါတယ်။ အထီးကျန်ရတဲ့ နေ့ရက်တွေထက် နှစ်ယောက်အတူ ရုန်းကန်ရတဲ့ ဘဝက ပိုပြီးတော့ ခွန်အားတွေ ရနေတတ်တာမျိုးလေ။ ဒါပေမဲ့ တစ်ဘဝလုံးစာ လက်တွဲမယ့်လူကိုတော့ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ ချင့်ချိန်ပြီးမှ ရွေးချယ်ပါလို့ မဒီက အကြံပေးချင်ပါတယ်။ ပြီးတော့ အပေါ်မှာ ရေးပြခဲ့တဲ့ အရာတွေ ကြုံလာတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ သတ္တိရှိပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အဖြေက ရပြီလို့ ထွက်တဲ့အခါ ပျိုမေလေးတို့ ဘဝခရီးလမ်း သာယာဖို့ မဒီက ဆန္ဒပြုလိုက်ပါတယ်နော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top