iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ဥ္ေပါင္ရြက္လို႔ဆိုလုိက္တာနဲ႔ လူတိုင္းလိုလို အႀကိဳက္ေတြ႔ၾကသလို ျမန္မာလူမ်ဳိးတိုင္းရဲ႔ထမင္း၀ိုင္းမွာ မပါမျဖစ္ ဟင္းအမယ္တစ္မ်ဳိးပါ။ ရာသီဥတုေၾကာင့္ အစာစားခ်င္စိတ္မရွိပဲ ခံတြင္းမေတြ႔တဲ့အခါ ခ်ဥ္ေပါင္ရြက္ေၾကာ္ျဖစ္ျဖစ္ ဒါမွမဟုတ္ မွ်စ္နဲ႔ခ်က္စားမယ္ဆိုရင္ ခံတြင္းၿမိန္ေစတာအမွန္ပါပဲ။ ဒီလို လူတိုင္းအႀကိဳက္ေတြ႔ၾကတဲ့ ခ်ဥ္ေပါင္ရြက္ဟာ စားေကာင္းရုံတင္မဟုတ္ပဲ အာဟာရျဖစ္ေစတဲ့ က်န္းမာေရးအက်ဳိးေက်းဇူးေတြ ရွိပါတယ္။

အဂၤလိပ္လို roselle လို႔လူသိမ်ားတဲ့ ခ်ဥ္ေပါင္ပင္ဟာ ခ်ဳံႏြယ္ပင္အမ်ဳိးအစားျဖစ္ၿပီး Malvaceae မ်ဳိးရင္း၀င္ပါ။ မူလရင္းျမစ္က အာဖရိကတိုက္ကျဖစ္ၿပီး ေနာက္ပိုင္း အိႏိၵယ၊ အေရွ႕ေတာင္အာရွႏုိင္ငံေတြဆီကို ျပန္႔ႏွ႔ံခဲ့တာပါ။ အပင္ႏုစဥ္မွာ အစိမ္းေရာင္ျဖစ္ၿပီး ခူးဆြတ္ဖို႔ ရင့္မွည့္လာခ်ိန္မွာ အနီေရာင္အျဖစ္ ေျပာင္းသြားပါတယ္။ ကယ္လိုရီအရလည္း ခ်ဥ္ေပါင္ရြက္ ေကာ္ဖီတစ္ခြက္စာမွ ၂၈ ကယ္လိုရီပဲရွိပါတယ္။

က်န္းမာေရးအက်ဳိးေက်းဇူးေတြက အေအးမိဖ်ားနာတာကို သက္သာေစသလို ၀မ္းခ်ဳပ္ျခင္း၊ အားနည္းျခင္းေရာဂါေတြအတြက္ အထူးသင့္ေတာ္တဲ့ ဓာတ္စာတစ္မ်ဳိးလည္းျဖစ္ပါတယ္။ သြားနဲ႔သြားဖံုးကိုလည္း ႀကံ႔ခိုင္သန္မာေစပါတယ္။ ခ်ဥ္ေပါင္ရြက္မွာ အာဟာရျဖစ္ေစတဲ့ ဗီတာမင္ေအ၊ ဘီတူး၊ စီတို႔အျပင္၊ ကယ္လ္စီယမ္၊ သံဓာတ္၊ မဂၢနီစီယမ္၊ ကာဗြန္ဟိုက္ဒရိတ္၊ ေဖာ့စ္ေဖာရပ္စ္နဲ႔ ပိုတက္စီယမ္တို႔ပါ ပါ၀င္ပါတယ္။

ခ်ဥ္ေပါင္ပင္ကို ဟင္းအျဖစ္သာမက ေဆး၀ါးအျဖစ္ပါ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက အသံုးျပဳခဲ့ပါတယ္တဲ့။ သြားကိုက္ျခင္း၊ ဆီးပိုး၀င္ျခင္း၊ အေအးမိဖ်ားနာနဲ႔ အရက္နာေရာဂါသက္သာေစမယ့္ ေဆး၀ါးေတြေဖာ္စပ္ရာမွာ အသံုးျပဳခဲ့ၾကတာပါ။ တခ်ဳိ႕ေဒသေတြမွာ ေသြးတိုးနဲ႔ ကိုလက္စထေရာ ေလ်ာ့က်ေအာင္ ခ်ဥ္ေပါင္ရြက္ကိုအေျခာက္ခံၿပီး ေရေႏြးအျဖစ္ ေသာက္သံုးၾကပါတယ္။

ကိုယ္၀န္ေဆာင္ခ်ိန္မွာ သံဓာတ္ၾကြယ္၀တဲ့အစားအစာေတြ စားေပးသင့္တာမို႔ သံဓာတ္ပါ၀င္တဲ့ ခ်ဥ္ေပါင္ရြက္ကို ေန႔စဥ္ ၂၇ ဂရမ္ပမာဏေလာက္ စားေပးသင့္ပါတယ္။ ခ်ဥ္ေပါင္ရြက္မွာပါ၀င္တဲ့ ဗီတာမင္စီေၾကာင့္ မိုးရာသီမွာျဖစ္ေလ့ရွိတဲ့ အေအးမိဖ်ားနာျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္စီအျပင္ ကိုယ္ခံအားေကာင္းေစၿပီး ေရာဂါပိုးမႊားေတြကို တိုက္ဖ်က္ေပးတဲ့ သံဓာတ္ေၾကာင့္ ႏွာေစး၊ ေခ်ာင္းဆိုးတာကိုပါ ကာကြယ္ၿပီးသားျဖစ္ပါတယ္။

က်န္းမာေရးကို အေထာက္အကူျပဳတဲ့ ခ်ဥ္ေပါင္ရြက္ကို ေဒသအႏွံ႔အျပားမွာ ကိုယ့္နည္းကိုယ္ဟန္နဲ႔ ခ်က္ျပဳတ္ျပင္ဆင္ၾကသလို ခ်ဥ္ေပါင္ေစ့၊ ခ်ဥ္ေပါင္ရြက္ေျခာက္၊ ခ်ဥ္ေပါင္ဖူး စတာေတြကိုပါ ရိုးရာေဆး၀ါးအျဖစ္ ယေန႔တိုင္ ယံုၾကည္စြာ အသံုးျပဳလ်က္ရွိပါတယ္။

Ref: Health Benefits Times

Credit : Yangonlife
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချဉ်ပေါင်ရွက်လို့ဆိုလိုက်တာနဲ့ လူတိုင်းလိုလို အကြိုက်တွေ့ကြသလို မြန်မာလူမျိုးတိုင်းရဲ့ထမင်းဝိုင်းမှာ မပါမဖြစ် ဟင်းအမယ်တစ်မျိုးပါ။ ရာသီဥတုကြောင့် အစာစားချင်စိတ်မရှိပဲ ခံတွင်းမတွေ့တဲ့အခါ ချဉ်ပေါင်ရွက်ကြော်ဖြစ်ဖြစ် ဒါမှမဟုတ် မျှစ်နဲ့ချက်စားမယ်ဆိုရင် ခံတွင်းမြိန်စေတာအမှန်ပါပဲ။ ဒီလို လူတိုင်းအကြိုက်တွေ့ကြတဲ့ ချဉ်ပေါင်ရွက်ဟာ စားကောင်းရုံတင်မဟုတ်ပဲ အာဟာရဖြစ်စေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။

အင်္ဂလိပ်လို roselle လို့လူသိများတဲ့ ချဉ်ပေါင်ပင်ဟာ ချုံနွယ်ပင်အမျိုးအစားဖြစ်ပြီး Malvaceae မျိုးရင်းဝင်ပါ။ မူလရင်းမြစ်က အာဖရိကတိုက်ကဖြစ်ပြီး နောက်ပိုင်း အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ပြန့်နှံ့ခဲ့တာပါ။ အပင်နုစဉ်မှာ အစိမ်းရောင်ဖြစ်ပြီး ခူးဆွတ်ဖို့ ရင့်မှည့်လာချိန်မှာ အနီရောင်အဖြစ် ပြောင်းသွားပါတယ်။ ကယ်လိုရီအရလည်း ချဉ်ပေါင်ရွက် ကော်ဖီတစ်ခွက်စာမှ ၂၈ ကယ်လိုရီပဲရှိပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေက အအေးမိဖျားနာတာကို သက်သာစေသလို ဝမ်းချုပ်ခြင်း၊ အားနည်းခြင်းရောဂါတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်မျိုးလည်းဖြစ်ပါတယ်။ သွားနဲ့သွားဖုံးကိုလည်း ကြံ့ခိုင်သန်မာစေပါတယ်။ ချဉ်ပေါင်ရွက်မှာ အာဟာရဖြစ်စေတဲ့ ဗီတာမင်အေ၊ ဘီတူး၊ စီတို့အပြင်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖော့စ်ဖောရပ်စ်နဲ့ ပိုတက်စီယမ်တို့ပါ ပါဝင်ပါတယ်။

ချဉ်ပေါင်ပင်ကို ဟင်းအဖြစ်သာမက ဆေးဝါးအဖြစ်ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ပါတယ်တဲ့။ သွားကိုက်ခြင်း၊ ဆီးပိုးဝင်ခြင်း၊ အအေးမိဖျားနာနဲ့ အရက်နာရောဂါသက်သာစေမယ့် ဆေးဝါးတွေဖော်စပ်ရာမှာ အသုံးပြုခဲ့ကြတာပါ။ တချို့ဒေသတွေမှာ သွေးတိုးနဲ့ ကိုလက်စထရော လျော့ကျအောင် ချဉ်ပေါင်ရွက်ကိုအခြောက်ခံပြီး ရေနွေးအဖြစ် သောက်သုံးကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးသင့်တာမို့ သံဓာတ်ပါဝင်တဲ့ ချဉ်ပေါင်ရွက်ကို နေ့စဉ် ၂၇ ဂရမ်ပမာဏလောက် စားပေးသင့်ပါတယ်။ ချဉ်ပေါင်ရွက်မှာပါဝင်တဲ့ ဗီတာမင်စီကြောင့် မိုးရာသီမှာဖြစ်လေ့ရှိတဲ့ အအေးမိဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီအပြင် ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ သံဓာတ်ကြောင့် နှာစေး၊ ချောင်းဆိုးတာကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။

ကျန်းမာရေးကို အထောက်အကူပြုတဲ့ ချဉ်ပေါင်ရွက်ကို ဒေသအနှံ့အပြားမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ချက်ပြုတ်ပြင်ဆင်ကြသလို ချဉ်ပေါင်စေ့၊ ချဉ်ပေါင်ရွက်ခြောက်၊ ချဉ်ပေါင်ဖူး စတာတွေကိုပါ ရိုးရာဆေးဝါးအဖြစ် ယနေ့တိုင် ယုံကြည်စွာ အသုံးပြုလျက်ရှိပါတယ်။

Ref: Health Benefits Times

Credit : Yangonlife

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top