အထိုင္မ်ားျခင္းေၾကာင့္ ဗိုက္ေခါက္ထူလာ႐ံုသာမက မျမင္ႏိုင္ေသာ က်န္းမာေရးဆိုးက်ိဳးမ်ားလည္း ျဖစ္ေပၚႏိုင္ကာ ကိုယ္တြင္း အဂၤါမ်ားတစ္ဝိုက္ အဆီမ်ား စုေဝးျဖစ္ေပၚလာႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။
ကိုယ္လက္လႈပ္ရွားမႈမရွိသည့္ အခ်ိန္ပိုမ်ားျခင္းႏွင့္ ကိုယ္တြင္းအဂၤါမ်ားတစ္ဝိုက္ အဆီမ်ားစုေဝးျဖစ္ေပၚမႈၾကား ဆက္စပ္မႈရွိေၾကာင္း သုေတသီမ်ားကေျပာသည္။
လူတိုင္း ေလ့က်င့္ခန္းလုပ္ရန္ လုိအပ္ၿပီး ထိုင္ေနျခင္းက ေလ့ က်င့္ခန္းလံုေလာက္စြာ လုပ္ျခင္းမရွိသူမ်ားအတြက္ ပို၍အႏၲရာယ္ရွိႏိုင္သည္။
ကိုယ္တြင္းအဂၤါမ်ားတစ္ဝိုက္ အဆီမ်ား စုေဝးျဖစ္ေပၚမႈေၾကာင့္ ျပင္းထန္ေသာေရာဂါမ်ား ျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ျမင့္မားသည္။
ၿဗိတိန္ႏိုင္ငံ လက္စတာတကၠသိုလ္မွ သုေတသီမ်ားက အခ်ိန္ ၾကာျမင့္စြာ မလႈပ္မရွားေနထိုင္ျခင္းသည္ က်န္းမာေရးႏွင့္မညီေသာ အျပဳအမူျဖစ္သည္ကို မိမိတို႔သိရွိထားၿပီး အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါႏွင့္ ႏွလံုးေရာဂါတို႔ကဲ့သို႔ ျပင္းထန္ေသာ ေရာဂါမ်ားျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း ေျပာသည္။
ကိုယ္လက္လႈပ္ရွားမႈမရွိျခင္းေၾကာင့္၊ အထူးသျဖင့္ ႏွလံုးႏွင့္ အသည္းတစ္ဝိုက္တြင္ အဆီမ်ား စုေဝးျဖစ္ေပၚလာပါက အႏၲရာယ္ ရွိသည္။
အထိုင္မ်ားသူမ်ားသည္ ဝမ္းဗိုက္ပိုင္းအဆီပိုမ်ားၿပီး အသည္း တြင္ အဆီစုေဝးျဖစ္ေပၚမႈ ပိုမ်ားသည္ဟု သုေတသီမ်ားက ေျပာ ၾကားသည္။
အထူးသျဖင့္ လူတစ္ဦးအေနျဖင့္ က်န္းမာေရးႏွင့္ညီေစရန္ သီတင္းတစ္ပတ္လွ်င္ မိနစ္ ၁၅၀ ခန္႔ မျပင္းထန္ေသာ ကိုယ္လက္ လႈပ္ရွားမႈမ်ားကေန၍ အားစိုက္ရေသာ ကိုယ္လက္လႈပ္ရွားမႈမ်ား ပံုမွန္ျပဳလုပ္သင့္ေၾကာင္း သုေတသီမ်ားကေျပာသည္။
ေလ့က်င့္ခန္းလုပ္ျခင္းအျပင္ အိပ္ေရးဝေအာင္ ပံုမွန္အိပ္စက္ ျခင္း၊ က်န္းမာေရးႏွင့္အညီ စားေသာက္ေနထုိင္ျခင္းတို႔ျဖင့္ ျပင္းထန္ေသာေရာဂါမ်ား မျဖစ္ေစရန္ ႀကိဳတင္ကာကြယ္ႏိုင္သည္။
—Ref: MNT
Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အထိုင်များခြင်းကြောင့် ဗိုက်ခေါက်ထူလာရုံသာမက မမြင်နိုင်သော ကျန်းမာရေးဆိုးကျိုးများလည်း ဖြစ်ပေါ်နိုင်ကာ ကိုယ်တွင်း အင်္ဂါများတစ်ဝိုက် အဆီများ စုဝေးဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
ကိုယ်လက်လှုပ်ရှားမှုမရှိသည့် အချိန်ပိုများခြင်းနှင့် ကိုယ်တွင်းအင်္ဂါများတစ်ဝိုက် အဆီများစုဝေးဖြစ်ပေါ်မှုကြား ဆက်စပ်မှုရှိကြောင်း သုတေသီများကပြောသည်။
လူတိုင်း လေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပြီး ထိုင်နေခြင်းက လေ့ ကျင့်ခန်းလုံလောက်စွာ လုပ်ခြင်းမရှိသူများအတွက် ပို၍အန္တရာယ်ရှိနိုင်သည်။
ကိုယ်တွင်းအင်္ဂါများတစ်ဝိုက် အဆီများ စုဝေးဖြစ်ပေါ်မှုကြောင့် ပြင်းထန်သောရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားသည်။
ဗြိတိန်နိုင်ငံ လက်စတာတက္ကသိုလ်မှ သုတေသီများက အချိန် ကြာမြင့်စွာ မလှုပ်မရှားနေထိုင်ခြင်းသည် ကျန်းမာရေးနှင့်မညီသော အပြုအမူဖြစ်သည်ကို မိမိတို့သိရှိထားပြီး အမျိုးအစား-၂ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ ပြင်းထန်သော ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း ပြောသည်။
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့်၊ အထူးသဖြင့် နှလုံးနှင့် အသည်းတစ်ဝိုက်တွင် အဆီများ စုဝေးဖြစ်ပေါ်လာပါက အန္တရာယ် ရှိသည်။
အထိုင်များသူများသည် ဝမ်းဗိုက်ပိုင်းအဆီပိုများပြီး အသည်း တွင် အဆီစုဝေးဖြစ်ပေါ်မှု ပိုများသည်ဟု သုတေသီများက ပြော ကြားသည်။
အထူးသဖြင့် လူတစ်ဦးအနေဖြင့် ကျန်းမာရေးနှင့်ညီစေရန် သီတင်းတစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် မပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုများကနေ၍ အားစိုက်ရသော ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်သင့်ကြောင်း သုတေသီများကပြောသည်။
လေ့ကျင့်ခန်းလုပ်ခြင်းအပြင် အိပ်ရေးဝအောင် ပုံမှန်အိပ်စက် ခြင်း၊ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်ခြင်းတို့ဖြင့် ပြင်းထန်သောရောဂါများ မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်သည်။
—Ref: MNT
Credit : 7DayDaily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» အထိုင္မ်ားျခင္းေၾကာင့္ ကုိယ္တြင္းအဂၤါမ်ားတစ္ဝိုက္ အဆီမ်ား စုေဝးျဖစ္ေပၚလာႏိုင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။