အခုေခတ္မွာ လူတိုင္း အလုပ္ေတြမ်ားလာၾကတယ္။ အခုလုိ အလုပ္မ်ားလာတာနဲ႕ အမွ် စိတ္ဖိစီးမႈေတြမ်ားလာၾကပါတယ္။ အဲဒါေၾကာင့္ ညဖက္မွာ အိပ္ေပ်ာ္ဖို႔ခက္တဲ့ ေဝဒနာေတြကိုလည္း ခံစားလာၾကရပါတယ္။ အခုလို သင္ႀကံဳေတြ႕ေနရတဲ့ အိပ္ရခက္တဲ့ ေဝဒနာကို ေျဖရွင္းႏိုင္ဖို႔ နည္းလမ္းေတြကို မွ်ေဝေပးခ်င္ပါတယ္။
၁။ ေျခေထာက္ေႏြးေထြးေနပါေစ
ေျခဖဝါးေအးေနရင္ အိပ္လို႔မေပ်ာ္ပါဘူး။ ဒါ့ေၾကာင့္ ေျခဖဝါးကို ေႏြးေနေအာင္ထားထားပါ။ ေျခအိတ္စြပ္ၿပီးမအိပ္ခ်င္ရင္ ေရေႏြးအိတ္ကို ေျခေထာက္နားမွာ ထားၿပီးအိတ္ပါ။
၂။ ေလဝင္ေလထြက္ေကာင္းတဲ့ အိပ္ခန္းကိုေရြးပါ
ေလတျဖဴးျဖဴးတိုက္ေနတဲ့အခါ ပိုၿပီး သက္ေသာင့္သက္သာရွိသလို အိပ္လို႔လည္းပိုေကာင္းပါတယ္။ ေလဝင္ေလထြက္မရွိဘဲ အလံုပိတ္ေနတဲ့အခန္းထက္ ေလဝန္ေလထြက္ရွိတဲ့အခန္းကို ေရြးခ်ယ္ပါ။
၃။ မအိပ္ခင္ ျပင္ဆင္ပါ
အိပ္ယာမဝင္ခင္ ၁၀ နာရီအလို ေကာ္ဖီမေသာက္ပါနဲ႔။
အိပ္ယာမဝင္ခင္ ၃ နာရီအလို အရက္ (သို႔) အစာမစားပါနဲ႔။
အိပ္ယာမဝင္ခင္ ၂ နာရီအလို အလုပ္မလုပ္ပါနဲ႔။
အိပ္ယာမဝင္ခင္ ၁ နာရီအလို ဖုန္း၊ တီဗီ၊ ကြန္ပ်ဴတာ၊ စာအုပ္မၾကည့္ပါနဲ႔။
၄။ အိပ္တဲ့အေနအထား မွန္ပါေစ
ကိုယ္အိပ္တဲ့ ကိုယ္အေနအထား မွန္ပါေစ။ဘယ္ဖက္ ေဘးေစာင္းေလးအိပ္ၿပီး ေခါင္းအံုးကို ခုအိပ္ပါ။ အဲဒီလို ဘယ္ဖက္ ေဘးေစာင္းၿပီးအိပ္တာဟာ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး အစာေခ်စနစ္ကို ေကာင္းမြန္ေစတယ္လို႔ဆိုပါတယ္။
၅။ အေဖာ္နဲ႔အိပ္ပါ
အိမ္ေထာင္က်ၿပီးသားဆိုရင္ မိမိရဲ႕ အိမ္ေထာင္ဖက္နဲ႔ အတူတူ အိပ္ပါ။ တစ္ဦးနဲ႔ တစ္ဦး ေထြးေပြ႕ၿပီး အိပ္ေပးတာဟာ သင့္ရဲ႕ စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစပါတယ္။
၆။ မအိပ္ခင္ ေရတြက္ပါ
အိပ္ယာထဲဝင္ေနခ်ိန္မွာ နာရီလက္တံကို ေရတြက္ေနတာမ်ိဳး လုပ္ေပးပါ။ ဒါမွမဟုတ္လည္း ဝင္သက္ ထြက္သက္ မွတ္တာမ်ိဳး လုပ္ေပးႏိုင္ပါတယ္။
၇။ မနက္ေစာေစာထပါ
မနက္ေစာေစာထတာဟာ သင့္ရဲ႕ စိတ္ကူးစိတ္သန္းကို ေကာင္းမြန္ေစသလို သင့္အတြက္ အခ်ိန္ပိုေတြလည္း အမ်ားႀကီးထြက္လာပါတယ္။
၈။ ေန႔စဥ္ေလ့က်င့္ခန္းလုပ္ပါ
မနက္ေစာစာထၿပီး ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းလုပ္ပါ။ အေၾကာေလွ်ာ့တာ၊ အသက္ရႈေလ့က်င့္ခန္းလုပ္တာ၊ မ်က္လံုးကို ႏွိပ္နယ္ေပးတာမ်ိဳး လုပ္ႏိုင္ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုခေတ်မှာ လူတိုင်း အလုပ်တွေများလာကြတယ်။ အခုလို အလုပ်များလာတာနဲ့ အမျှ စိတ်ဖိစီးမှုတွေများလာကြပါတယ်။ အဲဒါကြောင့် ညဖက်မှာ အိပ်ပျော်ဖို့ခက်တဲ့ ဝေဒနာတွေကိုလည်း ခံစားလာကြရပါတယ်။ အခုလို သင်ကြုံတွေ့နေရတဲ့ အိပ်ရခက်တဲ့ ဝေဒနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
၁။ ခြေထောက်နွေးထွေးနေပါစေ
ခြေဖဝါးအေးနေရင် အိပ်လို့မပျော်ပါဘူး။ ဒါ့ကြောင့် ခြေဖဝါးကို နွေးနေအောင်ထားထားပါ။ ခြေအိတ်စွပ်ပြီးမအိပ်ချင်ရင် ရေနွေးအိတ်ကို ခြေထောက်နားမှာ ထားပြီးအိတ်ပါ။
၂။ လေဝင်လေထွက်ကောင်းတဲ့ အိပ်ခန်းကိုရွေးပါ
လေတဖြူးဖြူးတိုက်နေတဲ့အခါ ပိုပြီး သက်သောင့်သက်သာရှိသလို အိပ်လို့လည်းပိုကောင်းပါတယ်။ လေဝင်လေထွက်မရှိဘဲ အလုံပိတ်နေတဲ့အခန်းထက် လေဝန်လေထွက်ရှိတဲ့အခန်းကို ရွေးချယ်ပါ။
၃။ မအိပ်ခင် ပြင်ဆင်ပါ
အိပ်ယာမဝင်ခင် ၁၀ နာရီအလို ကော်ဖီမသောက်ပါနဲ့။
အိပ်ယာမဝင်ခင် ၃ နာရီအလို အရက် (သို့) အစာမစားပါနဲ့။
အိပ်ယာမဝင်ခင် ၂ နာရီအလို အလုပ်မလုပ်ပါနဲ့။
အိပ်ယာမဝင်ခင် ၁ နာရီအလို ဖုန်း၊ တီဗီ၊ ကွန်ပျူတာ၊ စာအုပ်မကြည့်ပါနဲ့။
၄။ အိပ်တဲ့အနေအထား မှန်ပါစေ
ကိုယ်အိပ်တဲ့ ကိုယ်အနေအထား မှန်ပါစေ။ဘယ်ဖက် ဘေးစောင်းလေးအိပ်ပြီး ခေါင်းအုံးကို ခုအိပ်ပါ။ အဲဒီလို ဘယ်ဖက် ဘေးစောင်းပြီးအိပ်တာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေတယ်လို့ဆိုပါတယ်။
၅။ အဖော်နဲ့အိပ်ပါ
အိမ်ထောင်ကျပြီးသားဆိုရင် မိမိရဲ့ အိမ်ထောင်ဖက်နဲ့ အတူတူ အိပ်ပါ။ တစ်ဦးနဲ့ တစ်ဦး ထွေးပွေ့ပြီး အိပ်ပေးတာဟာ သင့်ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
၆။ မအိပ်ခင် ရေတွက်ပါ
အိပ်ယာထဲဝင်နေချိန်မှာ နာရီလက်တံကို ရေတွက်နေတာမျိုး လုပ်ပေးပါ။ ဒါမှမဟုတ်လည်း ဝင်သက် ထွက်သက် မှတ်တာမျိုး လုပ်ပေးနိုင်ပါတယ်။
၇။ မနက်စောစောထပါ
မနက်စောစောထတာဟာ သင့်ရဲ့ စိတ်ကူးစိတ်သန်းကို ကောင်းမွန်စေသလို သင့်အတွက် အချိန်ပိုတွေလည်း အများကြီးထွက်လာပါတယ်။
၈။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ
မနက်စောစာထပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ။ အကြောလျှော့တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ မျက်လုံးကို နှိပ်နယ်ပေးတာမျိုး လုပ်နိုင်ပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...